The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
🥰20❤9👍3❤‍🔥1👏1
◼️လန်ဒန်မြို့မှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေးဆန္ဒထုတ်ဖော်

၁၃ စက်တင်ဘာ ||| နွေဦးအသံ |||

လန်ဒန်မြို့ရှိ ပါလီမန် အဆောက်အအုံရှေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး ယူကေရောက် မြန်မာတိုင်းရင်းသားတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းမှာ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ဆက်လက်ရရှိရေး ထောက်ခံပေးကြဖို့ ဆန္ဒထုတ်ဖော်သူတွေက တိုက်တွန်းခဲ့ကြတယ်လို့ NUG အစိုးရ ယူကေကိုယ်စားလှယ်ရုံးက ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့နဲ့ SCEF အပါအဝင် NUG အစိုးရ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့သာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခေါ်) ကင်အဲရစ် အပါအဝင် NUG အစိုးရ၊ ယူကေကိုယ်စားလှယ် ဦးမောင်မောင်အောင်နဲ့ ဒေါက်တာ သက်ကိုကို၊ သရုပ်ဆောင် မေမြတ်နိုး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေမှ ကိုယ်စားလှယ်တွေက တက်ရောက်စကားပြောခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | NUG Representatives Office - United Kingdom

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👍9🥰4👏3💯2
◼️ကယန်းအမျိုးသားတပ်မတော် ၂၁၀၆ တပ်ရင်း တွေ့ဆုံပွဲနဲ့ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

၁၃ စက်တင်ဘာ ||| နွေဦးအသံ |||

ကယန်းဒေသတနေရာမှာ ကယန်းအမျိုးသားတပ်မတော် KNA ၊ အမှတ် (၂၁၀၆) တပ်ရင်းက ရဲဘော်စုံညီ တွေ့ဆုံပွဲနဲ့ ရက်တိုမွမ်းမံ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပခဲ့တယ်လို့ KNA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခမ်းအနားမှာ ရဲဘော်တွေ စစ်ကြောင်းချီတက် အလေးပြုတာ၊ ကယန်းအမျိုးသားအလံနဲ့ KNA အလံ လွှင့်ထူ အလေးပြုတာ၊ ကျဆုံး အာဇာနည်ရဲဘော်တွေကို အလေးပြုတာနဲ့ သစ္စာဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KNA အတွင်းရေးမှူး ခွန်းရဲခေါင်က အဖွင့်အမှာစကားပြောကြားခဲ့သလို တပ်ရင်းမှူး ဦးခင်ထူးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေရဲ့ စစ်မြေပြင် ချေမှုန်းရေး သရုပ်ပြမှုတွေကို ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံအချို့နဲ့အတူ ဖော်ပြထားပါတယ်။

အခမ်းအနားကို ကယန်းအမျိုးသားတပ်မတော် ဗဟိုဦးစီးကော်မတီဝင်များ၊ စစ်ဦးစီးကော်မတီဝင်များ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့ လူထုကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | KNA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍26❤9🥰2👏1