The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌မြိုင်မှာ စစ်တပ်စစ်ကြောင်းကို လေတပ်ဗုံးကြဲပြီးမပေါက်ကွဲခဲ့တဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

🔹စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်နိုင်

၁၉ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာ မိုင်းပြန်ဆင်ထားတဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

တဲကြီးကျေးရွာမှ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပြင်းထန်စွာပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်နိုင်ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။

တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း မပေါက်ကွဲဘဲကျန်ရှိနေတဲ့ ပေါင် ၅၀၀ ဗုံးကို ပြန်လည်တူးဖော်ပြီးနောက် မိုင်းဆင်ပြီး ထိရောက်စွာတန်ပြန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ခိုက်မှုကို အညာတမာစစ်ဆင်ရေးအင်အားစုတွေဖြစ်တဲ့ ပခုက္ကူခရိုင် ပကဖ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၊ ပခုက္ကူခရိုင် (၂၊ ၆၊ ၇၊ ၉၊ ၁၂၊ ၁၄၊ ၁၅၊ ၁၇၊ ၁၈) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပေါက် ပကဖ၊ မြိုင် ပကဖ၊

ရေစကြို ပကဖ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ တိုင်းပကဖစစ်ကြောင်း ၄၊ MRG တပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ ကမ္မလုံခြုံရေးအင်အားစု၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊

ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ ယင်းမာပင်ခရိုင် အမှတ် (၇၊ ၁၁၊ ၁၂) တပ်ရင်းများ၊ ပုလဲ ပကဖ၊ Myingyan Black Tiger တပ်ဖွဲ့၊ Southern ရေစကြိုတပ်ဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသတွင်းမဟာမိတ်တပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | ပေါက် ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤9🥰2👏2
| မြိုင်မှာ စစ်တပ်ရဲ့ ပေါင် ၅၀၀ ဗုံးနဲ့ စစ်တပ်စစ်ကြောင်းကို ပြန်လည်ဖောက်ခွဲတိုက်ခိုက်မှုမှတ်တမ်း |

◼️‌မကွေးဒေသ၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို 'အညာတမာ' စစ်ဆင်ရေး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ‌လေတပ်ဗုံးကြဲပြီးမပေါက်ကွဲဘဲကျန်နေတဲ့ ပေါင် ၅၀၀ ဗုံးနဲ့ စက်တင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာ ပြန်လည် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်နိုင်ကြောင်း ပေါက်မြို့နယ် (ပကဖ)က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Video | ပေါက် ပကဖ

၁၉ စက်တင်ဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤9👏8🥰2
◼️‌ရွှေဘိုမှာ စစ်တပ်လက်ပါးစေပျူတွေကို တရက်တည်း ၂ ကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

၂၀ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၁၇ ရက် တရက်တည်းမှာ ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သီးလုံးနဲ့ ဇီးဖြူကုန်း ပျူရွာတွေသို့ လူအင်အားနဲ့ ရိက္ခာလာရောက်ပို့ဆောင်မှုကို လုံခြုံရေးကင်းပုန်းဝပ်နေတဲ့ စစ်တပ်လက်ပါးစေ ပျူစောထီးတွေကို မနက် ၈ နာရီခွဲခန့်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ် ပလဖ - Shwebo Crocodile အဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။

အဲဒီနောက် သီးလုံးပျူရွာအတွင်း စစ်တပ်လက်ပါးစေ ပျူတွေ စုဝေးနေစဉ် ညနေ ၄ နာရီခွဲခန့်မှာလည်း ဒရုန်းနဲ့ ဗုံးသီးချပြီး ထပ်မံတိုက်ခိုက်ခဲ့ပြီး မြေပြင်အခြေအနေတွေကြောင်း စစ်အုပ်စုဘက် သေဆုံးထိခိုက်မှုအခြေအနေတွေကို စုံးစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ - Shwebo Crocodile ၊ ဒေါင်းစစ်သည် ပလဖ၊ ဗိုလ်‌လင်းရောင် ပြည်သူကာကွယ်ရေးအဖွဲ့ (ဒပယ)၊ တောင်သူလွှတ်မြောက်ရေးအင်အားစု၊ ဇင်ယော် (ပလဖ) ၊ HG Fighter နဲ့ စွန်ရဲရွှေဘို (LPDF) တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်တော်လှန်သွားမှာ ဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

Photo | Shwebo Crocodile

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍34❤12👏2