◼️ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေး နယူးယောက်မှာ ချီတက်ဆန္ဒဖော်ထုတ်
၂၀ စက်တင်ဘာ ||| နွေဦးအသံ |||
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေး လူထုထောက်ခံ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
UN ရုံးချုပ်အနီးရှိ Dag Hammarskjöld Plaza မှာ Global Action for Credential Campaign 2026 လူထုလှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို Our UN Ambassador HE Kyaw Moe Tun ၊ True Voice of Myanmar ခေါင်းစဉ်နဲ့ ဦးဆောင်ကျင်းပခဲ့တယ်လို့ NYCBC အဖွဲ့ က ဖော်ပြထားတာပါ။
အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် စတင်ဆုတောင်းခဲ့ကြသလို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ပြီး ဂုဏ်ပြုထောက်ခံစကားတွေ ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပွဲကျင်းပသူတွေက Campaign အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်တွေကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိရေး၊ ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို နိုင်ငံတကာမှ ပယ်ကျဉ်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နိုင်ငံတကာမှ ကူညီပေးဖို့ တောင်းဆိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် အမေရိကန်တဝှမ်းမှ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ အမြောက်အများပါဝင်ကြတဲ့ ဆန္ဒပြ စစ်ကြောင်းဟာ UN ရုံးချုပ်အနီးမှ နယူးယောက် မြို့လယ် Times Square ရင်ပြင်အထိ ကြွေးကြော်သံတွေနဲ့အတူ ဟစ်ကြွေးချီတက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
Photo | terrywin
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤41👍5🔥2🥰1🤬1
◼️ဝက်လက်မှာ စစ်တပ်စစ်ကြောင်းကို ၇ လတာ၊ ၁၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ရာ စကစ ၁၀၀ ကျော်သေဆုံး
၂၀ စက်တင်ဘာ ||| နွေဦးအသံ |||
ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၇ လတာအတွင်း ၁၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ PDF ရွှေဘိုခရိုင် တပ်ရင်း ၂ ရဲ့ စက်တင်ဘာ ၂၀ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ စစ်ကောင်စီတပ်မ ၃၃ ၊ ခမရ ( ၁၂ ၊ ၁၃ ) နဲ့ စစ်တပ်လက်ပါးစေ မင်းကွန်း ပသစ ပူးပေါင်းအင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို အမှတ် ၂ ရွှေဘိုခရိုင်စစ်ဌာန ကွပ်ကဲမှုနဲ့ ၂၀၂၅ ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၆ ဇူလိုင် ၃၁ ရက်အထိ ၁၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဂျမ်မာကားတစီးနဲ့ ဒရုန်း ၂ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့တဲ့အပြင် စစ်ကား ၄ စီးနဲ့ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း People's Servant Revolution - Wetlet က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။
အဲဒီတိုက်ခိုက်မှုတွေကို ရွှေဘိုခရိုင် အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၁၅၊ ၁၇၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆) တပ်ရင်းများ၊ ၁၂၂၂ ဗျူဟာ၊ အမှတ် ၉၇၀၈ တပ်ဖွဲ့၊ အမှတ် (၂) ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ် ပကဖ တို့က ခုခံစစ်မှ ထိုးစစ်အသွင်ပြောင်းပြီး လက်တွဲညီစွာ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်ရှိမှာ စစ်တပ်စစ်ကြောင်းက ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးဘို၊ ရှားကွဲရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်နဲ့ သစ်ဆိမ့်ကျေးရွာတွေမှာ တပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ရေလမ်းမှ သယ်ထုတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ အမှတ် ၃ လမ်းပိုင်းကို သွားလာရာမှာ အထူးဂရုစိုက်ကြဖို့ကိုလည်း အဆိုပါတပ်က သတိပေးထားပါတယ်။
တော်လှန်ရေးခရီးကြမ်းမှာ ရဲဝံ့စွာတိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါစွှန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေကို အစဉ်သတိရပြီး တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂ က အသိပေးထားတာ တွေ့ရပါတယ်။
Photo | People's Servant Revolution - Wetlet

🥰17❤12👍10👏3🤬1