The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မြိုင်မှာ ရဟတ်ယာဉ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ရဲဘော်များကို NUG နဲ့ မကွေးယူနစ် သိန်းတသောင်းဂုဏ်ပြုချီးမြှင့်

🔹စစ်တပ်ရဲ့ စစ်ဘက်ဗဟိုချက်မနေရာတွေကို အရှိန်အဟုန်မြှင့်ထိုးစစ်ဆင်ချေမှုန်းသွားမည်ဟုအသိပေး

၂၀ စက်တင်ဘာ ||| နွေဦးအသံ |||

မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ကို NUG အစိုးရနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က ဆုငွေကျပ်သိန်း ၁ သောင်းနဲ့အတူ ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

တွင်းမပျူရွာသို့ လာတဲ့ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်တစီးကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒရုန်းတပ်ဖွဲ့က ဦးဆောင်မှုနဲ့ တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်မှာ FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှာ သေဆုံးထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ရဟတ်ယာဉ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်တဲ့ ရဲဘော် (၇) ဦးကို ဂုဏ်ပြုဆုငွေ (သိန်း ၁ သောင်းကျပ်)နဲ့ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနား ပူး‌ပေါင်းကျင်းပခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့တို့က ထုတ်ပြန်ကြေညာထားတာပါ။

ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁ သောင်းကို NUG အစိုးရ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဂုဏ်ပြုလက်မှတ်ကို မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်တို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အခမ်းအနားကို NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နဲ့ တာဝန်ရှိသူတွေ၊ ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF နဲ့ ပကဖ များ၊ မကွေးဖက်ဒရယ်ယူနစ် တပ်ဖွဲ့ဝင်များ၊ အခြားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုပေါင်းညီညွတ်မှုစွမ်းအားနဲ့ ရဟတ်ယာဉ် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ စစ်ဘက်ဗဟိုချက်မတွေကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမှာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤41👍8🥰2👏2🤬1
◼️စက်တင်ဘာ ဒုတိယပတ်အတွင်း စစ်အုပ်စုထံမှ စစ်သုံ့ပန်း ၃၃ ဦး တော်လှန်ရေးတပ်များဖမ်းမိ

၂၁ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ တော်လှန်ရေးအင်အားစုတွေက တပတ်အတွင်း စစ်သုံ့ပန်းအဖြစ် ၃၃ ဦး အရှင်းဖမ်းမိခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီထံမှ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အတွင်း စစ်သုံ့ပန်းအဖြစ် ၃၃ ဦးဖမ်းမိခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်မှာ စစ်သား ၃၀ ဦးနဲ့ မကွေးဒေသမှာ ပြည်သူ့စစ် ၃ ဦးတို့ ဖြစ်တယ်လို့ စစ်တပ်ရဲ့ အင်အားပြုန်းတီးမှုတွေကို စာရင်းကောက်ယူဖော်ပြနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားတာပါ။

ဒါ့အပြင် စစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေကို “သမင်”လို မွေးပြီး ရှေ့တန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေထံ “ကျားစာ”အဖြစ် ထိုးကျွေးပြီး အသုံးချနေတာကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့ ကိုယ့်ဘဝကိုယ်ကယ်တင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ထံမှ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ဒုတိယပတ်အထိ အလင်းဝင် ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃,၉၈၂ ဦးအထိ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | ‌ရွှေကူမှာ စစ်သင်္ဘောများထံမှ ဖမ်းမိတဲ့သုံ့ပန်းများ(ပုံဟောင်း)၊ နတ်မောက်မှာ ဖမ်းမိတဲ့ ပြည်သူ့စစ်တဦး။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33👏6❤4🤬1