The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️အညာမှာ အောင်ပွဲရရှေ့တန်းပြန်ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့်ရဲဘော်တွေကို ဂုဏ်ပြုညစာစားပွဲပြုလုပ်

၂၂ စက်တင်ဘာ ||| နွေဦးအသံ |||

အညာတမာစစ်ဆင်ရေး ရှေ့တန်းစစ်မြေပြင်မှ ပြန်လာတဲ့ ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့် ရဲဘော်တွေကို ကြိုဆိုခြင်းနဲ့ ဂုဏ်ပြုညစာစားပွဲ စက်တင်ဘာ ၂၀ ရက်၊ ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရှေ့တန်းပြန်လာတဲ့ ရဲဘော်တွေ၊ ရှေ့တန်းသွားကြမယ့် ရဲဘော်တွေအတွက် ကြိုဆိုပွဲ၊ ဂုဏ်ပြုညစာစားပွဲကို တော်လှန်ပြည်သူအလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုတွေနဲ့ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ဖော်ပြထားတာပါ။

တမာမြေစစ်ဆင်ရေး၊ အမေစုစစ်ဆင်ရေးနဲ့ အညာတမာစစ်ဆင်ရေးတွေမှာ အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေအနေနဲ့ တောက်လျှောက်လိုက်ပါပြီး တိုက်ပွဲဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးတွေမှာ အောင်ပွဲနဲ့အတူ ပြန်လာနိုင်တဲ့ ရဲဘော်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူရသော်လည်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ၊ ဒဏ်ရာရ ရဲဘော်တွေလည်း ရှိခဲ့တာကြောင့် သူတို့အတွက် ဝမ်းနည်းနာကျင်ရတယ်လို့ အညာမြေတပ်ပေါင်းစုက အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤35👍6🥰3🤬1