The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
| ပြည်သူကို ပေါ်တာဆွဲဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ယာဉ်တန်းကို PDF ဒရုန်းတိုက်ခိုက်မှုမှတ်တမ်း |

◼️မကွေးဒေသ၊ မင်းဘူးမြို့မှ ထွက်ခွာလာပြီး လမ်းတလျှောက်မှာ ပြည်သူတွေကို ပေါ်တာဆွဲ၊ ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်မီးရှို့လာတဲ့ ယာဉ်အစီး ၁၈၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ တပ်ရင်းဒရုန်းလက်ရုံးတပ်ဖွဲ့တို့က စက်တင်ဘာ ၁၉ ရက်မှာ FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သေဆုံးထိခိုက်၊ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မင်းဘူးခရိုင်စစ်ဌာနက ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

၂၃ စက်တင်ဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤5👏4🤬1
◼️စစ်ဆင်ရေးများစွာ အတူတိုက်ပွဲဝင်ခဲ့တဲ့ PDF တပ်ရင်းတွေ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲပြုလုပ်

၂၃ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ဆင်ရေးများစွာကို အတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ PDF တပ်ရင်းတွေ အချင်းချင်း နောက်တန်းပြန်‌ရောက်နေချိန်မှာ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ချစ်ကြည်ရေးအတွက် ဘောလုံးပြိုင်ပွဲကျင်းပခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းရဲ့ စက်တင်ဘာ ၂၂ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းနဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY PDF) အမှတ် (၅၁၂) တပ်ရင်းတို့က နောက်တန်းသို့ ပြန်လည်ရောက်ရှိနေချိန်မှာ ဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြတာပါ။

စစ်ဆင်ရေးများစွာ အတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ် ရဲဘော်တွေအနေနဲ့ လောင်းကြေးလုံးဝမပါဘဲ နယ်မြေအတွင်း စစ်တပ်စစ်ကြောင်းဝင်ရောက်နေတဲ့ကြားက စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ချစ်ကြည်ရေးအတွက်သာ ကျင်းပခဲ့တာဖြစ်ပြီး ရှေ့တန်းမှာလည်း ရဲဘော်များ ရောက်ရှိနေကြကြောင်း အသိပေးထားပါတယ်။

ဘောလုံးပြိုင်ပွဲရလဒ်အနေနဲ့ PDF တပ်ရင်း ၂ ရင်းလုံး ၂ ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် ပင်နယ်တီသွင်းဂိုးနဲ့ ဆုံးဖြတ်ရာမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၆ က အားကစားပြိုင်ပွဲ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ မျှဝေဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31👏10👍2🥰1🤬1
◼️အဓမ္မစစ်သားစုဆောင်းမှုကြောင့် တော်လှန်ရေးနယ်မြေလာရောက်လိုသူ၊ စစ်တပ်ကိုစွန့်ခွာထွက်ပြေးလိုသူများ QR နဲ့ဆက်သွယ်နိုင်ပြီ

၂၄ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းနေမှုကြောင့် တော်လှန်ရေးနယ်မြေသို့ လာရောက်လိုသူတွေနဲ့ စစ်တပ်ကို စွန့်ခွာထွက်ပြေးလိုသူတွေအနေနဲ့ QR ကုဒ်တွေကို Scan ဖတ်ပြီး လွယ်လင့်တကူ ဆက်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ရင်ခွင်(ခိုလှုံရေးအစီအစဉ်)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရုံးချုပ်နဲ့ ပြည်သူ့လုံခြုံရေးဌာန(စစ်ရုံးချုပ်)တို့ထံသို့ Telegram ၊ Signal နဲ့ Viber တွေမှတဆင့် ဆက်သွယ်နိုင်ဖို့အတွက် QR ကုဒ်တွေကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတာပါ။

နွေဦးတော်လှန်ရေးကာလ တော်လှန်ရေးအင်အားစုတွေရဲ့ တွန်းလှန်တိုက်ခိုက်မှုတွေအောက် သမိုင်းဝင်စစ်ရှုံးနေတဲ့ စစ်တပ်က စစ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းအသက်ဆက်နိုင်ဖို့ စစ်မှုထမ်းဥပဒေခေါင်းစဉ်တပ်ပြီး နည်းမျိုးစုံနဲ့ ပြည်သူကို နေ့စဉ် အဓမ္မပေါ်တာဆွဲဖမ်းဆီးလျက်ရှိပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ စစ်မှုထမ်း(ပစ)အဖြစ် စစ်ထဲထည့်ပြီးနောက် စစ်မြေပြင်တွေသို့ ပို့‌ဆောင်ကာ တိုက်ပွဲမှာ ရှေ့တန်းကနေတက်ခိုင်းပြီး အသက်တွေစတေးခံရခြင်းမှ ရှောင်ရှားနိုင်ဖို့အတွက် ဖော်ပြပါ QR ကုဒ်တွေကို Scan ပြုလုပ်ပြီး ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်တွင်းမှ စွန့်ခွာထွက်ပြေးလိုသူတွေအနေနဲ့လည်း တပ်တွင်းဖိနှိပ်မှုမျိုးစုံကြောင့် ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာ မသိဘဲ ဆက်သွယ်ဖို့ ခက်ခဲမှုတွေအတွက် အလားတူ QR ကုဒ်တွေကို Scan ပြုလုပ်ပြီး ဆက်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | NUG - MOD ၊ စစ်တပ်ပေါ်တာဆွဲဖမ်းဆီးမှုများ (ပုံဟောင်း) social media ။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤38👍3🥰1🤬1