The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ကျောက်တော်မြို့ လေတပ်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃၃ ဦးအစုအပြုံလိုက်သေဆုံး၊ ငပလီကိုထပ်မံဗုံးကြဲ

၂၈ စက်တင်ဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးကို အကြမ်းဖက်လေတပ်က စက်တင်ဘာ ၂၈ ရက်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည် ၃၃ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို စစ်ကောင်စီ လေတပ်က နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁၄ မိနစ်တို့မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားတာပါ။

ဗုံးကြဲခဲ့တဲ့ နေရာအနီးဝန်းကျင်ရှိ လမ်းသွားလမ်းလာတွေနဲ့ ဈေးရောင်းဈေးဝယ် ပြည်သူတွေ သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူ အရေအတွက်ဟာ နောက်ထပ်လည်း တိုးလာနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တရက်တည်းမှာပဲ သံတွဲမြို့နယ်၊ ငပလီကိုလည်း စစ်ကောင်စီလေတပ်က နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာ ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဒီဖြစ်စဉ်ဟာ အာရက္ခဒေသအတွင်း မြောက်ဦးပြည်သူ့ဆေးရုံကြီး တိုက်ခိုက်ခံရမှုနောက်ပိုင်း အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှု အများဆုံး ဖြစ်စဉ်တခုဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Video | AA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬40😢6❤2👍1🥰1
◼️ရန်ကုန်-ပြည်လမ်းပေါ် စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၊ စကစသေဆုံးထိခိုက်မှုရှိဟုဆို

၂၈ စက်တင်ဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၇ ရက်၊ မနက်အစောပိုင်းမှာ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-ပြည်လမ်းပေါ်ရှိ အိုးသည်ကုန်းမြို့၊ ဂုံညင်းတန်းတာဆုံ စစ်တပ်ဂိတ်စခန်းကို မနက် ၄ နာရီခန့်မှာ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှာ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းမီဒီယာတချို့မှာ အသိပေးထားတာပါ။

ဂုံညင်းတန်းတာဆုံ စစ်တပ်ဂိတ်စခန်း စစ်ကောင်စီအတွက် စစ်ဗျူဟာကျ အရေးပါတဲ့ စခန်းတခုဖြစ်ပြီး စီးနင်းတိုက်ခိုက်စဉ် မိုးသည်းထန်စွာရွာသွန်းနေသလို စစ်တပ်ဘက်မှ စစ်ကူစစ်ကြောင်းရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမ အနောက်ခြမ်း လက်ပံတန်း၊ မင်းလှ၊ အုတ်ဖိုနဲ့ နတ်တလင်း မြို့နယ်တွေမှာ နယ်မြေစိုးမိုးမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာလျက်ရှိသလို ရန်ကုန်-ပြည်လမ်းရှိ စစ်တပ်ဂိတ်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတယ်လို့ သတင်းရရှိပါတယ်။

Photo | ရန်ကုန်-ပြည်လမ်းဘေး တိုက်ပွဲနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း တိုက်ပွဲတခု - PVTV ၊ တော်လှန်ရေးတပ်များ (ပုံဟောင်းများ)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤6👏4
| ရန်ကုန်-ပြည်လမ်းပေါ် စကစ ၅ ဦးသေဆုံးခဲ့တဲ့ ဂုံညင်းတန်းလမ်းဆုံ စစ်တပ်ဂိတ်စခန်း စီးနင်းတိုက်ခိုက်မှုမှတ်တမ်း |

◼️ပဲခူးဒေသ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပြည်သူတွေထံမှ ဆက်ကြေးတောင်းနေတဲ့ ဂုံညင်းတန်း လမ်းဆုံ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို သာယာဝတီခရိုင် ဗျူဟာ (၂၂)၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅) ရဲဘော်တွေက စက်တင်ဘာ ၂၇ ရက်၊ မနက် ၄ နာရီခန့်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တဲ့အပြင် G-3 ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည် ၄၅၀ တောင့်နဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ စစ်ဆင်ရေး အောင်မြင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

၂၉ စက်တင်ဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤36👏10👍1🥰1
◼️မြင်းခြံမှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၈ ဦးသေဆုံးပြီး တဦးပေါင်ပြတ်ဟုဆို

၂၉ စက်တင်ဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၉ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး တဦး ပေါင်ပြတ်သွားတယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ၁ ဦး ပေါင်ပြတ်သွားတယ်လို့ ပြည်သူ့ကြယ်တပွင့် တပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ MYINGYAN 35 တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Video | ပြည်သူ့ကြယ်တစ်ပွင့်

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍28❤6👏4🥰1