The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️အစုအပြုံလိုက်ဗုံးကြဲသတ်ဖြတ်မှုများမှာ ပါဝင်သူအားလုံး မကြာခင်လက်တုံ့ပြန်မည်ဟု AA ကြေညာ

🔹ရခိုင်ပြည်နယ်မှာ စစ်ကောင်စီလေတပ်ဗုံးကြဲမှုကြောင့် တပတ်ကျော်အတွင်း ပြည်သူ ၅၆ ဦးသေဆုံး

၂၉ စက်တင်ဘာ | နွေဦးအသံ |

ရခိုင်ပြည်နယ် မြို့နယ် ၉ ခုမှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်ကျော်အတွင်း အစုလိုက်အပြုံလိုက်သေဆုံးမှုအပါအဝင် ပြည်သူ ၅၆ ဦးသေဆုံးခဲ့ပြီး ဗုံးကြဲမှုမှာ ပါဝင်သူအားလုံးကို မကြာခင်လက်တုံ့ပြန်သွားမယ်လို့ AA က ကြေညာလိုက်ပါတယ်။

ကျောက်တော်မြို့ အပါအဝင် မြို့နယ် (၉) ခုမှာ အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး စစ်တပ်က စက်တင်ဘာ ၁၇ မှ ၂၈ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၆ ဦးသေဆုံးခဲ့တဲ့အပြင် ၁၀၅ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၅၅ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်ထားတာပါ။

ကျောက်တော်မြို့ကို ဗုံးကြဲခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် တရက်တည်းမှာတင် ပြည်သူ ၅၀ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသလို ဒဏ်ရာရသူ ၅၈ ဦးအထိ ရှိလာပြီး အဲဒီထဲမှာ အပြင်းအထန် ဒဏ်ရာရသူ ၂၂ ဦးထက်မနည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုများကျုးလွန်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပြီး ဖြစ်စဉ်များအတွင်း ပါဝင်သူအားလုံးကို မကြာမီကာလအတွင်း ထိရောက်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA က ကြေညာထားတာ တွေ့ရပါတယ်။

Photo | AA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍39❤10😢8🤬2