◼️PRF အဖွဲ့ဝင် အချက်လက်များဖော်ထုတ်နိုင်ဟု စစ်တပ်ထုတ်ပြန်မှု လိမ်လည်စွပ်စွဲချက်အဖြစ်ပယ်ချ
🔹ပြည်သူကိုခြိမ်းခြောက်ပြီး တော်လှန်ရေးဝင်ငွေလမ်းကြောင်း ဖြတ်တောက်ဖို့ဖြစ်ကြောင်း အသိပေး
🔹ပြည်သူ့အချက်လက်များ စစ်တပ်ထံပေးတဲ့ ရိုးမဘဏ်နဲ့ Wave Money ကို အကြမ်းဖက်အားပေးအဖြစ်ရှုတ်ချ
၃၀ စက်တင်ဘာ ||| နွေဦးအသံ |||
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF တပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်များ ဖော်ထုတ်နိုင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူကိုခြိမ်းခြောက်ပြီး တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ဖြစ်တာကြောင့် လိမ်လည်စွပ်စွဲချက်အဖြစ် PRF က ပယ်ချလိုက်ပါတယ်။
'CRPH ၊ NUG နဲ့ PDF တွေကို ငွေကြေးထောက်ပံ့နေတဲ့ PRF အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးရမိ' လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအပေါ် အပြည့်အဝ စိစစ်ပြီးဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ အမှန်တရားနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ လိမ်လည်စွပ်စွဲချက်သာဖြစ်တယ်လို့ ပြတ်သားစွာပယ်ချကြောင်း PRF က စက်တင်ဘာ ၂၉ ရက်၊ ညပိုင်းမှာ ကြေညာထားတာပါ။
PRF စနစ်မှာ အဖွဲ့ဝင် မှတ်ပုံတင်ဖို့ အမည်လွှဲ တခုနဲ့ အီးမေးလ် တခုသာ လိုအပ်ပြီး ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံးဝသိမ်းဆည်းထားတာမရှိတာကြောင့် စစ်တပ်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိကြောင်း ထောက်ပြထားပါတယ်။
စစ်တပ်ဖော်ပြထားတဲ့ ဖမ်းဆီးမှုတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း Wave Money Agent တဦးရဲ့ စာရင်းနဲ့ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းအချက်အလက်တွေကို စုစည်းပြီး PRF နဲ့ ဆက်စပ် ချဲ့ကားထားတဲ့အပြင် ပြည်သူကိုခြိမ်းခြောက်ပြီး တော်လှန်ရေးဝင်ငွေလမ်းကြောင်း ဖြတ်တောက်ဖို့နဲ့ ဖမ်းဆီးခံရသူတွေကို ထပ်တိုးအမှုဆင်ဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ထံ ပြည်သူ့ အချက်အလက်ပေးနေတဲ့ Wave Money နဲ့ ရိုးမဘဏ်တို့ကိုလည်း အကြမ်းဖက်အားပေးအဖွဲ့တွေအဖြစ် ပြင်းထန်စွာရှုတ်ချလိုက်ပြီး တော်လှန်ရေးမှာ ပါဝင်ရင်း ပြည်သူတွေ ဖမ်းဆီးခံရမှုအပေါ် လေးနက်စွာ ဝမ်းနည်းစာနာရသလို တရားမျှတမှု ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
လုံခြုံရေး အစီအမံတွေ တိုးမြှင့်ဆောင်ရွက်လျက်ရှိသလို ပြည်တွင်းမှ တော်လှန်ပြည်သူတွေအနေနဲ့ ဖုန်းနဲ့ ငွေလွှဲမှတ်တမ်း လုံခြုံရေးကို အထူးသတိပြုဖို့နဲ့ ပြည်ပရောက် ပြည်သူတွေအနေနဲ့လည်း ပြည်တွင်းမှ ညီအစ်ကို မောင်နှမတွေရဲ့ နေရာမှာ အစားထိုးပါဝင်ပေးကြဖို့ PRF က တိုက်တွန်းထားတာ တွေ့ရပါတယ်။
Photo | PRF (ပုံဟောင်း)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍30❤6👏4
◼️တော်လှန်ရေးသွေးကွဲဖို့ စစ်တပ်က ဝါဒဖြန့်နေပြီး စစ်ကြောရေးမှသတင်းပေါက်ကြားခဲ့ခြင်းဟု PDF အသိပေး
၃၀ စက်တင်ဘာ ||| နွေဦးအသံ |||
တော်လှန်ရေးသွေးကွဲစေဖို့ အကြမ်းဖက်စစ်တပ်ဝါဒဖြန့်နေတဲ့ PDF အထူးတိုင်းစစ်ဌာန လေကြောင်းတိုက်ခိုက်ခံရမှု အဓိကအကြောင်းအရင်းမှာ ဖမ်းဆီးခံရတဲ့ရဲဘော်တွေကို စစ်တပ်က အဓမ္မစစ်ကြောရာမှ သတင်းပေါက်ကြားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရတဲ့ ရဲဘော်တွေကို အဓမ္မစစ်ကြောမေးမြန်းစဉ် ရရှိတဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး သတင်းပေါက်ကြားမှုဖြစ်တာကြောင့် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားတာပါ။
အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်းကို စက်တင်ဘာ ၂၄ ရက်မှာ နေပြည်တော်လေတပ်မှ တက်လာတဲ့ MIG-29 Jet Fighter (၂) စီးနဲ့ ဗုံးသီး ၄ လုံးကြဲချခဲ့တာကြောင့် CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် တိုင်းစစ်ဌာနလုံခြုံရေး ရဲဘော် ၂ ဦး၊ ဆက်သွယ်ရေး ရဲဘော် ၂ ဦး၊ စုစုပေါင်း ၅ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး တော်လှန်ရေးရဲဘော်တွေ၊ တပ်ဖွဲ့တွေ ယုံကြည်မှုကင်းမဲ့ပြီး အချင်းချင်း သွေးကွဲစေဖို့ စစ်တပ်က ဝါဒဖြန့်လျက်ရှိကြောင်း ဖြစ်စဉ်အမှန်ကို ပြည်သူများသိရှိစေရေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနက တရားဝင် သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo |

👍38❤6🥰4
◼️ဖာပွန်ရှိ စစ်တပ် ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်များ လက်နက်ကြီးအလုံး ၄၀ ကျော်ပစ်ခတ်တိုက်ခိုက်
၁ အောက်တိုဘာ ||| နွေဦးအသံ |||
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဗျူဟာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၇ ရက်မှာ လက်နက်ကြီး ဗုံးသီး ၄၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချေမှုန်းဖို့အတွက် ဗျူဟာစခန်းကုန်းပေါ်ရှိ အဆောက်အဦတွေဆီသို့ ၆၀ မမ လက်နက်ကြီးဗုံးသီး ၄၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Federal Revolution Force (FRF) တပ်ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။
လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း စစ်အုပ်စုတပ်စွဲထားတဲ့ ဗျူဟာကုန်းအဆောက်အဦးတွေ ထိမှန်ခဲ့ပြီး အရာရှိနေထိုင်တဲ့ အဆောက်အဦးတွေ၊ ဘားတိုက်တွေကို တိကျစွာထိမှန်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က အသိပေးထားပါတယ်။
တိုက်ခိုက်မှုကို KNDO ၊ Federal Revolution Force (FRF) လက်နက်ကြီးထုတ်လုပ်ရေးတပ်ဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
Video | FRF

👍31❤6👏2
◼️ဗန်းမော်ထောင်မှ အကျဉ်းသားများကို စစ်တပ်က လူသားဒိုင်းပြုလုပ်နေပြီး တိုက်ပွဲအတွင်း ၇၀ ဦးကျော်လွတ်မြောက်
🔹အကျဉ်းသားတွေကို စစ်အုစ်စုက အရက်/မူးယစ်ဆေးများ ရောင်းချပြီး နည်းမျိုးစုံနဲ့ အဓမ္မငွေကြေးတောင်းယူနေ
၁ အောက်တိုဘာ ||| နွေဦးအသံ |||
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အကျဉ်းထောင်မှ အကျဉ်းသားတွေကို အကြမ်းဖက်စစ်တပ်က သင်္ဘောအုပ်စုတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေပြီး KIA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် ရွှေကူမြို့အနီးမှာ အကျဉ်းသား ၇၀ ကျော် ရေထဲခုန်ချ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးထံမှ သိရပါတယ်။
မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေမှာ စစ်အုပ်စုက ပြည်သူတွေနဲ့ရောနှော လိုက်ပါလာသလို ပြန်လည်စုန်ဆင်းရာမှာလည်း စစ်အုပ်စုက သူတို့လုံခြုံရေးအတွက် ဗန်းမော်အကျဥ်းထောင်မှ အကျဥ်းသားတွေကို မီးလောင်ပါက မီးငြိမ်းသတ်ဖို့လို့ ဆိုပြီး လူသားဒိုင်းအဖြစ်အသုံးချခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုသင်္ဘောတွေကို KIA PDF ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေစဉ် ရွှေကူမြို့အနီးမှာ လူသားဒိုင်းအဖြစ် အသုံးချခံရတဲ့ အကျဉ်းသား ၇၀ ကျော် ရေထဲခုန်ချပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်လို့ လွတ်မြောက်လာသူ အကျဉ်းသား ဦးအိုက်စိုးက ပြောကြားခဲ့ကြောင်း LAIZA TV က အောက်တိုဘာ ၁ ရက်မှာ အသိပေးထားတာပါ။
လက်ရှိ ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသား ၄၀၀ ကျော်ကျန်ရှိနေပြီး သူတို့ကို စစ်အုပ်စုက အရက်/မူးယစ်ဆေးဝါးများ ရောင်းချပေးနေသလို သင်္ဘောကမ်းကပ်ချိန် ပစ္စည်းတွေသယ်ချခိုင်းတဲ့အပြင် ခေါင်းစဉ်မျိုးစုံနဲ့ အဓမ္မငွေကြေးတောင်းယူတဲ့အပြင် မပေးနိုင်သူတွေကို ရိုက်နှက်အပြစ်ပေးခြင်းများလည်း ရှိနေတယ်လို့ သူက ဖွင့်ချထားပါတယ်။
ဒါ့အပြင် တနှစ်ကျော်တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့မှာ ရိက္ခာသင်္ဘောများ မရောက်လာပါက အကျဉ်းသားတွေကို လနဲ့ချီပြီး ပြောင်းဖူးတွေသာ ကျေးမွေးတာကြောင့် အားအင်ပြတ်လပ်သေဆုံးသူများရှိသူလို နာမကျန်းဖြစ်သူတွေကိုလည်း ဆေးကုသပေးခြင်းမရှိဘူးလို့ သတင်းရရှိပါတယ်။
Photo | KIO/KIA ၊ လူမှုကွန်ယက်

🤬24👍8❤4🔥3
◼️မြန်မာနိုင်ငံနဲ့ ဒေသတွင်း နောက်ဆုံး အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ
၁ အောက်တိုဘာ ||| နွေဦးအသံ |||
ဩစတြေးလျနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ကဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong နဲ့ စက်တင်ဘာလ ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကင်ဘာရာမြို့ရှိ လွှတ်တော် အဆောက်အအုံမှာ ပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံနဲ့ ဒေသတွင်း နောက်ဆုံး အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသလို၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ဖြစ်ခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်မှာ အသိပေးထားတာပါ။
ဒါ့အပြင် တွေ့ဆုံမှု နောက်ဆက်တွဲအနေနဲ့ နောက်ဆုံး အချက်အလက်တွေကို ထပ်မံ ပေးပို့ဖို့ သဘောတူခဲ့သလို၊ ဝန်ကြီး Penny Wong နဲ့ တွေ့ဆုံခွင့်ရလို့ ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ KNPP အတွင်းရေးမှူး (၁) နဲနယ်ပလို၊ KNU နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနီးမရော့ဒ် နဲ့ NUG အစိုးရ စီမံဘဏ္ဍာ ဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

👍33❤7🥰1
◼️ကျဆုံး ရဲဘော် ၆ ဦး နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်များကို လေးစားဂုဏ်ပြု
၁ အောက်တိုဘာ ||| နွေဦးအသံ |||
တိုင်းရင်းသားနယ်မြေရှေ့တန်းတနေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ဒုတိယပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့သားကောင်းဆု စာရင်းထဲမှာ ဂန့်ဂေါစစ်ကြောင်း ပါဝင်ခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက် ညပိုင်းမှာ အသိပေးထားတာပါ။
ဂန့်ဂေါခရိုင်စစ်ဌာန အနေနဲ့ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ရဲဘော် (၆) ဦး ကျဆုံးခဲ့ပြီးဖြစ်သလို အသက်နဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို လေးစားဂုဏ်ပြုကြောင်းနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

🥰29👍10😢5❤3