The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ဝက်လက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ လူထုလှုပ်ရှားမှု ပြုလုပ်

၃ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဝက်လက်မြို့နယ်မှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေကို လူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အောက်တိုဘာ ၂ ရက် မှာ စိုက်ထူပြီး လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဝေးပြေးလမ်းမကြီးတွေအပေါ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရုပ်ပုံနဲ့အတူ ငါတို့အမတ် ငါတို့အသံ၊ True Voice of Myanmar စတဲ့ စာသားတွေပါတဲ့ ဗီနိုင်းတွေကို ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ထုတ်ပြန်ထားတာပါ။

ပြည်သူလူထု အသံကို ကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ ပူးပေါင်းထောက်ခံမှုဟာ အဓိကကျကြောင်းကိုလည်း အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူ့အသံ မတိတ်ဆိတ်ရေး၊ ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရေး၊ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာပေးရေးနဲ့ “ ငါတို့ သံအမတ် - ငါတို့ အသံ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤28👏11👍3🥰2
◼️ဂန့်ဂေါမှာ စစ်ကောင်စီတပ်ကြပ် တဦးနဲ့ ပစ တဦး လက်နက်ခဲယမ်းများနဲ့ ပကဖ ထံ အလင်းဝင်၊ ကျပ်သိန်းတရာချီးမြှင့်

၃ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ မြို့နယ် ပကဖ ထံသို့ အလင်းဝင်ရောက်ခဲ့တာကြောင့် ဆုငွေကျပ်သိန်း ၅၀ စီ ပေးအပ်ချီးမြှင့်ပေးခဲ့တယ်လို့ အောက်တိုဘာ ၂ ရက်၊ မြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် အမှတ် ၅၀ ခြေလျင်တပ်ရင်း - ခလရ ၅၀ မှ တပ်ကြပ် မြတ်သူနဲ့ စစ်မှုထမ်းတပ်သားသစ် (ပစ) ဖြိုးထက်လင်း တို့က MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်နဲ့ ကျည် ၆၀ တောင့်တို့ကို ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြတာပါ။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာကြောင့် တဦးကို ဆုငွေ ကျပ်သိန်း ၅၀ စီ ဆုငွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိ​ပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤5🥰1