The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မြိုင်မှာ စစ်တပ် အစုအပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ကလေးတဦးအပါအလောင်းတဒါဇင်ကို ရွာသားတဦးမှိုရှာရင်းတွေ့ရှိ

၄ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို မြေမြှပ်ခဲ့တဲ့ ကျောင်းသားတဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးရဲ့ ရုပ်အလောင်းများကို ရွာသားတဦးက အောက်တိုဘာ ၄ ရက်မှာ မှိုရှာသွားစဉ် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အစုအပြုံလိုက် ဖြစ်သလိုမြှုပ်နှံထားတဲ့ နေရာကို မှိုရှာသွားတဲ့ ရွာသားတဦးက တွေ့ရှိခဲ့ရာမှ ဒေသတာဝန်ရှိသူတွေ ဦးဆောင်ပြီး ရှာဖွေတူးဖော်ခဲ့ရာ မြေကျင်း ၂ ခုအတွင်း အလောင်း ၁၂ လောင်း တွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အရိုးစုတွေရဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဖော်ပြထားတာပါ။

‌ဂွေးကုန်းရွာမှ အသက်မပြည့်သေးတဲ့ ကျောင်းသားတဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး၊ မကျီးကုန်းရွာမှ ပြည်သူ တဦး၊ သံချောင်းရွာမှ ပြည်သူ တဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ စက်မှု ၂ မှ ဝဲတူရွာသို့ သွားတဲ့ စစ်တပ်စစ်ကြောင်းရဲ့ အဓမ္မဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၂ ဦးကို စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်၊ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကို ဝက်ပုတ်ရွာမှ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်စုစာအုပ်တွေကနေ သိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဝက်ပုတ်ပျူရွာကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ရွာကိုရှင်းလင်းရေးဝင်စဉ်ကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ နေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အသိပေးထားပါတယ်။

လက်ရှိပြန်လည်တွေ့ရှိခဲ့တဲ့ အလောင်းတွေနဲ့အတူ တွေ့ရှိတဲ့ မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစာရင်းတွေအရ ‌ဂွေးကုန်းရွာမှ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး အစုအပြုံလိုက်သတ်ဖြတ်ခဲ့မှုကို ဝက်ပုတ်ရွာ ပျူခေါင်းဆောင် ဝင်းငွေ ဆိုသူနဲ့ ဝက်ပုတ်ရွာမှာတာဝန်ကျနေတဲ့ ဗိုလ် ဘိုဖြူတို့က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬35❤5👍1
◼️‌စစ်ကိုင်းမှာ ရဲသင်တန်းဆင်းပွဲနဲ့ ယာဥ်တန်းလုံခြုံရေးစစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စကစ သေဆုံးထိခိုက်မှုရှိ

၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရလက ၃ သင်တန်းဆင်းပွဲနေရာနဲ့ ရတရ ၁၆ အနီး စစ်ယာဥ်တန်းလုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်မှာ ၈၀ မမ လက်နက်ကြီးနဲ့ တရက်တည်းအတွင်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲပြုလုပ်နေတဲ့ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းအတွင်းသို့ ၈၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ သင်တန်းကွင်းနေရာသို့ ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့တဲ့အတွက် လူနာတင်ယာဥ် ၂ စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် မုံရွာ နမခမှ စစ်ကိုင်း တပ်မ ၃၃ သို့ သွားတဲ့စစ်ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုကို အမှတ် ၁၆ ရဲတပ်ရင်းအနီးမှာ ၈၀ မမ ဗုံးသီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရည်မှန်းချက်နေရာတွေသို့ တိကျစွာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှု အခြေအနေတွေကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤29👏11👍2
◼️စစ်မျက်နှာအသီးသီးမှာ အရေးနိမ့်နေတဲ့ စစ်တပ်က ရခိုင်မှာစစ်ဘေးရှောင်စခန်းပါ ဗုံးထပ်ကြဲ၊ စစ်ရှောင် ၆ ဦးသေဆုံး

၅ အောက်တိုဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီလေတပ်က အောက်တိုဘာ ၄ ရက်၊ ညနေ ၅ နာရီ ၁၀ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးသူများရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ အောက်တိုဘာ ၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

သရက်ချိုနဲ့ ယိုးငူကျေးရွာကြားရှိ ယိုးငူ-ဗျာလ စစ်ဘေးရှောင်စခန်းကို လေတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် အရပ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့သလို နေအိမ်နဲ့ ဈေးဆိုင်ခန်း အများအပြားလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကျောက်တော်မြို့နယ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်မှာ ဂျက်ဖိုက်တာ ၇ စီး၊ Y-12 ၁ စီးနဲ့ ၁ နာရီခွဲခန့်အတွင်း ဗုံးအလုံးရေ ၄၀ ခန့် ကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ ဆောင် ပျက်စီးပြီး ဆရာတော် ၁ ပါး ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၃ ရက်မှာလည်း ရသေ့တောင်မြို့နယ်ကို Y-12 နဲ့ ဗုံးအလုံး ၂၀ ခန့် ကြဲချခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မျက်နှာအသီးသီးမှာ အရေးနိမ့်လာပြီးနောက် စစ်ဘေးရှောင်စခန်းတွေ အပါအဝင် အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာ၊ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | AA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬41❤5😢4👍2❤‍🔥1🔥1
◼️‌ပေါင်းတည်မှာ စစ်တပ်စစ်ကြောင်းကို PDF မိုင်းဆွဲတိုက်ခိုက်၊ စကစ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရ

၅ အောက်တိုဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စခန်းလူအင်အားအပြောင်းအလဲလုပ်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို PDF ရဲဘော်တွေက အောက်တိုဘာ ၁ ရက်၊ မနက် ၉ နာရီ ၁၀ မိနစ်ခန့်မှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။

အဂ္ဂရာပြည့်ကွက်သစ် ကျောက်ကြီးတောင်ရှိ စစ်တပ်အထိုင်ဂိတ်စခန်းသို့ လူအပြောင်းအလဲပြုလုပ်ဖို့ အင်အားအလုံးအရင်းနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေပါ သယ်ဆောင်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၁ က အောက်တိုဘာ ၅ ရက်မှာ အသိပေးထားတာပါ။

မိုင်းကွင်းထဲဝင်လာတဲ့ စစ်တပ်စစ်ကြောင်းရဲ့ ရှေ့ပွိုင့်မှ အင်အား ၁၅ ဦးခန့်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရသွားတာကြောင့် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို စစ်တပ်က ရွှေတောင်မြိုရှိ ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဗျူဟာ ၂၁ ကွပ်ကွဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၄ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သတင်းရရှိပါတယ်။

Photo | ပေါင်းတည် PDF (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31👍15🥰1👏1