◼️ဖာပွန်ခရိုင်မှာ စစ်တပ်ကို KNLA ပူးပေါင်းတပ်များ တလတာတိုက်ခိုက်မှု အရာရှိအပါ စကစ ၄၇ ဦးသေဆုံး
၆ အောက်တိုဘာ ||| နွေဦးအသံ |||
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်တွေက စက်တင်ဘာလမှာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ၁၀၆ ကြိမ်အတွင်း အရာရှိအချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့ပြီး သေနတ် ၁၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဖာပွန်(မူတြော်)ခရိုင်အတွင်း KNLA တပ်မဟာ ၅ ပူးပေါင်းတပ်တွေနဲ့ စစ်တပ်ကြား စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ၊ တိုက်ပွဲကြီး/ငယ် ပေါင်း ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၄၇ ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU မူတြော်ခရိုင်က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
တလအတွင်း KNLA တပ်မဟာ ၅ ပူးပေါင်းတပ်တွေက စစ်တပ်ရဲ့ စခန်းတခုကိုလည်း သိမ်းပိုက်ခဲ့စဉ် စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိခဲ့သလို တိုက်ပွဲတွေအတွင်းမှာ လက်နက်မျိုးစုံ ၁၃ လက် သိမ်းဆည်းရရှိခဲ့ပြီး ပူးပေါင်းတပ်တွေဘက်မှာလည်း တော်လှန်ရေးရဲဘော် ၂ ဦးမြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကလည်း MA1 ၁ လက်၊ BA-100 ၁ လက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ လာရောက်ပူးပေါင်း အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မူတြော်ခရိုင်က အသိပေးထားပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ အထိနာခဲ့တာကြောင့် စစ်တပ်က တပ်မဟာ ၅ နယ်မြေအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၃ ကြိမ်၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၃၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရသလို အခက်အခဲများစွာကြားမှာ ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေရတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | KNU (စစ်တပ်ထံမှ သိမ်းဆည်းရရှိ လက်နက်ခဲယမ်းများ)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍38❤8👏5🔥1
◼️တမူးမှာ စကစတပ်သား ၃ ဦး လက်နက်ခဲယမ်းများနဲ့ အလင်းဝင်၊ ဆုကြေးငွေများပေးအပ်
၇ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ တမူးခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ တမူးခရိုင်၊ အမှတ် ၆ တပ်ရင်းထံသို့ အောက်တိုဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကမ္မကြီးနဲ့ ထင်းဇင်ကျေးရွာမှာ တပ်စွဲထားပြီး ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက်ခံနေတဲ့ စစ်တပ်ဂိတ်မှ တပ်ဖွဲ့ဝင် ၃ ဦးက MA1 တလက်၊ ၅.၅၆ ကျည် ၁၁၃ တောင့်၊ ကျည်ဘောက် ၂ ခုနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်လာသူတွေကို ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့တဲ့အပြင် သူတို့ရဲ့သဘောဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ တမူးခရိုင် တပ်ရင်း ၆ က ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်အတွင်း ကျန်ရှိနေသေးတဲ့ တပ်သားတွေအနေနဲ့ အတင်းအကြပ် ခိုင်းစေနေတဲ့ အဓမ္မလုပ်ရပ်တွေကို ငြင်းဆန်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ လက်နက်ချအလင်းဝင်ကြဖို့ကို တမူးခရိုင် PDF က ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။

❤21👍8👏3🥰1
◼️ပိတ်ပင်ထားတဲ့ ရွှေကူ - ငါးအိုး လမ်းမကြီးကို အသုံးမပြုဖို့ KIA ထပ်မံသတိပေး
🔹အသုံးပြုသွားလာပါက စစ်တပ်ရဲ့ သတင်းပေး၊ သူလျှိုအဖြစ် သတ်မှတ်မည်ဟုဆို
၇ အောက်တိုဘာ ||| နွေဦးအသံ |||
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ပြည်သူတွေအနေနဲ့ ရွှေကူ-ငါးအိုး လမ်းမကြီးပေါ် သွားလာလှုပ်ရှားခြင်း မပြုကြဖို့နဲ့ သတ်မှတ်ထားတဲ့ လမ်းကိုသာ အသုံးပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA က အောက်တိုဘာ ၅ ရက်မှာ ထပ်မံသတိပေးလိုက်ပါတယ်။
ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ရွှေကူ - ငါးအိုး လမ်းမကြီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) တပ်ရင်း (၁၂) က ပြီးခဲ့တဲ့ ဇွန် ၈ ရက်ကတည်းက ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်ထားတာပါ။
ပိတ်ပင်ထားတဲ့ လမ်းကြောင်းအတိုင်း သွားလာပါက အကြမ်းဖက် စစ်တပ်ရဲ့ သတင်းပေး သူလျှိုအဖြစ် သတ်မှတ်မှာဖြစ်ပြီး ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ ပြဿနာတွေကို လုံးဝ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်း KIO/KIA တပ်ရင်း (၁၂) တပ်ရင်းမှူးက အသိပေးထားပါတယ်။
ရွှေကူ၊ ငါးအိုးသို့ သွားလာမယ်ဆိုပါက ပြည်သူတွေအနေနဲ့ တော်လှန် - လမ်းကူး - စီသာ - မိုးကင့် - စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြဖို့ကိုလည်း KIA တပ်မဟာ ၁၁၊ တပ်ရင်း ၁၂ က သတ်မှတ်ထားပါတယ်။
စစ်တပ်ဟာ ရွှေကူမြို့နယ် အပါအဝင် ကချင်ပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့ရွာတွေကို ပြန်လည်ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ မေလမှစပြီး စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမဲ့ KIA PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရွှေကူနဲ့ ဗန်းမော် တိုက်ပွဲတွေမှာ အထိနာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | KIA တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)

👍29❤3👏1
◼️ကန့်ဘလူမှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေကို ပကဖ ငွေကြေးထောက်ပံ့
၇ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့ကြရတဲ့ အရပ်သားပြည်သူတွေကို မြို့နယ် (ပကဖ) က အောက်တိုဘာ ၆ ရက်မှာ ငွေကြေးကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကန့်ဘလူမြို့နယ် ပကဖ အရေးပေါ် ကူညီကယ်ဆယ်ရေးတာဝန်ခံ၊ သတင်းနဲ့ ဆက်သွယ်ရေးတာဝန်ခံတို့ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေကို မြေပြင်အထိ ကွင်းဆင်းပြီး ငွေကြေးထောက်ပံ့ခဲ့တဲ့အပြင် အားပေးစကားလည်း ပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန် ၄ ရပ်အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ တပြိုင်နက်တည်း ထမ်းဆောင်နေကြတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | ပကဖ အသံ

❤25👏2👍1