The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ရခိုင်စစ်ဘေးရှောင်ပြည်သူ ၇၅၀၀ ခန့်အတွက် ပြည်တွင်းပြည်ပမှ ပြည်သူတွေက ကျပ်သိန်း ၂၀၀၀ ကျော်ကူညီ

၁၅ အောက်တိုဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်း ၄ ခုနဲ့ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးထိခိုက်ခဲ့တဲ့ ပြည်သူတွေ စုစုပေါင်း ၇၅၀၀ ခန့်ကို အရေးပေါ်လိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့အတွက် ပြည်တွင်းပြည်ပစေတနာရှင်တွေက ငွေကျပ်သိန်း ၂၀၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ ၇၅၀၀ ခန့် ခိုလှုံလျက်ရှိတဲ့ အကြီးဆုံးစစ်ဘေးရှောင်စခန်း ၄ ခုရှိ အိမ်ထောင်စု ၁၆၀၇ စုအတွက် တစုကို ကျပ်တသိန်းနှုန်းနဲ့ ၁၆၀၇ သိန်းကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ဦးစီးဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသား စာရေးဆရာ ဝေဟင်အောင်က အောက်တိုဘာ ၁၄ ရက်၊ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထားတာပါ။

ဒါ့အပြင် ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္စပနဒီ တံတားဝန်းကျင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေထဲမှ အဆက်အသွယ်ရရှိသူတွေနဲ့ ထိခိုက်ခဲ့တဲ့ ပြည်သူတွေအတွက် တဦးကို ငွေကျပ် ၁၈ သိန်းနဲ့ သိန်း ၄၅၀ ခန့် ဖြန့်ဝေခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့တကွ ဖော်ပြထားပါတယ်။

အဆိုပါ ထောက်ပံ့ကူညီမှုဟာ ပြည်တွင်းပြည်ပမှ စေတနာရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေကို ULA အုပ်ချုပ်ရေးအဖွဲ့၊ HDCO တို့နဲ့ ပူးပေါင်းပြီး လိုအပ်နေသူတွေထံသို့ ပြန်လည်ဖြန့်ဝေကူညီပေးတာဖြစ်သလို ထိခိုက်နစ်နာသူတွေအတွက် တဦးကို ၁၀ သိန်း ထပ်မံထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🥰25❤17👍7🔥1👏1
◼️မြင်းခြံခရိုင်အတွင်း လက်နက်ခဲယမ်းရောင်းဝယ်ခြင်းမပြုရန် PDF တားမြစ်

၁၅ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေး၊ မြင်းခြံခရိုင်အတွင်း လက်နက်နဲ့ ခဲယမ်းရောင်းဝယ်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြင်းခြံခရိုင်စစ်ဌာနက တားမြစ်လိုက်ပြီး ကျူးလွန်ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာ၊ ကြီးလေးတဲ့ပြစ်ဒဏ်ပေးတာတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခရိုင်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့တွေ၊ ပကဖ နဲ့ LPDF ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းရောင်းဝယ်ခြင်းကို တားမြစ်ကြောင်း PDF ၊ မြင်းခြံခရိုင်စစ်ဌာနက အောက်တိုဘာ ၁၄ ရက်မှာ အမိန့်ထုတ်ပြန်ညွှန်ကြားလိုက်တာပါ။

အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာ၊ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတာတွေကို ချမှတ်သွားမှာဖြစ်တယ်လို့ PDF ၊ မြင်းခြံခရိုင်စစ်ဌာနက ထုတ်ပြန်ချက်မှာ အသိပေးကြေညာထားတာ တွေ့ရပါတယ်။

Photo | မြင်းခြံခရိုင်စစ်ဌာန (မလှိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ဇူလိုင်လမှာ တိုက်ခိုက်ခဲ့စဉ်)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤28👍22🥰3
◼️ညောင်ဦး၊ ဗျတ္တပန်းဆက်လမ်းရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်ရာ စကစ ၆ ဦးအထက်သေဆုံးထိခိုက်

၁၅ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ယာယီအထိုင်ချထားတဲ့ စခန်းတခုကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗျတ္တပန်းဆက်လမ်းပိုင်း တနေရာမှာ ယာယီစခန်းချနေထိုင်နေတဲ့ စစ်တပ်စခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တဲ့အပြင် ထွက်ပြေးသွားတဲ့သူတွေလည်း ရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် (ပကဖ)က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

စစ်ဆင်ရေးကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ် စကားဝါ PDF ၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဟန်ချက်ညီစွာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရှိတဲ့ နေရာတွေနဲ့ လမ်းပိုင်းတွေမှာ အထူးသတိပြု သွားလာကြဖို့ကိုလည်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေး နှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | ညောင်ဦး ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤38👏7👍4
| ညောင်ဦး ဗျတ္တပန်းဆက်လမ်းရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်စီးနင်းတိုက်ခိုက်မှုမှတ်တမ်း |

◼️မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းပိုင်း တနေရာမှာ ယာယီစခန်းချနေထိုင်နေတဲ့ အကြမ်းဖက်စစ်တပ်စခန်းတခုကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ် စကားဝါ PDF ၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တဲ့အပြင် ထွက်ပြေးသွားတဲ့သူတွေလည်း ရှိခဲ့ကြောင်း မြို့နယ်(ပကဖ)က အောက်တိုဘာ ၁၅ ရက်မှာ ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။

Video | ညောင်ဦး ပကဖ

၁၅ အောက်တိုဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤34👍13👏3🥰1
◼️မုံရွာ စီးပွားရေးတက္ကသိုလ်ရှိ စစ်တပ်နဲ့ ရဲတိုင်းရုံးကို PDF ရော့ကတ်များနဲ့ ပစ်ခတ်တိုက်ခိုက်

၁၆ အောက်တိုဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ မုံရွာမြို့မှာ တက္ကသိုလ်ဝင်းအတွင်း အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတိုင်းရုံးတို့ကို PDF မုံရွာခရိုင် တပ်ရင်း ၃ ရဲဘော်တွေက အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းဝင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်နဲ့ ရဲတိုင်းရုံးတို့ကို မနက် ၆ နာရီခန့်မှာ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ နှစ်မိုင်ပစ် ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ် ၂ ခုလုံးကို ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားတာပါ။

PDF တပ်ဖွဲ့တွေ ရော့ကတ်နဲ့ ပစ်ခတ်နေစဥ်မှာ မုံရွာမြို့အခြေစိုက် အမှတ် (၅၀၈) အမြောက်တပ်ရင်း (အမတ ၅၀၈) က ဟောင်ဝှစ်ဇာ ၅ လုံး၊ ၆၀ မမ တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် PDF ရဲဘော်တွေ ပြန်လည်ဆုတ်ခွာတဲ့ လမ်းကြောင်းကိုလည်း ပါရာမော်တာ (စက်တပ်လေထီး) နဲ့ ဗုံးသီး ၂ လုံး လိုက်လံကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေဘက်က (၄၅) မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ပြီး အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်းထိုးဖို့ ယာဉ်တွေကို အသင့်ပြင်ထားတယ်လို့လည်း အသိပေးထားတာ တွေ့ရပါတယ်။

Video | မုံရွာ PDF တပ်ရင်း ၃

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏32❤22👍4🥰2