The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ညောင်ဦး၊ ဗျတ္တပန်းဆက်လမ်းရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်ရာ စကစ ၆ ဦးအထက်သေဆုံးထိခိုက်

၁၅ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ယာယီအထိုင်ချထားတဲ့ စခန်းတခုကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗျတ္တပန်းဆက်လမ်းပိုင်း တနေရာမှာ ယာယီစခန်းချနေထိုင်နေတဲ့ စစ်တပ်စခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တဲ့အပြင် ထွက်ပြေးသွားတဲ့သူတွေလည်း ရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် (ပကဖ)က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

စစ်ဆင်ရေးကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ် စကားဝါ PDF ၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဟန်ချက်ညီစွာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရှိတဲ့ နေရာတွေနဲ့ လမ်းပိုင်းတွေမှာ အထူးသတိပြု သွားလာကြဖို့ကိုလည်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေး နှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | ညောင်ဦး ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤38👏7👍4
| ညောင်ဦး ဗျတ္တပန်းဆက်လမ်းရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်စီးနင်းတိုက်ခိုက်မှုမှတ်တမ်း |

◼️မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းပိုင်း တနေရာမှာ ယာယီစခန်းချနေထိုင်နေတဲ့ အကြမ်းဖက်စစ်တပ်စခန်းတခုကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ် စကားဝါ PDF ၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တဲ့အပြင် ထွက်ပြေးသွားတဲ့သူတွေလည်း ရှိခဲ့ကြောင်း မြို့နယ်(ပကဖ)က အောက်တိုဘာ ၁၅ ရက်မှာ ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။

Video | ညောင်ဦး ပကဖ

၁၅ အောက်တိုဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤34👍13👏3🥰1
◼️မုံရွာ စီးပွားရေးတက္ကသိုလ်ရှိ စစ်တပ်နဲ့ ရဲတိုင်းရုံးကို PDF ရော့ကတ်များနဲ့ ပစ်ခတ်တိုက်ခိုက်

၁၆ အောက်တိုဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ မုံရွာမြို့မှာ တက္ကသိုလ်ဝင်းအတွင်း အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတိုင်းရုံးတို့ကို PDF မုံရွာခရိုင် တပ်ရင်း ၃ ရဲဘော်တွေက အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းဝင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်နဲ့ ရဲတိုင်းရုံးတို့ကို မနက် ၆ နာရီခန့်မှာ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ နှစ်မိုင်ပစ် ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ် ၂ ခုလုံးကို ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားတာပါ။

PDF တပ်ဖွဲ့တွေ ရော့ကတ်နဲ့ ပစ်ခတ်နေစဥ်မှာ မုံရွာမြို့အခြေစိုက် အမှတ် (၅၀၈) အမြောက်တပ်ရင်း (အမတ ၅၀၈) က ဟောင်ဝှစ်ဇာ ၅ လုံး၊ ၆၀ မမ တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် PDF ရဲဘော်တွေ ပြန်လည်ဆုတ်ခွာတဲ့ လမ်းကြောင်းကိုလည်း ပါရာမော်တာ (စက်တပ်လေထီး) နဲ့ ဗုံးသီး ၂ လုံး လိုက်လံကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေဘက်က (၄၅) မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ပြီး အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်းထိုးဖို့ ယာဉ်တွေကို အသင့်ပြင်ထားတယ်လို့လည်း အသိပေးထားတာ တွေ့ရပါတယ်။

Video | မုံရွာ PDF တပ်ရင်း ၃

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏32❤22👍4🥰2
◼️‌ကြာအင်းဆိပ်ကြီးမှာ စစ်တပ်စစ်ကြောင်းကို မွန် ကရင် ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စကစ ၃၀ ဦးခန့် သေဆုံးထိခိုက်

၁၇ အောက်တိုဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တံခွန်တိုင်ကျေးရွာရှိ ဇီးဖြူကုန်းတပ်စခန်းသို့ တပ်အပြောင်းအလဲလုပ်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မွန်၊ ကရင် မဟာမိတ်ပူးပေါင်းတပ်တွေက ပုလိန်ရွာအနီး၊ အောက်တိုဘာ ၁၂ ရက်မှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သုံးရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးထိခိုက်နိုင်တဲ့အပြင် MA1 ၃ လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က ဓာတ်ပုံမှတ်တမ်းနဲ့တကွ အောက်တိုဘာ ၁၆ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။

တိုက်ပွဲဖြစ်ပွားစဉ် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့သလို စစ်တပ်ဘက်ကလည်း အောက်တိုဘာ ၁၃ ရက်မှာ လေ‌ကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

အဆိုပါတိုက်ပွဲမှာ ရာမညမွန်တပ်တော် RMA ၊ မုဒုံမြို့နယ်ဒေသတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ၊ အမှတ် ၁၆ တပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | RMA ၊ Eh Kaw

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤26👏13👍4🥰1
◼️‌‌ကန့်ဘလူမှာ ပြည်သူလူထုသွားလာရေးအဆင်ပြေစေဖို့ မြို့နယ် ပကဖ ဦးဆောင်ပြီး ကျောက်လမ်းခင်း

၁၇ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူခရိုင်အတွင်း ပြည်သူလူထု သွားလာရေး အဆင်ပြေချောမွေ့စေဖို့အတွက် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဦးဆောင်ပြီး အောက်တိုဘာ ၁၆ ရက်မှာ ကျောက်ခင်းလမ်း ခင်းကျင်းမှုလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ခရိုင်အတွင်းရှိ တိုက်နယ်တခုမှာ အများပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေဖို့ ကန့်ဘလူမြို့နယ် ပကဖ က ဦးဆောင်ပြီး တိုက်နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်တွေနဲ့အတူ ကျောက်လမ်းခင်းတဲ့လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း ပကဖ အသံက ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်တွေဟာ လုပ်ငန်းတာဝန် ၄ ရပ်ထဲမှ တိုက်ခိုက်ရေးတာဝန်အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | ပကဖ အသံ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👍7🥰5