The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မတ္တရာမြို့နယ် ကျေးရွာတွေကို စစ်တပ် လေကြောင်းမှအကြောင်းမဲ့ဗုံးကြဲ၊ ဒေသခံပြည်သူ ၇ ဦးသေဆုံးထိခိုက်

၁၈ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၁၆ ရက်၊ ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့ အနောက်တောင်ခြမ်းရှိ မိုးကြိုးရွာ၊ ရေလည်ကျွန်းရွာနဲ့ အိုင့်ဒိုင်ရွာတွေကို ညနေ ၄ နာရီ ၁၅ မိနစ်မှာ တံတားဦး လေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကြောင့် မိုးကြိုးရွာမှ အသက်ကြီး အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် အိုင့်ဒိုင်ရွာမှ အသက် ၄၀ ခန့် နဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသမီး ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာ၊ တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ အကြောင်းမဲ့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬31❤4😢3👍1
◼️စလင်းမှာ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ပကဖ အသိပညာပေး

၁၈ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေး​ဒေသ၊ စလင်းမြို့နယ်၊ တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ယာဉ်အန္တရာယ် ထိခိုက်မှုတွေ ရှိလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ် (ပကဖ) က အသိပညာပေးဆိုင်းဘုတ်တွေ စိုက်ထူပေးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ကျောင်းသွားလာရာလမ်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်မှုတွေရှိလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်မှုမရှိစေဘဲ သွားလာရေး အဆင်ပြေစေဖို့ ရည်ရွယ်ပြီး အသိပညာပေးဆိုင်းဘုတ်တွေ စိုက်ထူပေးခဲ့တယ်လို့ စလင်း ပကဖ က အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။

ယာဉ်မောင်းတဲ့ ပြည်သူတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဦးစားပေး မောင်းနှင်ကြဖို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက ဆိုင်းဘုတ်တွေလိုက်လံစိုက်ထူပြီး အသိပေးထားပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ အနေနဲ့ ပြည်သူ့ကာကွယ်ရေးတာဝန်တွေအပြင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🥰23❤8👍7👏1🤬1
◼️‌ရေစကြိုမှာ စတားလင့်ဆိုင်စစ်တပ်ဗုံးကြဲမှု ကလေးငယ် ၂ ဦးအပါ အရပ်သားပြည်သူ ၁၂ ဦးသေဆုံး

၁၈ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ရေစကြိုမြို့နယ်ရှိ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၆ ရက်၊ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သစ်ခေါက်ဆိပ်ရွာနဲ့ သစ်ကြီးတောရွာရှိ ပြည်သူတွေသတင်းအချက်အလက်ရယူတဲ့ စတားလင့် Starlink အင်တာနက်ဆိုင်နေရာတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရရှိတဲ့ အချက်အလက်တွေကို NUG အစိုးရက အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။

စစ်တပ်ရဲ့ ညောင်ဦးနဲ့ မကွေးလေတပ်တို့မှ ဂျက်ဖိုက်တာ ၂ စီး၊ Mi-35 ၂ စီး၊ ပခုက္ကူ တပ်မ ၁၀၁ မှ ဒရုန်း ၂ စီးတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူနေအိမ် ၄ လုံး ပျက်စီးခဲ့သလို လယ်ယာလုပ်ငန်းသုံးတဲ့ နွား ၂ ကောင် ထိခိုက်ဒဏ်ရာ ပြင်းထန်မှုကြောင့် သေဆုံးခဲ့ရပြီး လက်ရှိမှာ သစ်ကြီးတော၊ ဝက္ကတော၊ ပိတ်သင်းကပ်နဲ့ သစ်ခေါက်ရွာတို့မှ ဒေသခံပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬33❤3
◼️‌ကျောက်ဆည်ခရိုင်မှာ ပိုက်ဆံတောင်းနေတဲ့ စစ်တပ်ဂိတ်ကို PDF ဝင်ရောက်တိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံး

၁၉ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ ကျောက်ဆည်ခရိုင်အတွင်း ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို မြင်းခြံ PDF နဂါးနီပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေက အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ ၅ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

တံတားဦးမြို့နယ် ကျပ်ပြင်ရွာ ဘုန်းကြီးကျောင်းအတွင်း အင်အား ၂၀ ခန့် တပ်စွဲထားပြီး ကျောင်းပေါက်ဝမှာ ဂိတ်ချ ပိုက်ဆံကောက်နေတဲ့ စစ်အုပ်စုကို နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေက လက်ဦးမှုရယူပြီး အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က အောက်တိုဘာ ၁၈ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန်ထားတာပါ။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်မှာ ရဲဘော်တွေ ဘန်ကာ အနီးရောက်ရှိခဲ့ပေမယ့် အခွင့်မသာတာကြောင့် လက်နက်သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ စစ်တပ်ဘက်က ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကို ချောင်းဆုံစခန်းသို့ သယ်ဆောင်သွားပြီးနောက် စစ်တပ်က အဲဒီဘုန်းကြီးကျောင်းမှာ ထပ်မံအင်အားတိုးမြှင့်ထားသလို စစ်ကောင်စီတပ်ကို ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤9👏3🥰1🤬1😢1