◼️စလင်းမှာ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ပကဖ အသိပညာပေး
၁၈ အောက်တိုဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ စလင်းမြို့နယ်၊ တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ယာဉ်အန္တရာယ် ထိခိုက်မှုတွေ ရှိလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ် (ပကဖ) က အသိပညာပေးဆိုင်းဘုတ်တွေ စိုက်ထူပေးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ကျောင်းသွားလာရာလမ်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်မှုတွေရှိလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်မှုမရှိစေဘဲ သွားလာရေး အဆင်ပြေစေဖို့ ရည်ရွယ်ပြီး အသိပညာပေးဆိုင်းဘုတ်တွေ စိုက်ထူပေးခဲ့တယ်လို့ စလင်း ပကဖ က အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။
ယာဉ်မောင်းတဲ့ ပြည်သူတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဦးစားပေး မောင်းနှင်ကြဖို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက ဆိုင်းဘုတ်တွေလိုက်လံစိုက်ထူပြီး အသိပေးထားပါတယ်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ အနေနဲ့ ပြည်သူ့ကာကွယ်ရေးတာဝန်တွေအပြင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🥰23❤8👍7👏1🤬1
◼️ရေစကြိုမှာ စတားလင့်ဆိုင်စစ်တပ်ဗုံးကြဲမှု ကလေးငယ် ၂ ဦးအပါ အရပ်သားပြည်သူ ၁၂ ဦးသေဆုံး
၁၈ အောက်တိုဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ ရေစကြိုမြို့နယ်ရှိ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၆ ရက်၊ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သစ်ခေါက်ဆိပ်ရွာနဲ့ သစ်ကြီးတောရွာရှိ ပြည်သူတွေသတင်းအချက်အလက်ရယူတဲ့ စတားလင့် Starlink အင်တာနက်ဆိုင်နေရာတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရရှိတဲ့ အချက်အလက်တွေကို NUG အစိုးရက အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။
စစ်တပ်ရဲ့ ညောင်ဦးနဲ့ မကွေးလေတပ်တို့မှ ဂျက်ဖိုက်တာ ၂ စီး၊ Mi-35 ၂ စီး၊ ပခုက္ကူ တပ်မ ၁၀၁ မှ ဒရုန်း ၂ စီးတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူနေအိမ် ၄ လုံး ပျက်စီးခဲ့သလို လယ်ယာလုပ်ငန်းသုံးတဲ့ နွား ၂ ကောင် ထိခိုက်ဒဏ်ရာ ပြင်းထန်မှုကြောင့် သေဆုံးခဲ့ရပြီး လက်ရှိမှာ သစ်ကြီးတော၊ ဝက္ကတော၊ ပိတ်သင်းကပ်နဲ့ သစ်ခေါက်ရွာတို့မှ ဒေသခံပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။

🤬33❤3
◼️ကျောက်ဆည်ခရိုင်မှာ ပိုက်ဆံတောင်းနေတဲ့ စစ်တပ်ဂိတ်ကို PDF ဝင်ရောက်တိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံး
၁၉ အောက်တိုဘာ ||| နွေဦးအသံ |||
မန္တလေးဒေသ၊ ကျောက်ဆည်ခရိုင်အတွင်း ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို မြင်းခြံ PDF နဂါးနီပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေက အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ ၅ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
တံတားဦးမြို့နယ် ကျပ်ပြင်ရွာ ဘုန်းကြီးကျောင်းအတွင်း အင်အား ၂၀ ခန့် တပ်စွဲထားပြီး ကျောင်းပေါက်ဝမှာ ဂိတ်ချ ပိုက်ဆံကောက်နေတဲ့ စစ်အုပ်စုကို နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေက လက်ဦးမှုရယူပြီး အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က အောက်တိုဘာ ၁၈ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန်ထားတာပါ။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်မှာ ရဲဘော်တွေ ဘန်ကာ အနီးရောက်ရှိခဲ့ပေမယ့် အခွင့်မသာတာကြောင့် လက်နက်သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ စစ်တပ်ဘက်က ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေကို ချောင်းဆုံစခန်းသို့ သယ်ဆောင်သွားပြီးနောက် စစ်တပ်က အဲဒီဘုန်းကြီးကျောင်းမှာ ထပ်မံအင်အားတိုးမြှင့်ထားသလို စစ်ကောင်စီတပ်ကို ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ က အသိပေးထားတာ တွေ့ရပါတယ်။

👍31❤9👏3🥰1🤬1😢1
◼️အောက်တိုဘာ ဒုတိယပတ်အတွင်း စစ်အုပ်စု ၅ ဦးအလင်းဝင်၊ စစ်သုံ့ပန်း ၁၇ ဦး တော်လှန်ရေးတပ်များဖမ်းမိ
၁၉ အောက်တိုဘာ ||| နွေဦးအသံ |||
နိုင်ငံတဝှမ်း တော်လှန်ရေးအင်အားစုတွေထံသို့ အောက်တိုဘာလ ဒုတိယပတ်အတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ရှိခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ၁၇ ဦး ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အောက်တိုဘာ ၁၈ ရက် ဖော်ပြချက်အရ သိရပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီတပ်မှ စစ်သား ၁ ဦး၊ စစ်ကိုင်းတိုင်းမှာ စစ်သား ၃ ဦးနဲ့ ရန်ကုန်မှာ ရဲ ၁ ဦး တို့ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က စာရင်းကောက်ယူ ဖော်ပြထားတာပါ။
ဒါ့အပြင် စစ်တပ်ထံမှ တော်လှန်ရေးတပ်တွေ အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၇ ဦး ရှိခဲ့ရာ ရခိုင်ပြည်နယ်မှာ စစ်သား ၁၂ ဦး၊ မကွေးတိုင်းမှာ ပြည်သူ့စစ် ၄ ဦးနဲ့ မန္တလေးတိုင်းမှာ ပြည်သူ့စစ် ၁ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ၄၀၈၁ ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားတာ တွေ့ရပါတယ်။

❤22👏9👍4