The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ယောဒေသမှာ စစ်အုပ်စုကို PDF အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု စကစ သေဆုံးထိခိုက်မှုများစွာနဲ့ အထိနာ

၂၀ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးနဲ့ ချင်းပြည်နယ်အစပ်၊ ယောဒေသမှာ အကြမ်းဖက်စစ်အုပ်စုကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ Hyper UAV Force က FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများစွာနဲ့ အထိနာခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုနဲ့ ယောဒေသအတွင်း ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု မှတ်တမ်းပုံရိပ်အချို့ကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၁၉ ရက်၊ ညပိုင်းမှာ ဖော်ပြထားတာပါ။

စစ်ဆင်ရေးနယ်မြေတွေမှာ ဒရုန်းထိန်းချုပ်ရေးစနစ် Drone GCS ၊ Drone Jammer (ဒရုန်းဂျမ်မာ)တွေနဲ့ လက်နက်တွေ အပါအဝင် သစ်ပင်ခြုံနွယ်၊ ဘုန်းကြီးကျောင်း၊ နေအိမ်/အဆောက်အဦးတွေအတွင်း ပုန်းအောင်းနေတဲ့ စစ်အုပ်စုကို ထွက်ပြေးသူတွေကိုပါ မလွတ်တမ်း လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် အတုံးအရုံးသေဆုံးထိခိုက်ကြတာကို ရုပ်သံမှတ်တမ်းမှာ တွေ့မြင်ရပါတယ်။

ယောဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ ဩဂုတ်လအတွင်း အကြိမ်ကြိမ်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို PDF ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်လန်ကျတာ၊ အထိနာပြီး စစ်ကြောင်းရှေ့မတိုးနိုင်တာတွေရှိခဲ့တဲ့အပြင် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏28❤9👍2🥰2
◼️‌အင်းတော်မှာ အရပ်သား ၂ ဦးကို စစ်တပ် မတရားဖမ်းဆီးညှင်းပန်းပြီး ဆယ်ကျော်သက်လူငယ်ကို အနီးကပ်ပစ်သတ်

၂၀ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်မှာ အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၉ ရက်၊ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်မှာ အဓမ္မဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်ပြီး အသက် ၂၃ နှစ်အရွယ်လူငယ်ကို အနီးကပ်ပစ်သတ်ခဲ့တဲ့အပြင် တဦးကို ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ညောင်ကုန်းရွာဘက်မှ ဆိုင်ကယ်နဲ့ထွက်လာတဲ့ အရပ်သားပြည်သူ ၂ ဦးဟာ PDF နဲ့ မဟာမိတ်တပ်တွေရဲ့ စိုးမိုးနယ်မြေကို ကျော်လွန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ မအူကုန်းရွာအနီး မှားယွင်းရောက်ရှိသွားတာကြောင့် စစ်အုပ်စုရဲ့ အဓမ္မဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အသက် (၂၃) နှစ်ခန့်အရွယ် လူငယ်ကို စစ်အုပ်စုက လက်နောက်ပြန်ကြိုးတုပ်၊ မြေပြင်မှာ မှောက်ခိုင်းပြီး သေနတ်ဒင်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့တဲ့အပြင် သေနတ်နဲ့ အနီးကပ်ပစ်သတ်ပြီး လမ်းဘေးမှာစွန့်ပစ်ထားခဲ့ကြောင်း PDF စစ်ရုံးချုပ်က သက်သေရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အသက် (၅၀) ကျော်အရွယ် အခြားအမျိုးသားတဦးကိုလည်း စစ်အုပ်စုက လက်နောက်ပြန်ကြိုးတုပ်၊ ရိုက်နှက်နှိပ်စက်ပြီး လယ်ပြင်ရွာဘက်သို့ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ အခုလို စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ မကြုံရစေဖို့ လမ်းခရီးအခြေအနေတွေ ကြိုတင်စုံစမ်းတာ၊ နယ်မြေအလိုက် သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို အထူးဂရုပြု လိုက်နာကြဖို့ PDF စစ်ရုံးချုပ်က တိုက်တွန်းထားပါတယ်။

ပေါ်တာဆွဲစုဆောင်းခံ လူငယ်တွေကို ရှေ့တန်းမှထား စစ်ကြောင်းထိုးနေသော်လည်း အများအပြားသေဆုံးလျက်ရှိတဲ့ စစ်တပ်က အထိနာသွားတဲ့အခါတိုင်း အရပ်သားပြည်သူကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်နေတာဟာ ထုံးစံအတိုင်း စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း ထောက်ပြထားပါတယ်။

အခုလို ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရသူတွေအတွက် များစွာဝမ်းနည်းကြေကွဲရသလို နိုင်ငံတဝှမ်းရှိ အဖိနှိပ်ခံပြည်သူတွေအတွက် တရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို မဟာမိတ်တပ်တွေနဲ့အတူ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က အသိပေးထားတာ တွေ့ရပါတယ်။

Photo | PDF - Screenshot (စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် မြင်ကွင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬32❤2😢2👍1
| အင်းတော်မှာ အရပ်သားပြည်သူ ၂ ဦးကို စစ်တပ် မတရားဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်း |

◼️‌စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်မှာ အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၉ ရက်၊ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်မှာ အဓမ္မဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်ညှင်းပန်းပြီး အသက် ၂၃ နှစ်အရွယ်လူငယ်ကို အနီးကပ်ပစ်သတ်ခဲ့တဲ့အပြင် အသက် (၅၀) ကျော်အရွယ် အခြားအမျိုးသာတဦးကို လက်နောက်ပြန်ကြိုးတုပ် မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က သက်သေ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ကြေညာထားပါတယ်။

Video | PDF စစ်ရုံးချုပ်

၂၀ အောက်တိုဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬31😢3🔥2❤1
| ယောဒေသမှာ စစ်အုပ်စု သေဆုံးထိခိုက်များစွာနဲ့ အထိနာခဲ့တဲ့ PDF ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုမှတ်တမ်း |

◼️‌မကွေးနဲ့ ချင်းပြည်နယ်အစပ်၊ ဂန့်ဂေါခရိုင်အတွင်းရှိ ယောဒေသမှာ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုနဲ့ ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ Hyper UAV Force က FPV အသေခံဒရုန်းတွေနဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများစွာနဲ့ အထိနာခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က အောက်တိုဘာ ၁၉ ရက်၊ ညပိုင်းမှာ ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Video | ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့

၁၉ အောက်တိုဘာ | နွေဦးအသံ |

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤3🥰2