◼️စစ်ကိုင်းမှာ အရှင်မိတဲ့ သံချပ်ကာတပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးထံမှ ပစ္စတိုတလက်နဲ့ ပစ္စည်းအချို့သိမ်းဆည်းရရှိ
၂၄ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းမှာ အရှင်ဖမ်းမိခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံချပ်ကာတပ်မ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ထံမှ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သေနတ် ၁ လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အရှင်ဖမ်းမိခဲ့တဲ့ စစ်တပ် ဗိုလ်မှူးကြီး ဇော်မျိုးတင့်ထံမှ MA-5 MKll 9mm pistol သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ လက်ကိုင်ဖုန်း ၁ လုံး၊ ATM card တခု၊ လိုင်စင်နဲ့ အရာရှိစိစစ်ရေးကဒ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။
အဆိုပါ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ စစ်ကိုင်း၊ အုန်းတောရွာ အခြေစိုက် အမှတ် ၇၂ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး / ဒုတပ်မမှူး ရာထူးအဆင့်ရှိသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
လက်အောက်ခံတပ် အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းမှ တပ်ရင်းမှူးနဲ့ နောက်လိုက်တွေရဲ့ ဂိတ်ဖွင့်ဆက်ကြေးကောက်ပြီး အကျင့်ပျက်ချစားမှုတွေကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် စစ်ကိုင်း တပ်မ ၃၃ သို့ သွားရောက်စဉ် တပ်တွင်းသတင်းပေးမှုအရ ကံတလူတိုးဂိတ်အနီး အောက်တိုဘာ ၁၈ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် သူ့ကို သက်ဆိုင်ရာသို့ လွှဲပြောင်းဖို့ဆောင်ရွက်နေသလို ပတ်ဝန်းကျင်ကျေးရွာအချို့ကို စစ်တပ်က စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်ခဲ့ချိန်မှာ လက်နက်လုယုထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤29👍18👏4🥰1
◼️ရှမ်းတောင်-ကရင်နီဒေသ PDF ၁၁၀၉ တပ်ရင်းရဲ့ မွမ်းမံသင်တန်း ပြီးစီး
၂၄ အောက်တိုဘာ ||| နွေဦးအသံ |||
ရှမ်းတောင်/ကရင်နီဒေသ အခြေစိုက် PDF အမှတ် ၁၁၀၉ တပ်ရင်းက ရဲဘော်တွေကို ကျင့်ဝတ်စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုအပြင် သက်ဆိုင်ရာသင်ခန်းစာတွေ ပို့ချခဲ့တဲ့ မွမ်းမံသင်တန်း၊ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခြေခံမွမ်းမံသင်တန်းကို ၁၄ ရက်တာဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း ရှမ်းတောင် - ကရင်နီတိုင်းစစ်ဌာန၊ ကရင်နီစစ်ဒေသ၊ ဗျူဟာ ၁၁ ကွပ်ကဲမှုအောက်ရှိ အမှတ် ၁၁၀၉ တပ်ရင်းက မှတ်တမ်းပုံရိပ်အချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။
သင်တန်းကာလအတွင်း ရဲဘော်တွေ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုနဲ့ သက်ဆိုင်ရာသင်ခန်းစာတွေကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချခဲ့တယ်လို့ အမှတ် ၁၁၀၉ တပ်ရင်းက ဖော်ပြထားပါတယ်။
သင်တန်းကာလ အသိပညာ၊ အတွေ့အကြုံတွေကို လက်တွေ့နယ်ပယ်မှာ အသုံးချပြီး တော်လှန်ရေးတာဝန်တွေ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အမှတ် ၁၁၀၉ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။
Photo | P3-1109 Phoenix Battalion

❤28👍8🥰3👏2🤬1