The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ဟုမ္မလင်းရှိ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ

🔹စစ်အုပ်စုဘက် အများအပြား သေဆုံးထိခိုက်ပြီး စစ်သုံ့ပန်းတချို့နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရှမ်းနီတပ် SNA ပူးပေါင်းတပ်စခန်းကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၂ ရက်၊ ညနေပိုင်းမှာ သိမ်းပိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေဆုံးထိခိုက်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ဦးရွာမှာ စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ် အင်အား ၁၀၀ ကျော် အထိုင်ချတပ်စွဲထားတဲ့စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြား သေဆုံးထိခိုက်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအချို့နဲ့အတူ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KIA ပြန်ကြားရေးနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားတာပါ။

KIA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သလို အထိနာသွားပြီး ကျန်တဲ့စစ်အုပ်စုက ဟုမ္မလင်းနဲ့ နန့်တောရွာတွေဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ဦးကျေးရွာအနီးရှိ စစ်တပ်လက်အောက်ခံ SNA ပြည်သူ့စစ် စခန်းတခုကိုလည်း KIA PDF ပူး‌ပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးက အသိပေးထားပါတယ်။

လက်ရှိမှာ KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအတွင်းရှိ ပြည်သူတွေကို လုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ကြဖို့ KIA ပူးပေါင်းတပ်တွေက သတိပေးထားတယ်လို့ သတင်းရရှိပါတယ်။

Photo | တောင်ဦးစခန်းသိမ်းပိုက်ပြီး သိမ်းဆည်းရရှိလက်နက်ခဲယမ်းများနဲ့ KIA နဲ့ PDF တပ်ဖွဲ့ဝင်များ - ပုံဟောင်း။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏29❤9👍2🥰2🤬1
◼️‌ခင်ဦးမြို့နယ် ပကဖ ကျဆုံးရဲဘော် မိသားစုများနဲ့ ရဲဘော်များကို ၁၈ ကြိမ်မြောက် ဂုဏ်ပြုထောက်ပံ့

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ခင်ဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ပကဖ ရဲဘော်တွေနဲ့ ကျဆုံး ပကဖ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၂၅ ရက်မှာ ဂုဏ်ပြုချီးမြင့်တဲ့ ထောက်ပံ့ငွေတွေ အသီးသီး ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သီတင်းကျွတ် လပြည့်အကြိုနေ့မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေအပြင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ထောက်ပံ့ငွေတွေ ၁၈ ကြိမ်မြောက် ပေးအပ်ခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း ခင်ဦးမြို့နယ် (ပကဖ) က ထုတ်ပြန်ထားတာပါ။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဟာ အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် ၃ တပ်ရင်းနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြို့နယ်အတွင်းရှိ ရေသေးသင့် ကျေးရွာတရွာကိုလည်း ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိတဲ့ ဆန်အိတ်တွေ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | ခင်ဦး ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤33👍4🥰3👏1