The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌‌ရခိုင်မှာ တပတ်အတွင်း စစ်တပ်ထံမှ စစ်သုံ့ပန်း ၂၀ ဦး အရှင်ဖမ်းမိပြီး စစ်မှုထမ်း ပစ ၂ ဦး အလင်းဝင်

၂၅ အောက်တိုဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ထံမှ အောက်တိုဘာလ တတိယပတ်အတွင်း စစ်သုံ့ပန်း ၂၀ ဦး အရှင်ဖမ်းမိခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် (ပစ) ၂ ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အောက်တိုဘာ ၂၄ ရက်မှာ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ လက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း စစ်သုံ့ပန်းအဖြစ် ၂၀ ဦး အရှင်ဖမ်းမိခဲ့တဲ့အပြင် အလင်းဝင်သူ စစ်မှုထမ်း(ပစ) ၂ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ‌အသိပေးထားတာပါ။

နိုင်ငံတဝှမ်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အထိ အကြမ်းဖက်စစ်တပ်ထံမှ အလင်းဝင် ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ၄၁၀၃ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က စာရင်းပြုစုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | ကျောက်ဖြူတိုက်ပွဲအတွင်း အလင်းဝင် ပစ ၂ ဦးနဲ့ ကပစ ၁၆ အနီး ၂၀၂၅ နှစ်ကုန်ပိုင်း တိုက်ပွဲမှ စစ်သုံ့ပန်းများ - ပုံဟောင်း။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33❤4👏3🥰1
‎◼️နေပြည်တော် PDF ထနောင်းစစ်ကြောင်းရဲဘော်တွေရဲ့ မွမ်းမံသင်တန်းပြီးစီး
‎
‎၂၆ အောက်တိုဘာ | နွေဦးအသံ |
‎
‎ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော် PDF တပ်ရင်း အမှတ် ၈၀၅၊ ထနောင်းစစ်ကြောင်း ရဲဘော်တွေရဲ့ မွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
‎
‎NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၈၀၅ တပ်ရင်း - ထနောင်းစစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဗျူဟာ အမှတ် ၁၈၊ အမှတ် ၂ စစ်ဒေသမှာ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
‎
‎နေပြည်တော် PDF အမှတ် ၈၀၅ တပ်ရင်း၊ ထနောင်းစစ်ကြောင်း ရဲဘော်တွေအနေနဲ့ စစ်ဆင်ရေးနဲ့ လေ့ကျင့် ပြင်ဆင်မှုတွေကို စဉ်ဆက်မပြတ်၊ ဟန်ချက်ညီညီ ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း အသိပေးထားတာ တွေ့ရပါတယ်။
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤34🥰8👍3
◼️မုံရွာမှာ ဘုရားဝင်းအတွင်းတပ်စွဲထားတဲ့ စစ်တပ်ကို ရော့ကတ်၊ ဒရုန်း၊ ရှော့တိုက်ဒုံး၊ ၆၀ မမ များနဲ့ ပစ်ခတ်တိုက်ခိုက်

၂၆ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်မှာ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲရာ နေရာကို PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၅ ရက်၊ မနက်ပိုင်းမှာ ဒရုန်း၊ ရော့ကတ်၊ ရှော့တိုက်ဒုံး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျောက္ကာရွာရှိ ရွှေကူနီဘုရားဝင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ကို မနက် ၅ နာရီ ၄၅ မိနစ်မှ ၇ နာရီခန့်အထိ မုံရွာခရိုင် တပ်ရင်း ၃ က ကိုယ်တိုင်ထုတ် ၂ မိုင်ပစ်ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတာ၊ ရှော့တိုက်ဒုံး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်စခန်းရှိ jammer ပျက်စီးခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၃ နဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တို့က အောက်တိုဘာ ၂၆ ရက်မှာ အသီးသီးထုတ်ပြန်ထားတာပါ။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၃ တပ်ရင်းနဲ့အတူ မုံရွာမြို့နယ် ပကဖ ဒရုန်းတပ်စိတ်၊ သက်ဆိုင်ရာ တိုက်နယ်၊ ရပ်ကျေး ပကဖ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤5👏3🥰1
◼️ရေးမြို့နယ်မှာ ပြည်သူကိုအနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ်တပ်ဂိတ်ကို တိုက်ခိုက်၊ စကစ ၃ ဦးသေဆုံး

၂၇ အောက်တိုဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူလူထုကို အနိုင်ကျင့် ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီ ဂိတ်ကို ရာမညမွန်တပ်တော် (RMA) က အောက်တိုဘာ ၂၄ ရက်၊ ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အစင်ကျေးရွာအနီး၊ မြို့ဟောင်းရွာရှိ စစ်ကောင်စီ ဂိတ်စခန်းကို ညနေ ၄ နာရီခန့်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် တပ်ကြပ်ကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ခဲ့တယ်လို့ RMA က အောက်တိုဘာ ၂၆ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန်ထားတာပါ။

အဆိုပါ ဂိတ်စခန်းဟာ ဒေသခံ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်တာ၊ ငွေညှစ်တာတွေ ပြုလုပ်နေတဲ့ ဂိတ်စခန်း တခု ဖြစ်တာကြောင့် အခုလို တိုက်ခိုက်ရခြင်း ဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | RMA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31👏9👍3🥰2