The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မုံရွာမှာ ဘုရားဝင်းအတွင်းတပ်စွဲထားတဲ့ စစ်တပ်ကို ရော့ကတ်၊ ဒရုန်း၊ ရှော့တိုက်ဒုံး၊ ၆၀ မမ များနဲ့ ပစ်ခတ်တိုက်ခိုက်

၂၆ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်မှာ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲရာ နေရာကို PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၅ ရက်၊ မနက်ပိုင်းမှာ ဒရုန်း၊ ရော့ကတ်၊ ရှော့တိုက်ဒုံး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျောက္ကာရွာရှိ ရွှေကူနီဘုရားဝင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ကို မနက် ၅ နာရီ ၄၅ မိနစ်မှ ၇ နာရီခန့်အထိ မုံရွာခရိုင် တပ်ရင်း ၃ က ကိုယ်တိုင်ထုတ် ၂ မိုင်ပစ်ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတာ၊ ရှော့တိုက်ဒုံး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်စခန်းရှိ jammer ပျက်စီးခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၃ နဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တို့က အောက်တိုဘာ ၂၆ ရက်မှာ အသီးသီးထုတ်ပြန်ထားတာပါ။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၃ တပ်ရင်းနဲ့အတူ မုံရွာမြို့နယ် ပကဖ ဒရုန်းတပ်စိတ်၊ သက်ဆိုင်ရာ တိုက်နယ်၊ ရပ်ကျေး ပကဖ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤5👏3🥰1
◼️ရေးမြို့နယ်မှာ ပြည်သူကိုအနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ်တပ်ဂိတ်ကို တိုက်ခိုက်၊ စကစ ၃ ဦးသေဆုံး

၂၇ အောက်တိုဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူလူထုကို အနိုင်ကျင့် ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီ ဂိတ်ကို ရာမညမွန်တပ်တော် (RMA) က အောက်တိုဘာ ၂၄ ရက်၊ ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အစင်ကျေးရွာအနီး၊ မြို့ဟောင်းရွာရှိ စစ်ကောင်စီ ဂိတ်စခန်းကို ညနေ ၄ နာရီခန့်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် တပ်ကြပ်ကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ခဲ့တယ်လို့ RMA က အောက်တိုဘာ ၂၆ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန်ထားတာပါ။

အဆိုပါ ဂိတ်စခန်းဟာ ဒေသခံ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်တာ၊ ငွေညှစ်တာတွေ ပြုလုပ်နေတဲ့ ဂိတ်စခန်း တခု ဖြစ်တာကြောင့် အခုလို တိုက်ခိုက်ရခြင်း ဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | RMA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31👏9👍3🥰2
◼️စဥ့်ကိုင်မှာ စစ်မှုထမ်းကြေးကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပေါက်ကိုယ်တော်တပည့်ကို PDF ပစ်ခတ်ရှင်းလင်း

၂၇ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်မှာ စစ်မှုထမ်းကြေးကောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF က အောက်တိုဘာ ၂၃ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာ စစ်တပ်လက်ပါးစေ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

နဘဲပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအနီးရှိ Wifi ဆိုင်အတွင်း စစ်မှုထမ်းကြေးကောက်ခံဖို့စာရင်းပြုစုနေတဲ့ စစ်အုပ်စုကို မနက် ၇ နာရီခန့်မှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်တပ်လက်ပါးစေ နဘဲပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဆန်းဝင်းနဲ့ ပေါက်ကိုယ်တော်ရဲ့တပည့်ဖြစ်သူ သူရိန်တို့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့တဲ့အတွက် ဒဏ်ရာရထားတဲ့ ဇော်လင်းအောင် ဆိုသူကို ဆေးရုံသို့ပို့လိုက်ကြတယ်လို့ ဖော်ပြထားပါတယ်။

တနာရီခန့်အကြာမှာ စစ်တပ်ဘက်မှ စစ်ကူတွေရောက်လာပြီးနောက် တော်လှန်ရေးရဲဘော်တွေလည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က အသိပေးထားတာ တွေ့ရပါတယ်။

Photo | နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍45❤6🔥1🥰1🤬1
◼️မြန်မာ့အရေးသတင်းမှန်များ နိုင်ငံတကာပိုမိုသိရှိစေဖို့ NUG အစိုးရက PVTV International မှထုတ်လွှင့်မည်

၂၇ အောက်တိုဘာ ||| နွေဦးအသံ |||

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက မှန်ကန်စွာနဲ့ ပိုမိုသိရှိနိုင်စေဖို့ ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းချန်နယ် တခုကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့နွေဦးတော်လှန်ရေး၊ NUG အစိုးရ၊ တော်လှန်ရေး အင်အားစုတွေနဲ့ သက်ဆိုင်ပြီး အရေးပါတဲ့ သတင်းအချက်အလက်တွေ၊ နိုင်ငံတဝန်း ဖြစ်ပေါ်လျက်ရှိတဲ့ အရေးကြီး ကိစ္စရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနိုင်စေဖို့ PVTV International အမည်နဲ့ ချန်နယ်တခုကို စတင် ထုတ်လွှင့်လိုက်ကြောင်း အောက်တိုဘာ ၂၆ ရက်မှာ အသိပေးထားတာပါ။

PVTV International Channel မှ တိကျမှန်ကန်ပြီး အတည်ပြုနိုင်တဲ့ သတင်းတွေကို သတင်း၊ သတင်းဆောင်းပါး၊ ရုပ်သံသတင်းတွေနဲ့ တင်ဆက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ အရေးပါတဲ့ သုံးသပ်ချက်တွေကို ရယူနိုင်ဖို့ PVTV International ရဲ့ Facebook နဲ့ YouTube ချန်နယ်တွေကို Like ၊ Share နဲ့ Follow ပြုလုပ်ထားကြဖို့ကိုလည်း NUG အစိုးရက တိုက်တွန်းထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤45👍15🥰4