The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️နတ်ရေကန်ဗျူဟာသို့ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်၊ စကစအများအပြားသေဆုံး

၂၉ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ငဖဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် AA က အောက်တိုဘာ ၂၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး အရှင်ဖမ်းမိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အမ်း-ပဒါန်းလမ်းမှာ ပိတ်မိနေတဲ့ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာသို့ စစ်ကူပေးဖို့ ပဇီကျေးရွာနဲ့ ဂုတ်ကြီးကျေးရွာကြားမှ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို အာရက္ခတပ်တော် AA က အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်တို့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကုန်းတွေကြားကနေ လမ်းကြောင်းအသစ် ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကြောင်းကို အောက်တိုဘာ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးထက်မနည်း အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားတာပါ။

အဆိုပါတိုက်ပွဲဟာ ပိုမိုပြင်းထန်ခဲ့သလို စစ်တပ်က ဂျက်ဖိုက်တာနဲ့ပါ လေကြောင်းမှ ပစ်ကူပေးခဲ့ပြီး အထိနာသွားတဲ့ စစ်အုပ်စုဟာ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း အာရက္ခတပ်တော် AA က လိုက်လံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)၊ နတ်ရေကန်ဗျူဟာစခန်းကို Google maps မှာ တွေ့ရစဉ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31👍17👏4🥰2