The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️နတ်တလင်းမှာ စစ်အုပ်စုကို PDF ကြားဖြတ်တိုက်ခိုက်၊ စကစ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ရဲ‌ဘော်တွေက အောက်တိုဘာ ၂၉ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရှားစေးဖိုကျေးရွာမှ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ကျောက်ဆွယ်နဲ့ ကျောက်ခွက်ကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကြောင့် မင်းဘူးကျွန်း ပျူကျေးရွာမှ မင်းမင်းထွန်းနဲ့ ပေါင်းတည်မြို့နယ်၊ အုန်းနှဲကန်ပျူကျေးရွာမှ သိန်းဆောင်ဆိုသူ ပျူ ၂ ဦးသေဆုံးခဲ့ပြီး G3 ၂ လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) အောက်ရှိ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၆) မှ ရဲဘော်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | ပဲခူးတိုင်းစစ်ဌာန

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤6👏4
◼️‌ကလလတ ဗဟိုစစ်ဦးစီးတပ်က ရဲဘော်များကို နိုင်ငံရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ အသိအမြင်မြင့်မားစေဖို့ သင်တန်းပို့ချ

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA အမှတ် ၆၂၆ တပ်ရင်းက တပ်ဖွဲ့ဝင်တွေကို နိုင်ငံရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ အသိအမြင်များ တိုးတက်မြင့်မားလာစေဖို့ သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို သိရပါတယ်။

နိုင်ငံရေးအခြေခံစွမ်းရည်မြှင့်တင်ရေးနဲ့ တပ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အပတ်စဉ် (၁) ကို အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပြီးစီးခဲ့ပြီး သင်တန်းဆင်းလက်မှတ်တွေလည်း ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဆိုပါသင်တန်းကို ရဲဘော်တွေရဲ့ နိုင်ငံရေးအသိအမြင်၊ အတွေးအခေါ်၊ တဦးချင်းစွမ်းရည်နဲ့ အဖွဲ့အစည်းဆိုင်ရာ နားလည်သဘောပေါက်မှု တိုးတက်မြင့်မားလာစေဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်း ကလလတ ဗဟိုစစ်ဦးစီးတပ် - KPLA ၆၂၆ တပ်ရင်းက အသိပေးထားပါတယ်။

ရဲဘော်တွေကို စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့အတွင်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်း၊ အခြေခံနိုင်ငံရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်နှင့် လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ်အသိပညာ၊ ခေါင်းဆောင်မှု၊ ဆက်သွယ်ပြောဆိုမှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း၊ လက်ရှိတပ်ဖွဲ့အတွင်း စီမံခန့်ခွဲမှု၊ စည်းမျဉ်းစည်းကမ်း၊ တာဝန်နှင့် တာဝန်ခံမှု စတဲ့သင်ခန်းစာတွေ သင်ကြားပို့ချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသင်တန်းမှတဆင့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို မျှဝေသင်ယူနိုင်ခဲ့သလို အားသာချက်နဲ့ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး တဦးချင်းနဲ့ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းတွေ တည်ဆောက်နိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | KPLA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍22❤5👏3
◼️‌ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာသို့ လာတဲ့ စစ်တပ်ရဲ့ ပါရာမော်တာ တစီး AA ပစ်ချ

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းသို့ လာတဲ့ ပါရာမော်တာ (စက်တပ်လေထီး) တစင်းကို အာရက္ခတပ်တော် AA က အောက်တိုဘာ ၃၀ ရက်၊ မနက် ၈ နာရီခန့်မှာ ပစ်ချလိုက်ပြီး ခဲယမ်း၊ ရိက္ခာအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဝိုင်းပတ်ပိတ်ဆို့ထားသလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ နတ်ရေကန်ဗျူဟာကုန်းသို့ ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ စစ်တပ်ရဲ့ ပါရာမော်တာ (စက်တပ်လေထီး) တစင်းကို ပစ်ချနိုင်ခဲ့ပြီး ခဲယမ်းနဲ့ ရိက္ခာတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ AA က အောက်တိုဘာ ၃၀ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေရှိ စစ်မျက်နှာတွေမှာလည်း မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိသလို တိုက်ပွဲပြင်းထန်နေတဲ့ စစ်တွေမှာလည်း အထိနာနေတဲ့ စစ်တပ်က ဆက်လက်စစ်ကြောင်းထိုးနေသော်လည်း ထိခိုက်သေဆုံးမှုတွေသာ ကြုံနေရတယ်လို့ AA က အသိပေးထားတာ တွေ့ရပါတယ်။

Video | AA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤10🔥1