◼️ရခိုင်မှာ စစ်တပ်က တရက်တည်း ၄ မြို့နယ် ဗုံးကြဲ၊ မွေးကင်းစနဲ့ ကလေးငယ်များအပါ ၁၂ ဦးသေဆုံး
၂ နိုဝင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁ ရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကို ညနေ ၅ နာရီခန့်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၆ ဦး စုစုပေါင်း၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်တော်မြို့နယ်၊ ဝါးတောင်-ပန်းဖဲချောင်းတံတားကိုလည်း ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာပြည်သူ ၇ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်အချို့၊ သွားလာနေတဲ့ ယာဉ်တွေ အပါအဝင် တံတားပါ ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
အလားတူ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ယာယီဆေးပေးခန်းနဲ့ သားဖွားဆောင်ကို ညနေ ၅ နာရီ ၂၇ မိနစ်မှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ Cluster ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ဆေးဝန်ထမ်းအချို့အပါအဝင် ၉ ဦး ဒဏ်ရာရခဲ့သလို ဆေးခန်းအဆောင်တွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက်တောမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကိုလည်း Y-12 လေယာဥ်တစီးနဲ့ မနက် ၃ နာရီ ၅၈ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး အကြမ်းဖက်စစ်တပ်က လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းနဲ့ လူနေရပ်ကွက်တွေကို ကမ္ဘာ့နိုင်ငံတွေက တားမြစ်ထားတဲ့ Cluster ဗုံးတွေကိုပါအသုံးပြုတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | AA
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬30😢2❤1