◼️ရေးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မွန်တပ် RMA မိုင်းဆွဲတိုက်ခိုက်၊ တပ်ကြပ်ကြီးအပါ စကစ ၃ ဦးထိခိုက်
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရာမညမွန်တပ်တော် RMA က အောက်တိုဘာလ ၃၁ ရက်၊ မနက် ၉ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး တဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒူးရားကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ တပ်ကြပ်ကြီး တဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က နိုဝင်ဘာ ၂ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။
အဆိုပါစစ်တပ်စစ်ကြောင်းဟာ စစ်ကောင်စီတပ် ခမရ ၅၈၆ နဲ့ ခမရ ၂၉၉ တို့ အင်အား ၅၀ ခန့်ပါဝင်ပြီး တိုက်ခိုက်ပြီးနောက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က အသိပေးထားတာ တွေ့ရပါတယ်။
Photo | RMA
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍27❤4🥰4
◼️ဆားလင်းကြီးမှာ နှစ်ချီ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို မြို့နယ် ပကဖ ရိက္ခာထောက်ပံ့
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ နှစ်နဲ့ချီ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၂ ရက်မှာ ရိက္ခာကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေကို စင်္ကာပူရောက် မြန်မာတွေရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်တဲ့ "နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့ - SG" မှ လှူဒါန်းတဲ့ ငွေကျပ် ၄ သိန်းနဲ့ ဆန်အိတ် ၄ အိတ် ဝယ်ယူပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဖော်ပြထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ အနေနဲ့ လုပ်ငန်းတာဝန် ၄ ရပ်ထဲမှ ကာကွယ်ရေးတာဝန်တွေအပြင် လူထု အကျိုးပြုလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ပကဖ အသံ

👍28❤5🥰4🔥1
◼️စစ်ရှောင်နဲ့ ကျေးလက်နေပြည်သူကို ဖားဆောင်း PDF နဲ့ CDM ဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်ပေးနေ
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
ရှမ်းတောင်/ကရင်နီဒေသရှိ ကျေးရွာတွေနဲ့ စစ်ရှောင် ပြည်သူတွေကို ဖားဆောင်း PDF နဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေက နိုဝင်ဘာ ၂ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှ ပြည်သူတွေထံသို့ အရောက်သွားပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (ဖားဆောင်း PDF) က ထုတ်ပြန်ထားတာပါ။
အဲဒီလို ဆောင်ရွက်ရာမှာ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု၊ မိခင်နဲ့ ကလေး ကျန်းမာရေး၊ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေ တိုးပွားလာတာနဲ့အမျှ အချိန်နဲ့တပြေးညီ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ဖို့ ဆေးဝါးတွေ ပြန်လည်ဖြည့်ဆည်းရေး၊ ကြိုတင်ကာကွယ်ရေးနဲ့ ကျန်းမာရေးအသိပညာပေးတာတွေကို အဆက်မပြတ်လုပ်ဆောင်ပေးဖို့ လိုအပ်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။
အဲဒီလို ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုပါဝင်မှုဟာ အရေးကြီးတာကြောင့် လူထုဝန်ဆောင်မှု လုပ်ငန်းတွေကိုကူညီထောက်ပံ့ပြီး ပါဝင်အားဖြည့်ပေးကြဖို့အတွက် ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။
Photo | ဖားဆောင်း PDF

❤28👍7🥰6
◼️သရက်ချောင်းမှာ စစ်မှုထမ်းတပ်သား(ပစ) တဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ထံအလင်းဝင်
၄ နိုဝင်ဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံသို့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်မှုထမ်း(ပစ)တဦးက လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၂ ရက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီး စစ်သားစုဆောင်းခြင်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားသစ် (ပစ) တဦးက MA-1 ၁ လက်၊ ကျည်ဘောက် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်တွေနဲ့အတူ KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၁ ထံသို့ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာပါ။
အဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ အကြမ်းဖက်စစ်တပ်တွင်းမှ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေထံသို့ ရတဲ့နည်းနဲ့ လက်နက်ချအလင်းဝင်ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းထားတာ တွေ့ရပါတယ်။

👏25❤5👍4