◼️မြောက်ဦးနဲ့ ကျောက်တော်မှာ စစ်တပ် ဗုံးကြဲ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
၇ နိုဝင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၃ ရက်နဲ့ ၅ ရက်တို့မှာ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးပြီး ကျောင်းထိုင်ဘုန်းကြီးနဲ့ လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့နယ်၊ နန်းကျားရွာကို နိုဝင်ဘာ ၅ ရက်၊ ည ၁၁ နာရီ ၂၈ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ပြည်သူ ၁၂ ဦး ထိခိုက်ခဲ့တဲ့အပြင် နေအိမ် အဆောက်အအုံ ၄ လုံး၊ ယာဉ်တွေန အိမ်သုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၆ ရက် ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။
အလားတူ ကျောက်တော်မြို့နယ်၊ မျှာလီကန်ကျေးရွာ အနီးဝန်းကျင်ကိုလည်း နိုဝင်ဘာ ၃ ရက်၊ မနက် ၁ နာရီ ၅၇ မိနစ်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းထိုင်ဘုန်းကြီး ၁ ပါး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျောင်းဆောင်နဲ့ ကျောင်းခြံစည်းရိုးတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်၊ စစ်ဘေးရှောင်စခန်း စတဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူနေထိုင်ရာ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းမှ နေ့စဉ်ရက်ဆက် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬29😢7👍1
◼️ကနီမှာ စာသင်ကျောင်းနဲ့ အိမ်တွေကို စစ်တပ်ဗုံးကြဲ၊ ကလေးတွေအပါပြည်သူ ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
၈ နိုဝင်ဘာ| နွေဦးအသံ |
စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၇ ရက်၊ မနက် ၁၁ နာရီခန့်မှာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အများအပြား သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ညောင်ပင်လယ်ရွာ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်တပ်က Gyrocopter ၃ စီးနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာ၊ ဆရာမနဲ့ ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျောင်းနဲ့ အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။
အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အကြမ်းဖက်စစ်တပ်က ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၈ နိုဝင်ဘာ

🤬29😢11👍2❤1🔥1👏1