The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ကနီမှာ စာသင်ကျောင်းနဲ့ အိမ်တွေကို စစ်တပ်ဗုံးကြဲ၊ ကလေးတွေအပါပြည်သူ ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

၈ နိုဝင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၇ ရက်၊ မနက် ၁၁ နာရီခန့်မှာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အများအပြား သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်လယ်ရွာ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်တပ်က Gyrocopter ၃ စီးနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာ၊ ဆရာမနဲ့ ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျောင်းနဲ့ အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အကြမ်းဖက်စစ်တပ်က ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬29😢11👍2❤1🔥1👏1