The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ကသာခရိုင်နဲ့ တကောင်းမြို့နယ်မှာ စစ်တပ်ကို တပတ်ကျော် တိုက်ခိုက်မှုအတွင်း စကစ ၈၀ ကျော်သေဆုံး

၈ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကသာခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ကို PDF နဲ့ ပူးပေါင်းတပ်တွေက တပတ်ကျော် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်မှုထမ်း (ပစ)တွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရတဲ့အပြင် စစ်သုံ့ပန်းတွေလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အင်းတော်နဲ့ ထီးချိုင့်မြို့နယ်မှာ စစ်တပ်ကို အောက်တိုဘာလအတွင်း မဟာမိတ်တပ်တွေနဲ့အတူ တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေးအခြေအနေတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားတာပါ။

ထီးချိုင့်မြို့နယ်၊ ဆတ်ကျကျေးရွာအုပ်စု၊ တုံလုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းတခုကို အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး(၁)ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉)ဦး သေဆုံးခဲ့ပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်စခန်းကို မန္တလေး PDF (အထူးလှုပ်ရှားတပ်မ)ရဲ့ အမှတ်(၆၆၂)နည်းဗျူဟာနဲ့ ကသာခရိုင် တပ်ရင်း(၃)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း မန္တလေး PDF ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

အင်းတော်မြို့နယ်အတွင်း အင်အား ၅၀၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်တပ်စစ်ကြောင်းကိုလည်း အထူးလှုပ်ရှားတပ်မ၊ နည်းဗျူဟာ ၉၉ နဲ့ ပူးပေါင်းအင်အားစုတွေက အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အတွင်း တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်မှုထမ်း (ပစ)တွေအပါအဝင် စစ်အုပ်စု ၇၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

အင်းတော်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သလို စစ်သုံ့ပန်း(၃)ဦး ဖမ်းမိခဲ့တဲ့အပြင် RPG (၁)လက် အပါအဝင် လက်နက်ငယ်အများအပြားနဲ့ ဆက်စပ်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ မန္တလေး PDF က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြထားတာပါ။

အထိနာခဲ့သော စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၅၂)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၅၈)ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု (၆၉)ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် အထူးလှုပ်ရှားတပ်မမှ ရဲဘော်(၆)ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူအချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေး၊ တကောင်းမြို့နယ်ရှိ နီကယ်တောင် စစ်တပ်စခန်းနဲ့ (၆)မိုင်ဂိတ် စခန်းတွေကိုလည်း အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ အထူးလှုပ်ရှားတပ်မရဲ့ အမှတ်(၆၆၂)နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာနရဲ့ အမှတ်(၃)အထူးတပ်ရင်းနဲ့ အမှတ်(၉၇၁၀)တပ်ဖွဲ့တို့ ပူးပေါင်းဝင်ရောက်တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤36👏7👍3🥰2
◼️‌ကသာခရိုင် အင်းတော်နဲ့ မော်လူးမြို့ကြား စစ်တပ်စခန်း ၃ ခု တော်လှန်ရေးတပ်များ တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်

🔹စစ်အုပ်စု အသေအပျောက်များပြီး စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်တွေ သိမ်းဆည်းရရှိ

၉ နိုဝင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ကချင်ပြည်နယ်အစပ်ရှိ အင်းတော်နဲ့ မော်လူးမြို့ကြားရှိ အကြမ်းဖက်စစ်တပ် စခန်း ၃ ခုကို KIA နဲ့ PDF ပူး‌ပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်များနဲ့အတူ စစ်သုံ့ပန်းတွေလည်း အရှင်မိခဲ့တယ်လို့ သိရပါတယ်။

ရွှေဘို - မြစ်ကြီးနား လမ်း၊ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာတွေရှိ စစ်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းအများအပြား အရှင်ဖမ်းမိသလို စစ်တပ်ဘက်မှာ အသေအပျောက်များပြားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က နိုဝင်ဘာ ၉ ရက်မှာ အသိပေးထားတာပါ။

ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ထီးချိုင့်မြို့နယ်ရှိ စစ်တပ်စခန်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှ စစ်မှုထမ်း(ပစ)တွေအပါအဝင် ၈၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမှ ကချင်သို့ တက်လာတဲ့ စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် ထီးချိုင့် - ကသာ - မော်လူး လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကသာခရိုင် တပ်ရင်း ၁ ကလည်း သတိပေးထားတာ တွေ့ရပါတယ်။

Photo | Screenshot (လူမှုကွန်ယက်)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏34👍6🥰4❤2
| ‌အရှင်မိသူများစွာနဲ့ အသေအပျောက်များခဲ့ပြန်တဲ့ အင်းတော်-မော်လူးကြား စစ်တပ်စခန်း ၃ ခု သိမ်းပိုက်မှုမှတ်တမ်း |

◼️‌စစ်ကိုင်းဒေသ၊ ကသာခရိုင်၊ အင်းတော်နဲ့ မော်လူးမြို့ကြား၊ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာတွေရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA နဲ့ PDF ပူး‌ပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်များနဲ့အတူ စစ်သုံ့ပန်းတွေလည်း အရှင်မိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ရုပ်သံမှတ်တမ်းနဲ့တကွ နိုဝင်ဘာ ၉ ရက်မှာ ဖော်ပြထားကြပါတယ်။

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

Video | Lung Jung LA N

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🥰24❤11👏6👍4🔥1
◼️‌ပေါက်မှာ စစ်တပ်က လက်နက်ကြီး၊ အသေခံဒရုန်းများနဲ့ နေ့စဉ်ပစ်ခတ်နေသဖြင့် ပြည်သူ ၃၀၀၀ ကျော် စစ်ရှောင်နေရ

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အိမ်ထောင်စု ၁၀၀၀ နီးပါးရှိ အရပ်သားပြည်သူ ၃၀၀၀ ကျော် နေရပ် မပြန်ရဲသေးဘဲ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်းရှိ ယာယီ စစ်ဘေးရှောင်ရွာတွေဖြစ်တဲ့ ဝန်ခြုံးရွာ၊ ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ သီးချောက်ရွာ၊ သရဖီရွာနဲ့ လယ်လန်းရွာတို့ကို ပေါက်မြို့နယ် အခြေစိုက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပဖ-၂၄) မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) ကလည်း အသေခံဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်မှာ အသိပေးထားတာပါ။

အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အဆိုပါကျေးရွာတွေမှ အိမ်ထောင်စု ၉၅၈ စု၊ အမျိုးသား ၁,၅၄၅ ဦး၊ အမျိုးသမီး ၁,၇၉၆ ဦး၊ စုစုပေါင်း လူဦးရေ ၃,၃၄၁ ဦးတို့မှာ ကြောက်လန့်ပြီး ရွာတွေထဲမပြန်ရဲဘဲ တောတောင်တွေကြားမှာ စစ်ဘေးရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုးတွေလည်း အဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲ ဒုက္ခတွေမျိုးစုံ ကြုံတွေ့တယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬28😢5🔥4❤2👍2