The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ကသာခရိုင် အင်းတော်နဲ့ မော်လူးမြို့ကြား စစ်တပ်စခန်း ၃ ခု တော်လှန်ရေးတပ်များ တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်

🔹စစ်အုပ်စု အသေအပျောက်များပြီး စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်တွေ သိမ်းဆည်းရရှိ

၉ နိုဝင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ ကချင်ပြည်နယ်အစပ်ရှိ အင်းတော်နဲ့ မော်လူးမြို့ကြားရှိ အကြမ်းဖက်စစ်တပ် စခန်း ၃ ခုကို KIA နဲ့ PDF ပူး‌ပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်များနဲ့အတူ စစ်သုံ့ပန်းတွေလည်း အရှင်မိခဲ့တယ်လို့ သိရပါတယ်။

ရွှေဘို - မြစ်ကြီးနား လမ်း၊ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာတွေရှိ စစ်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းအများအပြား အရှင်ဖမ်းမိသလို စစ်တပ်ဘက်မှာ အသေအပျောက်များပြားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က နိုဝင်ဘာ ၉ ရက်မှာ အသိပေးထားတာပါ။

ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ထီးချိုင့်မြို့နယ်ရှိ စစ်တပ်စခန်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှ စစ်မှုထမ်း(ပစ)တွေအပါအဝင် ၈၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမှ ကချင်သို့ တက်လာတဲ့ စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် ထီးချိုင့် - ကသာ - မော်လူး လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကသာခရိုင် တပ်ရင်း ၁ ကလည်း သတိပေးထားတာ တွေ့ရပါတယ်။

Photo | Screenshot (လူမှုကွန်ယက်)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏34👍6🥰4❤2
| ‌အရှင်မိသူများစွာနဲ့ အသေအပျောက်များခဲ့ပြန်တဲ့ အင်းတော်-မော်လူးကြား စစ်တပ်စခန်း ၃ ခု သိမ်းပိုက်မှုမှတ်တမ်း |

◼️‌စစ်ကိုင်းဒေသ၊ ကသာခရိုင်၊ အင်းတော်နဲ့ မော်လူးမြို့ကြား၊ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာတွေရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA နဲ့ PDF ပူး‌ပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်များနဲ့အတူ စစ်သုံ့ပန်းတွေလည်း အရှင်မိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ရုပ်သံမှတ်တမ်းနဲ့တကွ နိုဝင်ဘာ ၉ ရက်မှာ ဖော်ပြထားကြပါတယ်။

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

Video | Lung Jung LA N

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🥰24❤11👏6👍4🔥1
◼️‌ပေါက်မှာ စစ်တပ်က လက်နက်ကြီး၊ အသေခံဒရုန်းများနဲ့ နေ့စဉ်ပစ်ခတ်နေသဖြင့် ပြည်သူ ၃၀၀၀ ကျော် စစ်ရှောင်နေရ

၉ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အိမ်ထောင်စု ၁၀၀၀ နီးပါးရှိ အရပ်သားပြည်သူ ၃၀၀၀ ကျော် နေရပ် မပြန်ရဲသေးဘဲ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်းရှိ ယာယီ စစ်ဘေးရှောင်ရွာတွေဖြစ်တဲ့ ဝန်ခြုံးရွာ၊ ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ သီးချောက်ရွာ၊ သရဖီရွာနဲ့ လယ်လန်းရွာတို့ကို ပေါက်မြို့နယ် အခြေစိုက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပဖ-၂၄) မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) ကလည်း အသေခံဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်မှာ အသိပေးထားတာပါ။

အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အဆိုပါကျေးရွာတွေမှ အိမ်ထောင်စု ၉၅၈ စု၊ အမျိုးသား ၁,၅၄၅ ဦး၊ အမျိုးသမီး ၁,၇၉၆ ဦး၊ စုစုပေါင်း လူဦးရေ ၃,၃၄၁ ဦးတို့မှာ ကြောက်လန့်ပြီး ရွာတွေထဲမပြန်ရဲဘဲ တောတောင်တွေကြားမှာ စစ်ဘေးရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုးတွေလည်း အဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲ ဒုက္ခတွေမျိုးစုံ ကြုံတွေ့တယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬28😢5🔥4❤2👍2
◼️‌ကော့ကရိတ်ရှိ စစ်တပ်စခန်း ၃ ခုကို RMA ဒရုန်းနဲ့တိုက်ခိုက်၊ စစ်အုပ်စု ထိခိုက်မှုရှိဟုဆို

၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးရွာ ၃ ခုမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ရာမညမွန်တပ်တော် (RMA) က နိုဝင်ဘာ ၆ ရက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

သံကလောင်၊ ဓမ္မသ နဲ့ ကော့ဘွီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာ ထိခိုက်မှုတွေရှိခဲ့သော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်တယ် ရာမညမွန်တပ်တော် (RMA) က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဲဒီတိုက်ခိုက်မှုတွေကို ရာမညမွန်တပ်တော် RMA ရဲ့ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ RMA က အသိပေးထားတာ တွေ့ရပါတယ်။

Photo | RMA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍35🥰3❤2👏2