| အရှင်မိသူများစွာနဲ့ အသေအပျောက်များခဲ့ပြန်တဲ့ အင်းတော်-မော်လူးကြား စစ်တပ်စခန်း ၃ ခု သိမ်းပိုက်မှုမှတ်တမ်း |
◼️စစ်ကိုင်းဒေသ၊ ကသာခရိုင်၊ အင်းတော်နဲ့ မော်လူးမြို့ကြား၊ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာတွေရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်များနဲ့အတူ စစ်သုံ့ပန်းတွေလည်း အရှင်မိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ရုပ်သံမှတ်တမ်းနဲ့တကွ နိုဝင်ဘာ ၉ ရက်မှာ ဖော်ပြထားကြပါတယ်။
၉ နိုဝင်ဘာ ||| နွေဦးအသံ |||
Video | Lung Jung LA N
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🥰24❤11👏6👍4🔥1
◼️ပေါက်မှာ စစ်တပ်က လက်နက်ကြီး၊ အသေခံဒရုန်းများနဲ့ နေ့စဉ်ပစ်ခတ်နေသဖြင့် ပြည်သူ ၃၀၀၀ ကျော် စစ်ရှောင်နေရ
၉ နိုဝင်ဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အိမ်ထောင်စု ၁၀၀၀ နီးပါးရှိ အရပ်သားပြည်သူ ၃၀၀၀ ကျော် နေရပ် မပြန်ရဲသေးဘဲ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။
ပေါက်မြို့နယ် တောင်ပိုင်းရှိ ယာယီ စစ်ဘေးရှောင်ရွာတွေဖြစ်တဲ့ ဝန်ခြုံးရွာ၊ ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ သီးချောက်ရွာ၊ သရဖီရွာနဲ့ လယ်လန်းရွာတို့ကို ပေါက်မြို့နယ် အခြေစိုက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပဖ-၂၄) မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) ကလည်း အသေခံဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်မှာ အသိပေးထားတာပါ။
အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အဆိုပါကျေးရွာတွေမှ အိမ်ထောင်စု ၉၅၈ စု၊ အမျိုးသား ၁,၅၄၅ ဦး၊ အမျိုးသမီး ၁,၇၉၆ ဦး၊ စုစုပေါင်း လူဦးရေ ၃,၃၄၁ ဦးတို့မှာ ကြောက်လန့်ပြီး ရွာတွေထဲမပြန်ရဲဘဲ တောတောင်တွေကြားမှာ စစ်ဘေးရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိုးတွေလည်း အဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲ ဒုက္ခတွေမျိုးစုံ ကြုံတွေ့တယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။

🤬28😢5🔥4❤2👍2
◼️ကော့ကရိတ်ရှိ စစ်တပ်စခန်း ၃ ခုကို RMA ဒရုန်းနဲ့တိုက်ခိုက်၊ စစ်အုပ်စု ထိခိုက်မှုရှိဟုဆို
၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးရွာ ၃ ခုမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ရာမညမွန်တပ်တော် (RMA) က နိုဝင်ဘာ ၆ ရက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
သံကလောင်၊ ဓမ္မသ နဲ့ ကော့ဘွီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာ ထိခိုက်မှုတွေရှိခဲ့သော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်တယ် ရာမညမွန်တပ်တော် (RMA) က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။
အဲဒီတိုက်ခိုက်မှုတွေကို ရာမညမွန်တပ်တော် RMA ရဲ့ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ RMA က အသိပေးထားတာ တွေ့ရပါတယ်။
Photo | RMA

👍35🥰3❤2👏2
◼️ရေးမြို့ အမြောက်တပ်အနီး စစ်တပ်စစ်ကြောင်းကို ရေးဘီးလူးတပ်ရင်း တိုက်ခိုက်၊ စကစ ၃ ဦးသေဆုံး
၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် ၃၁၆ အမြောက်တပ်အနီးမှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၉ ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၈ လမ်းမကြီး၊ အမှတ်-၃၁၆ အမြှောက်တပ်ရင်း (အမတ-၃၁၆) အနီး၊ တနင်္သာရီ ဒေသဘက်အထွက်မှာ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးက လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်ကနေ အသိပေးထုတ်ပြန်ထားတာပါ။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့အပြင် ၅ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တာကြောင့် ၉ မိုင်ကျေးရွာမှ လူနာတင်ကားတွေနဲ့ ပြည်သူပိုင်ကားတွေကို စစ်အုပ်စုက အတင်းအကြပ်ချောဆွဲပြီး ရေးမြို့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ ထိတွေတိုက်ပွဲမှာ ရေးဘီလူးတပ်ရင်း ရဲဘော်တွေက စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ထိုးစစ်ကို ထိခိုက်ကျဆုံးမှုမရှိခဲ့ဘဲ ခုခံနိုင်ခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။
Photo | ရေးဘီလူးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

👍35❤4🔥2👏1
◼️မိုးညှင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်ဖွဲ့ဝင် တဦး KIA ထံ လက်နက်နဲ့အလင်းဝင်၊ ဆုငွေများပေးအပ်
၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တဦးက နိုဝင်ဘာ ၆ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့တာကြောင့် ဆုကြေးငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဟဲပါးကျေးရွာရှိ SNA တပ်ဖွဲ့ဝင် ထွန်းလင်းက AK-47 ၁ လက်၊ ကျည် ၁၈၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၃ ခုတို့ကို ယူဆောင်ပြီး KIA တပ်ရင်း ၂၆ ထံသို့ အလင်းဝင်ခဲ့တာကြောင့် ဆုကြေးငွေ သိန်း ၃၀ ကျပ် ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသသတင်းရင်းမြစ်တွေက ဓါတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။
အလင်းဝင်လာသူဟာ မိုင်းနောင်ရွာသားဖြစ်ပြီး အဓမ္မ စစ်မှုထမ်းဖို့ ဖိအားပေးခံခဲ့ရတာကြောင့် SNA ထံ ဝင်ရောက်ခဲ့ရတာဖြစ်သလို အလင်းဝင်လာတဲ့အတွက် KIA တပ်ရင်း ၂၆ က နွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပြင် လွတ်မြောက်နယ်မြေသို့လည်း ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ စစ်ရေးလှုပ်ရှားရာ နောင်လွတ်ဒေသအတွင်း ဒေသခံပြည်သူလူထုကို SNA တပ်ဖွဲ့က အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပြုလုပ်နေတာကြောင့် စုဆောင်းခံရတဲ့တပ်ဖွဲ့ဝင်တွေ ထွက်ပြေးအလင်းဝင်မှုဟာ ပိုမိုများပြားလာနေတယ်လို့ သတင်းရရှိပါတယ်။
Photo | Kachinnews

👍24🥰5❤1👏1