The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မင်းတပ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို အပါ ဒေသခံ ၂ ဦးသေဆုံး၊ အမျိုးသမီးနဲ့ ကလေးများဒဏ်ရာရ

၁၃ နိုဝင်ဘာ ||| နွေဦးအသံ |||

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၁၂ ရက်၊ ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသား တဦး အပါအဝင် ဒေသခံ ၂ ဦး သေဆုံးပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာနဲ့ မင်းတပ်-မတူပီ ကားလမ်းပိုင်းကို နေပြည်တော် ဧလာလေဆိပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ည ၁၁ နာရီခန့်မှာ ၄ ကြိမ်တိုင် ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ နိုဝင်ဘာ ၁၃ ရက်မှာ အသိပေးထားကြတာပါ။

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ နဲ့ ၃၀ အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦးနဲ့ မိခင် အမျိုးသမီး တဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ စာသင်ကျောင်းနဲ့ ပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးမြို့ တနေရာကိုလည်း တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နိုဝင်ဘာ ၁၃ ရက်၊ မနက်ပိုင်းမှာ ၂ ကြိမ် ဗုံးကြဲချပြီး စက်သေနတ်တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း မြန်မာ့ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန (MDSI)အဖွဲ့ရဲ့ မှတ်တမ်းတွေမှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | Chin World

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬32❤4😢4👍2
◼️မော်လူးမြို့ဝန်းကျင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် ရမ်းသမ်းကြဲချတိုက်ခိုက်

၁၄ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၂ ရက်၊ ညပိုင်းမှာ လေကြောင်းမှ ဗုံးအလုံး ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တောရကျောင်းထိုင် ဆရာတော်တပါး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကချင်-စစ်ကိုင်းအစပ် မော်လူးမြို့ဝန်းကျင်ကို စစ်ကောင်စီလေတပ်က ည ၁၁ နာရီ ၄၅ မိနစ်မှာ Y-12 လေယာဉ်နဲ့ ဗုံး အလုံးရေ ၅၀ ကျော် ရမ်းသမ်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက နိုဝင်ဘာ ၁၃ ရက်၊ ညပိုင်းမှာ ဖော်ပြထားကြတာပါ။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မော်လူးမြို့နဲ့ ၁ မိုင် ခန့်အကွာရှိ တောရကျောင်းမှ ကျောင်းထိုင်ဆရာတော်ရဲ့ ဦးခေါင်း ဗုံးစထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရခဲ့သလို ကိုရင် ၂ ပါးရဲ့ မယ်တော်လည်း လက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းမှစပြီး အင်းတော်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းတွေနဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ လေယာဉ်၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ပြည်သူ ၆ ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | ၂၀၂၃ ခုနှစ်ကုန်ပိုင်း ထီးချိုင့်မြို့ကို စစ်တပ်ဗုံးကြဲဖျက်ဆီးခဲ့စဉ် (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬36❤4
◼️မြိုင်မှာ ဂျက်ဖိုက်တာ၊ အသေခံဒရုန်းတွေနဲ့ ၂ ရက်ဆက်တိုက် စစ်တပ် လေကြောင်းတိုက်ခိုက်သဖြင့် ကလေး ၂ ဦးသေဆုံး

၁၄ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မြိုင်မြို့နယ်အတွင်း ပြည်သူလူထု နေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်တပ်က ‌နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက်တို့မှာ ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာ၊ အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မြိုင်အနောက်ပိုင်းသို့ မကွေးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တစီးက နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ် အရွယ် ကလေးငယ် တဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃၀ နှစ်အရွယ် အမျိုးသမီးတဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ မြိုင် (ပကဖ)က ထုတ်ပြန်ထားတာပါ။

အလားတူ မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာကိုလည်း နိုဝင်ဘာ ၁၃ ရက်၊ ည ၉ နာရီခန့်မှာ စစ်တပ်ရဲ့ အမှတ် ၁၀၁ ခြေမြန်တပ် ဌာနချုပ် (တပ်မ ၁၀၁) က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၇ နှစ် အရွယ် G-2 ကျောင်းသား တဦး သေဆုံးခဲ့တယ်လို့ ဖော်ားပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်နေရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပြီး အကြမ်းဖက်စစ်တပ်ကို ပြည်သူတရပ်လုံးနဲ့အတူ ဆက်လက်တွန်းလှန်သွားမှာဖြစ်သလို အမြစ်ပြတ်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မြိုင် (ပကဖ)က အသိပေးထားတာ တွေ့ရပါတယ်။

Photo | မြိုင် ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
😢29🤬21❤7👍2🔥1
◼️တမူးခရိုင် တပ်ရင်း ၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ လူငယ်များကို အတူတကွခုခံတွန်းလှန်ကြဖို့ ဖိတ်ခေါ်

၁၅ နိုဝင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက တပ်ရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်၊ မနက် ၁၀ နာရီမှာ စတင် ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေနဲ့ ရှေ့တန်းရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးသို့ တပ်ရင်းရုံးအဖွဲ့၊ တပ်ရင်း ဆေးတပ်ဖွဲ့၊ လက်ရုံးတပ်ဖွဲ့၊ အရံတပ်ဖွဲ့ ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ အရာရှိတွေ အပြင် ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မြေပြင်တပ်မှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားတာပါ။

အစည်းအဝေးမှာ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ ထုတ်လုပ်ရေး အပါအဝင် ဆေးတပ်ဖွဲ့တွေနဲ့ ရှေ့တန်း ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေအပေါ် လက်တွေ့ လုပ်ငန်း ပြီးစီးမှု အခြေအနေတွေကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ပြီး ညနေ ၃ နာရီခွဲခန့်မှာ အစည်းအဝေး ပြီးဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို အတူတကွ ခုခံတွန်းလှန်ကြဖို့ တပ်သားသစ်တွေ စတင် လက်ခံနေပြီ ဖြစ်တာကြောင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။

Photo | တမူးခရိုင် တပ်ရင်း ၂

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33❤9🥰4👏2
‎◼️‌ရေးမြို့နယ်မှာ စစ်တပ်က ၂ ရက်ဆက် လူအိပ်မောကြချိန် ဗုံးအလုံး ၂၀ ကျော်ကြဲချ၊ ပြည်သူ ၄ ဦးသေဆုံးထိခိုက်
‎
‎၁၆ နိုဝင်ဘာ | နွေဦးအသံ |
‎
‎မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ၂ ရက်ဆက်တိုက် လူအိပ်မောကျချိန် လေကြောင်းမှ ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
‎
‎စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲ‌ထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ ဖလံချောင်းဝကျေးရွာကို စစ်ကောင်စီလေတပ်က နိုဝင်ဘာ ၁၅ ရက်၊ ည ၁၁ နာရီခန့်မှာ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၁၆ ရက်၊ မနက် ၂ နာရီခန့်မှာလည်း Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
‎
‎အဆိုပါတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ကျေးရွာအတွင်းရှိ လူနေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ရာမညမွန်တပ်တော် (RMA) က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
‎
‎Photo | RMA
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬29🔥4😢3❤2