The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️တမူးခရိုင် တပ်ရင်း ၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ လူငယ်များကို အတူတကွခုခံတွန်းလှန်ကြဖို့ ဖိတ်ခေါ်

၁၅ နိုဝင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက တပ်ရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်၊ မနက် ၁၀ နာရီမှာ စတင် ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေနဲ့ ရှေ့တန်းရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးသို့ တပ်ရင်းရုံးအဖွဲ့၊ တပ်ရင်း ဆေးတပ်ဖွဲ့၊ လက်ရုံးတပ်ဖွဲ့၊ အရံတပ်ဖွဲ့ ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ အရာရှိတွေ အပြင် ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မြေပြင်တပ်မှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားတာပါ။

အစည်းအဝေးမှာ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ ထုတ်လုပ်ရေး အပါအဝင် ဆေးတပ်ဖွဲ့တွေနဲ့ ရှေ့တန်း ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေအပေါ် လက်တွေ့ လုပ်ငန်း ပြီးစီးမှု အခြေအနေတွေကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ပြီး ညနေ ၃ နာရီခွဲခန့်မှာ အစည်းအဝေး ပြီးဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို အတူတကွ ခုခံတွန်းလှန်ကြဖို့ တပ်သားသစ်တွေ စတင် လက်ခံနေပြီ ဖြစ်တာကြောင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။

Photo | တမူးခရိုင် တပ်ရင်း ၂

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33❤9🥰4👏2
‎◼️‌ရေးမြို့နယ်မှာ စစ်တပ်က ၂ ရက်ဆက် လူအိပ်မောကြချိန် ဗုံးအလုံး ၂၀ ကျော်ကြဲချ၊ ပြည်သူ ၄ ဦးသေဆုံးထိခိုက်
‎
‎၁၆ နိုဝင်ဘာ | နွေဦးအသံ |
‎
‎မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ၂ ရက်ဆက်တိုက် လူအိပ်မောကျချိန် လေကြောင်းမှ ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
‎
‎စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲ‌ထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ ဖလံချောင်းဝကျေးရွာကို စစ်ကောင်စီလေတပ်က နိုဝင်ဘာ ၁၅ ရက်၊ ည ၁၁ နာရီခန့်မှာ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၁၆ ရက်၊ မနက် ၂ နာရီခန့်မှာလည်း Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
‎
‎အဆိုပါတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ကျေးရွာအတွင်းရှိ လူနေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ရာမညမွန်တပ်တော် (RMA) က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
‎
‎Photo | RMA
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬29🔥4😢3❤2
◼️ညောင်လေးပင်ခရိုင်အတွင်း စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးနေရ

၁၆ နိုဝင်ဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၇ ရက်မှစပြီး စစ်ကြောင်းထိုးလာတဲ့အပြင် လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ပြည်သူ ၃,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းရှိ ဇီးဖြူတောင်၊ ပနာဒဲ၊ ထီးဖဒို၊ မဲပျောထာ၊ မောထာ၊ ကဘူးလော၊ ဘလောခို၊ ပလေပလော၊ သဲခေါထာ၊ ရဲသောခီး၊ ကော်က၊ ထီးကလားခီး၊ ခမောက်ခွေ၊ ဝါးဖြူတောင်နဲ့ ကျုံတူး စတဲ့ ကျေးရွာတွေမှ ဒေသခံပြည်သူ ၂၉၂၅ ဦးခန့် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

အရပ်သား ပြည်သူလူထုနေထိုင်ရာ နေရာတွေကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား(ပစ)တွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာဖြစ်သလို လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒေသခံပြည်သူလူထုဟာ စိုးရိမ်ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများစွာနဲ့ ဘေးလွတ်ရာ နေရာဒေသတွေသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက အသိပေးထားတာ တွေ့ရပါတယ်။

Photo | KNU

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
😢24🤬12❤1👍1🔥1
‎◼️မှော်ဘီမြို့နယ် စကစ ရဲတပ်ရင်း ၅ မှ ရဲတပ်သား တဦး လက်နက်နဲ့ တောင်သာ PDF ထံ ထပ်မံအလင်းဝင်
‎
‎၁၇ နိုဝင်ဘာ | နွေဦးအသံ |
‎
‎ရန်ကုန်၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၅ မှ ရဲတပ်ဖွဲ့ဝင် တဦးက လက်နက်နဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ နိုဝင်ဘာ ၁၆ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
‎
‎စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၅ (မှော်ဘီ) မှ အပတ်စဉ် (၅၆ / ၂၀၂၅) သင်တန်းဆင်း ရဲတပ်သား တဦးက BA-63 တလက်၊ ၇.၆၂ ကျည် ၂၃၀ တောင့်၊ လက်ပစ်ဗုံး တလုံး၊ ကျည်အိမ်တွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် ဂုဏ်ပြုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် (ပကဖ) က နိုဝင်ဘာ ၁၇ ရက်မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
‎
‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာလည်း အဆိုပါ စစ်ကောင်စီရဲတပ်ရင်းမှ ရဲတပ်သား ၂ ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) TTA-PDF ထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။
‎
‎အခုလို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်‌တွေကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သလို ဘေးကင်းလုံခြုံရာသို့လည်း ပို့ဆောင်ပေးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ TTA-PDF က အသိပေးထားတာ တွေ့ရပါတယ်။

Photo | TTA - PDF
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍27❤4👏3🥰2
‎◼️ကြို့ပင်ကောက်မှာ စစ်အုပ်စု ယာဥ်တန်းကို PDF မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ၁ ဦး သေဆုံး
‎
‎၁၇ နိုဝင်ဘာ | နွေဦးအသံ |
‎
‎ပဲခူးဒေသ၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု ယာဥ်တန်းကို PDF က နိုဝင်ဘာ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
‎
‎အလည်ကုန်းရွာ စစ်ကောင်စီ ရဲစခန်းမှ မြို့ပေါ်သို့ ထွက်ခွာလာတဲ့ စစ်ကား ၂ စီးကို ကျောင်းကုန်းကျေးရွာနဲ့ သပြေရုံကျေးရွာကြား လမ်းတနေရာမှာ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အရပ်သားပြည်သူလည်း ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
‎
‎ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ Hero ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
‎
‎Photo | ကြို့ပင်ကောက် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍28❤7👏3