◼️ညောင်လေးပင်ခရိုင်အတွင်း စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးနေရ
၁၆ နိုဝင်ဘာ ||| နွေဦးအသံ |||
ပဲခူးဒေသ၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၇ ရက်မှစပြီး စစ်ကြောင်းထိုးလာတဲ့အပြင် လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ပြည်သူ ၃,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းရှိ ဇီးဖြူတောင်၊ ပနာဒဲ၊ ထီးဖဒို၊ မဲပျောထာ၊ မောထာ၊ ကဘူးလော၊ ဘလောခို၊ ပလေပလော၊ သဲခေါထာ၊ ရဲသောခီး၊ ကော်က၊ ထီးကလားခီး၊ ခမောက်ခွေ၊ ဝါးဖြူတောင်နဲ့ ကျုံတူး စတဲ့ ကျေးရွာတွေမှ ဒေသခံပြည်သူ ၂၉၂၅ ဦးခန့် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။
အရပ်သား ပြည်သူလူထုနေထိုင်ရာ နေရာတွေကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား(ပစ)တွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာဖြစ်သလို လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒေသခံပြည်သူလူထုဟာ စိုးရိမ်ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများစွာနဲ့ ဘေးလွတ်ရာ နေရာဒေသတွေသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက အသိပေးထားတာ တွေ့ရပါတယ်။
Photo | KNU
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

😢24🤬12❤1👍1🔥1
◼️မှော်ဘီမြို့နယ် စကစ ရဲတပ်ရင်း ၅ မှ ရဲတပ်သား တဦး လက်နက်နဲ့ တောင်သာ PDF ထံ ထပ်မံအလင်းဝင်
၁၇ နိုဝင်ဘာ| နွေဦးအသံ |
ရန်ကုန်၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၅ မှ ရဲတပ်ဖွဲ့ဝင် တဦးက လက်နက်နဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ နိုဝင်ဘာ ၁၆ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၅ (မှော်ဘီ) မှ အပတ်စဉ် (၅၆ / ၂၀၂၅) သင်တန်းဆင်း ရဲတပ်သား တဦးက BA-63 တလက်၊ ၇.၆၂ ကျည် ၂၃၀ တောင့်၊ လက်ပစ်ဗုံး တလုံး၊ ကျည်အိမ်တွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် ဂုဏ်ပြုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် (ပကဖ) က နိုဝင်ဘာ ၁၇ ရက်မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာလည်း အဆိုပါ စစ်ကောင်စီရဲတပ်ရင်းမှ ရဲတပ်သား ၂ ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) TTA-PDF ထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။
အခုလို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သလို ဘေးကင်းလုံခြုံရာသို့လည်း ပို့ဆောင်ပေးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ TTA-PDF က အသိပေးထားတာ တွေ့ရပါတယ်။
Photo | TTA - PDF
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၇ နိုဝင်ဘာ

👍27❤4👏3🥰2
◼️ကြို့ပင်ကောက်မှာ စစ်အုပ်စု ယာဥ်တန်းကို PDF မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ၁ ဦး သေဆုံး
၁၇ နိုဝင်ဘာ| နွေဦးအသံ |
ပဲခူးဒေသ၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု ယာဥ်တန်းကို PDF က နိုဝင်ဘာ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလည်ကုန်းရွာ စစ်ကောင်စီ ရဲစခန်းမှ မြို့ပေါ်သို့ ထွက်ခွာလာတဲ့ စစ်ကား ၂ စီးကို ကျောင်းကုန်းကျေးရွာနဲ့ သပြေရုံကျေးရွာကြား လမ်းတနေရာမှာ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အရပ်သားပြည်သူလည်း ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ Hero ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ကြို့ပင်ကောက် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅

👍28❤7👏3
◼️ရေးမြို့နယ်မှာ စစ်တပ် လေကြောင်းမှဗုံးထပ်ကြဲ၊ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
၁၈ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၁၆ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရွာသား ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ ရေးချောင်းဖျားရှိ ချဲ့ဒိုက်ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ် အများအပြားလည်း ပျက်စီးခဲ့ရပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်မှုနဲ့ ပျက်စီးမှု အသေးစိတ် အခြေအနေတွေကို ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ ရာမညမွန်တပ်တော် (RMA) က အသိပေးထားတာ တွေ့ရပါတယ်။
Photo | RMA

🤬24😢4❤1
◼️ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းကို စစ်ဆင်ရေးဆောင်ရွက်ရန်ရှိသဖြင့် PDF ယာယီပိတ်
၁၈ နိုဝင်ဘာ| နွေဦးအသံ |
မကွေးဒေသ၊ စလင်းမြို့နယ်ရှိ လမ်းပိုင်းအချို့မှာ စစ်ဆင်ရေးဖော်ဆောင်မှာဖြစ်တာကြောင့် ပြည်သူတွေ အသုံးမပြုကြဖို့နဲ့ နိုဝင်ဘာ ၁၇ ရက်မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မင်းဘူးခရိုင် စစ်ဌာန၊ အမှတ် ၁ တပ်ရင်းက ယာယီပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းရဲ့ စစ်ရေး လှုပ်ရှားရာ နယ်မြေဖြစ်တဲ့ ဆင်ဖြူကျွန်း - တညောင် လမ်းပိုင်းမှာ စစ်ဆင်ရေးအရ အရေးပေါ်ဆောင်ရွက်မှုတွေ ပြုလုပ်မှာဖြစ်တာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ ယာယီ ပိတ်ပင်လိုက်ကြောင်း အဆိုပါ PDF တပ်ရင်းက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။
လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပြုကြောင်း တပ်ရင်းက တရားဝင် ထုတ်ပြန်မှသာ အသုံးပြုကြဖို့နဲ့ အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာပါက မင်းဘူးခရိုင် အမှတ်- ၁ တပ်ရင်းထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့ ပိတ်ပင်ထားတဲ့ အဆိုပါ လမ်းပိုင်းကို အသုံးပြုပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်အတွက် လုံးဝ တာဝန်ယူမှာ မဟုတ်ကြောင်းကိုလည်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။
Photo | မင်းဘူးခရိုင် တပ်ရင်း ၁ တပ်ဖွဲ့ဝင်များ(ပုံဟောင်း)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၈ နိုဝင်ဘာ

🥰21❤5👍2🔥1