◼️မိုးမိတ်-တွင်းငယ်ကြား စစ်တပ်ကင်းစခန်း ၃ ခု KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ၊ စကစ ၅ ဦးသေဆုံး ၂၀ ခန့်ထိခိုက်
၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||
ရှမ်းမြောက်၊ မိုးမိတ်မြို့နဲ့ မန္တလေး၊ တွင်းငယ်ကြားရှိ အကြမ်းဖက်စစ်တပ် ကင်းစခန်း ၃ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၉ ရက်၊ မနက်ပိုင်းမှစပြီး ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ်းကုန်း ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး LAIZA TV က နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာထားတာပါ။
အဲဒီစစ်ဆင်ရေးမှာ KIA တပ်မဟာ ၁၁၊ တပ်မဟာ ၄၊ ABSDF နဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်ရှိအချိန်မှာ မိုးမိတ်နဲ့ မြစ်ဆုံကြားရှိ ၅ မိုင်နဲ့ ၆ မိုင် ပတ်ဝန်းကျင် KIA ပူးပေါင်းတပ်တွေ ရှိရာဘက်သို့ စစ်ကောင်စီ စစ်ကြောင်းတွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | လူမှုကွန်ယက် (Screenshot)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤33👍11❤🔥1🥰1
◼️နွားထိုးကြီးမှာ စခန်းမှ ကင်းလှည့်လာတဲ့စစ်အုပ်စုကို PDF စောင့်ကြိုတိုက်ခိုက်၊ စကစ ၂ ဦးသေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ
၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မန္တလေး၊ နွားထိုးကြီးမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခန့်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရွာကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းမှ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုကို ကြိုတင်သတင်းအရ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့အပြင် သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံမြို့နယ် ပကဖနဲ့ တိုက်နယ် ၁ ပကဖ၊ ပြည်သူ့ကြယ်တပွင့် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံ ပကဖ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မန္တလေး၊ နွားထိုးကြီးမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခန့်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရွာကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းမှ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုကို ကြိုတင်သတင်းအရ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့အပြင် သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံမြို့နယ် ပကဖနဲ့ တိုက်နယ် ၁ ပကဖ၊ ပြည်သူ့ကြယ်တပွင့် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံ ပကဖ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤26👍14🥰2💯1
◼️နတ်တလင်းမှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စကစ ၅ ဦး သေဆုံး
၂၄ နိုဝင်ဘာ ||| နွေဦးအသံ |||
ပဲခူးဒေသ၊ နတ်တလင်းမြို့နယ်မှာ အစည်းအဝေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရှားစေးဖိုကျေးရွာနဲ့ လယ်မအင်းကျေးရွာတွေမှ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လက်ပါးစေ ပျူစောထီးတွေ ဘန့်ဘွေးကုန်းရွာမှာ အစည်းအဝေးလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဧရာညီနောင် မြို့ပြပြောက်ကျားအဖွဲ့က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားတာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတဲ့အပြင် ၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စစ်အုပ်စုဘက်မှ အင်အား များပြားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁၊ တပ်ရင်းတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၄ B.R.A တပ်ဖွဲ့၊ တပ်ခွဲ ၂ Phoenix DF တပ်ဖွဲ့ နဲ့ တပ်ခွဲ ၆ ဧရာညီနောင်စစ်ကြောင်း တပ်ပေါင်းစုအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ မထိခိုက်ခဲ့ပေမယ့် ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | Ayeyar NyiNaung

👍36❤8👏6
◼️ညောင်ဦးမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေး ၄ ဖွဲ့ ပကဖ ကွပ်ကဲမှုခံယူပြီး 'ပုဂံညီနောင်စစ်ကြောင်း'ဖွဲ့စည်း
၂၄ နိုဝင်ဘာ| နွေဦးအသံ |
မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုကို ပိုမို ထိရောက်စွာ တော်လှန်နိုင်ဖို့နဲ့ စစ်ရေးကွပ်ကဲမှု ပိုမိုခိုင်မာလာစေဖို့အတွက် ဒေသ ကာကွယ်ရေး အဖွဲ့ (LPDF) ၄ ဖွဲ့က နိုဝင်ဘာ ၂၃ ရက်မှာ မြို့နယ် ပကဖရဲ့ ကွပ်ကဲမှုကို ခံယူပြီး ပုဂံညီနောင် စစ်ကြောင်းအဖြစ် ပူးပေါင်း ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Black Eagle PDF ၊ ပုဂံညောင်ဦး အထူးတပ်ဖွဲ့ (Bagan Nyaung Oo Special Task Force PDF)၊ အရိန္ဒမာ PDF နဲ့ ရန်ကြီးအောင် PDF တပ်ဖွဲ့တွေက "ပုဂံညီနောင် စစ်ကြောင်း"အဖြစ် ပူးပေါင်း ဖွဲ့စည်းပြီး ကွပ်ကဲမှုခံယူလိုက်ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားတာပါ။
စစ်ရေး ကွပ်ကဲမှု ပိုမို ခိုင်မာလာစေရေးနဲ့ တော်လှန်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် အခုလိုပူးပေါင်းဖွဲ့စည်းပြီး ညောင်ဦး ပကဖ ရဲ့ ကွပ်ကဲမှုကို ခံယူလိုက်တာ ဖြစ်သလို တော်လှန်ရေး အောင်မြင်တဲ့အထိ လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ညောင်ဦး ပကဖ ၊ Bagan Nyaung Oo Special Task Force PDF
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၂၄ နိုဝင်ဘာ

❤30👍10🥰1