The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.8K photos
1.51K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌နွားထိုးကြီးမှာ စခန်းမှ ကင်းလှည့်လာတဲ့စစ်အုပ်စုကို PDF စောင့်ကြိုတိုက်ခိုက်၊ စကစ ၂ ဦးသေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ

၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||

မန္တလေး၊ နွားထိုးကြီးမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခန့်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရွာကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းမှ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုကို ကြိုတင်သတင်းအရ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့အပြင် သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံမြို့နယ် ပကဖနဲ့ တိုက်နယ် ၁ ပကဖ၊ ပြည်သူ့ကြယ်တပွင့် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံ ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤26👍14🥰2💯1
◼️‌နတ်တလင်းမှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စကစ ၅ ဦး သေဆုံး

၂၄ နိုဝင်ဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ နတ်တလင်းမြို့နယ်မှာ အစည်းအဝေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရှားစေးဖိုကျေးရွာနဲ့ လယ်မအင်းကျေးရွာတွေမှ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လက်ပါးစေ ပျူစောထီးတွေ ဘန့်ဘွေးကုန်းရွာမှာ အစည်းအဝေးလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဧရာညီနောင် မြို့ပြပြောက်ကျားအဖွဲ့က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတဲ့အပြင် ၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စစ်အုပ်စုဘက်မှ အင်အား များပြားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁၊ တပ်ရင်းတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၄ B.R.A တပ်ဖွဲ့၊ တပ်ခွဲ ၂ Phoenix DF တပ်ဖွဲ့ နဲ့ တပ်ခွဲ ၆ ဧရာညီနောင်စစ်ကြောင်း တပ်ပေါင်းစုအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ မထိခိုက်ခဲ့ပေမယ့် ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | Ayeyar NyiNaung

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍36❤8👏6
‎◼️ညောင်ဦးမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေး ၄ ဖွဲ့ ပကဖ ကွပ်ကဲမှုခံယူပြီး 'ပုဂံညီနောင်စစ်ကြောင်း'ဖွဲ့စည်း
‎
‎၂၄ နိုဝင်ဘာ | နွေဦးအသံ |
‎
‎မန္တလေးဒေသ၊ ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုကို ပိုမို ထိရောက်စွာ တော်လှန်နိုင်ဖို့နဲ့ စစ်ရေးကွပ်ကဲမှု ပိုမိုခိုင်မာလာစေဖို့အတွက် ဒေသ ကာကွယ်ရေး အဖွဲ့ (LPDF) ၄ ဖွဲ့က နိုဝင်ဘာ ၂၃ ရက်မှာ မြို့နယ် ပကဖရဲ့ ကွပ်ကဲမှုကို ခံယူပြီး ပုဂံညီနောင် စစ်ကြောင်းအဖြစ် ပူးပေါင်း ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
‎
‎ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Black Eagle PDF ၊ ပုဂံညောင်ဦး အထူးတပ်ဖွဲ့ (Bagan Nyaung Oo Special Task Force PDF)၊ အရိန္ဒမာ PDF နဲ့ ရန်ကြီးအောင် PDF တပ်ဖွဲ့တွေက "ပုဂံညီနောင် စစ်ကြောင်း"အဖြစ် ပူးပေါင်း ဖွဲ့စည်းပြီး ကွပ်ကဲမှုခံယူလိုက်ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားတာပါ။
‎
‎စစ်ရေး ကွပ်ကဲမှု ပိုမို ခိုင်မာလာစေရေးနဲ့ တော်လှန်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် အခုလိုပူးပေါင်းဖွဲ့စည်းပြီး ညောင်ဦး ပကဖ ရဲ့ ကွပ်ကဲမှုကို ခံယူလိုက်တာ ဖြစ်သလို တော်လှန်ရေး အောင်မြင်တဲ့အထိ လက်တွဲ‌ပူး‌ပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
‎
‎Photo | ညောင်ဦး ပကဖ ၊ Bagan Nyaung Oo Special Task Force PDF

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤30👍10🥰1
◼️‌စစ်ကိုင်း၊ ဆားတောင်ဒေသခံပြည်သူတွေထံ ခရိုင် ပကဖနဲ့အဖွဲ့ ကွင်းဆင်းတွေ့ဆုံဆွေးနွေးပြီး ပံ့သကူလက်ဆောင်ပေး

၂၄ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းခရိုင်အတွင်း ဒေသခံပြည်သူတွေကို ခရိုင် ပကဖ နဲ့ နယ်မြေခံအဖွဲ့တွေက တန်ဆောင်တိုင်ပံ့သကူလက်ဆောင်တွေ သွားရောက်ပေးအပ်ခဲ့ကြပြီး လုံခြုံရေး၊ ပညာရေးအခြေအနေ၊ အခက်အခဲတွေကို ရင်းနှီးစွာဆွေးနွေးခဲ့ကြသလို လမ်းပြုပြင်ရေးမှာလည်း လုပ်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ ဂျိန်းစိုးနဲ့ မင်းဆန်းတို့ လှုပ်ရှားခဲ့ရာ ဆားတောင်ဒေသရှိ ကျေးရွာ ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကို ခရိုင် ပကဖနဲ့ နယ်မြေခံအဖွဲ့တွေက ရင်းနှီးစွာ သွားရောက်တွေ့ဆုံခဲ့ကြတယ်လို့ ပကဖအသံက ‌‌ဖော်ပြထားတာပါ။

အခုလိုတွေ့ဆုံရာမှာ ဒေသခံပြည်သူတွေက လက်ရှိကာလမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ကျေးရွာရဲ့ လုံခြုံရေး၊ ပညာရေး အခြေအနေတွေအပေါ် ရင်းနှီးပွင့်လင်းစွာ ရင်ဖွင့်ဆွေးနွေးကြတာကို နားထောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံတွေ ပြုပြင်လိုတဲ့ မြစ်ရေကြောင့် ပျက်စီးခဲ့တဲ့ လမ်းတံတားတွေကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့တဲ့အပြင် တော်လှန်ပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့ လမ်းပြုပြင်ရာ လုပ်ငန်းခွင်မှာလည်း လုပ်အားပေးကူညီခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

အဲဒီနောက် တန်ဆောင်တိုင် ပံ့သကူလက်ဆောင်တွေကိုလည်း ခရိုင် ပကဖ ရဲဘော်၊ ရဲမေတွေနဲ့ နယ်မြေခံအဖွဲ့အစည်းတွေက ဒေသခံပြည်သူတွေထံ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတော်လှန်ပြည်သူတွေဟာ NUG အစိုးရအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး မြစ်ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ လမ်း၊ တံတားတွေကို ပရဟိတစိတ်၊ တော်လှန်ရေးအသိစိတ်တွေနဲ့ အခုလိုဝိုင်းဝန်းပြုပြင်ဆောင်ရွက်လျက်ရှိကြတာဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

Photo | ပကဖ အသံ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤30👍7🥰2❤‍🔥1