"နွေဦးတော်လှန်ရေးနေ့ "
Spring Revolution Day
(ဖေဖော်ဝါရီလ ၃ ရက်)
အိမ်အိမ်ရဲ့သူငယ်ချင်းတို့ရေ ...
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့တယ်။ ဒါကြောင့် တရားမျှတမှုကို မြတ်နိုးတဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ မတရားမှုကြီးကို ဆန့်ကျင်ဆန္ဒပြမှုတွေ စတင်ခဲ့တယ်။ လှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာတဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ဟာ "နွေဦးတော်လှန်ရေးနေ့" ဖြစ်လာခဲ့တယ်။
"နွေဦးတော်လှန်ရေး နေ့"ဟာ အာဏာရှင်အမြစ်ဖြတ်ဖို့ အိမ်အိမ်တို့ အတွက်အားမာန်ဖြစ်စေတဲ့ သမိုင်းတွင်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ သတ္တိ၊ အနာဂတ်မျိုးဆက်အတွက် စွန့်လွှတ်အနစ်နာခံနိုင်မှုနဲ့ စည်းလုံးညီညွတ်မှုတွေအတွက် ကိုယ်စားပြုတဲ့ "နွေဦးတော်လှန်ရေးနေ့"ကို ဂုဏ်ပြုကြမယ်နော် သူငယ်ချင်းတို့ရေ...။
#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#နွေဦးတော်လှန်ရေးနေ့

❤151👍9🔥1
"ကမ္ဘာ့ကင်ဆာနေ့ "
(World Cancer Day)
ဖေဖော်ဝါရီလ ၄ ရက်နေ့
အိမ်အိမ်ရဲ့ သူငယ်ချင်းတို့ရေ ...
ဒီနေ့ဟာ "ကမ္ဘာ့ကင်ဆာနေ့"ဖြစ်တယ်။
"ကမ္ဘာ့ကင်ဆာနေ့"ဟာ ကမ္ဘာတစ်ဝန်းကို ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အသိပညာမြှင့်တင်ရေးနဲ့ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများကို အားပေးဖို့ ရည်ရွယ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကျင်းပလေ့ရှိကြပါတယ်။
ဒီနှစ် ၂၀၂၅ ခုနှစ် "ကမ္ဘာ့ကင်ဆာနေ့"အတွက်" United by Unique"ဆိုတဲ့ ဆောင်ပုဒ်အရ မတူညီတဲ့ လိုအပ်ချက်တွေရှိကြတဲ့ ကင်ဆာရောဂါရှင်တွေ ရဲ့ တမူထူးခြားတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီး တညီတညွတ်တည်း ပူးပေါင်းကာကွယ် တိုက်ဖျက်ကြဖို့ တိုက်တွန်းနေကြတယ်။
"Close the Care Gap " ဆိုတဲ့ ကင်ဆာနေ့ရဲ့ အဓိကခေါင်းစဉ်အတိုင်း လူတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိနိုင်ရန် ဆန္ဒပြုရင်း "ကမ္ဘာ့ကင်ဆာနေ့" ကိုဂုဏ်ပြုကြပါစို့။
#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#WorldCancerDay

❤69👍12
"ကချင်တော်လှန်ရေးနေ့"
(ဖေဖော်ဝါရီလ ၅ ရက်)
ဒီနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ ကချင်လူမျိုးတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ သမိုင်းကြောင်းအစဉ်အလာကြီးမားခဲ့တဲ့ "ကချင်တော်လှန်ရေးနေ့" (၆၄) နှစ်မြောက် ဖြစ်ပါတယ်။
ကချင်တော်လှန်ရေးဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေထဲမှာ အစောဆုံးထဲကတစ်ခုဖြစ်ပါတယ်။ ကချင်အမျိုးသားတစ်ရပ်လုံးအပေါ် အခွင့်အရေးဖိနှိပ်မှုတွေ၊ ပင်လုံကတိက၀တ် ဖောက်ဖျက်ပျက်ကွက်မှုတွေကြောင့် စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခု၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလို စတင်တည်ထောင်ခဲ့တဲ့နေ့ကို "ကချင်တော်လှန်ရေးနေ့" အဖြစ်သတ်မှတ်ပြီး နှစ်စဉ်အခမ်းအနားများနဲ့ အလေးအနက်ကျင်းပကြပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို ရွပ်ရွပ်ချွံချွံ တော်လှန်ခဲ့၊ တော်လှန်နေဆဲဖြစ်တဲ့ ကချင်သွေးချင်းတို့ရဲ့ တော်လှန်ရေးနေ့ကနေ အားအင်သစ်လောင်းရင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို အရောက်လှမ်းနိုင်ပါစေကြောင်း အိမ်အိမ်က ဆုတောင်းကြိုဆိုလိုက်ပါတယ်။

❤82👍10
ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)
(ဖေဖော်ဝါရီလ ၇ ရက်)
ဒီနေ့က ဖေဖော်ဝါရီ (၇) ရက်၊ (၇၈) ကြိမ်မြောက် "ရှမ်းအမျိုးသားနေ့ (ဝါ) ရှမ်းပြည်နယ်နေ့" ပဲဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၆) ရက်ကနေ (၁၂) ရက် အတွင်း ကျင်းပတဲ့ ပင်လုံညီလာခံမှာ ရှမ်းအမျိုးသားသီချင်းနဲ့ ဝါ စိမ်း နီ ရှမ်း အမျိုးသား အလံတော်ကို အသိအမှတ် ပြုခဲ့ပြီး ဖေဖော်ဝါရီ (၇) ရက်နေ့ကို ရှမ်းအမျိုးသားနေ့ ၊ ဖေဖော်ဝါရီ (၁၂) ရက်ကို ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့အဖြစ် ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ် သူငယ်ချင်းတို့ရေ။
၁၉၆၂ ခုနှစ်မှာ အစိုးရက "ရှမ်းပြည်နယ်နေ့" လို့ပြောင်းလဲခဲ့ပေမဲ့လည်း ရှမ်းပြည်နယ်က တိုင်းရင်းသားသွေးချင်းတွေကတော့ "ရှမ်းအမျိုသားနေ့" အဖြစ်ကျင်းပတာက ပိုမိုသင့်တော်တယ်လို့ ဆိုကြပါတယ်။
အိမ်အိမ်တို့မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့တိုင်းရင်းသားတွေ အားလုံး ချစ်ခင်စည်းလုံးဖို့ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားဖို့၊ အချင်းချင်း ပိုမိုသိနားလည်ဖို့၊ တန်းတူအခွင့်အရေးများရရှိဖို့ ဆိုတဲ့ အခြေခံလွတ်လပ်ခွင့်တွေ ရှိဖို့လိုပါတယ်။ လွတ်လပ်ခွင့်တွေကိုပိတ်ဆို့တားဆီးနေတဲ့ စစ်အာဏာရှင်တွေကိုလည်း လက်တွဲညီညီတွန်းလှန်ကြဖို့ အိမ်အိမ်ကတိုက်တွန်းလိုက်ပါရစေ။

❤58👍14
This media is not supported in your browser
VIEW IN TELEGRAM
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)]
စနစ်ဟောင်း ဒသမတန်း ဖြေဆိုခွင့်ကာလ ထပ်မံအသိပေးနှိုးဆော်ခြင်း"
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)" စနစ်ဟောင်း ဒသမတန်းဖြေဆိုခွင့်သည် လာမည့် "၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့" တွင် သုံးလတာဖြေဆိုခွင့် သတ်မှတ်ကာလပြည့်မည် ဖြစ်သောကြောင့် ဖြေဆိုခွင့်အချိန်ကာလ "အချိန်ကာလ (၂၀) ရက်" သာ ကျန်ရှိတော့ပါကြောင်း
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ အချိန်မီသတိပြု ဖြေဆိုနိုင်ရန် ထပ်မံကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။
#NUG #MOENUG #MBEH #BECA
#HomeBasedLearning #Myanmar

❤37👍3
"ဝန်းကျင်သန့်မှ ဘေးကင်းရ"
အိမ်အိမ်ရဲ့သူငယ်ချင်းတို့ရေ ...
အိမ်အ်ိမ်တို့ ရဲ့ ဝန်းကျင်သန့်မှ ဘေးကင်းရမှာပါ။ အားလုံးဘေးကင်း ကျန်းမာကြပါစေ။
ကျန်းမာစွာနဲ့ စစ်အာဏာရှင်စနစ်ကို အားလုံးအတူတူ ခွန်အားအပြည့်နဲ့တွန်းလှန်တိုက်ဖျက်ကြမယ်နော်။
#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#ဝန်းကျင်သန့်မှဘေးကင်းရ

❤41👍8👎2
"ကရင်အမျိုးသားနေ့"
(ဖေဖော်ဝါရီလ ၁၁ ရက်)
ဒီနေ့က အိမ်အိမ်တို့ရဲ့ ကရင်လူမျိုးတိုင်းရင်းသားသွေးချင်းတွေအတွက် အရေးပါတဲ့နေ့တစ်နေ့ ဖြစ်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးကနေစပြီး ကရင်အမျိုးသားတွေက ပြည်နယ်အဆင့်တောင်မရရှိသေးတဲ့ ကရင်ပြည်အတွက် တောင်းဆိုခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၃) ရက်မှာတော့ ကေအဲန်ယူ (KNU) က ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရကို ကရင်ပြည်ပေးဖို့ စာရေးတောင်းဆိုပြီးဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာတော့ မြန်မာပြည်အနှံ့မှာရှိတဲ့ ကရင်အမျိုးသားညီအစ်ကိုမောင်နှမတွေက ကရင်လူထုဆန္ဒပြပွဲတွေကို အလေးအနက်ပြ ကျင်းပခဲ့ကြပါတယ်။
၁၉၅၃ ခုနှစ်၊ နို၀င်ဘာလ ၂၃-၂၅ ရက်နေ့ ဖာပွန်မြို့မှာ ကျင်းပတဲ့ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ကရင်တစ်မျိုးသားလုံး ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖော်ဖော်ဝါရီ (၁၁) ရက်နေ့ကို "ကရင်အမျိုးသားနေ့" လို့ တညီတညွတ်တည်း အတည်ပြုသတ်မှတ်ခဲ့ပါတယ်။
အိမ်အိမ်တို့ရဲ့ ကရင်သွေးချင်းညီအစ်ကိုမောင်နှမ "ကရင်အမျိုးသားနေ့" ကို အိမ်အိမ်သိသမျှ ဂုဏ်ပြုမျှဝေပြောပြရင်း တန်းတူညီမျှဝါဒဖြူစင်တဲ့မြေဖြစ်ဖို့ အိမ်အိမ်တို့အတူတူ စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးဖြိုချတော်လှန်ကြမယ်နော် ...

❤46👍9
"ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၈) နှစ်ပြည့်နေ့"
(ဖေဖော်ဝါရီလ ၁၂ ရက်)
သူငယ်ချင်းတို့ရေ ...
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ သမိုင်း၀င်ပင်လုံညီလာခံကြီးကို ကျင်းပခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာတော့ သမိုင်း၀င် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။
ပင်လုံစာချုပ်အရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကတိက၀တ်ပြု သဘောတူညီခဲ့ကြပေမဲ့လည်း၊ လွတ်လပ်ရေးရရှိပြီးတဲ့ကာလကစပြီး ဒီနေ့အချိန်အထိ ပင်လုံစာချုပ်ကတိက၀တ်တွေနဲ့ အနှစ်
သာရတွေကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့တာ မရှိပါဘူး။ "ပြည်ထောင်စုနေ့" လို့ သတ်မှတ်ပြီး နှစ်ပေါင်းများစွာ ဟန်ပြပွဲများပဲ လုပ်ခဲ့ပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဆွေးနွေးပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့ကစလို့ "ပြည်ထောင်စုနေ့" ဆိုတဲ့ အမည်ကို သုံးစွဲခြင်းမရှိတော့ဘဲ "ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့" အဖြစ် သတ်မှတ်ပြီး အခမ်းအနား ကျင်းပခဲ့ပါတယ်။
ဒီနေ့ဆိုရင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြတာ (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ် သူငယ်ချင်းတို့ရေ။

❤52🔥1
Forwarded from BECA Public FAQ
"မြန်မာစာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း"
၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) မြန်မာစာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို
ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။
#NUG #NUGMOE #BECA #Grade12
#SampleQuestion
⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️

❤11👍6
Forwarded from BECA Public FAQ
Grade 12 Myanmar BECA Sample Question (12-2-2025) (1).PDF
8.5 MB
❤10👍3