Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
"ကမ္ဘာ့ကလေးသူငယ်များနေ့"
၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ ၂၀ ရက်

မင်္ဂလာပါ သူငယ်ချင်းတို့ရေ
ဒီနေ့ကတော့ "ကမ္ဘာ့ကလေးသူငယ်များနေ့" ဖြစ်ပါတယ်။ ကမ္ဘာ့ကလေးသူငယ်များနေ့ဆိုတာ ကလေးအခွင့်အရေးနေ့လေးပဲဖြစ်ပါတယ်။ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့် နဲ့ ပါ၀င်ဆောင်ရွက်ခွင့်ဆိုတဲ့ အခွင့်အရေးတွေကို ရရှိခံစားဖို့ အသိပညာပေးတဲ့နေ့လေးလဲ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးသူငယ်များအတွက် အောက်မေ့သတိရခဲ့ကြရင်း ၁၉၈၉ ခုနှစ်၊ နို၀င်ဘာလ ၂၀ ရက်မှ စတင်ပြီး "ကမ္ဘာ့ကလေးသူငယ်များနေ့" ကိုကျင်းပဖို့ သဘောတူခဲ့ကြပါတယ်။

ကလေးသူငယ်များအတွက် ငြိမ်းချမ်းရေး၊ သက်၀င်လှုပ်ရှားတဲ့ကမ္ဘာမြေကို ရရှိရေး၊ ကလေးတိုင်းရဲ့အသံကို နားထောင်ရေး တို့က ဒီနေ့လေးကိုကျင်းပရတဲ့ရည်ရွယ်ချက်များပဲဖြစ်ပါတယ်။ မိဘပြည်သူများကလဲ ဒီနေ့လေးမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်
အရေးတွေကို သိရှိနားလည်ပြီး ကလေးသူငယ်တွေရဲ့အရေးကိစ္စတွေကို ပိုဆောင်ရွက်နိုင်စေဖို့ အိမ်အိမ်ကတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#HomeBasedLearning #Myanmar
❤103👍18🔥3
"အမျိုးသားအောင်ပွဲနေ့"
တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့


▪️မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက်/ ခရစ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှာ နယ်ချဲ့လက်အောက်ခံကိုလိုနီဘဝကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့ပါတယ်။

▪️၁၉၂၂ခုနှစ် ဇွန်လ ၁၇ နဲ့ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဂျူဗလီဟော၌ ကျင်းပခဲ့တဲ့ ဂျီစီဘီအေအထူးကွန်ဖရန့်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အင်္ဂလိပ်အစိုးရ၏တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရက်သတ်မှတ်ရာမှာ “အမျိုးသားနေ့” အဓိပ္ပါယ် ပြည့်စုံပီပြင်ပေါ်လွင်စေရန် အင်္ဂလိပ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ(၅)ရက်ကို မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။

အိမ်အိမ်တို့ရဲ့ ပညာရေးကိုသာမက တိုင်းပြည်ကိုပါ နိမ့်ပါးစေတဲ့ စစ်အာဏာရှင်တွေကို အတူတွန်းလှန်ရင်း စစ်မှန်တဲ့အမျိုးသားအောင်ပွဲနေ့အထိ ဆက်လက်တိုက်ပွဲဝင်ကြပါစို့ ...

#NUG #MOENUG #MBEH
❤130👍20🔥4
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း)  စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်နှင့်အညီ စတင် ဖြေဆိုနိုင်မည့်ရက်နှင့် ဖြေဆိုနိုင်သည့်ကာလကို ထုတ်ပြန်ကြေညာအပ်ပါသည်။

၁။  အွန်လိုင်း (Online) ဖြင့်ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်မှ စတင်၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

၂။  မြေပြင် (Offline) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ သက်ဆိုင်ရာ မြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ်ရက်တွင် စတင်ဖြေဆိုနိုင်ပြီ ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #BECA #MBEH
❤46👍15
This media is not supported in your browser
VIEW IN TELEGRAM
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုနိုင်ရန်အတွက် 'BECA Moodle LMS Account ရယူခြင်း' လမ်းညွှန်ဗီဒီယို ထုတ်ပြန်အသိပေးနှိုးဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment, BECA) (စနစ်ဟောင်း ဒသမတန်း) ဝင်ရောက်ဖြေဆိုနိုင်ရန် MES System တွင် စာရင်းသွင်းစဉ်က ရရှိခဲ့သော ကျောင်းသူ/သား ID နှင့် Password များကိုအသုံးပြုပြီး ဖြေဆိုရန် လိုအပ်သည့် Moodle LMS Account ကို ရယူထားရန် လိုအပ်ပါသဖြင့် ဝင်ရောက်ဖြေဆိုရန် Registration တင်ထားခဲ့သော ကျောင်းသားကျောင်းသူအသစ်များနှင့် ပြန်လည်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများသည် "Moodle LMS Account ရယူခြင်း" Computer Version နှင့် Phone Version ရှင်းလင်းချက်ဗီဒီယိုကို လေ့လာကြည့်ရှုပြီး "BECA Moodle LMS Account" ရယူထားနိုင်ပါရန် ထုတ်ပြန်အသိပေးနှိုးဆော်အပ်ပါသည်။

BECA ဆိုင်ရာ ဆက်သွယ်မေးမြန်းနိုင်မည့်နေရာများ

1. Channel 1 
BECA Official Email >> enquiry@be.moeedu.org

2. Channel 2 
BECA Official Email >> beca.info@be.moeedu.org 
❤25👍11🔥2
Forwarded from BECA Public FAQ
Media is too big
VIEW IN TELEGRAM
"BECA ဝင်ရောက်ဖြေဆိုနည်းအဆင့်ဆင့်လမ်းညွှန်ဗီဒီယို (Phone Version)" အသိပေးထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(Basic Education Completion Assessment, BECA) ဝင်ရောက်ဖြေဆိုရန် ဖုန်းဖြင့် Moodle LMS အကောင့်ကိုအသုံးပြုပြီး BECA ဝင်ရောက်ဖြေဆိုနည်းအဆင့်ဆင့် Phone Version ရှင်းလင်းချက်ဗီဒီယိုကို အသိပေးထုတ်ပြန်အပ်ပါသည်။

BECA ဆိုင်ရာ ဆက်သွယ်မေးမြန်းနိုင်မည့်နေရာများ

1. Channel 1 
BECA Official Email >> enquiry@be.moeedu.org

2. Channel 2 
BECA Official Email >> beca.info@be.moeedu.org 

BECA နှင့်စပ်လျဉ်း၍ မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >> https://t.me/BECApublicFAQ

#NationalUnityGovernment #NUG #Ministryofeducation #NUGMOE #BECA #MBEH #Myanmar
❤18👍9
Forwarded from BECA Public FAQ
Media is too big
VIEW IN TELEGRAM
"BECA ဝင်ရောက်ဖြေဆိုနည်းအဆင့်ဆင့်လမ်းညွှန်ဗီဒီယို (‌Computer Version)" အသိပေးထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(Basic Education Completion Assessment, BECA) ဝင်ရောက်ဖြေဆိုရန် Computer ဖြင့်
Moodle LMS အကောင့်ကိုအသုံးပြုပြီး BECA ဝင်ရောက်ဖြေဆိုနည်းအဆင့်ဆင့် Computer Version ရှင်းလင်းချက်ဗီဒီယိုကို အသိပေးထုတ်ပြန်အပ်ပါသည်။

BECA ဆိုင်ရာ ဆက်သွယ်မေးမြန်းနိုင်မည့်နေရာများ

1. Channel 1 
BECA Official Email >> enquiry@be.moeedu.org

2. Channel 2 
BECA Official Email >> beca.info@be.moeedu.org 

BECA နှင့်စပ်လျဉ်း၍ မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >> https://t.me/BECApublicFAQ

#NationalUnityGovernment #NUG #Ministryofeducation #NUGMOE #BECA #MBEH #Myanmar
❤20👍7
Forwarded from BECA Public FAQ
📣 📣 📣 ၄-၁၂-၂၀၂၄ 📣 📣 📣

"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (ဒသမတန်း စနစ်ဟောင်း) ဖြေဆိုခြင်းဆိုင်ရာ အွန်လိုင်း ဖြေဆိုသူကျောင်းသား/သူများလိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းခြင်းအစီအစဉ်" ကို

BECA ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအားရည်ရွယ်၍ ၄-၁၂-၂၀၂၄ ရက်နေ့တွင် ထပ်မံစီစဉ်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

တက်ရောက်လိုသောကျောင်းသားများအနေဖြင့် Meeting Link ကို https://mes.moeedu.org တွင် မိမိကိုယ်ပိုင် ID , Password ဖြင့်ဝင်ရောက်၍ ပင်မစာမျက်နှာတွင် ရယူနိုင်ပါကြောင်း ကြေညာအသိပေးနှိုးဆော်အပ်ပါသည် ။
👍39❤7🔥1
Forwarded from BECA Public FAQ
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online)
ဖြေဆိုမည့်ကျောင်းသား/သူများ လိုက်နာရန် စည်းကမ်းချက်များကို အသိပေးကြေညာခြင်း"

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်ဟောင်း ဒသမတန်း) ၏နောက်ဆုံးအကြိမ် ဖြေဆိုနိုင်သည့်ကာလသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) နေ့အထိ ဖြစ်ပါသဖြင့် အင်တာနက်ရှိပြီး ဘေးကင်းလုံခြုံသည့် နေရာတွင် အွန်လိုင်းဖြေဆိုသူများလိုက်နာရန်

၁။ စည်းကမ်းချက်များ (၁၆) ချက်
၂။ ဖြေဆိုခွင့်
၃။ BECA ဆိုင်ရာ တရားဝင်ဆက်သွယ်မေးမြန်းနိုင်မည့် ဆက်သွယ်ရန်နေရာများကို

သိရှိနိုင်စေရန် ကြေညာအသိပေး‌ထုတ်ပြန်အပ်ပါသည်။

#NUGMOE
#BECA
#BasicEducationCompletionAssessment
#MBEH
#MyanmarBasicEducationHome
❤46👍34
"Merry Christmas"
December 25

အိမ်အိမ်ရဲ့ သူငယ်ချင်းလေးတွေနဲ့ ပြည်သူများအားလုံး ခရစ်စမတ်အခါသမယလေးမှာ ဘေးဘယာတွေ‌ဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာ လိုရာပန်းတိုင်တွေဆီကို အရောက်လှမ်းနိုင်ပါစေလို့ အိမ်အိမ်က ဆုမွန်ကောင်းပို့သအပ်ပါတယ်။

#NUGMOE
#MBEH
#MerryChristmas
❤134👍8
''ကရင်နှစ်သစ်ကူးနေ့''
(ပြာသိုလဆန်း ၁ ရက်)

မင်္ဂလာပါ သူငယ်ချင်းတို့ရေ

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ပြာသိုလဆန်း ၁ ရက်ဟာ အိမ်အိမ်တို့ရဲ့သူငယ်ချင်း ကရင်လူမျိုးတွေရဲ့ "ကရင်နှစ်သစ်ကူးနေ့" ပဲ ဖြစ်ပါတယ်။

"ကရင်နှစ်သစ်ကူးနေ့" လေးကို ကြိုဆိုဂုဏ်ပြုရင်းနဲ့ပဲ အိမ်အိမ်တို့ရဲ့သူငယ်ချင်းတွေအားလုံး စည်းလုံးညီညွတ် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အမြန်ဆုံးရောက်ရှိကြစေဖို့ ပြည်သူ့ဘုံရန်သူ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး တွန်းလှန်ဖြိုချကြပါစို့နော် ✊✊✊✊✊

#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ကိုအောင်ရမည်

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#HomeBasedLearning #Myanmar
#ကရင်နှစ်သစ်ကူးနေ့
❤147👍11🔥2
''ကချင်ပြည်နယ်နေ့''
(ဇန်နဝါရီ ၁၀ ရက်)

သူငယ်ချင်းတို့ရေ
ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ဟာ အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ ကချင်တိုင်းရင်းသားတို့ အလေးအမြတ်ထားရာ (၇၇) နှစ်မြောက် "ကချင်ပြည်နယ်နေ့" ပဲ ဖြစ်ပါတယ်။

ကချင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ အိမ်အိမ်တို့အားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အမြန်ဆုံးရရှိအောင် ဆက်ပြီးလက်တွဲအားထုတ်သွားကြဖို့ ကချင်ပြည်နယ်‌နေ့ကို ဂုဏ်ပြုကြိုဆိုရင်း တိုက်တွန်းနှိုး‌ဆော်လိုက်ပါတယ်နော်။

#အရေးတော်ပုံအောင်ရမည်

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#ကချင်ပြည်နယ်နေ့
❤127👍16🔥1
"တအာင်းအမျိုးသားတော်လှန်ရေးနေ့"
(ဇန်နဝါရီ ၁၂ ရက်)

ဒီနေ့ကျရောက်တဲ့ "တအာင်းအမျိုးသားတော်လှန်ရေးနေ့" ဟာ (၆၂) နှစ်မြောက် ဖြစ်ပါတယ်။

အိမ်အိမ်တို့လည်း တအာင်းသွေးသားညီအစ်ကို‌၊ မောင်နှမတို့နဲ့အတူ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိအောင် အတူတူလျှောက်လှမ်းကြပါစို့ ။

#အရေးတော်ပုံအောင်ရမည်

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#HomeBasedLearning #Myanmar
❤100👍13
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁/၂၀၂၅)
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်)

"ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ကြေညာချက်"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE
❤45👍11
''နာဂနှစ်သစ်ကူးနေ့''
(ဇန်နဝါရီ ၁၅ ရက်)

သူငယ်ချင်းတို့ရေ
ဒီနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့က အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ နာဂလူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

🎯 နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အရင်က ရွာအလိုက်ကျင်းပခဲ့ကြပြီး ၁၉၅၇ မှာ မြို့နယ်အဆင့်နဲ့ ၁၉၉၀ ပြည့်နှစ်မှာ နာဂမျိုးနွယ်စုအကြီးအကဲတွေရဲ့ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ် ။ ပွဲတော်အတွင်းမှာလည်း “အာဟေး၊ အာဟေး” ဆိုတဲ့ မြန်မာဘာသာအရ “ကောင်းချီးမင်္ဂလာရှိပါစေ” ဆိုတဲ့ စကားနဲ့ နာဂလူမျိုး ညီအစ်ကိုမောင်နှမများက ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ပျော်ရွှင်စွာဆင်နွှဲလေ့ ရှိကြပါတယ်။

အိမ်အိမ်က ဒီနေ့မှာကျရောက်တဲ့ "နာဂနှစ်သစ်ကူးနေ့" ကို ဂုဏ်ပြုရင်း အိမ်အိမ်တို့နဲ့အတူ တရားမဝင်စစ်ကောင်စီရဲ့ ဆိုးယုတ်တဲ့စနစ်ဆိုးကို လက်တွဲတော်လှန်နေကြတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။

#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#နာဂနှစ်သစ်ကူးနေ့
❤59👍16🔥1
Forwarded from BECA Public FAQ
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၂/၂၀၂၅)
၁၃၈၆ ခုနှစ်၊ ပြာသိုလဆုတ် ၄ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)
နှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးတင်ပြခြင်း"


#NUG #NUGMOE #BECA #Grade12
❤53👍30
Forwarded from BECA Public FAQ
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] စနစ်ဟောင်း ဒသမတန်း ဖြေဆိုခွင့်ကာလ ထပ်မံအသိပေးနှိုးဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်‌ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) စနစ်ဟောင်း ဒသမတန်း" ဖြေဆိုခွင့်သည် လာမည့် "၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့" တွင် သုံးလတာ‌ဖြေဆိုခွင့် သတ်မှတ်ကာလပြည့်မည်ဖြစ်သောကြောင့် ဖြေဆိုခွင့်အချိန်ကာလ "အချိန်ကာလ (၁) လ" သာ ကျန်ရှိတော့ပါကြောင်း
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ထပ်မံကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

#NUG #MOENUG #MBEH #BECA
#HomeBasedLearning #Myanmar
❤33👍11🔥1