ဒီနေ့တော့ စာလုပ်လို့ကောင်းတဲ့ ကိုယ်ပိုင်နေရာလေးကို ဖိုးခွားကဘယ်လိုဖန်တီးထားလဲဆိုတာ အိမ်အိမ်ကမျှဝေပေးလိုက်ပါတယ်။ စာလေ့လာဖို့သင့်တော်တဲ့ပတ်ဝန်းကျင်ဟာ အောက်ကအချက်တွေနဲ့ ပြည့်စုံပါတယ်။
▪သတ်သတ်မှတ်မှတ်ထားခြင်း
ဧည့်ခန်းက စားပွဲလေးကတော့ ဖိုးခွားရဲ့ပင်တိုင်စာကြည့်နေရာလေးပေါ့။
▪အာရုံပျံ့လွင့်စေမည့်အရာများကင်းခြင်း
တီဗ္ဗီကြည့်တာအရမ်းကြိုက်တဲ့ ဖိုးခွားကတော့ ခုဆို တီဗွီကိုမမြင်ရတဲ့နေရာမှာ စာကြည့်စားပွဲကိုထားထားပါတယ်။ (အမိုးတို့ တီဗ္ဗီကြည့်လည်း အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့။)
▪အလင်းရောင်ကောင်းစွာရရှိခြင်း
ဖိုးခွားက အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စာကြည့်စားပွဲကိုထားတယ်။ နေ့လယ်ပိုင်းတွေဆို လျှပ်စစ်စွမ်းအင် ချွေတာရာလည်းရောက်တယ်လေ။
▪လေ၀င်လေထွက်ကောင်းခြင်း
ဖိုးခွားကတော့ စာကြည့်စားပွဲနားက ပြတင်းပေါက်တွေကို အကုန်လိုက်ဖွင့်ထားတယ်။ လေကောင်းလေသန့် ရှူရရင် ကျန်းမာရေးလည်းကောင်းပြီး စာလုပ်ရတာ ဉာဏ်ပိုရွှင်၊ စိတ်ကြည်လင်စေတယ်လေ။
▪ဆူညံသံကင်းခြင်း
ဖိုးခွားက အိမ်ကလူတွေကို စာလုပ်နေတဲ့အချိန်မှာ တီဗ္ဗီအကျယ်ကြီးဖွင့်တာ၊ စကားကျယ်ကျယ်ပြောတာတွေမလုပ်ဖို့ ကြိုမှာထားတယ်။
▪ရှင်းလင်းသပ်ရပ်ခြင်း
ဖိုးခွားက သူ့ရဲ့စာကြည့်စားပွဲမှာ လိုအပ်တဲ့ပစ္စည်းတွေပဲထားတယ်။ စားပွဲကရှုပ်ပွနေတဲ့အခါ စိတ်ပါရှုပ်တတ်တယ်လေ။ ဒါပေမယ့် ကိုယ့်စိတ်ကိုအေးချမ်းစေမယ့် အရာလေးတွေထားတာတော့ အကျိုးဖြစ်ပါတယ်။ ဖိုးခွားကအပင်စိုက်ရတာဝါသနာပါတဲ့အလျောက် သူ့စားပွဲမှာ ပန်းပင်လေးတင်ထားတယ်။
▪Bonus tips
အခုခေတ်မှာ ဖိုးခွားတို့ ဖိုးမူတို့ အရွယ်တွေလဲ စမတ်ဖုန်းကိုယ်စီနဲ့ဆိုတော့ စာလုပ်တဲ့အချိန်အာရုံမပျံ့လွင့်အောင် ကိုယ့်ရဲ့ဖုန်းကို အင်တာနက် ပိတ်ထားတာဖြစ်ဖြစ်၊ Airplane mode on ထားတာဖြစ်ဖြစ် အာရုံမပျံ့လွင့်အောင်ကာကွယ်နိုင်ပါတယ်။
▪ကျန်းမာရေးအတွက် တစ်နေ့တာမှာ ရေများများသောက်ဖို့လိုပါတယ်။
စာထဲ စိတ်အရမ်းရောက်သွားရင် ရေသောက်ဖို့မေ့သွားတတ်တယ်။ ဖိုးခွားကတော့ အနားမှာ ရေတစ်ဘူးအမြဲထားထားတယ်။
နောက်ပြီး တတ်နိုင်ရင် အနားမှာနာရီတစ်လုံးထားပြီး ၄၅မိနစ်တစ်ခါလောက် အနားယူ အညောင်းညာဖြေတာ မျက်စိအနားပေးတာလည်း လုပ်သင့်ပါတယ်။
သူငယ်ချင်းတို့အားလုံးလည်း စမတ် ကျကျ၊ ဇိမ်ရှိရှိနဲ့စာလုပ်နိုင်ကြပါစေ။
#MOENUG #HomeBasedLearning #Myanmar

👍25❤18
နေအိမ်အခြေပြုပညာသင်ယူခြင်းဟာ Digital စနစ်ကို စတင်အခြေခံပြီးသွားမှာဖြစ်တဲ့အတွက် သူငယ်ချင်းတို့အနေနဲ့ Internet ချိတ်ဆက်ပြီးအသုံးပြုလို့ရတဲ့ Device တစ်ခု (စမတ်ဖုန်း, Tablet, laptop အစရှိသဖြင့်) လိုအပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးရင်းမြစ်တွေကို Moodle Platform ၊ Facebook Social Media ၊ YouTube Channel ၊ Telegram Channel ၊ Viber Channel များမှာ အခကြေးငွေ ပေးသွင်းစရာ မလိုဘဲ ဝင်ရောက်ကြည့်ရှု၊ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ အင်တာနက်မရရှိတဲ့ဒေသတွေမှာလည်း ပညာရေးအရင်းအမြစ်များကို WiFi File Transfer (Zapya), Bluetooth, OTG, USB Memory စသဖြင့်အသုံးပြုပြီး ရပ်ရွာအခြေပြုပညာရေးအဖွဲ့အစည်းများမှတဆင့် ကူးယူဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Offline ပုံစံဖြင့် ရေဒီယို အစီအစဉ်များ၊ Hard Copy & Soft Copy Memory Package များ၊ ဖုန်းနှင့် တက်ဘလက်များမှာ အသုံးပြုနိုင်တဲ့ Application software စသည့် ပုံစံအမျိုးမျိုးနဲ့လည်း ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Online ပညာရေးရင်းမြစ်တွေနဲ့ သတင်းအချက်အလက်တွေကို အောက်ဖော်ပြပါ လိပ်စာများတွင် စဉ်ဆက်မပြတ် ဖြန့်ဝေပေးသွားမှာ ဖြစ်တဲ့အတွက် အမြဲစောင့်ကြည့် လေ့လာကြပါနော် ….
https://www.facebook.com/BE.moeNUG/
https://t.me/BEmoeNUG
https://www.facebook.com/moeNUGMyanmar
https://moe.nugmyanmar.org/
နည်းပညာနဲ့ရင်းနှီးကျွမ်း၀င်မှုအားနည်းသေးတဲ့ သူငယ်ချင်းများ နဲ့ မိဘများအတွက်လည်း သင်ကြားရေးနည်းပညာအသုံးပြုပုံများကို video file တွေနဲ့ social media များကတဆင့် ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဖေဖေ၊ မေမေတွေ၊ အိမ်ကလူကြီးတွေအတွက်လည်း နေအိမ်အခြေပြုပညာသင်ယူခြင်းကာလမှာ သူငယ်ချင်းတို့စာကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပံ့ပိုးပေးနိုင်မယ့် လမ်းညွှန်အကြံပြုချက်တွေကိုလည်း သက်ဆိုင်ရာ online platform များမှတဆင့်မျှဝေပေးသွားမှာဖြစ်ပါတယ်။
နောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ အခြားအခက်အခဲများကိုလည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ အိမ်အိမ်နဲ့ အဆက်အသွယ်မပြတ်နေရကြအောင်နော်။

👍22❤4
မင်္ဂလာပါ!
နေအိမ်အခြေပြုသင်ကြားရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ၊ သိမှတ်ဖွယ်တွေဝေမျှပေးနေတဲ့ အိမ်အိမ်ပါ။ ဒီနေ့မှာ အိမ်အိမ်က ဖေဖေ၊မေမေတို့သိထားသင့်တဲ့ ကလေးတွေရဲ့အမူအကျင့်တွေ၊ သင်ယူမှုပုံစံတွေကို ပြောပြမယ်နော်....။
▪နေအိမ်အခြေပြုသင်ကြားရေးအစီအစဥ်ဟာ အတန်းတင်ခြင်း၊ အတန်းတက်ခြင်းများသတ်မှတ်ရန် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကလေးများ စာနှင့်ဝေးမသွားအောင် သင်ယူခြင်းလုပ်ငန်းများတွင် ပျော်ပျော်ရွှင်ရွှင်ပါဝင်သင်ယူရင်း အချိန်များအကျိုးရှိစွာကုန်ဆုံးသွားစေခြင်းတို့အတွက် ဆောင်ရွက်သောအစီအစဥ်ဖြစ်ပါတယ်။
နေအိမ်အခြေပြုသင်ကြား၊သင်ယူခြင်းမှာဆိုရင် ဖေဖေ၊မေမေတို့အနေနဲ့ အောက်ပါအချက်တွေနဲ့ ညီညွှတ်စေဖို့ အမြဲကြိုးစားဂရုပြု ပေးရပါမယ်။
●(က) ရိုးရှင်းရမယ်
●(ခ) လွယ်ကူရမယ်
●(ဂ) ပျော်စရာကောင်းရမယ်
●(ဃ) သက်တောင့်သက်သာရှိရမယ်
●(င) စိတ်ဖိစီးမှုမများစေရဘူး
ဒီအချက်တွေနဲ့ကိုက်ညီမှသာ သားသား၊မီးမီးတို့အတွက် သင့်တင့်မျှတတဲ့၊ လုံခြုံမှုပေးနိုင်တဲ့ နေအိမ်အခြေပြုသင်ကြားရေးပုံစံ ဖြစ်ပါလိမ့်မယ်။
▪နေအိမ်အခြေပြုသင်ကြားရေးဆောင်ရွက်ရာမှာ အသက်(၆)နှစ်နှင့်အထက်ကလေးများအတွက် တစ်နေ့လျှင်ပုံမှန်အားဖြင့် သုံးနာရီခန့်၊ တစ်ပတ်လျှင် ဆယ့်ငါးနာရီခန့်နှင့် ငါးရက်ခန့် စသည်ဖြင့် မိမိကလေးရဲ့သင်ယူနိုင်မှုစွမ်းရည်အပေါ်မူတည်ပြီး လုံလောက်သောအနားယူချိန်လေးများနဲ့ စိတ်ဖိစီးမှုမများစေဘဲ သင်ယူနိုင်ဖို့ စီစဥ်ဆောင်ရွက်ပေးသင့်ပါတယ်။
▪ကလေးငယ်များဟာ သင်ယူခြင်းကို ကျောင်းစတင်တက်ရောက်မှ စတင်ခြင်းမဟုတ်ဘဲ မွေးကင်းစအရွယ်မှာတင် စတင်သင်ယူတတ်ကြပါတယ်။ မွေးကင်းစမှ အသက်(၈)နှစ်အရွယ်အတွင်း ကလေးများရဲ့ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုဖြစ်စဥ်ဟာ ကလေးများရဲ့ဘဝတစ်လျှောက်လုံးသင်ယူဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော အချိန်ကာလဖြစ်ပါတယ်။
မွေးကင်းစအရွယ်မှ အသက်ရှစ်နှစ်အရွယ်ကြားရှိ ကလေးများအတွက် နေအိမ်အခြေပြုသင်ယူခြင်းကို အောက်ပါ အတိုင်းပြုစုပျိုးထောင်ပေးဖို့ ပညာရှင်များကအကြံပြုထားပါတယ်။
▪မွေးကင်းစမှအသက်(၂)နှစ်အရွယ်ထိ
ဤအသက်အရွယ်ကလေးငယ်များရဲ့တွေးခေါ်မှုပုံစံကို ၎င်းတို့၏လှုပ်ရှားမှုနှင့် အာရုံခံအင်္ဂါများ၏အထိအတွေ့မှရလာသော အသိများကလွှမ်းမိုးထားပါတယ်။ ဤအဆင့်ကို အာရုံကြောကြွက်သားထိန်းချုပ်မှုဖြင့်ခန္ဓာကိုယ်လှုပ်ရှားနိုင်သောအဆင့်(Sensory Motor Stage) လို့ခေါ်ပါတယ်။
ဤအဆင့်တွင်အာရုံခံအင်္ဂါများနှင့်ထိတွေ့ခြင်းသည် အရေးကြီးသောသင်ယူမှုပုံစံဖြစ်ပါတယ်။ ခြောက်လနှင့်အထက်အရွယ်ကလေးငယ်များအတွက် ဝမ်းလျားမှောက်လေ့ကျင့်ခန်း (Tummy time) ကို တစ်ကြိမ်လျှင်တစ်မိနစ်နှုန်းဖြင့် နှစ်ကြိမ်မှသုံးကြိမ်အထိ လေ့ကျင့်ပေးလို့ရပါတယ်။ ထိုမှ ခြောက်လမှ (၁၂)လကြားတွင် လှိမ့်ခြင်း၊ ထိုင်ခြင်း၊ တွားသွားခြင်း စသည့်လှုပ်ရှားမှုတို့က ကလေးတစ်ဦးစီရဲ့ဖွံ့ဖြိုးမှုအလိုက် ပြောင်းလဲတိုးတက်လေ့ရှိပါတယ်။
▪(၁၂) လနှင့် (၂၄)လကြားမှာ ရွေ့လျားနိုင်လာကာအစမ်းလမ်းလျှောက်လာနိုင်ခြင်း၊ အစာကိုပိုမိုဝါးစားလာနိုင်ခြင်း၊ သွားများပေါက်လာကာစကားပြောရန်ကြိုးစားလာလေ့ရှိပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းကိုသာမက ဉာဏ်ရည်ကိုပါအသုံးပြုရန် အဆင်သင့်ဖြစ်လာတတ်ကြပါတယ်။ ထိုမှတဆင့် မတ်တပ်သွားစအရွယ်တွင် မိမိခန္ဓာကိုယ်ကို သတိထားမိစပြုလာပြီး လူကြီးများ၏အကူအညီမပါဘဲ လုပ်ဆောင်နိုင်ခြင်းများကို ပီတိဖြစ်တတ်လာကြပါတယ်။
ဤအဆင့်တွင်ကလေးငယ်များ၏လုပ်ဆောင်မှုများကို လက်ခုပ်တီးအားပေးခြင်း၊ ချီးကျူးပေးခြင်းတို့ကိုဖေဖေ၊မေမေတို့က အဓိကလုပ်ပေးကြရပါမယ်။ကလေး၏အရွယ်နှင့်ကိုက်ညီသော ရွေးချယ်စရာများဖန်တီးပြီး လူကြီးများရဲ့လွှမ်းမိုးမှုမပါပဲ ရွေးချယ်ခွင့်ပေးကာ ကလေးများကိုအားပေးချီးမြောက်ပြီး ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် ဖန်တီးပေးရပါမယ်။
▪အသက် ၂ နှစ်မှ ၇ နှစ်အရွယ်အထိ
ဤအဆင့်တွင် ကလေးများက မိမိတို့ပတ်ဝန်းကျင်ရှိအရာများကိုနားလည်ရန်နှင့် ၎င်းတို့၏ တွေးတောဆင်ခြင်နိုင်စွမ်းကိုချဲ့ထွင်ရန် ဘာသာစကားနှင့်အခြားစိတ်ကူးစိတ်သန်းများကို အသုံးပြုလာနိုင်ကြပါတယ်။
ဤအဆင့်ကို ဉာဏ်ရည်ဖွံ့ဖြိုးရန်အားယူနေသောအဆင့်(Pre-Operational Stage) လို့သတ်မှတ်ထားပါတယ်။
လူကြီးများကဲ့သို့ သဘာဝကျကျ ယုတ္တိရှိရှိတွေးခေါ် နိုင်ခြင်းမရှိသေးဘဲ တွေးခေါ်မှုဆိုင်ရာဖွံ့ဖြိုးမှုအဆင့်ပဲ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ တွေးခေါ်မှုဆိုင်ရာလေ့ကျင့်ခြင်းများကို အောက်ပါအတိုင်းလေ့ကျင့်သင်ကြားပေးသင့်ပါတယ်။
■၂နှစ်မှ ၃နှစ်အရွယ် ကလေးများအတွက် (၈မိနစ်မှ ၁၂မိနစ်အထိ) တစ်နေ့နှစ်ကြိမ်
■၃နှစ်မှ ၄နှစ်အရွယ် ကလေးများအတွက် (၁၀မိနစ်မှ ၁၅မိနစ်အထိ) တစ်နေ့နှစ်ကြိမ်
■၄နှစ်မှ ၅နှစ်အရွယ် ကလေးများအတွက် (၁၅မိနစ်မှ ၂၀မိနစ်အထိ) တစ်နေ့နှစ်ကြိမ်
■၅နှစ်မှ ၆နှစ်အရွယ် ကလေးများအတွက် (၂၀မိနစ်မှ ၃၀မိနစ်အထိ) တစ်နေ့နှစ်ကြိမ်
ကဲ အခုဆိုရင် ဖေဖေ၊မေမေတို့အနေနဲ့ မိမိတို့ရဲ့ကလေးတွေရဲ့ သင်ယူမှုပုံစံတွေ၊ သင်ယူမှုလက်ခံနိုင်စွမ်းတွေကို သိရှိသွားကြပြီဆိုတော့ ပညာရှင်တွေရဲ့အကြံပြုချက်တွေနဲ့အတူ နေအိမ်အခြေပြုသင်ကြားရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်နော်။
နောက်ထပ်ပို့စ်တွေမှာ ကျန်းမာပျော်ရွှင်စွာပြန်တွေ့ကြမယ်နော်.....။

👍24❤1
360ed ဆိုတာ ပုံရိပ်ယောင် AR, VR နည်းပညာတွေကိုအခြေခံပြီး စမတ်ဖုန်း၊ Tablet တွေနဲ့အသုံးပြုနိုင်တဲ့ ပညာရေးသင်ထောက်ကူပစ္စည်းတွေကို တီထွင်ထုတ်လုပ်ပေးနေတဲ့ ပညာရေးနည်းပညာကုမ္ပဏီ တစ်ခုပဲဖြစ်ပါတယ်။
ယခု နေအိမ်အခြေပြုသင်ကြားရေးကာလမှာ သူငယ်ချင်းတို့အနေနဲ့ 360ed ကထုတ်ထားတဲ့ 360ed universe application လေးကိုအသုံးပြုပြီး Grade 1,2,3,6 အတွက် အင်္ဂလိပ်စာဘာသာရပ်နဲ့ Grade 1 အတွက် သိပ္ပံဘာသာရပ်တွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
Application မှာ ပုံရိပ်ယောင်နည်းပညာ Augmented Reality (AR) နဲ့ 4D ရုပ်လုံးကြွနည်းပညာတွေလဲ ပါ၀င်လို့ ဝေါဟာရနဲ့ပုံရိပ် ဆက်စပ်သင်ကြားနိုင်စွမ်းကို အထောက်အကူဖြစ်စေပါတယ်။ နောက်ပြီး သင်ခန်းစာအလိုက် audio support လဲပါ၀င်လို့ အသံနဲ့တွဲပြီးသင်ယူချင်တဲ့ ဘော်ဘော်တွေအကြိုက်ပဲပေါ့။
လတ်တလောမှာတော့ Android အတွက်ပဲ အထောက်အပံ့ပေးထားပြီး သူငယ်ချင်းတို့အနေနဲ့ အောက်မှာပေးထားတဲ့ link ကတစ်ဆင့် Google Play Store မှာရယူနိူင်ပါတယ်။
https://play.google.com/store/apps/details?id=com.threesixtyed.universe&hl=en&gl=US
Application အသုံးပြုခြင်းနဲ့ပက်သက်တဲ့ အချက်အလက်များနဲ့ အခြားဆက်စပ်အကြောင်းအရာများကို 360 ed Facebook Page မှာလေ့လာဖတ်ရှုနိင်ပါတယ်။
https://www.facebook.com/360edOfficial

👍19
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-5)
လူတွေရဲ့ လုပ်ငန်းဆောင်တာတွေ့၊ တစ်နေ့တာအချက်အလက်တွေကို မှတ်သားဖို့အတွက် မှတ်ဉာဏ်(Memory)ရှိသလို ကွန်ပျူတာမှာလည်း ဒေတာတွေကို မှတ်သားထားဖို့၊ သိမ်းဆည်းထားဖို့ Memory ဆိုတာ ပါရှိပါတယ်။
ဒီနေ့မှာတော့ မြောက်မြားလှတဲ့ ဒေတာတွေကို Memoryထဲမှာ ကွန်ပျူတာက ဘယ်လိုသိမ်းဆည်းလဲဆိုတာကို ပြုံးပြုံးက ပြောပြပေးသွားမှာဖြစ်ပါတယ်။
ဒီ Episode-5 မှာတော့
▪️ကွန်ပျူတာတစ်လုံး ဘယ်လို အလုပ်လုပ်သလဲ?
▪️Memory ဆိုတာဘာလဲ?
▪️Memory ဘယ်နှမျိုးရှိသလဲ? ဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
စနေနေ့တိုင်းမှာ ကွန်ပျူတာရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေကို ထပ်ပြီးပြောပြပေးသွားမှာကြောင့် စောင့်ကြည့်ဖို့မမေ့နဲ့နော် သူငယ်ချင်းတို့ရေ ❤️
#MOENUG #HomeBasedLearning #Myanmar #Basic #Computer

❤8👍3
▪ ကမ္ဘာ့ဆရာများနေ့ကို 1994 ခုနှစ်မှာ United Nations Educational, Scientific and Cultural Organization (UNESCO) ကစတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်းရဲ့ အောက်တိုဘာလ(5)ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ်သတ်မှတ်ပြီး UNESCO, UNICEF ရဲ့ ILO(The International Labour Organization) နဲ့ EI (Education International) တို့အတူပူးပေါင်းပြီး 1996 ခုနှစ်မှာ စတင်ကျင်းပခဲ့ကြပါတယ်။
▪ ကမ္ဘာ့ဆရာများနေ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပညာသင်ကြားပေးသူ ဆရာ၊ ဆရာမ (Educators) များရဲ့အရေးပါမှုကို အသိအမှတ်ပြုဖို့၊ ဂုဏ်ပြုဖို့ နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
▪ နှစ်စဥ်နှစ်တိုင်း Theme အမျိုးမျိုးနဲ့ကျင်းပလေ့ရှိပြီး 2021နှစ်မှာတော့ "Teachers at the heart of education recovery" ဆိုတဲ့ theme နဲ့ ကျင်းပဂုဏ်ပြုမှာ ဖြစ်ပါတယ်။
▪ အိမ်အိမ်အခုလိုဗဟုသုတတွေဝေမျှနိုင်နေတာ၊ အိမ်အိမ်ရဲ့သူငယ်ချင်းတွေအခုလိုပညာလေ့လာသင်ယူနေနိုင်တာဟာ အိမ်အိမ်တို့ ဆရာ ၊ဆရာမတွေရဲ့ သင်ပြလမ်းညွှန်မှုတွေကြောင့်ဖြစ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ ဆရာ ၊ဆရာမတွေကို ကျေးဇူးတင်ဂုဏ်ပြုပေးဖို့မမေ့ကြနဲ့နော်.....။
နောက်ထပ်ပို့စ်တွေမှာ အိမ်အိမ်နဲ့ နေကောင်းကျန်းမာစွာ ပြန်တွေ့ကြပါမယ်......။
#MOENUG #HOMEBASEDLEARNING #Myanmar

👍7
▪ NUG MoE Learning Centre အတွက် ကမ္ဘာမှာအသုံးပြုမှုအများဆုံး Learning Management System ထဲက တစ်ခုဖြစ်တဲ့ Moodle ကို အသုံးပြုထားပါတယ်။
ပထမဆုံး Moodle က ဘာကြီးလဲဆိုတာကို အိမ်အိမ်က ပြောပြပေးပါ့မယ်...
▪ Moodle ဆိုတာကဝောာ့ online ကနေ အလွယ်တကူ စာသင်ယူလို့ရမယ့် Learning Platform တစ်ခုပဲဖြစ်ပါတယ်။ ခုဆိုရင် သူငယ်ချင်းတို့အတွက် MoE NUG Myanmar Moodle Learning Centre ကို မိတ်ဆက်ပေးလိုက်ပြီမို့ onlineကနေစာသင်ရဖို့ မပူရတော့ဘူးပေါ့။
▪ အခုလိုခက်ခဲတဲ့ကာလမှာ သူငယ်ချင်းတို့ အလွယ်တကူ စာလေ့လာသင်ကြားနိုင်အောင် အိမ်အိမ်တို့ရဲ့ NUG MoE Online Learning Centre တစ်ခုဖြစ်တဲ့ Moodle Platform ကနေ Grade အလိုက်သင်ခန်းစာတွေကို မျှဝေပေးသွားမှာဖြစ်သလို ကျောင်းသုံးစာအုပ်တွေ၊ Teacher’s Guide တွေနဲ့ နေအိမ်အခြေပြုသင်ယူခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်စာအုပ်တွေကိုလည်း ရယူနိုင်မှာပါ။
ဒါဆိုရင် သူငယ်ချင်းတို့က MoE NUG Myanmar's Moodle Learning Platform Link ဖြစ်တဲ့
https://learning-moe.nugmyanmar.org/be/ ကနေ စာလေ့လာလို့ရတယ်ဆိုတာကို မှတ်ထားပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေပေးပါဦးနော်။

👍8❤1
Myanmar Basic Education Home pinned «‟ ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည် ” ❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလ နေအိမ်အခြေပြုပညာသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် အသုံးပြုသွားမယ့် Learning Channels များကို အိမ်အိမ်က မ…»
သူငယ်ချင်းတို့ရေ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ်(Home-Based Learning) နဲ့ ပညာသင်ကြားတဲ့အခါ အတန်းအလိုက် သင်ခန်းစာတွေလေ့လာနိုင်မယ့်၊ အခက်အခဲတွေကို မေးမြန်းဆွေးနွေးနိုင်မယ့် Facebook Groups တွေနဲ့ မိတ်ဆက်ပေးပါရစေ။
✅သက်ဆိုင်ရာအတန်းရဲ့ Facebook Group Link ကိုဝင်ရောက်ပြီး Join Groupကို နှိပ်ပါ။
✅သင်ခန်းစာများအား အစဉ်လိုက် ကြည့်ရှူရန်အတွက် Guides ကို နှိပ်ပါ။
✅Guide 1 မှစ၍ အစဉ်လိုက်သင်ယူနိုင်မည်ဖြစ်ပါသည်။
✅Lesson တစ်ခုပြီးဆုံးပါက Videoအောက်ခြေရှိ Done ကိုနှိပ်၍ ပြီးမြောက်ကြောင်း မှတ်သားနိုင်ပါသည်။
✅သင်ခန်းစာဆိုင်ရာအခက်အခဲများကိုလည်း မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပြီး အခက်အခဲတွေကို အချင်းချင်းတိုင်ပင်ဆွေးနွေး ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
အောက်ပါ သက်ဆိုင်ရာ Groups လေးတွေကို Join ထားလိုက်ကြပါတော့နော် ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ် နဲ့ သူငယ်ချင်းလေးတို့ရေ ...
📌 Facebook Learning Channels’ Group Link
→ Myanmar Basic Education Home Page - https://m.facebook.com/BE.moeNUG/
→ KG - https://www.facebook.com/groups/kg.moe
→ Grade 1 - https://www.facebook.com/groups/grade1.moe
→ Grade 2 - https://www.facebook.com/groups/grade2.moe
→ Grade 3 - https://www.facebook.com/groups/grade3.moe
→ Grade 4 - https://www.facebook.com/groups/grade4.moe
→ Grade 6 - https://www.facebook.com/groups/grade6.moe
→ Grade 7 - https://www.facebook.com/groups/grade7.moe
→ Grade 8 - https://www.facebook.com/groups/grade8.moe
→ Grade 9 - https://www.facebook.com/groups/grade9.moe
→ Grade 10 - https://www.facebook.com/groups/grade10.moe
→ Grade 11 - https://www.facebook.com/groups/grade11.moe
→ IT & General Knowledge - https://www.facebook.com/groups/itgk.moe
သူငယ်ချင်းတို့ရေ အိမ်အိမ်နဲ့ အတူ နေအိမ်မှာ လုံခြုံပျော်ရွှင်စွာ စာလေ့လာကြရအောင်။ အခက်အခဲတစ်ခုခု ရှိရင်လည်း တိုင်ပင်ဆွေးနွေးဖို့ ဝန်မလေးပါနဲ့နော်။ ❤

👍15❤4🔥1
ကျောင်းသူကျောင်းသား လူငယ်အများစုဟာ နေ့စဉ်ဘဝကို ဖြတ်သန်းရာမှာ တစ်ခါတစ်ရံ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဒဏ်ရာရရှိခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးများဟာ သူတို့ချစ်ခင်ရသူတစ်ယောက်ယောက် ဆုံးပါးသွားခြင်း၊ ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ရပါက အချိန်ကြာမြင့်စွာ စိတ်ဒဏ်ရာရရှိနိုင်ပါတယ်။
❤1