Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-1)

တိုးတက်လာတဲ့ခေတ်နဲ့အညီ ကွန်ပျူတာတွေ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာတဲ့အကြောင်းကို "အိမ်အိမ်"က ပြောပြပေးဖို "လုံးလုံး" ကို ဖိတ်ခေါ်ထားပါတယ်။ "လုံးလုံး" ကိုနှုတ်ဆက်လိုက်ပါအုံး!

▪️ ကွန်ပျူတာတွေရဲ့ တီထွင်မှုအစကဘာလဲ?
▪️ ကွန်ပျူတာတွေ ဘယ်လိုအလုပ်လုပ်သလဲ?
▪️ ကွန်ပျူတာကို ဦးဆုံးတီထွင်ခဲ့သူဟာ ဘယ်သူတွေလဲ?
▪️ ကွန်ပျူတာတွေရဲ့ လုပ်မှုအဆင့်ဆင့်အသေးစိတ်နဲ့ ကွန်ပျူတာဟာ လူသားတွေကို ဘယ်လိုအကျိုးရှိတဲ့ အကူအညီတွေပေးခဲ့လဲ ? ဆိုတာတွေကို ခု videoလေးမှာ ကြည့်ရှူနိုင်ပါတယ်။

သူငယ်ချင်းတိုရေ ဒီလိုဗဟုသုတရဖွယ် "Basic Computer Knowledge For Kids" Video Series လေးကို အပတ်စဉ် စနေနေ့ည (၈) နာရီတိုင်း ဒီ Page ကနေ "လုံးလုံး" က တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူဖိုမမေ့ပါနဲ့နော်…

#MOENUG #HomeBasedLearning #Myanmar #Basic #Computer
👍12❤8
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-2)

သူငယ်ချင်းတို့ရေ ဒီတစ်ပတ်မှာလည်း လုံးလုံးက နောက်ထပ် ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်တွေကို ထပ်ပြီးပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Episode-2 မှာတော့…

◼ကွန်ပျူတာဆိုတာဘာလဲ?
◼ကွန်ပျူတာကို အသုံးပြုပြီး ဘယ်လိုအရာတွေ လုပ်ဆောာင်နိုင်မလဲ?
◼နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ ကွန်ပျူတာပစ္စည်းတွေက ဘာတွေလဲ?
◼ကွန်ပျူတာကို ဘယ်လိုဖွဲ့စည်းထားသလဲ?
◼Hardware ဆိုတာ ဘာလဲ?
◼Software ဆိုတာ ဘာလဲ? ဆိုတာတွေကို ကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။

“Basic Computer Knowledge For Kids” Video Series လေးကို လုံးလုံးက အပတ်စဉ် စနေနေ့ ည (၈) နာရီတိုင်း ဒီ Page မှာ တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှူဖို့ မမေ့ပါနဲ့နော်...

#MOENUG #HomeBasedLearning #Myanmar #Basic #Computer
👍15❤4
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-3)
သူငယ်ချင်းတို့ရေ ဒီတစ်ပတ်မှာလည်း လုံးလုံးက နောက်ထပ် ကွန်ပျူတာတွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို လေ့လာကြည့်လိုက်ရအောင်
ဒီ Episode-3 မှာတော့…
◼Input Devices, Output Devices, Storage Devices စတဲ့အကြောင်းတွေကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီ Video Series လေးကို လုံးလုံးက အပတ်စဉ် စနေနေ့ ည (၈) နာရီတိုင်း မှာ တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှူဖို့ မမေ့ပါနဲ့နော်...
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
❤4
Media is too big
VIEW IN TELEGRAM
သူငယ်ချင်းတို့ရေ ဒီတစ်ပတ် စနေနေ့မှာတော့ ကွန်ပျူတာတစ်လုံး အလုပ်လုပ်ဆောင်ဖို့အတွက် ဘယ်စက်ပစ္စည်းကိရိယာတွေက ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ပေးနေသလဲဆိုတာကို ပြုံးပြုံးက မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီ Episode-4 မှာတော့… ◼ကွန်ပျူတာတစ်လုံးရဲ့ အတွင်းအစိတ်အပိုင်းတွေက ဘာတွေလဲ?? ◾️အတွင်းအစိတ်အပိုင်းတွေက ဘယ်လိုအလုပ်လုပ်ကြသလဲ? ဆိုတာကို အသေးစိတ်ပြောပြပေးသွားမှာ ဖြစါပါတယ်။ နောက်တစ်ပတ် စနေနေ့မှာလည်း ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပြုံးပြုံးက ထပ်ပြောပြပေးမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူဖို့မမေ့နဲ့နော် သူငယ်ချင်းတို့ရေ…
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
👍19❤2
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-5)
လူတွေရဲ့ လုပ်ငန်းဆောင်တာတွေ့၊ တစ်နေ့တာအချက်အလက်တွေကို မှတ်သားဖို့အတွက် မှတ်ဉာဏ်(Memory)ရှိသလို ကွန်ပျူတာမှာလည်း ဒေတာတွေကို မှတ်သားထားဖို့၊ သိမ်းဆည်းထားဖို့ Memory ဆိုတာ ပါရှိပါတယ်။

ဒီနေ့မှာတော့ မြောက်မြားလှတဲ့ ဒေတာတွေကို Memoryထဲမှာ ကွန်ပျူတာက ဘယ်လိုသိမ်းဆည်းလဲဆိုတာကို ပြုံးပြုံးက ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီ Episode-5 မှာတော့
▪️ကွန်ပျူတာတစ်လုံး ဘယ်လို အလုပ်လုပ်သလဲ?
▪️Memory ဆိုတာဘာလဲ?
▪️Memory ဘယ်နှမျိုးရှိသလဲ? ဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

စနေနေ့တိုင်းမှာ ကွန်ပျူတာရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေကို ထပ်ပြီးပြောပြပေးသွားမှာကြောင့် စောင့်ကြည့်ဖို့မမေ့နဲ့နော် သူငယ်ချင်းတို့ရေ ❤️
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
❤8👍3
Media is too big
VIEW IN TELEGRAM
အရင်အပတ်မှာ ပြုံးပြုံးက Computer Memory အကြောင်းပြောပြခဲ့တယ်နော်။ ဒီတစ်ပတ်မှာတော့ logic gates(လောဂျစ်ခ် ဂိတ်စ်) လို့ခေါ်တဲ့ electronic circuit(အီလက်ထရောနစ်ခ် ဆားကစ်တ်)[လျှပ်စီးပတ်လမ်း] အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Episode-6 မှာတော့
▪️ Logic gates တွေအကြောင်း
▪️ Logic gates အမျိုးအစား ဘယ်နှခုရှိသလဲ?
▪️ Gates တွေ ဘယ်လိုအလုပ် လုပ်သလဲ?
▪️ ဘယ်နေရာမှာ Gates တွေကို အသုံးပြုကြသလဲ? ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
နောက်တစ်ပတ်တွေမှာလည်း ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာတွေကို ထပ်ပြောပြပေးမှာမလို့ စောင့်ကြည့်ဖို့ မမေ့နဲ့နော် သူငယ်ချင်းတို့ရေ… ❤️
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
❤9