Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေကို ပထမတန်း သင်ရိုးထဲက စိတ်ဝင်စားစရာ သင်ခန်းစာတစ်ခုဖြစ်တဲ့ “ဂရုစိုက်ပါ တို့ခန္ဓာ” ဆိုတဲ့ အကြောင်းလေးကို ပြောပြမယ်နော်။

သူငယ်ချင်းတို့ရေ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖြစ်ကြရဲ့လား? တစ်ကိုယ်ရေသန့်ရှင်းရေးရော သေချာလုပ်ဖြစ်ရဲ့လား? တစ်ခါတလေ သူငယ်ချင်းတို့ ဂရုမစိုက်ဘဲ ပြုမူမိလိုက်တာတွေက ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ ဉပမာအနေနဲ့ ပြောပြရရင် အလင်းရောင်ကောင်းစွာမရတဲ့နေရာတွေမှာ စာကြည့်မိတာမျိုးတွေ၊ ဆော့ကစားရင်း ခြေလက်ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး သေချာမလုပ်တာကြောင့် အရေပြားယားယံစေတဲ့အပြင် ကိုယ်တွင်းအင်္ဂါထဲကိုလည်း ရောဂါပိုးမွှားတွေဝင်ရောက်နိုင်ပါတယ်။

ကိုယ့်ကိုယ်ခန္ဓာကို စနစ်တကျ ဂရုစိုက်တတ်ဖို့အတွက်
မူလတန်းအဆင့်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ဂရုစိုက်ပါတို့ခန္ဓာ၊ အပိုင်း (၃) - https://youtu.be/GVmPRbuvwJc
မူလတန်းအဆင့်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ဂရုစိုက်ပါတို့ခန္ဓာ၊ အပိုင်း (၄) - https://youtu.be/bpRzjhB5ONI
မူလတန်းအဆင့်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ဂရုစိုက်ပါတို့ခန္ဓာ၊ အပိုင်း (၅) - https://youtu.be/sFX8nrX_Oqo စတဲ့ Video Link တွေမှာ သွားရောက်လေ့လာသင်ယူနိုင်ပါတယ်။

ပထမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။

◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=7

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။

◼ Grade-1 Facebook Group Link - https://www.facebook.com/groups/grade1.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။

◼Grade-1 MBEH Telegram Channel - https://t.me/joinchat/9ntMcoRSIdtmMWI1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။

◼Grade-1 MBEH Viber Channel - https://invite.viber.com/?g2=AQBl2Ay29Si5lU37TyAqLCUrJmGVdgpzTUYywNHY%2F1br8XwRQclYGDbkFSj%2BnEGs

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို Grade အလိုက်အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါတယ်။

◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော်။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍8❤3
🎅 Merry Christmas ပါသူငယ်ချင်းတို့ရေ 🎅

ခရစ်တော်မွေးနေ့အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တိုင်းအလေးထားကြတဲ့ နေ့ထူးနေ့မြတ်အချိန်အခါပဲဖြစ်ပါတယ်။
👍4❤2
▪️ အိမ်အိမ်တိုရဲ့ ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းတွေအပြင် သူငယ်ချင်းအားလုံးက ခရစ္စမတ်ပွဲတော်ကို ပါဝင်ဆင်နွှ ပျော်ရွှင်လေ့ရှိကြပါတယ်။ ခရစ္စမတ်နေ့မှာဆိုရင် ဘုရားကျောင်းတက်ပြီး ဝတ်ပြုဆုတောင်းတာတွေ၊ နေအိမ်နဲ့ ထင်းရှူးပင်တွေကို အလှဆင်ပြီး ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲတွေ ကျင်းပတာတွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အိမ်မှာ Carol Song သီဆိုဖျော်ဖြေမှုတွေ လုပ်လေ့ရှိကြသလို တစ်ဦးနဲ့တစ်ဦး ခရစ္စမတ်လက်ဆောင်တွေ ဖလှယ်လေ့ရှိကြပါတယ်။ ခရစ္စမတ်ဟာ ချမ်းအေးတဲ့ ဒီဇင်ဘာလအတွင်းမှာ ကျရောက်တာကြောင့် တချိုနေရာဒေသတွေမှာ မီးပုံပွဲတွေလည်းကျင်းပလေ့ရှိကြပါတယ်။

▪️ ဒီနှစ်ခရစ်စမတ်မှာတော့ လက်ရှိအိမိအိမ်တိုမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဖြစ်ရပ်ဆိုးတွေကို ထောက်ရှုပြီး ကြီးမားသောမေတ္တာစိတ်ကို အခြေခံလျက် ကိုယ်ချင်းစာနာသောစိတ်နှင့် မိမိတိုမိသားစု၊ အသင်းတော်များ၏ အကုန်ကျခံ လုပ်ဆောင်ကြမယ့် ငွေပမာဏထဲမှ ဒုက္ခခံနေရသည့် အငယ်ဆုံးသောသူများအတွက် စိတ်အားထက်သန်စွာ အတူတကွပါဝင်လှုဒါန်းပေးကြဖို အပြည်ပြည်ဆိုင်ရာမြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယ (IMBF) မှ အလေးအနက်မေတ္တာရပ်ခံထားပါတယ် သူငယ်ချင်းတိုရေ။

ခရစ္စမတ်နေ့မှာ ဘေးအန္တရာယ်ကင်းပြီး ပျော်ရွှင်ကြပါစေလို အိမ်အိမ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ သူငယ်ချင်းအားလုံးပဲ Merry Christmas ပါ။ 🎄🎉

#MOENUG #HomeBasedLearning #Myanmar
❤2👍1
သူငယ်ချင်းတို့ရေ အိမ်အိမ်တို့ရဲ့ မြန်မာ့ရိုးရာလက်မှုပညာတွေကိုလေ့လာဖူးကြလား?

❝ဒီနေ့မှာ အိမ်အိမ်က ဒုတိယတန်း အနုပညာပန်းချီဘာသာရပ်ထဲက သင်ခန်းစာတစ်ခုကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။❞

✏ အိမ်အိမ်တို့ရဲ့ မြန်မာ့ရိုးရာ လက်မှုပညာထဲမှာ မြတ်နိုးတန်ဖိုးထားဖွယ်ရာ ပန်း(၁၀)မျိုးအကြောင်းကို သူငယ်ချင်းတို့အားလုံးကြားဖူးကြမှာပါ။
ပန်း(၁၀)မျိုးထဲကမှ အိမ်အိမ်က ပန်းပွတ်အနုပညာအကြောင်းကို ပြောပြပေးမယ်နော်။

✏ ပန်းပွတ်အနုပညာနဲ့ဖန်တီးပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးမျိုးရှိပါတယ်။ အိမ်အိမ်တို့ရဲ့ တိုင်းရင်းသားမောင်နှမတွေဖြစ်တဲ့ ကချင်၊ ရှမ်းတိုင်းရင်းသားတွေတီးလေ့ရှိတဲ့ အိုးစည်၊ ကယား၊ ရခိုင် တိုင်းရင်းသားတွေ အသုံးပြုလေ့ရှိတဲ့ ဗိုင်းငင်ရဟတ်ရဲ့ ဒေါက်တိုင်တွေ၊ ကရင်တိုင်ရင်းသားတွေရဲ့ ဖားစည်ဒေါက်တိုင်၊ မြန်မာတိုင်းရင်းသားတွေအသုံးပြုတဲ့ လှည်းယာဉ် စတာတွေမှာ ပန်းပွတ်အနုပညာလက်ရာတွေကိုတွေ့မြင်နိုင်ပါတယ်။
ပန်းပွတ်လုပ်ဖို့ ခိုင်ခံ့မာကြောပြီး အလွယ်တကူပုံသွင်းလို့ရတဲ့ ကျွန်းသစ်က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

✏ ပန်းပွတ်အနုပညာလက်ရာတစ်ခုရဖို့အတွက် သစ်သားတစ်တုံးကို အကြမ်းထည်ကနေ အချောထည်ဖြစ်လာအောင် အဆင့် (၆) ဆင့်ကို အဆင့်ဆင့်ပြုလုပ်ရပါတယ်။ အဆင့်ဆင့်ပြုလုပ်ပုံအသေးစိတ်ကိုတော့ https://youtu.be/kcIa-qBRRbE မှာ သွားရောက်ကြည့်ရှူနိုင်ပါတယ်။

✏ ဒုတိယတန်းနဲ့သက်ဆိုင်တဲ့ သင်ခန်းစာတွေကိုတော့ အောက်ဖော်ပြပါ Link တွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။

ဒုတိယတန်းနဲ့သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=8

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼Grade-2 Facebook Group Link - https://www.facebook.com/groups/grade2.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade-2 MBEH Telegram Channel - https://t.me/joinchat/U2R4xHQtnBhiOThl

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade-2 MBEH Viber Channel - https://invite.viber.com/?g2=AQAR6sIWKXMH8037UEsXyz5hVRwCZKEKeGUOsFy3N7pHi2o1KGTly2YKoql32RpD

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို Grade အလိုက်အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော်။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍11❤3🔥1
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ......။
Grade-3ကို တက်ရောက်နေကြတဲ့ အိမ်အိမ်ရဲ့သူငယ်ချင်းများအားလုံး အိမ်အိမ်နဲ့အတူ သိပ္ပံဘာသာရပ်ရဲ့ အခန်း(၁)ကို လေ့လာကြည့်ကြရအောင်။
👍3
အခန်း(၁)ဟာ "သက်ရှိတို့အတွက် အစာ၊ရေ၊လေနှင့်အခြေခံလိုအပ်ချက်များ" ဆိုတဲ့ သင်ခန်းစာဖြစ်ပြီး ဆရာမ Angel ကနေ သင်ကြားပေးထားတာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာဆိုရင် ဘာသာရပ်ဆိုင်ရာအကြောင်းအရာများအပြင် သူငယ်ချင်းအချင်းချင်းအပြန်အလှန်ဆွေးနွေးမှု၊ ဆရာမနဲ့ အိမ်အိမ်တို့အပြန်အလှန်ဆွေးနွေးမှု စတဲ့ဆွေးနွေးမှုများပါ ပါဝင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ အစားအစာကို အိမ်အိမ်တို့ဘာကြောင့်စားသောက်ကြရလဲ၊ အိမ်အိမ်တို့စားသောက်လိုက်တဲ့အစာတွေက ဘယ်ကနေဘယ်ကို အဆင့်ဆင့်ရောက်သွားလဲ၊ အစာတွေကို ဘယ်လိုချေဖျက်လဲဆိုတာကို ပုံတွေ၊ မေးခွန်းတွေနှင့်တကွ ဆရာမက အိမ်အိမ်တို့နဲ့အပြန်အလှန် ဆွေးနွေးသင်ကြားပေးထားပါတယ်။ ဒါ့အပြင် အစာအုပ်စုသုံးမျိုးကိုလည်း ပုံနှင့်တကွရှင်းလင်းသင်ကြားပေးထားပါသေးတယ်။ အိမ်အိမ်တို့ရှူသွင်း၊ ရှူထုတ်နေတဲ့ လေကလည်း အိမ်အိမ်တို့အတွက်အရေးကြီးပုံ၊ အိမ်အိမ်တို့သောက်တဲ့ရေက ဘယ်လိုကဏ္ဍတွေကနေ အကျိုးပြုပုံ စတာတွေကို အိမ်အိမ်တို့စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆရာမAngel က ရှင်းပြသင်ကြားပေးထားပါတယ်။

အဝတ်အစား၊ နေအိမ်စတဲ့ အခြေခံလိုအပ်ချက်တွေဟာလည်း အိမ်အိမ်တို့အတွက် အခန်းကဏ္ဍအမျိုးမျိုးကနေ ပံ့ပိုးကူညီနေကြောင်း စတဲ့အကြောင်းအရာတွေပါ ပါဝင်ပါတယ်။ သင်ခန်းစာတွေရဲ့အဆုံးမှာ အနှစ်ချုပ်နဲ့လေ့ကျင့်ခန်းတွေပါ ပါရှိတာမို့ အိမ်အိမ်တို့ လေ့လာခဲ့တဲ့သင်ခန်းစာတွေကို ပြန်လေ့ကျင့်လို့ရပါသေးတယ်။ အိမ်အိမ်က အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ Social Media Channel တွေကနေ လေ့လာနေခြင်းဖြစ်ပါတယ်။ Link တွေကို သူငယ်ချင်းတို့အတွက် အောက်မှာထည့်ထားပေးတယ်နော်။

သင်ခန်းစာရဲ့ YouTube Link လေးပါ။ https://youtu.be/OqCDDyUdHQA

တတိယတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼ Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php...

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 3 Facebook Group Link - https://www.facebook.com/groups/grade3.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼ Grade 3 MBEH Channel - https://t.me/joinchat/C9JBzMp09Gw0YTU1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼ Grade 3 MBEH Channel - https://invite.viber.com/...

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို Grade အလိုက်အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါတယ်။
◼https://www.youtube.com/.../UCvfxMmBn5nn819JoPL.../playlists

အိမ်အိမ်ရဲ့သူငယ်ချင်းတွေလည်း အိမ်အိမ်နဲ့အတူ သင်ခန်းစာတွေကိုလေ့လာဖို့ Channelတွေကို joinထားဖို့မမေ့ကြနဲ့နော်။ ဘေးကင်းလုံခြုံပြီး ပညာရေးစဥ်ဆက်မပြတ်စေဖို့ နေအိမ်အခြေပြုသင်ယူရေးအစီအစဥ်မှာ အိမ်အိမ်နဲ့အတူ ပညာဆက်လက်သင်ယူကြမယ်နော်။

နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်….။

#MOENUG #HomeBasedLearning #Myanmar
👍18❤2👎1
🎊Happy New Year🎊

ဒီနေ့ကတော့ 2021 ရဲ့ နောက်ဆုံးနေ့ December 31 ရက်နေ့ ဖြစ်ပါတယ်။
ယခင်နှစ်တွေတုန်းကတော့ ဒီဇင်ဘာ (၃၁) ရက်နေ့ ညမှာဆိုရင် မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိကြပြီး ညသန်းခေါင် (၁၂) နာရီတိတိမှာ “Happy New Year” ဆိုပြီးတော့ သံပြိုင်ဟစ်ကြွေးပြီး မီးပန်းများဖြင့် နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။

▪ အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံးလည်း နှစ်သစ်ကိုမိသားစု၊ ချစ်ရသူများနှင့်အတူတကွ ကြိုဆိုပြီး စိတ်သစ် ကိုယ်သစ် အားမာန်အပြည့်ဖြင့် ၂၀၂၂ ခုနှစ် မှာလည်း လိုရာပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အားလုံးပဲ Happy New Year ပါ …..

#MOENUG #HomeBasedLearning #Myanmar
❤9👍6
မင်္ဂလာနှစ်သစ်ပါ သူငယ်ချင်းတို့ရေ… ✨
၂၀၂၂ နှစ်သစ်အချိန်အခါမှာ အိမ်အိမ်ရဲ့ သူငယ်ချင်းနဲ့ မိသားစုဝင်တွေအားလုံး လုံခြုံငြိမ်းချမ်း၊ ကျန်းမာကြပါစေလို့ အိမ်အိမ်က နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သူငယ်ချင်းတို့ရေ ပြီးခဲ့တဲ့နှစ်က အိမ်အိမ်တို့ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ် (Home-Based Learning) နဲ့ သင်ခန်းစာတွေအများကြီး လေ့လာသင်ယူခဲ့ကြသလို ဒီနှစ်မှာလည်း နေအိမ်အတွင်းမှာ နေပြီး သင်ခန်းစာအသစ်တွေ ဆက်လေ့လာကြမယ်နော်… 🤩

#MOENUG #HomeBasedLearning #Myanmar
❤11👍4🔥2
ဒီနေ့ကတော့ ဖိုးမူတို့၊ဖိုးခွားတို့ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ပဲဖြစ်ပါတယ်။
● ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၃၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဒီနှစ်ဟာ (၈၄)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ပွဲတော်ပဲဖြစ်ပါတယ်။
● ဒီချိန်ဟာ စပါးရိတ်သိမ်းချိန်ပြီးဆုံးလို့ ကရင်ရိုးရာအရ ကောက်ပဲသီးနှံသစ် စားသုံးရန် ပွဲတော်ဖြစ်တဲ့အပြင် နောက်သီးနှံတစ်ခုစတင်မည့်ရက်ကို အတိအကျသတ်မှတ်ရမည့်အချိန်လည်းဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ဟာ ဘယ်ဘာသာဝင်ရဲ့ပွဲတော်လို့သတ်မှတ်ထားတာမရှိဘဲ ဘာသာပေါင်းစုံကရင်လူမျိုးများ အတူတကွကျင်းပကြတဲ့ပွဲလည်းဖြစ်ပါတယ်။
❤26👍5👎1
● ဒါကြောင့် ကရင်နှစ်သစ်ကူးနေ့ဆို ဖိုးခွားနဲ့ဖိုးမူတို့ဟာ ကရင်သင်တိုင်းလှလှလေးတွေဝတ်ပြီး အမိုး၊အပါးနဲ့အတူ အာရုဏ်မတက်ခင်ကတည်းက အလံတင်ဖို့ ကွင်းပြင်ထဲကိုချီတက်ကြပါတယ်။ ကွင်းထဲမှာတော့ မြန်မာနိုင်ငံအလံကို အလယ်မှာထားပြီး ဘေးနှစ်ဖက်မှာ ကရင်အလံနှစ်ခုကိုထားထားတယ်။ အလံတင်ပွဲစတဲ့ချိန်မှာတော့ ဖားစည်နဲ့ကျွဲချိုတီးပြီး အလံသုံးခုကို တစ်ပြိုင်တည်းတင်ပါတယ်။ ပြီးတော့ဖိုးမူးတို့ ကရင်အမျိုးသားသီချင်းအတူတကွဆိုကြပြီး ကျဆုံးခဲ့သော ခေါင်းဆောင်ကြီးစောဘဦးနဲ့တကွ ကရင်အာဇာနည်တို့ကို အမှတ်ရအလေးပြုကြပါတယ်။ အလံတင်အခမ်းအနားအပြီးမှာတော့ ဒုံးအက၊ ဝါးညှပ်အကအပြင် ကရင်သီချင်းတွေနဲ့ မိန့်ခွန်းပြောတဲ့ အစီအစဉ်တွေပြုလုပ်ပါတယ်။ ဖိုးမူတို့ရဲ့ အဖီးကတော့ ဖိုးမူနဲ့ဖိုးခွားကို ကောက်ညင်းပေါင်းနဲ့ငါးခြောက်အပြင် အကြော်စုံ ကျွေးပါတယ်။
● အခမ်းအနားပွဲအပြီးမှာတော့ ဖိုးခွားတို့ စောင့်မျှော်နေတဲ့အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေစတင်တာပဲဖြစ်ပါတယ်။ ဖိုးခွားက ထိပ်ဆုံးကနေ လွန်ဆွဲပြိုင်ပွဲကိုပါဝင်ပြီး ဖိုးမူကတော့ အခြားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ အမိုးနဲ့အပါးကတော့ ချော်တိုင်တက်ပွဲကိုအားပေးကြပါတယ်။ အားကစားပွဲတွေပြီးသွားရင်တော့ ဆုပေးပွဲကို တပါတည်းကျင်းပပါတယ်။ ညနေဘက်ရောက်ရင်တော့ မနက်ကတင်တဲ့အလံကိုပြန်ချတဲ့ အလံချအခမ်းအနားနှင့်အတူ ရိုးရာအကတွေနဲ့ အခမ်းအနားကိုရုတ်သိမ်းပါတယ်။ ညပိုင်းမှာတော့ ဖိုးမူးတို့မိသားစုကဈေးရောင်းပွဲတော်ကို လျှောက်ပတ်ကြည့်ပြီးမှ အတူတကွအိမ်ပြန်ကြပါတယ်။ ဒီလိုမျိုး ပျော်စရာအစီအစဉ်တွေ အများကြီးရှိတာမို့ ကရင်နှစ်သစ်ကူးနေ့က ဖိုးမူတို့ရဲ့ အပျော်ဆုံးနေ့တစ်နေ့လည်းဖြစ်ပါတယ်။
#MOENUG #HomeBasedLearning #Myanmar
❤39👍24🔥3
သူငယ်ချင်းတို့ရေ အိမ်အိမ်တို့ တွေ့မြင်နေကျ တိရိစ္ဆာန်တွေမှာ ထူးခြားတဲ့အချက်လေးတွေ ရှိတာသိပြီးကြပြီလား? အိမ်အိမ်တို့ အိမ်ထဲမှာရှိတဲ့ ပင့်ကူရဲ့ သွေးက အပြာရောင်ရှိတယ်တဲ့။ နောက်ပြီး ရေဘဝဲလေးတွေက နှလုံး သုံးခုတောင် ရှိတယ်တဲ့။ အိမ်အိမ်တို့နဲ့ မတူကြဘူးနော်။ အိမ်အိမ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကုန်းနေ၊ ရေနေ သတ္တဝါတွေအကြောင်းကို ပိုသိရဖို့ Grade-4 အင်္ဂလိပ်စာသင်ရိုးမှာ လေ့လာကြည့်ရအောင်နော်။ 🐙🕷

Animals Lessons
⇝ https://youtu.be/TRC23oq0fVU
⇝ http://y2u.be/wfcA5kO_e08
⇝ https://youtu.be/Stkgmz-fIe8
👍14
စတုတ္ထတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=10

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade-4 Facebook Group Link -https://www.facebook.com/groups/grade4.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါသည်။
◼Grade-4 MBEH Telegram Channel - https://t.me/joinchat/3LCw19ztMcowOGI1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။
◼Grade-4 MBEH Viber Channel - https://invite.viber.com/?g2=AQA89%2BKRtWpOuE37UJlsufcVCs7h%2FJVJRJqX9wTunBDaiL7WX4FsXTzu2wvsIgj6

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါသည်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော် ဖေဖေ၊မေမေတို့ရေ။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍19❤18👎2
သူငယ်ချင်းတို့ရေ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ဟာ အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ ကချင်တိုင်းရင်းသားတို့ အလေးအမြတ်ထားရာ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ပဲ ဖြစ်ပါတယ်။
❤34👍8
▪️ကချင်ပြည်နယ်က ဟိုးယခင်တည်းက ကချင်ဒူဝါကြီးများက သီးခြားအုပ်ချုပ်ခဲ့တဲ့ တောင်တန်းဒေသဖြစ်ပြီး ကိုလိုနီခေတ်မှာလည်း ၁၈၉၅ Kachin Hills Tribes Regulation အားဖြင့် သီးသန့်အုပ်ချုပ်ခဲ့တဲ့ လွတ်လပ်တဲ့ နယ်မြေဒေသ ဖြစ်ပါတယ်။

▪️၁၉၄၇ တွင် ပင်လုံစာချုပ်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ကြပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးကို အရယူခဲ့ကြပါတယ်။ နောက်မှာတော့ ကချင်ပြည်နယ်ကောင်စီညီလာခံကြီးကို ပထမဆုံး စည်းဝေးတဲ့ရက်ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ရှေးဦးစွာဖွဲ့စည်းလိုက်တဲ့ ဇန်နဝါရီလ (၁၀)ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကချင်ပြည်နယ်နေ့ကို နှစ်စဉ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။
ကချင်တိုင်းရင်းသားသူငယ်ချင်းတို့ရေ ဒီနှစ်ကချင်ပြည်နယ်နေ့ကစလို့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိပြီး အိမ်အိမ်တို့အားလုံး လိုလားတောင့်တနေတဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အမြန်ဆုံးရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar
❤41👍6
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ။
ဒီ​နေ့ဇန်နဝါရီလ(၁၂)ရက်နေ့ဟာ 'တအာင်းအမျိုးသားတော်လှန်ရေးနေ့' ဖြစ်ပါတယ်။
❤17👍9🔥1
▪ ဒီနေ့ကျရောက်တဲ့ 'တအာင်းအမျိုးသားတော်လှန်ရေးနေ့' ဟာ (၅၉)နှစ်မြောက် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ(၅၉)နှစ်အတွင်းမှာ အသက်၊ သွေးချွေး၊ စည်းစိမ်ဥစ္စာများစွာတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ တအာင်းပြည်သူလူထု၊ တအာင်းအာဇာနည် ရဲဘော်၊ ရဲမေအပေါင်းကို အစဥ်ဦးညွှတ်သောအားဖြင့် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

▪ တအာင်းအမျိုးသားတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ တအာင်းပြည်နယ်ရရှိရေးအတွက် အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်ဖြင့် ခုခံတော်လှန်ခဲ့ကြသော အိမ်အိမ်တို့သွေးချင်းများဖြစ်ပါတယ်။

▪ 'တအာင်း'လူမျိုးဆိုတာဟာ အိမ်အိမ်တို့'ပလောင်'လို့သိထားကြတဲ့ လူမျိုးဖြစ်ပါတယ်။ 'ပလောင်'လူမျိုးတွေက သူတို့ကိုယ်ကို တအာင်း၊ရအာင်း(တအန်း၊ရအန်း) လူမျိုးလို့ပဲ ခေါ်ဝေါ်ပြောဆိုကြပါတယ်။

'တအာင်းအမျိုးသားတော်လှန်ရေးနေ့' ကစ၍ တအာင်းသွေးသားညီအစ်ကိုတို့ရဲ့ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကို အမြန်ရောက်ရှိကြပါစေလို့ အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်။

ဘေးကင်းကျန်းမာစွာ အားလုံးနဲ့ပြန်ဆုံကြမယ်နော်။
တာ့တာ......🤗

#MOENUG #HomeBasedLearning #Myanmar
❤35👍15
သူငယ်ချင်းတို့ရေ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာကျရောက်တဲ့ World Logic Day (ကမ္ဘာလုံးဆိုင်ရာ ယုတ္တိဗေဒနေ့) ကို အိမ်အိမ်တို့နဲ့အတူကြိုဆိုလိုက်ရအောင်။

▪ သင်ကြား‌ရေးနဲ့သုတေသနမှတစ်ဆင့် Logic ပညာရပ်တိုးတက်လာစေရန်နဲ့ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၂၆ ရက်နေ့မှာ UNESCO မှ ဇန်နဝါရီလ ၁၄ ရက်နေ့ကို World Logic Day အဖြစ်သတ်မှတ်ခဲ့ပါတယ်။
👍10❤3
▪ ကလေးတွေဟာ အသက် ၆ - ၇ နှစ်အရွယ်မှစကာ အကျိုးနဲ့အကြောင်း ဆက်စပ်ဝေဖန်နိုင်တဲ့ အခြေခံ logical thinking ကို ရရှိပြီးဖြစ်ပါတယ်။ ထိုတွေးခေါ်နိုင်မှုကို အခြေခံပညာရေးမှ အစပြုကာ မြှင့်တင်သွားဖို့လိုအပ်ပါတယ်။ အခြေအနေတစ်ရပ်ကို ဓမ္မဓိဠာန်ကျကျဆန်းစစ်ပြီး သင့်လျော်သော ယုတ္တိရှိသောကောက်ချက်ချနိုင်ဖို့အရေးကြီးပါတယ်။

▪ ကျောင်းနေအရွယ် ကလေးများဟာ ဖတ်စာအုပ်ထဲက အချက်အလက်တွေ သမိုင်းနောက်ခံ အဖြစ်အပျက်တွေကို မျက်စိမှိတ်လက်မခံပဲ တွေးခေါ်တတ်၊ မေးခွန်းထုတ်တတ်ဖို့ ဆန်းစ​စ်လေ့လာပြီး လက်ခံတတ်ဖို့လိုပါတယ်။ မိဘနဲ့ ဆရာ ဆရာမများကလဲ ကျောင်းသားကျောင်းသူများကို ဆက်စပ်ဝေဖန်ပိုင်းခြားပြီး တွေးခေါ်တတ်၊ မေးခွန်းထုတ်တတ်စေရန် တိုက်တွန်းအားပေးဖို့လိုပါတယ်။ Too Much Knowledge Maketh Fools ဆိုတဲ့အတိုင်း စာနားလည်မှုနဲ့ဗဟုသုတ တိုးရုံအဆင့်မှာ ရပ်‌မနေသင့်ပဲ ထိုပညာရပ်များကို အကျိုးရှိရှိအသုံးချတတ်စေရန် သင်ကြားပေးဖို့လိုပါတယ်။

သူငယ်ချင်းတို့လည်း logical thinking ကိုမြှင့်တင်ပြီး လက်ရှိ‌ ကျောင်းနေအရွယ်မှာရော အနာဂတ်ခေါင်းဆောင်တွေအနေနဲ့ပါ မိမိအတွက်၊ ပတ်၀န်းကျင်အတွက် သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်များချနိုင်ကြပါစေ။

#MOENUG #HomeBasedLearning #Myanmar
👍25❤10