Myanmar Basic Education Home
✔
20.6K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
သူငယ်ချင်းတို့ရေ .. ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၈ ရက်နေ့မှာကျရောက်တဲ့ “တန်ဆောင်မုန်းလပြည့်နေ့”အကြောင်းကို အိမ်အိမ်က ပြောပြပေးသွားပါမယ်။
👍4
သူငယ်ချင်းတို့ရေ .. ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၈ ရက်နေ့မှာကျရောက်တဲ့ “တန်ဆောင်မုန်းလပြည့်နေ့”အကြောင်းကို အိမ်အိမ်က ပြောပြပေးသွားပါမယ်။

▪ တန်ဆောင်မုန်းလပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရား မှ အဇာတသတ်မင်းနဲ့တရားနာပရိသတ်ကို သာမညဖလ (ရဟန်းပြုခြင်း အကျိုး) တရားကို ဟောကြားခဲ့ခြင်းကို အကြောင်းပြုပြီး ထိုနေ့ကို နေ့ထူးနေ့မြတ် အဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၀င်တွေ အထွတ်အမြတ်ထားတဲ့နေ့ဖြစ်ပြီး ဘုရားသွား‌ ကျောင်းတက်ခြင်း၊ ရဟန်း သံဃာများကို ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း ကပ်လှူခြင်းများ လုပ်ဆောင်‌လေ့ရှိပါတယ်။

▪ တန်ဆောင်တိုင်မီးထွန်းပွဲ‌တော်လို့လဲ သိကြတဲ့ တန်ဆောင်မုန်းလပြည့်နေ့ကို မီးမျှောပွဲတွေ မီးပုံးပျံ ပွဲတွေနဲ့ဆင်နွှဲလေ့ရှိပါတယ်။ တောင်ကြီးမီးပုံးပျံပွဲကတော့ လူသိအများဆုံးနဲ့ အကြီးကျယ်ဆုံး မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။

▪ တန်ဆောင်မုန်းလပြည့်ညကို “ဆေးပေါင်းခတဲ့ည” လို့လည်းမှတ်သားကြပြီး ယုံကြည်မှုအရ မဲဇလီဖူးလေးတွေကို‌သုပ်ပြီး ကျန်းမာစေဖို့နဲ့ ပျော်ရွှင်ကြစေဖို့ တန်ဆောင်မုန်းလပြည့်ညမှာ ကိုယ်တိုင်လည်းစားကြ၊ မျှဝေဒါနပြုကြလေ့ ရှိပါတယ်။

▪ တန်ဆောင်မုန်းလပြည့်နေ့မှာ ရပ်ရွာ၊ မြို့နယ်အသီးသီးမှာ ကျင်းပတဲ့ နိဗ္ဗာန်‌ဈေးပွဲ‌တော်ဟာလည်း ပျော်စရာအတိပါပဲ။ ဖိုးမူတို့လို ကျောင်းသားအရွယ်လေးအတွက်တော့ လက်မှတ်လေးတွေကိုယ်‌စီနဲ့ မုန့်တွေ လက်ဆောင်ပစ္စည်းတွေလိုက်ယူရတဲ့ အချိန်တွေက အပျော်ရဆုံး အချိန်လေးတွေပဲ ဖြစ်ပါတယ်။

▪ အလှူပစ္စည်းလေးတွေဖွက်ချပေးကြတဲ့ ပံ့သကူပစ်လှူကြတဲ့ဓလေ့လေးကလည်း တန်ဆောင်မုန်းလပြည့်နေ့နဲ့အတူယှဉ်တွဲနေတဲ့ ကြည်နူးစရာရိုးရာလေးပဲ ဖြစ်ပါတယ်။ ဓါတ်မီးလေးတွေကိုယ်စီနဲ့ ပံ့သကူရှာပုံတော်ထွက်တဲ့ အချိန်ဟာ ရင်ခုန်စရာ ပျော်စရာပါ။ အလှူရှင်က ပစ္စည်း၊ ငွေကြေး တစ်စုံတစ်ခုကို အိတ်ထဲမှာထည့်ပြီး မြင်သာတဲ့နေရာမှာဖြစ်စေ မမြင်သာတဲ့နေရာမှာဖြစ်စေ ပံ့သကူအဖြစ်ချထားခဲ့ကြပါတယ်။ ပံ့သကူရှာဖွေကြသူ၊ တွေ့တဲ့သူ၊ လိုအပ်တဲ့သူ‌တွေအတွက် သိပ်ကိုပျော်ရွှင်ရတဲ့နေ့လေးပဲ ဖြစ်ပါတယ်။

▪ ဒီနှစ်မှာတော့ လက်ရှိမြန်မာနိုင်ငံကြီးအတွင်း မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများသေဆုံးထားရခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်မှုမရသေးတာကြောင့် ပျော်ရွှင်ကြည်နူးဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့ကို အတူတူဝိုင်းဖွဲ့ မကျင်းပနိုင်ကြပါဘူး။ ဒါပေမယ့် အဆိုးအမိုက်အမှောင်တွေအမြန်လွင့်ပျောက်ပြီး ကျန်းမာဘေးကင်းစွာနဲ့ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းစေဖို့နဲ့ ပြည်သူတွေဘေးကင်းပျော်ရွှင်ကြစေဖို့ အိမ်အိမ်နဲ့အတူ ဆုတောင်းမေတ္တာပို့ကြရင်း ကုသိုလ်ယူကြမယ်နော် သူငယ်ချင်းလေးတို့ရေ။

#MOENUG #HomeBasedLearning #Myanmar
👍4❤1
အားလုံးပဲ မင်္ဂလာပါ။ အိမ်အိမ် ဒီနေ့ မိတ်ဆက်ပေးသွားမှာကတော့ Myanmar Basic Education Home ရဲ့ Viber Learning Channel တွေပဲ ဖြစ်ပါတယ်။
👍5
အားလုံးပဲ မင်္ဂလာပါ။ အိမ်အိမ် ဒီနေ့ မိတ်ဆက်ပေးသွားမှာကတော့ Myanmar Basic Education Home ရဲ့ Viber Learning Channel တွေပဲ ဖြစ်ပါတယ်။

နေအိမ်အခြေပြု ပညာသင်ယူရေး အစီအစဉ် (Home-Based Learning) နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နေ့စဉ် ဝေမျှပေးသွားမှာ ဖြစ်ပြီး

✅သင်ခန်းစာတွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်ဖို့အတွက် Viber Learning Channel ကိုလည်း Join ထားပေးကြပါဦးနော်။

📌 Join ရန် Link
→ Myanmar Basic Education Home
https://invite.viber.com/?g2=AQB5lCL%2FhrtC%2Fk3hm340WJmjtc%2BAezP%2Busmn%2BUv9l7mGoNEN7EbBvZE1DuZtXP8M

→ KG MBEH Channel - https://invite.viber.com/?g2=AQAfvt8hRwBQ7E3%2BWwTqHFaVtYMCYtYwK70pVr7sTRE4XcX4ZyFxR%2FG1JbOuv9pa

→ Grade 1 MBEH Channel - https://invite.viber.com/?g2=AQBl2Ay29Si5lU37TyAqLCUrJmGVdgpzTUYywNHY%2F1br8XwRQclYGDbkFSj%2BnEGs

→ Grade 2 MBEH Channel - https://invite.viber.com/?g2=AQAR6sIWKXMH8037UEsXyz5hVRwCZKEKeGUOsFy3N7pHi2o1KGTly2YKoql32RpD

→ Grade 3 MBEH Channel - https://invite.viber.com/?g2=AQAJTBeb1qgFrk37UGTAnuTJKw7XH5%2FVPwu%2F%2FStotzhFKtKH0yRzShS98Br9ewxf

→ Grade 4 MBEH Channel - https://invite.viber.com/?g2=AQA89%2BKRtWpOuE37UJlsufcVCs7h%2FJVJRJqX9wTunBDaiL7WX4FsXTzu2wvsIgj6

→ Grade 6 MBEH Channel - https://invite.viber.com/?g2=AQApCsc8Xlvms037UQMxcqzzvQ3PMd4wK1507yIKsgpIP0qroVZlGiLQls1efVON

→ Grade 7 MBEH Channel - https://invite.viber.com/?g2=AQABKfNXev9k6k37USoyhnppTAE8kygQH726s29Y3SmUQG0VeW0%2Bbqf%2F6F5RsPW9

→ Grade 8 MBEH Channel - https://invite.viber.com/?g2=AQBfxHUwA53IPE37UUFiGgcXJyp8FlmlUX5qWDjr7g89RRuQNYVoUZbz7WsFgraG

→ Grade 9 MBEH Channel - https://invite.viber.com/?g2=AQAICKjAk0ageE37UXJDs6CXCsa%2B8nXu9IfhPw9ElczKeWT9Sw2lEHqDqT9VNpW5

→ Grade 10 MBEH Channel - https://invite.viber.com/?g2=AQA1Vj1h9HuS1E37Uk78OtCWLM9qw%2FEAMpn3c32qZhkNe1LOCr9oFVDveS0%2BmJEP

→ Grade 11 MBEH Channel - https://invite.viber.com/?g2=AQBO4Ste4aH4Ok37UmJqhoWRJCdTY2pFKQpwi93cxPvflU4iKmYtFv2yLYYwiR0g
#MOENUG #HomeBasedLearning #Myanmar

→ IT + General Knowledge MBEH Channel - https://invite.viber.com/?g2=AQAGS%2BnP374R8U3%2BWo2GrZmDVr3vQH6qr1yjcNYCmNWDtJKtGYB0Jbek25vCuSmd

#MOENUG #HomeBasedLearning #Myanmar
👍18❤15🔥2
**အိမ်အိမ်ရဲ့သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ...
ဒီနေ့ဟာ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့ဟာ အိမ်အိမ်တို့ရဲ့ မြန်မာနိုင်ငံအတွက် နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်ထားတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့အကြောင်းကို အိမ်အိမ်ရဲ့သူငယ်ချင်းတွေ သိထားကြပါသလား ...။**
အိမ်အိမ်ရဲ့သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ...
ဒီနေ့ဟာ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့ဟာ အိမ်အိမ်တို့ရဲ့ မြန်မာနိုင်ငံအတွက် နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်ထားတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့အကြောင်းကို အိမ်အိမ်ရဲ့သူငယ်ချင်းတွေ သိထားကြပါသလား ...။

ဒီနေ့ဟာ အိမ်အိမ်တို့ မြန်မာနိုင်ငံရဲ့ "အမျိုးသားနေ့" ဖြစ်ပါတယ်။

▪️နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ကို "အမျိုးသားနေ့" အဖြစ် ၁၉၂၂ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပါတယ်။

▪️မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက်/ ခရစ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှာ နယ်ချဲ့လက်အောက်ခံကိုလိုနီဘဝကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့ပါတယ်။

▪️ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှုအနေဖြင့် “အမျိုးသားနေ့” သတ်မှတ်ရန် စတင်ကြိုးစားရာမှ “အမျိုးသားနေ့” ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ် မန္တလေးမှာကျင်းပတဲ့ နဝမအကြိမ်အမြောက် ဂျီစီဘီအေကွန်ဖရန့်တွင် သီပေါမင်းနန်းကျသည့် ပါတော်မူနေ့၊ ဦးဥတ္တမထောင်ကျသောနေ့၊ တက္ကသိုလ်ကျောင်းသားများက အင်္ဂလိပ်အစိုးရ၏ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို လက်နက်စွဲကိုင်တော်လှန်သောနေ့ တို့မှ တစ်နေ့​နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ရန် အကြမ်းဖျဥ်း သဘောတူခဲ့ကြပါတယ်။

▪️၁၉၂၂ခုနှစ် ဇွန်လ ၁၇ နဲ့ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဂျူဗလီဟော၌ ကျင်းပခဲ့တဲ့ ဂျီစီဘီအေအထူးကွန်ဖရန့်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အင်္ဂလိပ်အစိုးရ၏တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရက်သတ်မှတ်ရာမှာ “အမျိုးသားနေ့” အဓိပ္ပါယ် ပြည့်စုံပီပြင်ပေါ်လွင်စေရန် အင်္ဂလိပ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ(၅)ရက်ကို မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်ကို သတ်မှတ်ခဲ့ပြီး မြန်မာ့အမျိုးသားရေးအထိမ်းအမှတ်နေ့အဖြစ် ပေါ်လွင်ထင်ရှားစေခဲ့ပါတယ်။

“အမျိုးသားနေ့”ကို မြန်မာတစ်နိုင်ငံလုံးက နေရာအနှံ့ အမြတ်တနိုး လေးစားတန်ဖိုးထားကြပြီး နှစ်စဉ်နှစ်တိုင်း တညီတညွတ် ကျင်းပခဲ့ကြပါတယ်။ “အမျိုးသားနေ့”ကို ၁၉၃၄ ခုနှစ်မှစ၍ ကျောင်းပိတ်ရက်အဖြစ်လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှစ၍ ရုံးပိတ်ရက်အဖြစ်လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။ “အမျိုးသားနေ့” ကျင်းပခဲ့ရာတွင် နိုင်ငံချစ်စိတ်ထက်သန်ရေးနှင့် နယ်ချဲ့အစိုးရဆန့်ကျင်ရေးလုပ်ငန်းများအတွက်စည်းရုံးလှုံ့ဆော်အဓိဋ္ဌာန်ပြုခြင်းဖြင့် နယ်ချဲ့အစိုးရဆန့်ကျင်ရေးကို အရှိန်မြင့်အောင် ပြုလုပ်ခဲ့ပါတယ်။

▪️နယ်ချဲ့အစိုးရရဲ့ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး သခင်ပညာရေး၊ အမျိုးသားပညာရေးကို တောင်းဆိုသော တိုက်ပွဲဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါသောလှုပ်ရှားမှုဖြစ်ခဲ့တဲ့ “အမျိုးသားနေ့” အကြောင်းကို အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအတွက် သိရှိစေဖို့ ဝေမျှပေးလိုက်ပါတယ်။

အိမ်အိမ်ရဲ့သူငယ်ချင်းတွေလည်း တရားမဝင်စစ်ကောင်စီရဲ့ဆိုးယုတ်တဲ့စနစ်ဆိုးကို ညီညွတ်စွာတွန်းလှန်တိုက်ဖျက်နေကြချိန်မှာ ကျန်းမာလုံခြုံစွာ နေထိုင်ရင်း အိမ်အိမ်နဲ့အတူ နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်
(https://www.facebook.com/102412615426604/posts/145016997832832/) မှာအတူတူလေ့လာသင်ယူကြမယ်နော်......။ ပြန်ဆုံကြမယ် သူငယ်ချင်းတို့ရေ .. တာ့တာ။

#MOENUG #HOMEBASEDLEARNING #Myanmar
👍4
▪ ဒီနေ့ဟာ ဖြစ်လာတဲ့အခြေအနေ​တွေကိုမမှုဘဲ ဘဝကိုအကောင်းဆုံးကြိုးစားရှင်သန်စွမ်းဆောင်နေထိုင်ကြတဲ့ မသန်စွမ်းသူငယ်ချင်းတွေကို ဂုဏ်ပြုတဲ့ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” ( International Day of Disabled Persons ) ဖြစ်ပါတယ်။
❤5
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ။ 😊

▪️ ဒီနေ့ဟာ ဖြစ်လာတဲ့အခြေအနေ တွေကိုမမှုဘဲ ဘဝကိုအကောင်းဆုံးကြိုးစားရှင်သန်စွမ်းဆောင်နေထိုင်ကြတဲ့ မသန်စွမ်းသူငယ်ချင်းတွေကို ဂုဏ်ပြုတဲ့ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” ( International Day of Disabled Persons ) ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို 1992 ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ရဲ့ General Assembly resolution 47/3 ကနေ စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကဏ္ဍအသီးသီး၊ နေရာ ဒေသအသီးသီးမှာရှိတဲ့ မသန်စွမ်းပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ကောင်းမွန်စွာနေထိုင်ရေးကို ပံ့ပိုးကူညီဖိုနဲ့ မသန်စွမ်းပြည်သူများနဲ့ပတ်သတ်တဲ့ အသိပညာမျှဝေမှုတွေ တိုးပွားစေဖို ရည်ရွယ်ခဲ့ပါတယ်။

▪️ United Nations ဟာ 2006 ခုနှစ်မှာ မသန်စွမ်းပြည်သူများအတွက် Convention on the Rights of Persons with Disabilities (CRPD) ကိုကျင်းပခဲ့ပြီး 2030 Agenda for Sustainable Development ရဲ့ အကောင်အထည်ဖော်မည့် ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ 2021 ခုနှစ်မှာဆိုရင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ( International Day of Disabled Persons ) ကို 29 ကြိမ်မြောက်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်း theme အမျိုးမျိုးနဲ့ကျင်းပခဲ့ပြီး 2021 ခုနှစ်မှာတော့ " Not all disabilities are visible " ဆိုတဲ့ ခေါင်းစဥ်နဲ့ကျင်းပမှာ ဖြစ်ပါတယ်။

▪️ ဒါကြောင့်မို အိမ်အိမ်ရဲ့သူငယ်ချင်းတိုလည်း မသန်စွမ်းသူငယ်ချင်းတွေနဲ့အတူတူ အချင်းချင်းလက်တွဲကူ ဖလှယ်သင်ယူကြရင်း အကြမ်းဖက်စစ်ကောင်စီတော်လှန်ရေးကာလဆိုးကြီးကို အကောင်းဆုံးကြိုးစား ဖြတ်သန်းကျော်လွှားကြမယ်နော်........။ ကျန််းမာပျော်ရွှင်စွာ ပြန်ဆုံတွေ့ကြပါမယ် သူငယ်ချင်းတိုရေ ….။

#MOENUG #HomeBasedLearning #Myanmar #UN #Disabilities
❤2👍1
မင်္ဂလာပါ သူငယ်ချင်းတိုရေ…

▪ အိမ်အိမ်လေးရဲ့ MBEH နေအိမ်အခြေပြုသင်ခန်းစာတွေကို ပုံမှန်လေ့လာသင်ယူနေကြရဲ့လား သူငယ်ချင်းတို့ရေ ?
👍6
မင်္ဂလာပါ သူငယ်ချင်းတိုရေ…

▪️ အိမ်အိမ်လေးရဲ့ MBEH နေအိမ်အခြေပြုသင်ခန်းစာတွေကို ပုံမှန်လေ့လာသင်ယူနေကြရဲ့လား သူငယ်ချင်းတိုရေ ?

✏️စာလေ့လာတဲ့အခါ အချိန်ဇယားလေးနဲ့အတူ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ဖို အိမ်အိမ်က ထပ်ပြီး တိုက်တွန်းချင်ပါတယ်။
ကျောင်းတွေပြန်ဖွင့်ချိန် အသက်အရွယ်နဲ့ညီမျှတဲ့ အသိပညာအလိုက် ဆက်လက်သင်ယူရာမှာ အဆင်သင့်ဖြစ်နေစေဖို အိမ်မှာ မပင်မပန်း၊ ပျော်ပျော်ရွှင်ရွှင်၊ နည်းနည်းစီပုံမှန်လေး ကြိုးစားလေ့လာသင်ယူနေကြဖို ထပ်တိုက်တွန်းပါရစေ။

▪️ ဒနေ့မှာတော့ သူငယ်ချင်းတိုရွေးချယ်စရာ အိမ်အိမ်တိုရဲ့ Learning Channel (၅)ခုထဲက တစ်ခုဖြစ်တဲ့ Myanmar Basic Education Home - YouTube Channel အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီ YouTube Channel ထဲမှာ သင်ခန်းစာတွေက အတန်းအလိုက် တစုတစည်းထဲ ရှိနေတာဖြစ်ပြီး သင်ခန်းစာတွေကို အတန်းတစ်ခုချင်းစီအလိုက် Playlist တစ်ခုစီ ခွဲခြားပေးထားတဲ့အတွက် အတန်းအလိုက်သင်ခန်းစာတွေကို ရရှိနိုင်ပါတယ်။

YouTube Channel ကို သူငယ်ချင်းတို စာလေ့လာတဲ့နေရာမှာ ပိုပြီးအဆင်ပြေလွယ်ကူချောမွေ့စွာ သုံးနိုင်တဲ့ နည်းလမ်းလေးတွေကိုလည်း အိမ်အိမ်က ပြောပြပေးပါမယ်။
ကိုယ်အရင်နေ့က လေ့လာခဲ့တဲ့သင်ခန်းစာရဲ့ အကြောင်းအရာကို မမှတ်မိတော့ရင်လည်း Watch History ထဲမှာ ပြန်ရှာနိုင်မှာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ ကိုယ်နှစ်သက်တဲ့သင်ခန်းစာတွေ၊ အကြိမ်ကြိမ်လေ့လာလိုတဲ့ သင်ခန်းစာတွေကိုလည်း Watch Later ထဲမှာ ထည့်ပြီးသိမ်းထားလိုပါတယ်။

ကိုယ်ပိုင် Playlist တစ်ခုတည်ဆောက်ပြီးတော့လည်း သိမ်းထားလိုရတယ်နော် သူငယ်ချင်းတိုရေ ...။

ကဲ … အခုပဲ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်ထားလိုက်ကြရအောင်။

Myanmar Basic Education Home - YouTube Channel https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

✅ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်ရန် > https://youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A?sub_confirmation=1

#MOENUG #HomeBasedLearning #Myanmar
👍6❤1
အိမ်အိမ်ရဲ့ သူငယ်ချင်းလေးတွေအားလုံး မင်္ဂလာပါ။
ဒီနေ့ဟာ ရဝမ်တိုင်းရင်းသားတို့ရဲ့ “ရဝမ်အမျိုးသားနေ့” ဖြစ်ပါတယ်။ ဒါကြောင့် “ရဝမ်အမျိုးသားနေ့” ကို ဂုဏ်ပြုဦးညွှတ်ရင်း သမိုင်းနောက်ခံအကြောင်းအရာ ဗဟုသုတတစ်ချို့ကို အိမ်အိမ်က ဝေမျှပေးသွားပါမယ်နော်။

• ယနေ့ ၂၀၂၁ မှာ ကျရောက်တဲ့ “ရဝမ်အမျိုးသားနေ့” ဟာ (၇၂)နှစ်မြောက်အမျိုးသားနေ့ ဖြစ်ပါတယ်။ ရဝမ်တိုင်းရင်းသားများဟာ ကချင်ပြည်နယ်မြောက်ဖျားပိုင်းဒေသများ၊ အထူးသဖြင့် ပူတာအိုခရိုင်မှာ အဓိကနေထိုင်တဲ့ ကချင်မျိုးနွယ်စုများထဲမှ မျိုးနွယ်စုတစ်ခု ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဝူးနင်ကျေးရွာမှာ ရဝမ်စာပေကော်မတီ ဖွဲ့စည်းသည့်အထိမ်းအမှတ်အဖြစ် ထိုနေ့ကို “ရဝမ်အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

• မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ ရဝမ်အမျိုးသားများသွေးစည်းညီညွှတ်ရေး၊ ရဝမ်တိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ရဝမ်လူမျိုးနဲ့ စာပေယဥ်ကျေးမှုအဓွန့်ရှည်တည်တံ့ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ သတ်မှတ်ကျင်းပခဲ့တယ်လို့ မှတ်သားသိရှိရပါတယ်။

• “ရဝမ်အမျိုးသားနေ့” မှာ ဘာသာရေးနဲ့တွဲပြီး ဆုတောင်းပွဲများ ကျင်းပလေ့ရှိပါတယ်။ အဇီးလမ်ရိုးရာ မနောအကကခြင်း၊ ပျော်ပွဲရွှင်ပွဲတစ်ချို့ကို ကျင်းပကြသည်မှာတော့ နှစ်အနည်းငယ်သာ ရှိ​သေးတယ်လို့လည်း သိရပါတယ်။ “ရဝမ်အမျိုးသားနေ့”ရဲ့ ညနေပိုင်းမှာလည်း အတူနေထိုင်ကြတဲ့ တိုင်းရင်းသားအကြီးအကဲတွေ၊ အစိုးရအကြီးအကဲတွေနဲ့အတူ ညစာစားပွဲများလည်း ကျင်းပတတ်ပါသေးတယ်။

• အိမ်အိမ်နဲ့သူငယ်ချင်းတို့လည်း သွေးချင်းရဝမ်တိုင်းရင်းသားသူငယ်ချင်းတို့နဲ့အတူတူ “ရဝမ်အမျိုးသားနေ့”ကို ပျော်ရွှင်စွာဖြတ်သန်းရင်း ရဝမ်အမျိုးသားနေ့ရဲ့ရည်ရွယ်ချက်များ အဓွန့်ရှည်တည်တံ့ တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

ဘေးကင်းကျန်းမာ ပျော်ရွှင်ကြပါစေ သူငယ်ချင်းတို့ရေ ….။

ပြန်ဆုံကြမယ်နော် 🤗.......။

#MOENUG #HomeBasedLearning #Myanmar
👍5❤1
မင်္ဂလာပါ သူငယ်ချင်းတို့ရေ….

ဒီနေ့ ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “လူ့အခွင့်အရေးနေ့” (Human Rights Day) ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ (United Nations, UN) က ကျင်းပတဲ့ General Assembly ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့တိုင်းကို “လူ့အခွင့်အရေးနေ့” အဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။
❤2👍1🔥1
မင်္ဂလာပါ သူငယ်ချင်းတို့ရေ….

ဒီနေ့ ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “လူ့အခွင့်အရေးနေ့” (Human Rights Day) ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ (United Nations, UN) က ကျင်းပတဲ့ General Assembly ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့တိုင်းကို “လူ့အခွင့်အရေးနေ့” အဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။

လူသားအချင်းချင်း အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ယောင်က်ျား၊ မိန်းမ မခွဲခြားဘဲ တန်းတူညီမျှ အခွင့်အရေးရဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ် ဒီဇင်ဘာလ (၁၀) တိုင်းမှာ ခေါင်းစဉ် Theme အမျိုးမျိုးနဲ့ လှုံ့ဆော်ကျင်းပခဲ့တဲ့နေ့ ဖြစ်ပါတယ်။

📌ဒီနှစ် ၂၀၂၁၊ ဒီဇင်ဘာ (၁၀) ရက်နေ့ အတွက် Theme ကတော့ “မညီမျှတွေကို လျှော့ချပြီး လူ့အခွင့်အရေးကို တိုးမြှင့်ခြင်း” ဖြစ်ပါတယ်။

📌တန်းတူညီမျှ အခွင့်အရေးရရှိခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း တို့က လူ့အခွင့်အရေးအတွက် အလွန်ပင် အရေးကြီးပါတယ်။

📌လူ့ဘောင်အဖွဲ့အစည်းထဲမှာ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများနှင့် အသားအရောင်ကွဲပြားသူများက နေ့စဉ်ဘဝမှာ အနည်းနှင့်အများ လူ့အခွင့်အရေးတွေ ဆုံးရှုံးခံရလျက် ရှိကြပါတယ်။ ဒီလို တန်းတူညီမျှ အခွင့်အရေးမရတဲ့ လူတွေအတွက် “Equality and Non-Discrimination at the Heart of Sustainable Development “ ဆိုတဲ့ Theme နဲ့ လူ့အခွင့်အရေး အပြည့်အဝရအောင် ဆော်ဩကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

📌လူငယ်များအတွက်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ပညာသင်ယူရန်အခွင့်အရေးများ၊ အလုပ်အကိုင် အခွင့်အရေးများဆုံးရှုံးမှုတွေ ဖြစ်ပေါ်လျက်ရှိတာကြောင့် လူငယ်တွေအတွက်လည်း လူမှုရေးရာအကာအကွယ်ပေးမှု (Social Protection) နှင့်အတူ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။


✨လူသားတိုင်း အချင်းချင်းကူညီဖေးမပြီး တန်းတူအခွင့်အရေးသာရှိမယ်ဆိုရင် ဒီလူ့ဘောင်အဖွဲ့အစည်းကြီးဟာ အလွန်ပျော်စရာကောင်းမှာ အသေအချာပါပဲနော်။
အိမ်အိမ်တို့လည်း ဘေးနားမှာရှိတဲ့ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကို လူ့အခွင့်အရေးနေ့အကြောင်း မျှဝေပြောပြရင်း အားလုံးတူတူလက်တွဲပြီး တန်းတူညီမျှ ပျော်ရွှင်စွာနေသွားကြမယ်နော် ….။

ကျန်းမာပျော်ရွှင်ဘေးကင်းပြိး လူ့အခွင့်အရေးတွေ အမြန်ဆုံး ပြန်လည်ရရှိကြဖို့ အိမ်အိမ််က ဆန္ဒပြုမေတ္တာပို့သလိုက်ပါတယ် …။

#MOENUG #HomeBasedLearning #Myanmar
👍3
သူငယ်ချင်းတို့ရေ...

ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ဟာဆိုရင် အိမ်အိမ်တို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားဖြစ်တဲ့ ရခိုင်ညီအစ်ကိုမောင်နှမတွေရဲ့ရခိုင်ပြည်နယ်နေ့ပဲဖြစ်ပါတယ်။

▪၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်တွေပြဌာန်းသတ်မှတ်တဲ့အခါမှာ ရခိုင်ပြည်နယ်ကို ပြည်နယ်တစ်ခုအနေနဲ့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နေ့ကို နှစ်စဉ်ကျင်းပခဲ့တာ ဒီနှစ်ဆို (၄၇)ကြိမ်မြောက် ရှိပါပြီ။

▪ဒီဇင်ဘာလ (၁၅) ရက်နေ့ဟာဆိုရင် ရခိုင်ပြည်နယ်ရဲ့ တရားဝင်ကျောင်းပိတ်ရက်ဖြစ်ပါတယ်။ ကျောင်းတွေမှာ ဆရာတော်ဦးဥတ္တမအပါအဝင် တခြားရခိုင်လူမျိုးနာမည်ကျော်ကြားတဲ့ ခေါင်းဆောင်တွေအကြောင်း ကျပန်းပြောပြိုင်ပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ ညဘက်မှာ မီးထွန်းပွဲတွေ ပြုလုပ်ကြပါတယ်။

သူငယ်ချင်းတို့လည်း အိမ်အိမ်တို့ရဲ့ ရခိုင်ညီကိုမောင်နှမတွေနဲ့အတူ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ကိုအတူတူ ဂုဏ်ပြုလိုက်ကြရအောင်နော်။

နောက်တစ်ခါမှာပြန်တွေ့ကြမယ် သူငယ်ချင်းတို့ရေ တာ့တာ …

#MOENUG #HomeBasedLearning #Myanmar
❤10👍1
ဖေဖေ၊ မေမေတို့ရေ ကလေးငယ်တွေဟာ သင်ခန်းစာတွေကို လေ့လာကျက်မှတ်ရုံတင်မကဘဲ ဘေးပတ်ဝန်းကျင်ကိုပါ လေ့လာစူးစွမ််းနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။

ကလေးငယ်တွေကို သင်ကြားတဲ့အခါမှာ သင်ခန်းစာတွေကို ဒီတိုင်းသင်ပြပေးတာထက်စာရင် ရုပ်ပုံကားချပ်တွေ၊ ပုံပြင်ဇာတ်လမ်းလေးတွေဟာ က​လေးတွေရဲ့ စိတ်နှလုံးမှာ ပိုပြီးစွဲမြဲစေပါတယ်။ နောက်ပြီးကလေးငယ်တွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် အနုပညာသင်ခန်းစာတွေဖြစ်တဲ့ ပန်းချီ၊ ဂီတစတဲ့ သင်ခန်းစာတွေကလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။
👍4
ဖေဖေ၊ မေမေတို့ရေ ကလေးငယ်တွေဟာ သင်ခန်းစာတွေကို လေ့လာကျက်မှတ်ရုံတင်မကဘဲ ဘေးပတ်ဝန်းကျင်ကိုပါ လေ့လာစူးစွမ််းနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။

ကလေးငယ်တွေကို သင်ကြားတဲ့အခါမှာ သင်ခန်းစာတွေကို ဒီတိုင်းသင်ပြပေးတာထက်စာရင် ရုပ်ပုံကားချပ်တွေ၊ ပုံပြင်ဇာတ်လမ်းလေးတွေဟာ က​လေးတွေရဲ့ စိတ်နှလုံးမှာ ပိုပြီးစွဲမြဲစေပါတယ်။ နောက်ပြီးကလေးငယ်တွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် အနုပညာသင်ခန်းစာတွေဖြစ်တဲ့ ပန်းချီ၊ ဂီတစတဲ့ သင်ခန်းစာတွေကလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ နေအိမ်အခြေပြုပညာသင်ကြားခြင်းအစီအစဉ်မှာဆိုရင် သင်ခန်းစာတွေကို ကလေးငယ်တွေ အလွယ်တကူမှတ်မိနိုင်အောင် ပုံပြင်တွေ၊ ရုပ်ပုံကားချပ်တွေစတဲ့ သင်ထောက်ကူပစ္စည်းစုံစုံလင်လင်နဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။

KG သင်ခန်းစာတွေမှာဆိုရင် ကိုယ့်မိသားစုဝင်တွေရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို ဂရုပြုမိအောင် ဘဲမိသားစုပုံပြင်လေးကို ပြောပြပြီး အမေးအဖြေကဏ္ဍလေးနဲ့ ဆွေးနွေးပေးထားတာကြောင့် ကလေးငယ်တွေ ပတ်ဝန်းကျင်အကြောင်းလေ့လာသင်ယူတဲ့အခါ ပိုမိုအဆင်ပြေလွယ်ကူလာမှာဖြစ်ပါတယ် ဖေဖေ၊ မေမေတို့ရေ။ သင်ခန်းစာလေးကိုတော့ https://youtu.be/V8E1caT0tLs မှာ သွားရောက်ကြည့်ရှူနိုင်ပြီး KG အတန်းနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကိုတော့ အောက်ဖော်ပြပါ Link တွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။

KG နဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=6
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ KG Facebook Group Link - https://www.facebook.com/groups/kg.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼KG MBEH Telegram Channel - https://t.me/joinchat/Wv9mDvMa7aFkOWVl

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼KG MBEH Viber Channel - https://invite.viber.com/?g2=AQAfvt8hRwBQ7E3%2BWwTqHFaVtYMCYtYwK70pVr7sTRE4XcX4ZyFxR%2FG1JbOuv9pa

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော် ဖေဖေ၊မေမေတို့ရေ။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍12❤1
အိမ်အိမ်ရဲ့ သူငယ်ချင်းမိတ်ဆွေတို့ မင်္ဂလာပါ။

ဒီနေ့မှာတော့ အိမ်အိမ်က ဖေဖေ၊ မေမေတို့အတွက် နေအိမ်အခြေပြုသင်ယူရေးစနစ်မှာ သားသား၊ မီးမီးတို့ကို နေ့စဥ်လုပ်ငန်းဆောင်တာလေးတွေနဲ့ ချိတ်ဆက်သင်ပြပေးလို့ရတဲ့လျို့ဝှက်ချက်ကို ပြောပြမယ်နော်။
👍2🔥1
အိမ်အိမ်ရဲ့ သူငယ်ချင်းမိတ်ဆွေတို့ မင်္ဂလာပါ။

ဒီနေ့မှာတော့ အိမ်အိမ်က ဖေဖေ၊ မေမေတို့အတွက် နေအိမ်အခြေပြုသင်ယူရေးစနစ်မှာ သားသား၊ မီးမီးတို့ကို နေ့စဥ်လုပ်ငန်းဆောင်တာလေးတွေနဲ့ ချိတ်ဆက်သင်ပြပေးလို့ရတဲ့လျို့ဝှက်ချက်ကို ပြောပြမယ်နော်။

📒 အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ သင်ခန်းစာတွေကို ဖေဖေ၊ မေမေတို့က သားသား၊ မီးမီးတို့ကို သင်ပြလေ့ကျင့်ပေးရာမှာ မိမိတို့ရဲ့နေ့စဥ်ဘဝက အပြုအမူလေးတွေနဲ့ ယှဥ်တွဲပြီး သင်ပြပေးခြင်းက သားသား၊ မီးမီးတို့ရဲ့ စိတ်ထဲမှာ ပိုပြီးမှတ်မိစေပါတယ်။

📒 ဖိုးခွားတို့မိသားစုမှာဆိုရင် ဖေဖေက English ကိုသင်ကြားပေးပါတယ်။ ဖိုးခွားတို့ Grade(7)မှာပါတဲ့ "How to get rid of bad habits" ဆိုတဲ့ သင်ခန်းစာလေးကို သင်ကြာပေးပြီးတဲ့အခါမှာ ဖိုးခွားရော၊ ဖိုးမူရောရဲ့ ပြုပြင်ပြောင်းလဲသင့်တဲ့ အမူအကျင့်လေးတွေကို ပြောပြပြီး သင်ခန်းစာထဲက နည်းလမ်းတွေကို ကျင့်သုံးစေခြင်းနဲ့ ဖိုးခွားကို သင်ခန်းစာတွေကို ပိုမှတ်မိစေပါတယ်။

📒 ဒါ့အပြင် မေမေကလည်း ဖိုးမူရဲ့ သင်ခန်းစာက အစာအုပ်စုတွေအကြောင်းကိုရော၊ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုရောပါ ဖိုးမူ မီးဖိုချောင်အလုပ်တွေ လာရောက်ကူညီလုပ်ကိုင်တဲ့အခါ ပြောပြပေးလေ့ရှိပါတယ်။ မိသားစုထမင်းစားဝိုင်းမှာလည်း ပြောပြပြီး သင်ခန်းစာတွေနဲ့အတူတွဲပြီး ရှင်းပြတတ်ပါသေးတယ်။

📒 ကဲ.... ဖိုးခွားနဲ့ဖိုးမူတို့ရဲ့ ဖေဖေနဲ့မေမေကတော့ အိမ်အိမ်ပြောပြတဲ့လျို့ဝှက်ချက်ကို အကောင်အထည်ဖော်ပြီး နေအိမ်အခြေပြုသင်ယူရေးစနစ်ကို ပိုပြီးအကျိုးသက်ရောက်အောင် သင်ပြပေးနေပါတယ်။

အိမ်အိမ်ရဲ့သူငယ်ချင်းတို့ရဲ့ ဖေဖေ၊ မေမေတို့လည်း သားသား၊ မီးမီးတို့ကို ကူညီသင်ပြပေးဖို့ မမေ့နဲ့နော်....။

#MOENUG #HomeBasedLearning #Myanmar
❤1
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေကို ပထမတန်း သင်ရိုးထဲက စိတ်ဝင်စားစရာ သင်ခန်းစာတစ်ခုဖြစ်တဲ့ “ဂရုစိုက်ပါ တို့ခန္ဓာ” ဆိုတဲ့ အကြောင်းလေးကို ပြောပြမယ်နော်။
👍4