အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ။ 😊
▪️ ဒီနေ့ဟာ ဖြစ်လာတဲ့အခြေအနေ တွေကိုမမှုဘဲ ဘဝကိုအကောင်းဆုံးကြိုးစားရှင်သန်စွမ်းဆောင်နေထိုင်ကြတဲ့ မသန်စွမ်းသူငယ်ချင်းတွေကို ဂုဏ်ပြုတဲ့ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” ( International Day of Disabled Persons ) ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို 1992 ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ရဲ့ General Assembly resolution 47/3 ကနေ စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကဏ္ဍအသီးသီး၊ နေရာ ဒေသအသီးသီးမှာရှိတဲ့ မသန်စွမ်းပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ကောင်းမွန်စွာနေထိုင်ရေးကို ပံ့ပိုးကူညီဖိုနဲ့ မသန်စွမ်းပြည်သူများနဲ့ပတ်သတ်တဲ့ အသိပညာမျှဝေမှုတွေ တိုးပွားစေဖို ရည်ရွယ်ခဲ့ပါတယ်။
▪️ United Nations ဟာ 2006 ခုနှစ်မှာ မသန်စွမ်းပြည်သူများအတွက် Convention on the Rights of Persons with Disabilities (CRPD) ကိုကျင်းပခဲ့ပြီး 2030 Agenda for Sustainable Development ရဲ့ အကောင်အထည်ဖော်မည့် ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ 2021 ခုနှစ်မှာဆိုရင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ( International Day of Disabled Persons ) ကို 29 ကြိမ်မြောက်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်း theme အမျိုးမျိုးနဲ့ကျင်းပခဲ့ပြီး 2021 ခုနှစ်မှာတော့ " Not all disabilities are visible " ဆိုတဲ့ ခေါင်းစဥ်နဲ့ကျင်းပမှာ ဖြစ်ပါတယ်။
▪️ ဒါကြောင့်မို အိမ်အိမ်ရဲ့သူငယ်ချင်းတိုလည်း မသန်စွမ်းသူငယ်ချင်းတွေနဲ့အတူတူ အချင်းချင်းလက်တွဲကူ ဖလှယ်သင်ယူကြရင်း အကြမ်းဖက်စစ်ကောင်စီတော်လှန်ရေးကာလဆိုးကြီးကို အကောင်းဆုံးကြိုးစား ဖြတ်သန်းကျော်လွှားကြမယ်နော်........။ ကျန််းမာပျော်ရွှင်စွာ ပြန်ဆုံတွေ့ကြပါမယ် သူငယ်ချင်းတိုရေ ….။
#MOENUG #HomeBasedLearning #Myanmar #UN #Disabilities

❤2👍1