Myanmar Basic Education Home
✔
20.6K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
ပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းသား/သူ တွေ နေအိမ်အခြေပြုသင်ယူခြင်းနဲ့ သင်ယူနိုင်ဖို့ ဘယ်လိုကူညီကြမလဲ
❤3
သင့်အနေနဲ့ နေအိမ်အခြေပြုသင်ကြားရေးအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီပေးချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိရင် ပူးပေါင်းပါဝင်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ နည်းလမ်းတွေကတော့ ...

▪ ၁။ ပထမဦးဆုံးအနေနဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို အထူးအလေးပေး ဂရုစိုက်ပေးပါ။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးဆိုတဲ့ စကားအတိုင်း ကလေးတွေက ကျန်းမာနေမှသာ ပညာရေးကို ကောင်းမွန်စွာ သင်ကြားနိုင်မှာပါ။ ကျန်းမာရေးလို့ပြောတဲ့အခါခန္ဓာကိုယ်သန်စွမ်းကျန်းမာနေဖို့တင်မဟုတ်ပဲ စိတ်ကျန်းမာရေးကိုပါ အထူးအလေးထားဂရုစိုက်ပေးသင့်ပါတယ်။ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးတဲ့နည်းလမ်းတွေကတော့ ကလေးတွေအပေါ် နွေးထွေးမှုပေးတာ ၊နားလည်မှုပေးတာ ၊သူတို့ရဲ့စကားသံတွေကိုနားထောင်ပေးတာမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုကူညီပေးရင် ကလေးငယ်တွေက ပညာသင်ကြားတဲ့အခါမှာလည်း စိတ်လုံခြုံမှုရှိတာ၊ မိဘအပေါ်နဲ့မိမိအပေါ် ယုံကြည်အားကိုးချင်တဲ့ခံစားချက်ရှိတာမျိုး ဖြစ်ပေါ်စေမှာပါ။

▪ ၂။ ကလေးရဲ့စာသင်ကြားမယ့်နေရာကို သီးသန့်နေရာလေးတစ်ခု ဖန်တီးထားပေးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။
စာသင်ကြားတဲ့နေရာက တီဗီနဲ့နီးတာမျိုးတွေ၊ မိသားစုဝင်အများစု စကားပြောတဲ့နေရာ ဖြစ်နေတာမျိုးတွေဆိုရင် စာသင်တဲ့အခါအာရုံမစိုက်နိုင်တာ စိတ်ပျံ့လွင့်တာမျိးတွေ ဖြစ်တတ်ပါတယ် ။ ဒီလိုမျိုးတွေမဖြစ်ဖို့အတွက် ကိုယ့်ရဲ့အိမ်က နေအိမ်အခြေပြုသင်ကြားရေးမှာ ပူးပေါင်းပါဝင်မယ့်ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ကြားမယ့်သီးသန့်နေရာလေးတစ်ခုဖန်တီးပေးတာ၊ "စာလုပ်နော်၊ မသိတာရှိရင် အခက်အခဲရှိရင် အချိန်မရွေးပြောပြနော်" ဆိုတဲ့နွေးထွေးမှုပေးတဲ့ စကားလုံးတွေပြောပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

▪ ၃။ လေ့လာချိန်၊ အနားယူချိန်မျှတတဲ့ အချိန်ဇယားလေး အတူတူဝိုင်းဆွဲပေးပါ။
ကလေးတွေက အချိန်နဲ့အမျှ စာပဲလုပ်နေလို့လည်း မရပါဘူး။ စာပဲလုပ်နေမယ်ဆိုရင် ဦးနှောက်က လေးလံထိုင်းမှိုင်းလာတာ၊ ကိုယ်ခန္ဓာက တက်ကြွမှုမရှိတော့တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ မိမိပတ်ဝန်းကျင်မှာရှိတဲ့ ကလေးငယ်တွေကို လေ့လာချိန်၊ အနားယူချိန်မျှတတဲ့ အချိန်ဇယားလေးဆွဲပေးသင့်ပါတယ်။ ဒါမှသာ မိမိပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်အခြေပြုသင်ကြားရေးမှာပါဝင်တဲ့ ကလေးငယ်တွေက တက်ကြွစွာနဲ့ သင်ယူလေ့လာမှုအားကောင်းလာမှာ ဖြစ်ပါတယ်။

▪ ၄။ ပညာသင်ကြားခြင်းနဲ့ပတ်သက်လို့ ပန်းတိုင်လေးတွေလည်း ကူညီချပေးပါ။
ဒီနေ့တော့ ဘယ်ထိလေ့လာကြမယ်နော်ဆိုပြီး တနေ့သာသင်ယူမယ့် သင်ခန်းစာတွေကို Targetထားတာတွေ ၊တစ်ပတ်စာ Goalsထားတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ သတ်မှတ်ထားတဲ့ ပန်းတိုင်ကိုပြီးသွားတယ်ဆိုရင်လည်း ကလေးကို ချီးကျူးဂုဏ်ပြုတာတွေ၊ အသိအမှတ်ပြုတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါမှသာ ကလေးငယ်တွေက စိတ်ပါလက်ပါနဲ့ နေအိမ်အခြေပြုသင်ကြားရေးမှာ ပျော်ရွှင်စွာနဲ့ သင်ယူမှုပြုလုပ်ကြမှာ ဖြစ်ပါတယ်။

▪ ၅။ ကလေးတွေရဲ့ နေအိမ်အခြေပြုသင်ယူမှုလုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင် ကူညီပေးပါ။
သင်ကြားရေးစနစ်ကို ပုံသေတစ်နည်းတည်းမဟုတ်ဘဲ ကလေးနားလည်လွယ်မယ့်နည်းကို ရှင်းပြတာမျိုးတွေ၊ မိသားစုနဲ့ရင်းနှီးမယ့်ပညာသင်ကြားခြင်းနဲ့သင်ပေးတာမျိုးတွေ၊ ဥပမာ-ပုံပြင်ပြောပြတာ၊ လက်မှုပစ္စည်းလေးတွေနဲ့သင်ကြားပေးတာမျိုးတွေ၊ တိုင်းရင်းသားဘာသာစကားအသစ်များကို အတူတူပြောကြည့်တာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ အကယ်၍ ကလေးများရဲ့ သင်ကြားရေးစနစ်ကို မိမိကနားမလည်ခဲ့ရင်လည်း မိမိလက်လှမ်းမီသမျှ နားလည်တတ်ကျွမ်းတဲ့သူတွေကို မေးမြန်းပြီးရှင်းပြပေးတာမျိုးလေးတွေ ကူညီလုပ်ပေးနိုင်ပါတယ်။ သင်ခန်းစာ Video Lessons တွေကို မိမိရပ်ရွာမှာရှိတဲ့ ကလေးတွေအတွက် Download ရယူဖြန့်ဝေပေးခြင်း၊ ကိုယ်တိုင်လေ့လာပြီး ပြန်လည်သင်ကြားပေးခြင်း စတဲ့လုပ်ငန်းတွေကို ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ မိမိပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်အခြေပြုသင်ကြားရေးစနစ်မှာပါဝင်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို ရပ်ရွာက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြတဲ့ နည်းလမ်းလေးများ ဖြစ်ပါတယ်။ နေအိမ်အခြေပြုသင်ကြားရေးအစီအစဉ်ကို တတ်အားသရွေ့ဝိုင်းဝန်းကူညီပေးကြခြင်းဖြင့် မိမိရပ်ရွာက ကလေးတွေအတွက် ပညာရေးအခွင့်အလမ်း ကောင်းမွန်စွာရယူပေးနိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

#MOENUG #HomeBasedLearning #Myanmar
👍5❤1
**အားလုံးပဲ မင်္ဂလာပါ။

▪ ကြားကာလပညာရေး နေအိမ်အခြေပြုသင်ယူခြင်း (Home-based Learning)အစီအစဥ်ကနေ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးနေတဲ့ အခြေခံပညာ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို အိမ်အိမ်တို့ရဲ့ NUG MoE, MBEH Learning Channel တစ်ခုဖြစ်တဲ့ YouTube Channel မှာလည်း လေ့လာလို့ရပါတယ်နော်။**
👍5
အားလုံးပဲ မင်္ဂလာပါ။

▪ ကြားကာလပညာရေး နေအိမ်အခြေပြုသင်ယူခြင်း (Home-based Learning)အစီအစဥ်ကနေ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးနေတဲ့ အခြေခံပညာ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို အိမ်အိမ်တို့ရဲ့ NUG MoE, MBEH Learning Channel တစ်ခုဖြစ်တဲ့ YouTube Channel မှာလည်း လေ့လာလို့ရပါတယ်နော်။

▪ သက်ဆိုင်ရာ အတန်းအလိုက်နဲ့ သက်ဆိုင်ရာဘာသာရပ်အလိုက်ကို playlists များခွဲပြီးတင်ထားပေးတာဖြစ်လို့ ✅ သင်ခန်းစာများကို အလွယ်တကူဝင်ရောက်လေ့လာရယူနိုင်မှာ၊ ရပ်ရွာရှိကလေးတွေကို ဖြန့်ဝေပေးနိုင်မှာ၊ ကိုယ်တိုင်လည်းလေ့လာပြီးသင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။

▪ မိမိတို့ရင်သွေးငယ်များ ​နေအိမ်မှာ ကောင်းမွန်လုံခြုံထိရောက်စွာ စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးနဲ့ နေအိမ်အခြေပြုသင်ယူရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာများ၊ လမ်းညွှန်ချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးအတွက် အိမ်အိမ်တို့ရဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့ မမေ့ကြနဲ့နော်...

📌 YouTube Learning Channel
https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

📌 အသစ်တင်တိုင်း သိရအောင် Subscribe လုပ်ရန် > https://youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A?sub_confirmation=1

#MOENUG #HOMEBASEDLEARNING #Myanmar
👍1
ဒီနေ့မှာ​တော့ အိမ်အိမ်က သူငယ်ချင်းတို့ကို ဖိုးမူလို ကိုယ်တိုင်လေ့လာသင်ယူသူ (self-directed learner) တစ်ယောက်ဖြစ်လာအောင် ဘယ်လိုအလေ့အကျင့်ကောင်းလေးတွေကို လုပ်ဆောင်ရမယ်ဆိုတာ ပြောပြမယ်နော်။
ဒီနေ့မှာ​တော့ အိမ်အိမ်က သူငယ်ချင်းတို့ကို ဖိုးမူလို ကိုယ်တိုင်လေ့လာသင်ယူသူ (self-directed learner) တစ်ယောက်ဖြစ်လာအောင် ဘယ်လိုအလေ့အကျင့်ကောင်းလေးတွေကို လုပ်ဆောင်ရမယ်ဆိုတာ ပြောပြမယ်နော်။

▪ ပထမဆုံးအနေနဲ့ ကိုယ်တိုင်လေ့လာသင်ယူနိုင်ခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးပါ့မယ်။ ဖိုးမူကတော့ ကိုယ်တိုင်လေ့လာသင်ယူတဲ့ အလေ့အကျင့်ကိုစပြီးကျင့်သုံးကတည်းက ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ အများကြီးတိုးတက်လာတယ်။ ဖိုးမူရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေလည်း တက်လာလို့ အပါးနဲ့အမိုးကတောင် ချီးကျူးနေကြပါတယ်။ ပြီးတော့ကိုယ်သိချင်တာတွေကိုလည်း စိတ်ကြိုက်သင်ယူနိုင်တော့ ဖိုးမူလေးက ပျော်တာပေါ့။

အဲ့ဒီတော့ သူငယ်ချင်းတို့လည်း ကိုယ်တိုင်လေ့လာသင်ယူသူတွေ ဖြစ်လာဖို့ အိမ်အိမ်သိတာတွေ ပြောပြပေးမယ်နော်။

✅ ၁။ ပုံမှန်စာလုပ်မယ့်အချိန်တစ်ခုသတ်မှတ်ထားပါ။

ဖိုးမူတစ်ယောက် ကိုယ့်အားကိုယ်ကိုးပြီး စာလုပ်ဖြစ်အောင်လို့ အမိုးက စာလုပ်ချိန်တစ်ခု သတ်မှတ်ပေးထားတယ်။ ဖိုးမူကတော့သတ်မှတ်ထားတဲ့ စာလုပ်ချိန်မှာ သေချာအာရုံစူးစိုက်ပြီး စာလုပ်တယ်။ ပြီးရင်တော့ နားချိန်မှာ အပြည့်အဝအနားယူပါတယ်။

✅ ၂။ ကိုယ်တိုင်သင်ယူနိုင်ရန်နည်းလမ်းများ၊ သင်ယူမှုအရင်းအမြစ်များ (Learning Resources) များ မေးမြန်းရှာဖွေစုဆောင်းထားပါ။

အပါးကတော့ ဖိုးမူလေး သင်ယူလေ့လာနိုင်ဖို့ နည်းလမ်းတွေ၊ ကိရိယာ(tools)တွေကို ရှာဖွေပေးပါတယ်။ ဖိုးမူဖတ်ဖို့ စာအုပ်တွေရှာပေးသလို၊ websiteတွေကနေ လေ့လာသင်ယူနိုင်အောင် ဗီဒီယိုတွေ၊ ကလေးကဗျာတေးတွေကိုလည်း ရှာပေးပါသေးတယ်။ ဟိုနေ့က ဖိုးမူ ပုံဆွဲသင်ချင်တယ်ဆိုလို့ ဘယ် website တွေ၊ pageတွေက သင်ရမလဲဆိုတာကို အပါးက ရှာပြီး ပြောပြပေးပါတယ်။

✅ ၃။ စာကြည့်မယ့်နေရာကို သပ်သပ်ရပ်ရပ်ထားပါ။

ဖိုးမူက စာကြည့်စားပွဲရှုပ်ပွနေရင် အိပ်ငိုက်တတ်တာကြောင့် အမိုးက ဖိုးမူကို စာမလုပ်ခင် သန့်ရှင်းရေး အရင်လုပ်ခိုင်းပါတယ်။ စာအုပ်တွေကို စားပွဲပေါ်မှာ သေချာစီ၊ ခဲတံ ပေတံတွေကို နေရာတကျထားပြီးမှ စာစလုပ်တော့ ဖိုးမူလေး စိတ်ကြည်ကြည်လင်လင်နဲ့ စာလုပ်ဖြစ်တာပေါ့။

✅ ၄။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်အောင်ကူညီပေးပါ။

အမိုးနဲ့အပါးက ဖိုးမူလေးကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကူညီပေးပါတယ်။ ဥပမာ - သင်္ချာပုဒ်စာတစ်ခုစတွက်တဲ့အချိန်မှာ ဖိုးမူသိသလောက်၊တတ်သလောက် စတင်ဖြေရှင်းခိုင်းပြီးမှ အပါးက တွက်နည်း၊ အဖြေအမှားအမှန်ကို ထောက်ပြပေးပါတယ်။ အဲ့ဒီလိုပဲစာကြည့်စားပွဲကို ဖိုးမူကိုယ်တိုင် အရင်ရှင်းပြီးမှ စာအုပ်တွေနေရာမှန်၊ မမှန် အမိုးကလာကြည့် စစ်ဆေးပေးပါတယ်။ စနစ်မကျရင် ပြန်ပြီးသင်ပြပေးသလို၊ စနစ်တကျလုပ်ထားရင်လည်း ဖိုးမူလေးကို ချီးကျူးပါသေးတယ်။

ဒါတွေကတော့ ကိုယ်တိုင်သင်ယူလေ့လာသူ (Self-directed Learner) တစ်ယောက် ဖြစ်လာဖို့အတွက် ဖိုးမူလေး လုပ်ဆောင်တာတွေပဲဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း မေမေ၊ ဖေဖေတို့ရဲ့အကူအညီယူပြီး ဖိုးမူလိုပဲ ကိုယ်တိုင်လေ့လာသင်ယူသူတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တခါပြန်တွေ့ရင်လည်း အိမ်အိမ်က တခြားစိတ်ဝင်စားစရာအကြောင်းအရာ​လေးတွေ ထပ်ပြောပြပေးဦးမယ်နော် သူငယ်ချင်းလေးတို့ရေ … တာ့တာ

#MOENUG #HomeBasedLearning #Myanmar
👍7❤2👎1
"နေအိမ်မှာ ပညာသင်ယူတဲ့အခါ ငယ်ရွယ်တဲ့ကလေးတွေမှာ စာမလုပ်ချင်တာ၊ ကစားတာကိုပဲ အာရုံရောက်နေပြီး စာထဲမှာ အာရုံမစိုက်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်"

အိမ်အိမ်က ဒီနေ့မှာတော့ ဖိုးခွားရဲ့ နေအိမ်အခြေပြုပညာသင်ယူရာမှာအသုံးပြုတဲ့ အမိုးရဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော် ...
👍2❤1
"နေအိမ်မှာ ပညာသင်ယူတဲ့အခါ ငယ်ရွယ်တဲ့ကလေးတွေမှာ စာမလုပ်ချင်တာ၊ ကစားတာကိုပဲ အာရုံရောက်နေပြီး စာထဲမှာ အာရုံမစိုက်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်"

အိမ်အိမ်က ဒီနေ့မှာတော့ ဖိုးခွားရဲ့ နေအိမ်အခြေပြုပညာသင်ယူရာမှာအသုံးပြုတဲ့ အမိုးရဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော် ...

✔ ဖိုးခွားအတွက်သင့်တော်တဲ့ ကစားနည်းလမ်းတွေထဲကမှ ဖိုးခွား စိတ်ကြိုက်ရွေးချယ်စေပြီး သတ်မှတ်ထားတဲ့ စာလေ့လာချိန်ပြီးရင် ခွင့်ပြုပေးမယ်လို့ အမိုးက ဖိုးခွားနဲ့ သဘောတူညီချက်ယူထားပါတယ်။

✔ ဖိုးခွားရဲ့ သင်ခန်းစာတွေမှာ သင်ယူတတ်မြောက်မှုပန်းတိုင်လေးတွေ ချမှတ်ပေးထားပြီး ပန်းတိုင်လေးတွေ ပြည့်မီခဲ့ရင် ဖိုးခွား စားချင်တဲ့ မုန့်တွေကိုယ်တိုင်လုပ်ကျွေးမယ်လို့ အမိုးက ပြောထားတော့ ဖိုးခွားတစ်ယောက် စာကို ကြိုးစားလေ့လာတယ်လေ။

✔ သင်ယူတတ်မြောက်မှုတိုင်းမှာလည်း ဖိုးခွားအကြိုက်ဆုံးဖြစ်တဲ့ ချီးကျူးစကားလေးတွေ အမိုးက အမြဲပြောပေးတယ်။

✔ စာလေ့လာချိန်၊ နားချိန်၊ ကစားချိန်မျှတတဲ့ အချိန်ဇယားရေးဆွဲရာမှာ အမိုးက သူ့စိတ်ကြိုက်မလုပ်ဘဲ ဘယ်အချိန် ဘာလုပ်တာသင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာကို ဖိုးခွားနားလည်အောင် ပြောပြပြီး နှစ်ယောက်တူတူ ညှိနှိုင်းထားတော့၊ ဖိုးခွားလည်း သူစာလုပ်ချင်တဲ့အချိန် စာလုပ်ရလို့ ပျော်ပျော်ရွှင်ရွှင် အာရုံစိုက်နိုင်တာပေါ့။

✔ ပညာသင်ယူတဲ့အခါ အခက်အခဲနဲ့ကြုံရင် စာထဲအာရုံမစိုက်နိုင်တာ ကလေးသဘာ၀မို့ ဖိုးခွားမှာ အခက်အခဲတွေရှိလာရင်လည်း ပညာရေးဆိုင်ရာတတ်သိကျွမ်းကျင်သူတွေဆီက အကြံဉာဏ်တွေ ဘယ်လိုရယူမယ်ဆိုတာ အမိုးက လေ့လာထားပြီး အမြဲဖြေရှင်းပေးတယ်လေ။

ဒီလိုလေးတွေအပြင် အမိုးက ဖိုးခွားကိုအမြဲလေ့လာနေပြီး ပြောင်းလဲလာတဲ့ ဖိုးခွားရဲ့ အမူအကျင့်တွေပေါ်မူတည်ပြီး နည်းလမ်းလေးတွေကို သင့်တော်သလို လိုတိုးပိုလျော့ ပြောင်းလဲပေးတယ်လေ။

ဖေဖေ၊ မေမေတို့ရေ … ကလေးလေးတွေရဲ့သင်ယူမှုကို အကောင်းဆုံးပံ့ပိုးကူညီနိုင်အောင် အိမ်အိမ်ရှိနေမယ့် ဒီ MBEH Page လေးကို အမြဲမပြတ် ဖတ်ရှုပေးနေကြပါနော် …
#MOENUG #HomeBasedLearning #Myanmar
👍2
**ဆီမီးထွန်းပူဇော် ဒီပါဝလီပွဲတော် 🪔

ဒီနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဒီပါဝလီနေ့ဖြစ်တာကြောင့် အိမ်အိမ်က ဒီပါဝလီနေ့ အကြောင်းကို မျှဝေပေးသွားပါမယ်။**
👍1
ဆီမီးထွန်းပူဇော် ဒီပါဝလီပွဲတော် 🪔

ဒီနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဒီပါဝလီနေ့ဖြစ်တာကြောင့် အိမ်အိမ်က ဒီပါဝလီနေ့ အကြောင်းကို မျှဝေပေးသွားပါမယ်။

▪ ဒီပါဝလီနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်နေ့ဖြစ်ပါတယ်။ ဒီပါဝလီပွဲတော်ဟာငါးရက်တာကြာမြင့်ပြီး ဟိန္ဒူဘာသာဝင်တို့ရဲ့ အကျော်ကြားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်း ဆောင်းဦးကာလ၊ ဂရီဂိုးရီးယန်းပြက္ခဒိန်အရဆိုရင် အောက်တိုဘာလလယ်နဲ့ နိုဝင်ဘာလလယ်တွေမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပါဝလီနေ့ကို မြန်မာနိုင်ငံနဲ့ နိုင်ငံတော်တော်များများမှာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

▪ ဒီပဆိုတာ မီးအလင်းရောင်ဖြစ်ပြီး ဒီပါဝလီဟာ ဆီမီးခွက်စီတန်းထွန်းညှိပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ ပွဲတော်မတိုင်ခင်မှာ မိမိတို့နေအိမ်တွေ၊ အလုပ်နေရာတွေကို သန်ရှင်းရေးလုပ်တာ၊ အလှဆင်တာများပြုလုပ်ပြီးမှ အကောင်းဆုံးအဝတ်အစားများဝတ်ဆင်ပြီး အိမ်အတွင်းအပြင်၊ လုပ်ငန်းနေရာအတွင်းအပြင်မှာ ဆီမီးတွေ၊ ဖယောင်းတိုင်တွေ ထွန်းညှိကာ ဘုရားတွေ၊ မယ်တော်တွေ၊ နတ်မင်းကြီးတွေကို ပူဇော်လေ့ရှိပါတယ်။

▪ မီးပူဇော်ခြင်းဖြင့် အလင်းနှင့်အမှောင်ကိုဖြိုခွင်းနိုင်ပြီး အဆိုးအညံ့တွေရှိခဲ့ရင်လည်း ပြေပျောက်ကာ ကောင်းတဲ့အရာတွေရောက်လာဖို့၊ မျှော်လင့်ချက်တွေ ရရှိလာစေဖို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ မီးပူဇော်ကြခြင်းဖြစ်ပါတယ်။ ဒီပါဝလီပွဲတော်နဲ့ အတူလူသိများတာက ရန်ဂိုလီတန်ဆာဆင်ခြင်းပါ။ ရန်ဂိုလီတန်ဆာဆင်ခြင်းဆိုတာ ရောင်စုံအမှုန့်တွေ သဲတွေကိုအသုံးပြုကာ ဟိန္ဒူတို့ရဲ့ ကနုတ်လက်ရာတစ်မျိုးဖြင့် တန်ဆာဆင်ခြင်းဖြစ်ပါတယ်။

ဒီပါဝလီပွဲတော်ဟာ မီးထွန်းပွဲတော်သာမဟုတ်ဘဲ သူငယ်ချင်း၊ မိတ်ဆွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ရိုးရာမုန့်တွေ၊ လက်ဆောင်တွေ အပြန်အလှန်ပေးကြတဲ့ ပျော်ပွဲရွှင်ပွဲလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများက လက်ရှိမြန်မာနိုင်ငံကြီးအတွင်း မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများသေဆုံးထားရခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်မှုမရသေးသည်ကို သတိပြုဆင်ခြင်ကာ ပျော်ပွဲရွှင်ပွဲများ၊ ဘာသာရေးအဆုံးအမအရ မသင့်လျော်မယ့် ဆူဆူညံညံပျော်ပါးမူးယစ်ခြင်းများကို မပြုလုပ်မိရန် မေတ္တာရပ်ခံထားပြီး၊

ဒီနှစ်ရဲ့ဒီပါဝလီပွဲတော်မှာ ပူဇော်ပွဲကို မိမိတို့၏အိမ်တွင် မိသားစုဝင်များဖြင့်သာ အကျဉ်းချုံးကျင်းပကြပြီး၊ မိမိတို့၏အိမ်တွင်သာ အဓမ္မမှုကို အောင်နိုင်ပြီး အောင်ပန်းကို ပန်ဆင်လာတဲ့ ဘုရားရှင် ရှရီရာမ်းကို ဆီမီးနဲ့ကြိုဆိုပြီး ဆီမီးထွန်းပွဲတော်ကို ဆင်နွှဲကြဖို့ ပန်ကြားထားပါတယ်။

အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံးလည်း ဒီပါ၀လီနေ့မှာ ဘေးကင်းကျန်းမာပြီး၊ အဓမ္မမှုကို အမြန်ဆုံးအောင်နိုင်ကာ ပြည်သူပြည်သား၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့အတူ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီအောင်ပန်းကိုပန်ဆင်ကြပြီး နောက်နှစ်တွေမှာ နဂိုမူလကလိုပဲ ဒီပါဝလီပွဲတော်ကြီးတွေကို ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လည်ကျင်းပနိုင်ပါစေလို့ အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်.... ✨🪔

#MOENUG #HomeBasedLearning #Myanmar
👍5❤1
ဒီနေ့ နိုဝင်ဘာလ (၇) ရက်နေ့ဟာ (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖြစ်ပါတယ်။ အဲ့တာကြောင့် အိမ်အိမ်က ကရင်ပြည်နယ်နေ့နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပြောပြပေးသွားမယ်နော်။
❤2
ဒီနေ့ နိုဝင်ဘာလ (၇) ရက်နေ့ဟာ (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖြစ်ပါတယ်။ အဲ့တာကြောင့် အိမ်အိမ်က ကရင်ပြည်နယ်နေ့နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပြောပြပေးသွားမယ်နော်။

၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၈၀၊ ပုဒ်မခွဲ (၁) အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ သံလွင်ခရိုင်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေဖြစ်တဲ့ ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်တွေဟာ ၁၉၅၄ ခုနှစ်နဲ့ ၁၉၅၅ ခုနှစ်တွေမှာ ကရင်ပြည်နယ် ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်မှုအတွင်းကို ရောက်ရှိလာခဲ့ပါတယ်။

ကရင်ပြည်နယ်နေ့ ကျင်းပဖို့အတွက် နေ့ရက်ရွေးချယ်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့ နေ့ရက်တွေကို အခြေခံပြီးရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

◼ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်၍ နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးခဲ့သော နိုဝင်ဘာလ (၇) ရက်နေ့
◼ ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့နယ်များကို ကရင်ပြည်နယ်အတွင်း ထည့်သွင်းပေါင်းစည်းနိုင်ခဲ့သည့် ဇွန်လ (၁) ရက်နေ့နှင့်
◼ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များကို ကရင်ပြည်နယ်အတွင်း ထည့်သွင်းပေါင်းစည်းနိုင်ခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့ ဆိုပြီး နေ့ရက်သုံးခုကို ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။

မိုးရာသီမှာ အခမ်းအနားကျင်းပဖို့ အဆင်မပြေနိုင်တာကြောင့် ဆောင်းရာသီရက်အတွင်း ကျရောက်ပြီး ကရင်ပြည်နယ်အဖြစ် စတင်မွေးဖွားသန့်စင်ခဲ့တဲ့ နိုဝင်ဘာလ (၇) ရက်နေ့ကိုပဲ ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။

ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ပွဲတော်အတွင်းမှာ ပျော်ပွဲရွှင်ပွဲများ၊ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲများ၊ ဇာတ်သဘင်အကအလှများ၊ ဈေးရောင်းပွဲတော်နှင့်ကုန်စည်ပြပွဲများ၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးများ၊ တေးဂီတဖျော်ဖြေပွဲများနဲ့ အားကစားပြိုင်ပွဲတွေကို ထည့်သွင်းပြီး နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပါတယ် သူငယ်ချင်းတို့ရေ။

#MOENUG #HomeBasedLearning #Myanmar
👍3
Media is too big
VIEW IN TELEGRAM
အရင်တစ်ပတ်က Gates တွေအကြောင်းပြောပြပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒေတာ (Data) နဲ့ ဘိုင်နရီနံပါတ် (Binary Number) တွေ​အကြောင်းကို ပြုံးပြုံးကပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Episode-7 မှာတော့
◼ ဒေတာဆိုတာဘာလဲ?
◼ ဒေတာကို ကွန်ပျူတာက ဘယ်လိုသိမ်းဆည်းသလဲ?
◼ ဒေတာရဲ့ ယူနစ်တန်ဖိုးတွေအကြောင်း
◼ ဘိုင်နရီ (Binary) နဲ့ ဒက်ဆီမယ်လ် (Decimal) နံပါတ်တွေ တွဲစပ်ပုံ
◼ ASCII Code အကြောင်း
◼ Pixel နဲ့ Colour coding တွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
👍3❤2
အားလုံးပဲ မင်္ဂလာပါ။ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ် (Home-Based Learning)နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Telegram မှာလည်း ဝေမျှပေးသွားမှာဖြစ်ပါတယ်။
👍4
အားလုံးပဲ မင်္ဂလာပါ။ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ် (Home-Based Learning)နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Telegram မှာလည်း ဝေမျှပေးသွားမှာဖြစ်ပါတယ်။

အိမ်အိမ်တို့နဲ့ အမြဲအဆက်အသွယ်မပြတ်ရှိနေပြီး နေအိမ်အခြေပြုပညာသင်ယူခြင်းနဲ့ သက်ဆိုင်တဲ့ပိုစ့်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ဖို့အတွက် အိမ်အိမ်တို့ရဲ့ Telegram Channel ဖြစ်တဲ့ Myanmar Basic Education Home Channel နဲ့ အတန်းအလိုက်သင်ခန်းစာများကို ရယူနိုင်ဖို့ သက်ဆိုင်ရာအတန်းရဲ့ Telegram Channel ကို Joinထားပေးဖို့ မမေ့ပါနဲ့နော်။
✅Telegram Channel မှ သင်ခန်းစာ video များကို အလွယ်တကူ Download ရယူပြီး ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။

📌 Telegram Learning Channels’ Link
Myanmar Basic Education Home Channel - https://t.me/BEmoeNUG
KG MBEH Channel - https://t.me/joinchat/Wv9mDvMa7aFkOWVl
Grade 1 MBEH Channel - https://t.me/joinchat/9ntMcoRSIdtmMWI1
Grade 2 MBEH Channel - https://t.me/joinchat/U2R4xHQtnBhiOThl
Grade 3 MBEH Channel - https://t.me/joinchat/C9JBzMp09Gw0YTU1
Grade 4 MBEH Channel - https://t.me/joinchat/3LCw19ztMcowOGI1
Grade 6 MBEH Channel - https://t.me/joinchat/IHxvVfJgZUxiOTQ9
Grade 7 MBEH Channel - https://t.me/joinchat/h8CsmPfQscNkMDQ1
Grade 8 MBEH Channel - https://t.me/joinchat/TxHWca5RuotjNzll -
Grade 9 MBEH Channel - https://t.me/joinchat/h_dGU4hsGHc3MzA1
Grade 10 MBEH Channel - https://t.me/joinchat/0dB_0tSgLTowMjI9
Grade 11 MBEH Channel - https://t.me/joinchat/Z6cZ9Gf-ubxlMWQ1
MBEH (IT+General Knowledge) Channel - https://t.me/joinchat/eeU8nffeqag2NmNl

#MOENUG #HomeBasedLearning #Myanmar
👍21❤8🔥2👌2👎1
ဒီနေ့မှာတော့ အိမ်အိမ်က သူငယ်ချင်းတို့ကို အာရုံစူးစိုက်မှုကောင်းအောင်လေ့ကျင့်ခြင်း (Mindfulness) ရဲ့ အကျိုးကျေးဇူးနဲ့ နည်းလမ်းအချို့ကို မျှဝေချင်ပါတယ်။
👍5👎1🔥1
ဒီနေ့မှာတော့ အိမ်အိမ်က သူငယ်ချင်းတို့ကို အာရုံစူးစိုက်မှုကောင်းအောင်လေ့ကျင့်ခြင်း (Mindfulness) ရဲ့ အကျိုးကျေးဇူးနဲ့ နည်းလမ်းအချို့ကို မျှဝေချင်ပါတယ်။

ဖိုးမူလေးက မနက်အိပ်ယာထတိုင်း အနည်းဆုံး ၁၅ မိနစ်လောက် Mindful Breathing (ဝင်လေထွက်လေမှတ်) လုပ်တယ်။ အိမ်မှာစာသင်တဲ့နေ့တွေမှာလည်း အတန်းနားချိန်နဲ့ အတန်းပြီးတဲ့အချိန်တွေမှာ ၁၅ မိနစ်စီလောက် အာရုုံစူးစိုက်မှုကောင်းလာအောင် လေ့ကျင့်ပါတယ်။ အဲဒီလိုလေ့ကျင့်တဲ့အတွက် အခုဆိုရင် ဖိုးမူလေးက စာလုပ်တဲ့အခါ အာရုံစူးစိုက်မှုပိုကောင်းလာပြီး ကျောင်းစာတွေလဲ ပိုမှတ်မိလာတယ်၊ ပုစ္ဆာတွေတွက်တဲ့ အခါမှာလဲ မြန်မြန်ဆန်ဆန်တွက်လာနိုင်တယ်။ စာသင်ပြီးရင်လည်း အရင်ကလောက် မပင်ပန်းတော့ဘူးတဲ့။ ကလေးအရွယ်ပဲ ရှိ‌‌သေးပေမယ့် ကိုယ့်စိတ်ထဲမှာဖြစ်နေတာတွေ၊ ကိုယ့်စိတ်ခံစားမှုတွေကို ပိုပြီးနားလည်လာပြီး အားနည်းချက်၊ အားသာချက်တွေကို ပိုမြင်လာတယ်တဲ့။ အဲဒါကြောင့် အခုဆို ဖိုးမူလေးက သွက်သွက်လက်လက် ထက်ထက်မြက်မြက် ကလေးလေးတစ်ယောက် ဖြစ်လာနေပြီလေ။

ဒါကြောင့် ဖိုးမူလေးလို ဖွံ့ဖြိုးတိုးတက်လာအောင် အာရုံစူးစိုက်မှုကောင်းအောင်လေ့ကျင့်ခြင်း (Mindfulness) ကိုဘယ်လိုလုပ်ရမလဲဆိုတာကို အိမ်အိမ်က နည်းလမ်းကောင်းတွေအမျိုးမျိုးရှိတဲ့ထဲက ကျောင်းသားအားလုံးအတွက် သင့်တော်နိုင်မယ့် နည်းလမ်း‌လေးတွေ ဝေမျှချင်ပါတယ်။

Mindful ဖြစ်ဖို့ နည်းလမ်းတွေထဲကမှ ၀င်လေထွက်လေမှတ်တာကတော့ အသုံးပြုလေ့ အများဆုံးပါပဲ။ ပထမဆုံးအနေနဲ့ တစ်နေရာရာမှာ တင်ပျဉ်ခွေထိုင်ပြီး အသက်၀၀ရှုလိုက်ပါ။ ၄/၅ ကြိမ်လောက်ရှူပြီးရင် အသက်ရှုတာကိုပုံမှန်အတိုင်း ဖြစ်ခွင့်ပေးလိုက်ပါ။ ကိုယ်က နှာသီးဖျားလေးမှာအာရုံထားပြီး ၀င်‌လေ၊ ထွက်လေလေးကို လိုက်သိနေရုံပါပဲ။ ၀င်လာတဲ့အခါဖြစ်လာတဲ့ ခံစားချက် ထွက်သွားတဲ့အခါဖြစ်သွားတဲ့ ခံစားချက်လေးတွေကိုလဲ လိုက်သိပေးနေရုံပါပဲ။

၀င်လေ ထွက်လေမှတ်ရတာ အခက်အခဲဖြစ်ရင် ပိုပြီးထင်ရှားတဲ့ ခွံစားမှုတွေဖြစ်တဲ့ အသက်ရှုတဲ့အခါ ရင်ဘက်က နိမ့်လိုက် မြင့်ခလိုက်ဖြစ်တာ၊ ဗိုက်က ပိန်တာဖောင်းတာ လိုက်မှတ်နေလို့ရပါတယ်။ လိုရင်းကတော့ လက်ရှိအချိန်ကာလမှာာ စိတ်ကိုထားဖို့ပါပဲ။

ကိုယ့်ပတ်၀န်းကျင်မှာ ကြားနေရတဲ့အသံပေါင်းစုံကိုလည်း လိုက်မှတ်လို့ရပါတယ်။ ကားသံ၊ စကားပြောသံ၊ ငှက်ကလေးတွေ တကျွီကျီ အော်နေသံ စသဖြင့်ပေါ့။

ခံစားချက်လေးတွေကိုလဲ လိုက်သိနေလို့ရပါတယ်။ ရာသီဥတုအလိုက် ခန္ဓာကိုယ်မှာ ဖြစ်လာတဲ့ ပူတာ၊ အေးတာ စသဖြင့် လိုက်သိမှတ်နေလို့လည်း ရပါတယ်။

နောက်တစ်ခုကတော့ စိတ်ထဲမှာဖြစ်နေတဲ့ အတွေးလေးတွေကို လိုက်သိ၊ လိုက်ကြည့်တာပါ။ ကိုယ့်ရဲ့စိတ်ကို ကောင်းကင်ကြီးလို့သဘောထားပြီး အတွေးတွေကို တိမ်တိုက်လေးတွေလို့ မြင်ကြည့်ပါ။ ကိုယ်က‌‌တော့ တိမ်တွေကိုမော့ကြည့်နေတဲ့သူပေါ့။ တိမ်တိုက်‌လေးတွေက သူ့ဘာသာဖြတ်သန်းသွားသလို ကိုယ့်ရဲ့အတွေးတွေကလည်း သူ့ဘာသာပေါ်လာပြီး ကိုယ်က၀င်မစွက်ဖက်ရင် သူ့ဘာသူပျောက်သွားတာပါပဲ။

တစ်ခါတစ်‌လေကျ အတွေးတွေက တော်ရုံနဲ့ မပျောက်သွားဘဲ ဆက်တွေးဖြစ်နေတာကို ဒီတိုင်းလေးသိထားလိုက်ပြီး၊ နဂိုပထမဆုံးထိုင်လုပ်နေတဲ့အလုပ်လေး (ဝင်လေထွက်လေမှတ်နေတာ) ကို ညင်ညင်သာသာ ပြန်အာရုံပြုပြီး မှတ်ပေးပါ။

အရေးကြီးတာက စိတ်ပျံ့လွင့်တဲ့အခါ ကိုယ့်ကိုကို မဝေဖန်ပါနဲ့၊ စိတ်မဆိုးပါနဲ့။ စိတ်ဆိုးနေရင်လည်း စိတ်ဆိုးလို့ဖြစ်လာတဲ့ခံစားချက်လေးကို လိုက်သိပေးပါ။ စိတ်တည်ငြိမ်အောင် သတိလေးနဲ့ ပြန််ထိန်းလိုက်ပါ။

သူငယ်ချင်းတို့လည်း Mindfulness Meditation ကို စမ်းလုပ်ကြည့်ပြီး ကိုယ့်အတွက်အကျိုးရှိရင် ပုံမှန်လေးလုပ်သွားဖို့ အိမ်အိမ်က တိုက်တွန်းချင်ပါတယ်။ စိတ်ခံစားမှုများကိုထိန်းကျောင်းခြင်း (Emotional Management) နဲ့ပတ်သက်ပြီးလည်း ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ ဒီ page လေးမှာ အိမ်အိမ်နဲ့ အဆက်အသွယ်မပြတ်နေကြမယ်နော်။။
#MOENUG #HomeBasedLearning #Myanmar
👍7❤4
**အားလုံးပဲ မင်္ဂလာပါ။ 👋
ဒီနေ့မှာတော့ အိမ်အိမ်က ကလေးတွေရဲ့နေအိမ်အခြေပြုသင်ယူနိုင်ရေးအတွက် လူငယ်တွေ ဘယ်အခန်းကဏ္ဍတွေကနေ ပါဝင်ပြီး အားဖြည့်ကူညီနိုင်လဲဆိုတာကို ဝေမျှပေးသွားပါမယ်နော်**
**အားလုံးပဲ မင်္ဂလာပါ။ 👋
ဒီနေ့မှာတော့ အိမ်အိမ်က ကလေးတွေရဲ့နေအိမ်အခြေပြုသင်ယူနိုင်ရေးအတွက် လူငယ်တွေ ဘယ်အခန်းကဏ္ဍတွေကနေ ပါဝင်ပြီး အားဖြည့်ကူညီနိုင်လဲဆိုတာကို ဝေမျှပေးသွားပါမယ်နော်**

▪ နေအိမ်အခြေပြုသင်ယူရေး (HBL: Home-Based Learning) အစီအစဥ်ဟာ ကလေးငယ်များနေအိမ်မှာ အန္တရာယ်ကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူနိုင်ခွင့်ရရှိစေရန် ဖြစ်ပါတယ်။ HBL အစီအစဥ်မှာ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာရှိလူကြီးလူငယ်များ၏ စုပေါင်းကြီးကြပ်မှု၊ ထောက်ပံ့ကူညီမှုဟာ ကလေးတွေထိရောက်စွာသင်ယူနိုင်ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်​နေပါတယ်။ ကလေးတွေရဲ့နေအိမ်အခြေပြုသင်ယူနိုင်ရေးအတွက် လူငယ်တွေက အောက်ပါနည်းလမ်းလေးတွေနဲ့ တက်တက်ကြွကြွ ပံ့ပိုးကူညီလမ်းပြပေးနိုင်ပါတယ်။

✅ ၁။ ပညာရေးရင်းမြစ်များနှင့် သင်ကြားသင်ယူရေးဆိုင်ရာနည်းလမ်းများ ​ဖြန့်ဝေအသိပေးခြင်း

▪ NUG MoE MBEH Facebook Page မှသတင်းအချက်အလက်များကို စဉ်ဆက်မပြတ်လေ့လာရယူပေးပါ။ မိမိတို့ရပ်ရွာ လူမှုပတ်ဝန်းကျင်ရှိ ကလေးများ နေအိမ်တွင် အေးဆေးသက်သာလုံခြုံစွာ ပညာဆက်လက်သင်ယူနိုင်စေဖို့် မိဘအုပ်ထိန်းသူများ၊ ပညာရေးတတ်သိကျွမ်းကျင်သူများနှင့် ကလေးများထံသို့ ပညာရေးရင်းမြစ်များ ရောက်ရှိအောင် ဖြန်ဝေပေးရင်း မည့်သည့်နည်းစနစ်များဖြင့် သင်ယူရမယ်ဆိုသည်ကို ပြောပြကူညီပေးပါ။ ကလေးများနှင့် မိဘအုပ်ထိန်းသူများ သိလိုသည်များ၊ လိုအပ်သည့်အကူအညီများ၊ ဆက်သွယ်မေးမြန်းအကြံအဉာဏ်တောင်းခံလိုသည်များကို တတ်သိပညာရှင်များနှင့် သက်ဆိုင်ရာ MBEH Groups များတွင် ချိတ်ဆက်ကူညီဖြေရှင်းပေးပါ။

✅ ၂။ ပညာရည်အားနည်းသော/အကူအညီလိုအပ်သော မိဘများကို ကူညီပေးခြင်း

▪ ကလေးများဟာ ကျောင်းပညာရေးမှနေအိမ်အခြေပြုပညာရေးသို့ ပြောင်းလဲလေ့လာသင်ယူရသည့်အတွက် မိဘများမှာ အုပ်ထိန်းသူသက်သက်သာမဟုတ်ပဲ ပညာရေးလမ်းညွှန်ကူညီသူများလည်း ဖြစ်လာကြရပါတယ်။ ပညာရည်အားနည်းသော မိဘအများစုဟာ မိသားစုစားဝတ်နေရေးအတွက် ဂရုစိုက်နေရပြီး ကလေးများ၏ပညာရေးအတွက် အချိန်ပေးဂရုစိုက်နိုင်မှု နည်းပါးတတ်ပါတယ်။ သို့ဖြစ်၍ ကလေးများအတွက်သာမက မိဘများပူပေါင်းပါဝင်မှုတိုးတက်လာအောင်လည်း အလျဥ်းသင့်သလို ကူညီဆောင်ရွက်ပေးကြဖို့လိုပါတယ်။ မိဘများ၏ အခန်းကဏ္ဍသည်အလွန်အရေးကြီးသဖြင့် ကလေးများ၏စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကောင်းမွန်စွာဖွံ့ဖြိုးလာစေရန် ပြုစုပျိုးထောင်မှုနည်းနာများကို နားလည်လာစေရန်၊ လက်ခံကျင့်သုံးလာစေရန် နွေးထွေးယဥ်ကျေးစွာ ရှင်းပြခြင်း၊ လမ်းညွှန်ခြင်း၊ အခက်အခဲများကို နားထောင်ပေး၍ အတူဆွေးနွေးဖြေရှင်းပေးပါ။

✅ ၃။ နည်းပညာပစ္စည်းများ (Digital tools)များနှင့် မရင်းနှီးသောမိဘများအား ကူညီအသိပေးလမ်းညွှနိရယူပေးခြင်း

▪ HBL ပညာရေးရင်းမြစ်များကို ရယူရာတွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Social Media platforms များဖြစ်သော Moodle Platform, Facebook Social Media, Youtube Channel, Telegram Channel, Viber Channel များတွင် အခကြေးငွေပေးရန်မလိုအပ်ဘဲ ဝင်ရောက်လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်မရရှိသောဒေသများတွင်လည်း ပညာရေးရင်းမြစ်များကို Wifi Transfer (Zapya), Bluetooth, OTP, USB Memory စသည့်ပုံစံအမျိုးမျိုးဖြင့် လေ့လာသင်ယူမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်နည်းပညာနဲ့ပိုရင်းနှီးတဲ့လူငယ်တွေက Digital tools များနှင့်မရင်းနှီးတဲ့ မိဘများကို အသုံးပြုပုံလမ်းညွှန်းများပြောပြကာ လိုအပ်သောပညာရေးဆိုင်ရာများကို ကူညီအသိပေးလမ်းညွှနိရယူပေးကြပါ။

✅ ၄။ ကလေးပညာရေးတွင် မိဘများပါဝင်ဆောင်ရွက်နိုင်အောင် ပံ့ပိုးအားပေးခြင်းနှင့် မိဘများ၏အခန်းကဏ္ဍကို ကူညီအားဖြည့်ပေးခြင်း

▪ အချို့သောမိဘများဟာ ကလေး၏ပညာရေးကို အချိန်ပေးဂရုစိုက်နိုင်မှုနည်းပါးခြင်း၊ ပညာရည်အားနည်းခြင်းများရှိသဖြင့် ပညာသင်ယူရန် အခက်အခဲရှိနေသောမိသားစုများကို လူငယ်များက ပံ့ပိုးကူညီရန်လိုအပ်ပါသည်။

ကလေးများ၏ စိတ်ခံစားမှုနှင့်ပညာရည်တိုးတက်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများကို မိဘများနှင့်အတူလုပ်ဆောင်ပေးခြင်း၊ ပတ်ဝန်းကျင်မှ အလွယ်တကူရရှိနိုင်သောရင်းမြစ်များကို မည်သို့အသုံးချနိုင်ကြောင်း ပြောပြလုပ်ဆောင်ပေးခြင်း၊ ကလေးများ၏နှုတ်မှုစွမ်းရည်တိုးတက်စေမည့်မေးခွန်းများ၊ တေးကဗျာလေးများကို မိဘများထံသို့ပေးပို့၍ ကလေးနှင့်အတူလေ့ကျင့်ဆောင်ရွက်ရန် သရုပ်ပြပေးခြင်း၊ တိုက်တွန်းပေးခြင်းတို့ကို အတူဆောင်ရွက်ကူညီပေးပါ။
ကလေးများ၏အသက်အရွယ်ပေါ်မူတည်၍ မိဘများ၏အခန်းကဏ္ဍများမှာလည်း ကွဲပြားနိုင်တဲ့အတွက် အတန်းငယ်စဥ်ကာလမှာ မိဘများကပိုမို ဂရုစိုက်ပေးမှု ပိုလိုအပ်ပြီး အတန်းကြီးလာသည့်အခါမှာတော့ မိဘများက စောင့်ကြည့်လေ့လာမှုများကို ဆက်လက်ပြုလုပ်ပေးဖို့လိုအပ်ကြောင်းကို မိဘများသိရှိအောင် အသိပညာဖြန့်ဝေပြောပြပေးရန် လိုအပ်ပါတယ်။
👍9🏆1
ထိရောက်ကောင်းမွန်တဲ့ HBL အစီအစဥ်မှာ ကလေး၊ မိဘတို့၏ဆောင်ရွက်မှုသာမက ရပ်ရွာလူမှုဝန်းကျင်ရှိ တတ်သိနားလည်သူများ၊ လူကြီး လူငယ်များရဲ့ ပူးပေါင်းပံ့ပိုးကူညီဆောင်ရွက်မှုတို့ပါ အထူးလိုအပ်တာကြောင့် လူငယ်တို့အနေနဲ့ မိမိရဲ့ရပ်ရွာလူမှုဝန်းကျင်ကို မိမိတို့ကာယဉာဏခွန်အားတွေနဲ့လက်တွဲညီပံ့ပိုးကူညီပေးကြဖို့ကို အိမ်အိမ်က တိုက်တွန်းလိုက်ပါတယ်၊

နောက်ထပ်ပို့စ်တွေမှာ ပျော်ရွှင်ကျန်းမာစွာ ထပ်တွေ့ကြပါမယ်နော် ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့ရေ … .။

#MOENUG #HomeBasedLearning #Myanmar
👍5