Myanmar Basic Education Home
✔
20.6K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
နေအိမ်အခြေပြုပညာသင်ယူခြင်းဟာ Digital စနစ်ကို စတင်အခြေခံပြီးသွားမှာဖြစ်တဲ့အတွက် သူငယ်ချင်းတို့အနေနဲ့ Internet ချိတ်ဆက်ပြီးအသုံးပြုလို့ရတဲ့ Device တစ်ခု (စမတ်ဖုန်း, Tablet, laptop အစရှိသဖြင့်) လိုအပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးရင်းမြစ်‌တွေကို Moodle Platform ၊ Facebook Social Media ၊ YouTube Channel ၊ Telegram Channel ၊ Viber Channel များမှာ အခကြေးငွေ ပေးသွင်းစရာ မလိုဘဲ ဝင်ရောက်ကြည့်ရှု၊ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ အင်တာနက်မရရှိတဲ့ဒေသတွေမှာလည်း ပညာရေးအရင်းအမြစ်များကို WiFi File Transfer (Zapya), Bluetooth, OTG, USB Memory စသဖြင့်အသုံးပြုပြီး ရပ်ရွာအခြေပြုပညာရေးအဖွဲ့အစည်းများမှတဆင့် ကူးယူဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Offline ပုံစံဖြင့် ရေဒီယို အစီအစဉ်များ၊ Hard Copy & Soft Copy Memory Package များ၊ ဖုန်းနှင့် တက်ဘလက်များမှာ အသုံးပြုနိုင်တဲ့ Application software စသည့် ပုံစံအမျိုးမျိုးနဲ့လည်း ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Online ပညာရေးရင်းမြစ်တွေနဲ့ သတင်းအချက်အလက်တွေကို အောက်ဖော်ပြပါ လိပ်စာများတွင် စဉ်ဆက်မပြတ် ဖြန့်ဝေပေးသွားမှာ ဖြစ်တဲ့အတွက် အမြဲစောင့်ကြည့် လေ့လာကြပါနော် ….
https://www.facebook.com/BE.moeNUG/
https://t.me/BEmoeNUG
https://www.facebook.com/moeNUGMyanmar
https://moe.nugmyanmar.org/
နည်းပညာနဲ့ရင်းနှီးကျွမ်း၀င်မှုအားနည်းသေးတဲ့ သူငယ်ချင်းများ နဲ့ မိဘများအတွက်လည်း သင်ကြားရေးနည်းပညာအသုံးပြုပုံများကို video file တွေနဲ့ social media များကတဆင့် ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဖေဖေ၊ မေမေတွေ၊ အိမ်ကလူကြီးတွေအတွက်လည်း နေအိမ်အခြေပြုပညာသင်ယူခြင်းကာလမှာ သူငယ်ချင်းတို့စာကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပံ့ပိုးပေးနိုင်မယ့် လမ်းညွှန်အကြံပြုချက်တွေကိုလည်း သက်ဆိုင်ရာ online platform များမှတဆင့်မျှဝေပေးသွားမှာဖြစ်ပါတယ်။
နောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ အခြားအခက်အခဲများကိုလည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုဆက်လက်မျှ‌ဝေပေးသွားမှာဖြစ်လို့ အိမ်အိမ်နဲ့ အဆက်အသွယ်မပြတ်နေရကြအောင်နော်။
#MOENUG #HomeBasedLearning #Myanmar
👍22❤4
နေအိမ်အခြေပြုသင်ကြားရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ၊ သိမှတ်ဖွယ်တွေဝေမျှပေးနေတဲ့ အိမ်အိမ်ပါ။ ဒီနေ့မှာ အိမ်အိမ်က ဖေဖေ၊မေမေတို့သိထားသင့်တဲ့ ကလေးတွေရဲ့အမူအကျင့်တွေ၊ သင်ယူမှုပုံစံတွေကို ပြောပြမယ်နော်....။
👍11
မင်္ဂလာပါ!

နေအိမ်အခြေပြုသင်ကြားရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ၊ သိမှတ်ဖွယ်တွေဝေမျှပေးနေတဲ့ အိမ်အိမ်ပါ။ ဒီနေ့မှာ အိမ်အိမ်က ဖေဖေ၊မေမေတို့သိထားသင့်တဲ့ ကလေးတွေရဲ့အမူအကျင့်တွေ၊ သင်ယူမှုပုံစံတွေကို ပြောပြမယ်နော်....။

▪နေအိမ်အခြေပြုသင်ကြားရေးအစီအစဥ်ဟာ အတန်းတင်ခြင်း၊ အတန်းတက်ခြင်းများသတ်မှတ်ရန် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကလေးများ စာနှင့်ဝေးမသွားအောင် သင်ယူခြင်းလုပ်ငန်းများတွင် ပျော်ပျော်ရွှင်ရွှင်ပါဝင်သင်ယူရင်း အချိန်များအကျိုးရှိစွာကုန်ဆုံးသွားစေခြင်းတို့အတွက် ဆောင်ရွက်သောအစီအစဥ်ဖြစ်ပါတယ်။

နေအိမ်အခြေပြုသင်ကြား၊သင်ယူခြင်းမှာဆိုရင် ဖေဖေ၊မေမေတို့အနေနဲ့ အောက်ပါအချက်တွေနဲ့ ညီညွှတ်စေဖို့ အမြဲကြိုးစားဂရုပြု ပေးရပါမယ်။

●(က) ရိုးရှင်းရမယ်
●(ခ) လွယ်ကူရမယ်
●(ဂ) ပျော်စရာကောင်းရမယ်
●(ဃ) သက်တောင့်သက်သာရှိရမယ်
●(င) စိတ်ဖိစီးမှုမများစေရဘူး
ဒီအချက်တွေနဲ့ကိုက်ညီမှသာ သားသား၊မီးမီးတို့အတွက် သင့်တင့်မျှတတဲ့၊ လုံခြုံမှုပေးနိုင်တဲ့ နေအိမ်အခြေပြုသင်ကြားရေးပုံစံ ဖြစ်ပါလိမ့်မယ်။

▪နေအိမ်အခြေပြုသင်ကြားရေးဆောင်ရွက်ရာမှာ အသက်(၆)နှစ်နှင့်အထက်ကလေးများအတွက် တစ်နေ့လျှင်ပုံမှန်အားဖြင့် သုံးနာရီခန့်၊ တစ်ပတ်လျှင် ဆယ့်ငါးနာရီခန့်နှင့် ငါးရက်ခန့် စသည်ဖြင့် မိမိကလေးရဲ့သင်ယူနိုင်မှုစွမ်းရည်အပေါ်မူတည်ပြီး လုံလောက်သောအနားယူချိန်လေးများနဲ့ စိတ်ဖိစီးမှုမများစေဘဲ သင်ယူနိုင်ဖို့ စီစဥ်ဆောင်ရွက်ပေးသင့်ပါတယ်။

▪ကလေးငယ်များဟာ သင်ယူခြင်းကို ကျောင်းစတင်တက်ရောက်မှ စတင်ခြင်းမဟုတ်ဘဲ မွေးကင်းစအရွယ်မှာတင် စတင်သင်ယူတတ်ကြပါတယ်။ မွေးကင်းစမှ အသက်(၈)နှစ်အရွယ်အတွင်း ကလေးများရဲ့ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုဖြစ်စဥ်ဟာ ကလေးများရဲ့ဘဝတစ်လျှောက်လုံးသင်ယူဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော အချိန်ကာလဖြစ်ပါတယ်။

မွေးကင်းစအရွယ်မှ အသက်ရှစ်နှစ်အရွယ်ကြားရှိ ကလေးများအတွက် နေအိမ်အခြေပြုသင်ယူခြင်းကို အောက်ပါ အတိုင်းပြုစုပျိုးထောင်ပေးဖို့ ပညာရှင်များကအကြံပြုထားပါတယ်။

▪မွေးကင်းစမှအသက်(၂)နှစ်အရွယ်ထိ
ဤအသက်အရွယ်ကလေးငယ်များရဲ့တွေးခေါ်မှုပုံစံကို ၎င်းတို့၏လှုပ်ရှားမှုနှင့် အာရုံခံအင်္ဂါများ၏အထိအတွေ့မှရလာသော အသိများကလွှမ်းမိုးထားပါတယ်။ ဤအဆင့်ကို အာရုံကြောကြွက်သားထိန်းချုပ်မှုဖြင့်ခန္ဓာကိုယ်လှုပ်ရှားနိုင်သောအဆင့်(Sensory Motor Stage) လို့ခေါ်ပါတယ်။

ဤအဆင့်တွင်အာရုံခံအင်္ဂါများနှင့်ထိတွေ့ခြင်းသည် အရေးကြီးသောသင်ယူမှုပုံစံဖြစ်ပါတယ်။ ခြောက်လနှင့်အထက်အရွယ်ကလေးငယ်များအတွက် ဝမ်းလျားမှောက်လေ့ကျင့်ခန်း (Tummy time) ကို တစ်ကြိမ်လျှင်တစ်မိနစ်နှုန်းဖြင့် နှစ်ကြိမ်မှသုံးကြိမ်အထိ လေ့ကျင့်ပေးလို့ရပါတယ်။ ထိုမှ ခြောက်လမှ (၁၂)လကြားတွင် လှိမ့်ခြင်း၊ ထိုင်ခြင်း၊ တွားသွားခြင်း စသည့်လှုပ်ရှားမှုတို့က ကလေးတစ်ဦးစီရဲ့ဖွံ့ဖြိုးမှုအလိုက် ပြောင်းလဲတိုးတက်လေ့ရှိပါတယ်။

▪(၁၂) လနှင့် (၂၄)လကြားမှာ ရွေ့လျားနိုင်လာကာအစမ်းလမ်းလျှောက်လာနိုင်ခြင်း၊ အစာကိုပိုမိုဝါးစားလာနိုင်ခြင်း၊ သွားများပေါက်လာကာစကားပြောရန်ကြိုးစားလာလေ့ရှိပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းကိုသာမက ဉာဏ်ရည်ကိုပါအသုံးပြုရန် အဆင်သင့်ဖြစ်လာတတ်ကြပါတယ်။ ထိုမှတဆင့် မတ်တပ်သွားစအရွယ်တွင် မိမိခန္ဓာကိုယ်ကို သတိထားမိစပြုလာပြီး လူကြီးများ၏အကူအညီမပါဘဲ လုပ်ဆောင်နိုင်ခြင်းများကို ပီတိဖြစ်တတ်လာကြပါတယ်။

ဤအဆင့်တွင်ကလေးငယ်များ၏လုပ်ဆောင်မှုများကို လက်ခုပ်တီးအားပေးခြင်း၊ ချီးကျူးပေးခြင်းတို့ကိုဖေဖေ၊မေမေတို့က အဓိကလုပ်ပေးကြရပါမယ်။ကလေး၏အရွယ်နှင့်ကိုက်ညီသော ရွေးချယ်စရာများဖန်တီးပြီး လူကြီးများရဲ့လွှမ်းမိုးမှုမပါပဲ ရွေးချယ်ခွင့်ပေးကာ ကလေးများကိုအားပေးချီးမြောက်ပြီး ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် ဖန်တီးပေးရပါမယ်။

▪အသက် ၂ နှစ်မှ ၇ နှစ်အရွယ်အထိ
ဤအဆင့်တွင် ကလေးများက မိမိတို့ပတ်ဝန်းကျင်ရှိအရာများကိုနားလည်ရန်နှင့် ၎င်းတို့၏ တွေးတောဆင်ခြင်နိုင်စွမ်းကိုချဲ့ထွင်ရန် ဘာသာစကားနှင့်အခြားစိတ်ကူးစိတ်သန်းများကို အသုံးပြုလာနိုင်ကြပါတယ်။
ဤအဆင့်ကို ဉာဏ်ရည်ဖွံ့ဖြိုးရန်အားယူနေသောအဆင့်(Pre-Operational Stage) လို့သတ်မှတ်ထားပါတယ်။

လူကြီးများကဲ့သို့ သဘာဝကျကျ ယုတ္တိရှိရှိတွေးခေါ် နိုင်ခြင်းမရှိသေးဘဲ တွေးခေါ်မှုဆိုင်ရာဖွံ့ဖြိုးမှုအဆင့်ပဲ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ တွေးခေါ်မှုဆိုင်ရာလေ့ကျင့်ခြင်းများကို အောက်ပါအတိုင်းလေ့ကျင့်သင်ကြားပေးသင့်ပါတယ်။

■၂နှစ်မှ ၃နှစ်အရွယ် ကလေးများအတွက် (၈မိနစ်မှ ၁၂မိနစ်အထိ) တစ်နေ့နှစ်ကြိမ်
■၃နှစ်မှ ၄နှစ်အရွယ် ကလေးများအတွက် (၁၀မိနစ်မှ ၁၅မိနစ်အထိ) တစ်နေ့နှစ်ကြိမ်
■၄နှစ်မှ ၅နှစ်အရွယ် ကလေးများအတွက် (၁၅မိနစ်မှ ၂၀မိနစ်အထိ) တစ်နေ့နှစ်ကြိမ်
■၅နှစ်မှ ၆နှစ်အရွယ် ကလေးများအတွက် (၂၀မိနစ်မှ ၃၀မိနစ်အထိ) တစ်နေ့နှစ်ကြိမ်

ကဲ အခုဆိုရင် ဖေဖေ၊မေမေတို့အနေနဲ့ မိမိတို့ရဲ့ကလေးတွေရဲ့ သင်ယူမှုပုံစံတွေ၊ သင်ယူမှုလက်ခံနိုင်စွမ်းတွေကို သိရှိသွားကြပြီဆိုတော့ ပညာရှင်တွေရဲ့အကြံပြုချက်တွေနဲ့အတူ နေအိမ်အခြေပြုသင်ကြားရေးကို ပူးပေါင်းပါဝင်​ ဆောင်ရွက်ကြမယ်နော်။

နောက်ထပ်ပို့စ်တွေမှာ ကျန်းမာပျော်ရွှင်စွာပြန်တွေ့ကြမယ်နော်.....။
👍24❤1
ဒီနေ့တော့ အိမ်အိမ်က သူငယ်ချင်းတို့ကို 360ed ဆို‌တဲ့ သင်ကြားရေး platform လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
👍10
360ed ဆိုတာ ပုံရိပ်ယောင် AR, VR နည်းပညာ‌တွေကိုအခြေခံပြီး စမတ်ဖုန်း၊ Tablet တွေနဲ့အသုံးပြုနိုင်တဲ့ ပညာရေးသင်ထောက်ကူပစ္စည်း‌တွေကို တီထွင်ထုတ်လုပ်ပေးနေတဲ့ ပညာရေးနည်းပညာကုမ္ပဏီ တစ်ခုပဲဖြစ်ပါတယ်။

ယခု နေအိမ်အခြေပြုသင်ကြားရေးကာလမှာ သူငယ်ချင်းတို့အနေနဲ့ 360ed ကထုတ်ထားတဲ့ 360ed universe application လေးကိုအသုံးပြုပြီး Grade 1,2,3,6 အတွက် အင်္ဂလိပ်စာဘာသာရပ်နဲ့ Grade 1 အတွက် သိပ္ပံဘာသာရပ်‌တွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

Application မှာ ပုံရိပ်ယောင်နည်းပညာ Augmented Reality (AR) နဲ့ 4D ရုပ်လုံးကြွနည်းပညာတွေလဲ ပါ၀င်လို့ ဝေါဟာရနဲ့ပုံရိပ် ဆက်စပ်သင်ကြားနိုင်စွမ်းကို အထောက်အကူဖြစ်စေပါတယ်။ နောက်ပြီး သင်ခန်းစာအလိုက် audio support လဲပါ၀င်လို့ အသံနဲ့တွဲပြီးသင်ယူချင်တဲ့ ဘော်ဘော်တွေအကြိုက်ပဲပေါ့။

လတ်တလောမှာ‌တော့ Android အတွက်ပဲ အ‌ထောက်အပံ့‌‌ပေးထားပြီး သူငယ်ချင်းတို့အနေနဲ့ အောက်မှာပေးထားတဲ့ link ကတစ်ဆင့် Google Play Store မှာရယူနိူင်ပါတယ်။
https://play.google.com/store/apps/details?id=com.threesixtyed.universe&hl=en&gl=US

Application အသုံးပြုခြင်းနဲ့ပက်သက်တဲ့ အချက်အလက်များနဲ့ အခြားဆက်စပ်အကြောင်းအရာများကို 360 ed Facebook Page မှာလေ့လာဖတ်ရှုနိင်ပါတယ်။
https://www.facebook.com/360edOfficial

#MOENUG #HomeBasedLearning #Myanmar
👍19
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-5)
လူတွေရဲ့ လုပ်ငန်းဆောင်တာတွေ့၊ တစ်နေ့တာအချက်အလက်တွေကို မှတ်သားဖို့အတွက် မှတ်ဉာဏ်(Memory)ရှိသလို ကွန်ပျူတာမှာလည်း ဒေတာတွေကို မှတ်သားထားဖို့၊ သိမ်းဆည်းထားဖို့ Memory ဆိုတာ ပါရှိပါတယ်။

ဒီနေ့မှာတော့ မြောက်မြားလှတဲ့ ဒေတာတွေကို Memoryထဲမှာ ကွန်ပျူတာက ဘယ်လိုသိမ်းဆည်းလဲဆိုတာကို ပြုံးပြုံးက ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီ Episode-5 မှာတော့
▪️ကွန်ပျူတာတစ်လုံး ဘယ်လို အလုပ်လုပ်သလဲ?
▪️Memory ဆိုတာဘာလဲ?
▪️Memory ဘယ်နှမျိုးရှိသလဲ? ဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

စနေနေ့တိုင်းမှာ ကွန်ပျူတာရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေကို ထပ်ပြီးပြောပြပေးသွားမှာကြောင့် စောင့်ကြည့်ဖို့မမေ့နဲ့နော် သူငယ်ချင်းတို့ရေ ❤️
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
❤8👍3
အားလုံးပဲ မင်္ဂလာပါ....
**အိမ်အိမ်ရဲ့သူငယ်ချင်းတွေအားလုံး နေကောင်းကျန်းမာကြရဲ့လား၊
ဒီနေ့ဟာ အောက်တိုဘာလ(5)ရက် ကမ္ဘာ့ဆရာများနေ့ဖြစ်တာကြောင့် ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သတ်တဲ့ဗဟုသုတတွေကို အိမ်အိမ်ကပြောပြမယ်နော်။**
▪ ကမ္ဘာ့ဆရာများနေ့ကို 1994 ခုနှစ်မှာ United Nations Educational, Scientific and Cultural Organization (UNESCO) ကစတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်းရဲ့ အောက်တိုဘာလ(5)ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ်သတ်မှတ်ပြီး UNESCO, UNICEF ရဲ့ ILO(The International Labour Organization) နဲ့ EI (Education International) တို့အတူပူးပေါင်းပြီး 1996 ခုနှစ်မှာ စတင်ကျင်းပခဲ့ကြပါတယ်။

▪ ကမ္ဘာ့ဆရာများနေ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပညာသင်ကြားပေးသူ ဆရာ၊ ဆရာမ (Educators) များရဲ့အရေးပါမှုကို အသိအမှတ်ပြုဖို့၊ ဂုဏ်ပြုဖို့ နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

▪ နှစ်စဥ်နှစ်တိုင်း Theme အမျိုးမျိုးနဲ့ကျင်းပလေ့ရှိပြီး 2021နှစ်မှာတော့ "Teachers at the heart of education recovery" ဆိုတဲ့ theme နဲ့ ကျင်းပဂုဏ်ပြုမှာ ဖြစ်ပါတယ်။

▪ အိမ်အိမ်အခုလိုဗဟုသုတတွေဝေမျှနိုင်​နေတာ၊ အိမ်အိမ်ရဲ့သူငယ်ချင်းတွေအခုလိုပညာလေ့လာသင်ယူနေနိုင်တာဟာ အိမ်အိမ်တို့ ဆရာ ၊ဆရာမတွေရဲ့ သင်ပြလမ်းညွှန်မှုတွေကြောင့်ဖြစ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ ဆရာ ၊ဆရာမတွေကို ကျေးဇူးတင်ဂုဏ်ပြုပေးဖို့မမေ့ကြနဲ့နော်.....။

နောက်ထပ်ပို့စ်တွေမှာ အိမ်အိမ်နဲ့ နေကောင်းကျန်းမာစွာ ပြန်တွေ့ကြပါမယ်......။

#MOENUG #HOMEBASEDLEARNING #Myanmar
👍7
အိမ်အိမ် ဒီနေ့ MoE NUG Myanmar ရဲ့ Basic Education Learning Centre တစ်ခုအကြောင်းကို ပြောပြမယ်နော်။
▪ NUG MoE Learning Centre အတွက် ကမ္ဘာမှာအသုံးပြုမှုအများဆုံး Learning Management System ထဲက တစ်ခုဖြစ်တဲ့ Moodle ကို အသုံးပြုထားပါတယ်။

ပထမဆုံး Moodle က ဘာကြီးလဲဆိုတာကို အိမ်အိမ်က ပြောပြပေးပါ့မယ်...
▪ Moodle ဆိုတာကဝောာ့ online ကနေ အလွယ်တကူ စာသင်ယူလို့ရမယ့် Learning Platform တစ်ခုပဲဖြစ်ပါတယ်။ ခုဆိုရင် သူငယ်ချင်းတို့အတွက် MoE NUG Myanmar Moodle Learning Centre ကို မိတ်ဆက်ပေးလိုက်ပြီမို့ onlineကနေစာသင်ရဖို့ မပူရတော့ဘူးပေါ့။

▪ အခုလိုခက်ခဲတဲ့ကာလမှာ သူငယ်ချင်းတို့ အလွယ်တကူ စာလေ့လာသင်ကြားနိုင်အောင် အိမ်အိမ်တို့ရဲ့ NUG MoE Online Learning Centre တစ်ခုဖြစ်တဲ့ Moodle Platform ကနေ Grade အလိုက်သင်ခန်းစာတွေကို မျှဝေပေးသွားမှာဖြစ်သလို ကျောင်းသုံးစာအုပ်တွေ၊ Teacher’s Guide တွေနဲ့ နေအိမ်အခြေပြုသင်ယူခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်စာအုပ်တွေကိုလည်း ရယူနိုင်မှာပါ။

ဒါဆိုရင် သူငယ်ချင်းတို့က MoE NUG Myanmar's Moodle Learning Platform Link ဖြစ်တဲ့
https://learning-moe.nugmyanmar.org/be/ ကနေ စာလေ့လာလို့ရတယ်ဆိုတာကို မှတ်ထားပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေပေးပါဦးနော်။

#MOENUG #HomeBasedLearning #Myanmar
👍8❤1
Myanmar Basic Education Home pinned «‟ ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည် ” ❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလ နေအိမ်အခြေပြုပညာသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် အသုံးပြုသွားမယ့် Learning Channels များကို အိမ်အိမ်က မ…»
သူငယ်ချင်းတို့ရေ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ်(Home-Based Learning) နဲ့ ပညာသင်ကြားတဲ့အခါ အတန်းအလိုက် သင်ခန်းစာတွေလေ့လာနိုင်မယ့်၊ အခက်အခဲတွေကို မေးမြန်းဆွေးနွေးနိုင်မယ့် Facebook Groups တွေနဲ့ မိတ်ဆက်ပေးပါရစေ။
👍8👎1
သူငယ်ချင်းတို့ရေ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ်(Home-Based Learning) နဲ့ ပညာသင်ကြားတဲ့အခါ အတန်းအလိုက် သင်ခန်းစာတွေလေ့လာနိုင်မယ့်၊ အခက်အခဲတွေကို မေးမြန်းဆွေးနွေးနိုင်မယ့် Facebook Groups တွေနဲ့ မိတ်ဆက်ပေးပါရစေ။

✅သက်ဆိုင်ရာအတန်းရဲ့ Facebook Group Link ကိုဝင်ရောက်ပြီး Join Groupကို နှိပ်ပါ။
✅သင်ခန်းစာများအား အစဉ်လိုက် ကြည့်ရှူရန်အတွက် Guides ကို နှိပ်ပါ။
✅Guide 1 မှစ၍ အစဉ်လိုက်သင်ယူနိုင်မည်ဖြစ်ပါသည်။
✅Lesson တစ်ခုပြီးဆုံးပါက Videoအောက်ခြေရှိ Done ကိုနှိပ်၍ ပြီးမြောက်ကြောင်း မှတ်သားနိုင်ပါသည်။
✅သင်ခန်းစာဆိုင်ရာအခက်အခဲများကိုလည်း မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပြီး အခက်အခဲတွေကို အချင်းချင်းတိုင်ပင်ဆွေးနွေး ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

အောက်ပါ သက်ဆိုင်ရာ Groups လေးတွေကို Join ထားလိုက်ကြပါတော့နော် ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ် နဲ့ သူငယ်ချင်းလေးတို့ရေ ...

📌 Facebook Learning Channels’ Group Link
→ Myanmar Basic Education Home Page - https://m.facebook.com/BE.moeNUG/
→ KG - https://www.facebook.com/groups/kg.moe
→ Grade 1 - https://www.facebook.com/groups/grade1.moe
→ Grade 2 - https://www.facebook.com/groups/grade2.moe
→ Grade 3 - https://www.facebook.com/groups/grade3.moe
→ Grade 4 - https://www.facebook.com/groups/grade4.moe
→ Grade 6 - https://www.facebook.com/groups/grade6.moe
→ Grade 7 - https://www.facebook.com/groups/grade7.moe
→ Grade 8 - https://www.facebook.com/groups/grade8.moe
→ Grade 9 - https://www.facebook.com/groups/grade9.moe
→ Grade 10 - https://www.facebook.com/groups/grade10.moe
→ Grade 11 - https://www.facebook.com/groups/grade11.moe
→ IT & General Knowledge - https://www.facebook.com/groups/itgk.moe

သူငယ်ချင်းတို့ရေ အိမ်အိမ်နဲ့ အတူ နေအိမ်မှာ လုံခြုံပျော်ရွှင်စွာ စာလေ့လာကြရအောင်။ အခက်အခဲတစ်ခုခု ရှိရင်လည်း တိုင်ပင်ဆွေးနွေးဖို့ ဝန်မလေးပါနဲ့နော်။ ❤
#MOENUG #HomeBasedLearning #Myanmar
👍15❤4🔥1
ကျောင်းသူကျောင်းသား လူငယ်အများစုဟာ နေ့စဉ်ဘဝကို ဖြတ်သန်းရာမှာ တစ်ခါတစ်ရံ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဒဏ်ရာရရှိခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးများဟာ သူတို့ချစ်ခင်ရသူတစ်ယောက်ယောက် ဆုံးပါးသွားခြင်း၊ ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ရပါက အချိန်ကြာမြင့်စွာ စိတ်ဒဏ်ရာရရှိနိုင်ပါတယ်။
❤1
ကျောင်းသူကျောင်းသား လူငယ်အများစုဟာ နေ့စဉ်ဘဝကို ဖြတ်သန်းရာမှာ တစ်ခါတစ်ရံ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဒဏ်ရာရရှိခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးများဟာ သူတို့ချစ်ခင်ရသူတစ်ယောက်ယောက် ဆုံးပါးသွားခြင်း၊ ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ရပါက အချိန်ကြာမြင့်စွာ စိတ်ဒဏ်ရာရရှိနိုင်ပါတယ်။

ကလေးများအနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေခံစားရလာပါက ရှက်ရွံ့တုံ့ဆိုင်းမနေဘဲ ဖေဖေ၊ မေမေတို့ကို ချက်ချင်းပြောပြသင့်ပါတယ်။ ပြောပြတဲ့အခါမှာ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ၊ ဘယ်အကြောင်းအရာကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်လာရသလဲဆိုတာတွေကိုပါ ထည့်သွင်းပြောပြလို့ရပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးများ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ဒဏ်ရာတွေ ခံစားရပါက အိမ်အိမ်ပြောပြတဲ့အချက်လေးတွေကို သုံးပြီး ကလေးတွေကို စိတ်ပြေအောင် ကူညီလျှော့ချကြပေးပါနော်။

စိတ်ခံစားချက်များနှင့် ပတ်သက်ရင် အနုပညာက အလွန်သင့်တော်ကောင်းမွန်တဲ့ ကုထုံးတစ်ခုဖြစ်ပြီး ကလေးတွေအားလုံး ပါဝင်လုပ်ဆောင်နိုင်တဲ့ ပျော်ရွှင်ဖွယ် အကောင်းဆုံးလှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့ ကလေးများကို ယုံကြည်မှု၊ ကျေနပ်မှုစတဲ့ စိတ်ခံစားမှုများဖြစ်ပေါ်လာအောင် အခွင့်အရေးများ နေ့စဉ်ဖန်တီးပေးပြီး အားပေးကူညီလုပ်ဆောင်ရပါမယ်။ တစ်ပတ်မှာ အနည်းဆုံး (၃)ကြိမ်၊ (၄)ကြိမ်ခန့် အချိန်ပေးပြီး ကလေးများ၊ အခြားမိသားစုဝင်များနဲ့အတူ စကားပြောခြင်း၊ အတူအလုပ်လုပ်ခြင်း၊ အတူကစားခြင်း စတဲ့ လှုပ်ရှားမှုများ လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးကို ဝေဖန်အပြစ်တင်မယ့်အစား အားပေးကူညီဖို့ လုပ်ဆောင်ရပါမယ်။

◼အခြေခံအဆင့် (အသက် ၃နှစ်မှ ၈နှစ်ထိ) အတွက် အနုပညာကုထုံးများ

ကလေးများ မူရင်းကပင် လုပ်နေကျဖြစ်သော ကစားခြင်း၊ သီချင်းဆိုခြင်း၊ သီချင်းနားထောင်ခြင်း၊ ပုံဆွဲခြင်း၊ ပုံပြင်ပြောခြင်းစသည့် လုပ်ဆောင်မှုများကို မိဘများအနေဖြင့် သင့်တော်သော ထောက်ပံ့ပစ္စည်းများကို အသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာအောင်နှင့် တီထွင်ဆန်းသစ်မှုတို့တွင် ကလေးများပါဝင်လာအောင် အားပေးလုပ်ဆောင်သင့်ပါတယ်။ မိဘများကလည်း ထိုအနုပညာလုပ်ငန်းလေးတွေကို အတူတူ အလျဉ်းသင့်သလို ပါဝင်လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးများဟာ သူတို့စိတ်ပါမှသာ ဆောင်ရွက်တတ်တာကိုလည်း သတိပြုရပါမယ်။ ဒီအရွယ်ကလေးတွေဟာ ဇာတ်ကြောင်းပြောပြခြင်း၊ ပုံပြင်နားထောင်ခြင်းတို့ကို နှစ်သက်တဲ့အတွက် အဲဒီအရာလေးတွေကိုလည်း ဖန်တီးပေးဖို့ မမေ့ပါနဲ့နော်။

◼အခြေခံအဆင့် (အသက် ၈နှစ်မှ ၁၁နှစ်ထိ) အတွက် အနုပညာကုထုံးများ

ဒီအရွယ် ကလေးငယ်တွေဟာ အကြောင်းအရာများကို ကွင်းဆက်မိအောင် ဆက်စပ်၍ စဉ်းစားခြင်း၊ စုစည်းခြင်းတို့ကို လုပ်ဆောင်နေတဲ့အတွက် သူတို့စိတ်ဝင်စားတဲ့အရာတွေကို စူးစမ်းပြီး မေးခွန်းတွေအများကြီး မေးလေ့ရှိပါတယ်။ မိဘများကလည်း ကလေးပြောတဲ့ အကြောင်းအရာတွေကို စိတ်ရှည်စွာနားထောင်ပေးဖို့ လိုပါတယ်။ ပုံဆွဲခြင်း၊ အရုပ်များဖြင့်ကစားခြင်း၊ ဂိမ်းကစားခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာစပ်ခြင်း စတဲ့အနုပညာလှုပ်ရှားမှုတွေဟာ ကလေးတွေရဲ့စိတ်ကိုပျော်ရွှင်စေတာကြောင့် မိဘများက အတူပံ့ပိုးပေးဖို့ လိုပါတယ်။ ကလေးတွေဟာ စိတ်ပျော်မှသာ လုပ်ဆောင်ကြတဲ့အတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဝေဖန်အပြစ်တင်ခြင်းနဲ့ အမှားရှာခြင်းမျိုး လုံးဝမပြုလုပ်သင့်တာ သတိပြုပေးကြပါနော်။

◼အလယ်တန်းအဆင့် (အသက် ၁၁နှစ်မှ ၁၄နှစ်အထိ) အတွက် အနုပညာကုထုံးများ

ဒီအရွယ်ကလေးငယ်များဟာ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိဘများရဲ့ လမ်းညွှန်မှုကို လိုအပ်ပါတယ်။ တစ်နေ့မှာ မိနစ် (၄၀) သို့မဟုတ် (၁)နာရီခန့် အချိန်ပေးပြီး သူတို့အတွက် အကျိုးရှိစေမယ့် လှုပ်ရှားမှုနဲ့ တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင်ပေးရပါမယ်။ အထူးသဖြင့် မိသားစုအားလုံးပါဝင်နိုင်မယ့် ဆေးရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း၊ လက်မှုပညာဖန်တီးခြင်း၊ သီချင်းဆိုခြင်း၊ ကခြင်း၊ ဂီတတူရိယာတီးခတ်ခြင်းစတဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်ပါတယ်။ စုပေါင်းပါဝင်တဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်ခြင်းဖြင့် ကလေးက မည်သည့်အရာကို စိတ်ဝင်စားလဲဆိုတာကို မိဘတွေက သိနိုင်ပါတယ်။ ထိုသို့အတူစုပေါင်းလုပ်ဆောင်ပေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားတဲ့ သူ့စည်းကိုယ့်စည်းအလေးထားခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ကွာဟချက်များကို ပြန်လည်ချိတ်ဆက်ပေးခြင်း၊ ကိုယ်ရေးကိုယ်တာနှင့် လူမှုဆက်ဆံရေးတိုးတက်ခြင်းစတဲ့ အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။

◼အပျိုဖော်/ လူပျိုဖော်ဝင်စမှ လူကြီးဖြစ်သည့်အဆင့် (အသက် ၁၄နှစ်မှ ၁၈နှစ်ထိ) အတွက် အနုပညာကုထုံးများ
👍3❤1
ကလေးဘဝမှ လူကြီးပေါက်စအရွယ်သို့ ကူးပြောင်းသည့်ကာလဖြစ်တဲ့အတွက် သူတို့ရဲ့ပင်ကိုလက္ခဏာများကို ဖော်ထုတ်တတ်တာကြောင့် အလွန်သတိထားကိုင်တွယ်ရမယ့်အချိန် ဖြစ်ပါတယ်။ ကျောင်းဟာ လူမှုဆက်ဆံရေးတိုးတက်ဖို့ အရေးပါတဲ့နေရာဖြစ်ပါတယ်။ သို့သော်လည်း အထူးသဖြင့် ဒီလိုကပ်ရောဂါကာလမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးများ မရရှိသည့်အတွက် ကလေးများ စိတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မိဘတွေဟာ ကလေးကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိအောင် ထောက်ပံ့ပေးဖို့လည်း အလွန်ခက်ခဲပါတယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ အနုပညာကုထုံးဟာ ကလေးများရဲ့ ဖွံ့ဖြိုးမှုနယ်ပယ်အားလုံးကို တိုးတက်စေပြီး အကျိုးဖြစ်ထွန်းစေပါတယ်။

တစ်နေ့ကို မိနစ် (၄၀) သို့မဟုတ် (၁)နာရီ အချိန်ပေးပြီး အနုပညာလုပ်ဆောင်မှုတွေဖြစ်တဲ့ သီချင်းနားထောင်ခြင်း၊ သီဆိုခြင်း၊ ကခုန်ခြင်း၊ ဂီတတူရိယာပစ္စည်းများ တီးခတ်ခြင်း၊ သီကုံးရေးသားခြင်း၊ ဗဟုသုတတိုးပွားပြီး စိတ်ကြည်လင်စေမယ့် ရုပ်သံအစီအစဉ်ကြည့်ခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။ မိဘများအနေနဲ့လည်း အနုပညာလေ့လာနိုင်ဖို့ အွန်လိုင်းအတန်းများက တက်ရောက်ခွင့်ပြုခြင်း၊ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အနုပညာလေ့လာမှုများသိမ်းဆည်းရန် ဖိုင်မှတ်တမ်းများ စုစည်းထားပေးခြင်း တို့ကိုလည်း ကူညီပံ့ပိုးပေးသင့်ပါတယ်။

သူငယ်ချင်းလေးတို့ရေ .. စိတ်ဖိစီးမှုတွေ၊ စိတ်ကျဆင်းတာတွေ ကြုံလာရတဲ့အခါ ဖေဖေ၊ မေမေတို့မှာ ကူညီဖြေရှင်းပေးဖို့နည်းလမ်းတွေ အသင့်ရှိနေတာကြောင့် သေသေချာချာ ချက်ချင်းပြောပြရမယ်နော်…

#MOENUG #HomeBasedLearning #Myanmar
👍6❤2
❝သူငယ်ချင်းတိုရေ ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်❞
❝သူငယ်ချင်းတိုရေ ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်❞

သီတင်းကျွတ်လပြည့်နေ့လို့ သတ်မှတ်ရခြင်းက မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿီတနတ်သားကို အကြောင်းပြုပြီး အဘိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူတဲ့အခါမှာ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏပြု၍ လူ့ပြည်သို့သက်ဆင်းတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်လို့ပါ။ ဗုဒ္ဓဘာသာဝင်အပေါင်းက မြတ်စွာဘုရားရှင်ကို ရည်စူးပြီးတော့ ဆီမီးများထွန်းညှိပူဇော်ကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာနေ့ လို့လည်း သတ်မှတ်ခေါ်ဝေါ်ကြပြီး အဘိဓမ္မာပူဇော်ပွဲကိုလည်း မြန်မာတစ်နိုင်ငံလုံးအနှံ့ ကျင်းပလေ့ရှိကြသလို ဥပုသ်သီတင်းဆောက်တည်ကြပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြပါတယ်။

သီတင်းကျွတ်လပြည့်နေဆိုတာ ဗုဒ္ဓဘာသာဝင်တွေသာမကအခြားဘာသာသက်ဝင်ယုံကြည်ကြတဲ့ သူငယ်ချင်းတွေပါ ပျော်ရွှင်ကြတဲ့ နေ့လေးတစ်ရက်ဖြစ်သလို ရပ်နီးရပ်ဝေး မိသားစုတွေပြန်လည်ဆုံစည်းကြပြီး လူကြီးမိဘတွေကို ဂါ၀ရပြုကြတဲ့အချိန်လည်းဖြစ်ပါတယ်။
အခုလိုတော်လှန်ရေးကာလမှာတော့ လူငယ်၊လူရွယ်၊လူလတ်တွေက မိသားစုနဲ့ဝေးကွာပြီး တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်နေကြရတဲ့အချိန်ဖြစ်သလို မိသားစုတွေဆီပြန်လာခွင့်မရှိတော့တဲ့ လူငယ်၊လူရွယ်၊လူလတ်တွေလည်းရှိတာကြောင့် များသောအားဖြင့် လူကြီးသူမတွေနဲ့ ကလေးတွေပဲ နေအိမ်မှာ သီတင်းကျွတ်အချိန်အခါကို အတူတူဖြတ်သန်းနေရတာဖြစ်ပါတယ်။

ဒီနေ့မှာ အိမ်အိမ်တို့အတူတူ ကုသိုလ်ကောင်းမှုတွေလုပ်ကြပြီး ဆီမီးထွန်းကြမယ်နော် သူငယ်ချင်းလေးတို့ရေ ...

#MOENUG #HomeBasedLearning #Myanmar #Thadingyut
👍6
Media is too big
VIEW IN TELEGRAM
အရင်အပတ်မှာ ပြုံးပြုံးက Computer Memory အကြောင်းပြောပြခဲ့တယ်နော်။ ဒီတစ်ပတ်မှာတော့ logic gates(လောဂျစ်ခ် ဂိတ်စ်) လို့ခေါ်တဲ့ electronic circuit(အီလက်ထရောနစ်ခ် ဆားကစ်တ်)[လျှပ်စီးပတ်လမ်း] အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Episode-6 မှာတော့
▪️ Logic gates တွေအကြောင်း
▪️ Logic gates အမျိုးအစား ဘယ်နှခုရှိသလဲ?
▪️ Gates တွေ ဘယ်လိုအလုပ် လုပ်သလဲ?
▪️ ဘယ်နေရာမှာ Gates တွေကို အသုံးပြုကြသလဲ? ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
နောက်တစ်ပတ်တွေမှာလည်း ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာတွေကို ထပ်ပြောပြပေးမှာမလို့ စောင့်ကြည့်ဖို့ မမေ့နဲ့နော် သူငယ်ချင်းတို့ရေ… ❤️
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
❤9