Myanmar Basic Education Home
✔
20.6K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
========
နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ်မှာ ကလေးငယ်များ နေအိမ်တွင် လုံခြုံ၊ လွတ်လပ်၊ ပျော်ရွှင်စွာ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် မိဘအုပ်ထိန်းသူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ပံ့ပိုးကူညီပေးသင့်သလဲဆိုတာကို အိမ်အိမ်က ပြောပြပေးသွားမှာဖြစ်ပါတယ်။
👍11
ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy) ကို အိမ်အိမ်နဲ့အတူ ကြိုဆိုကြရအောင်နော်..
လွတ်လပ်မှုရဲ့တန်ဖိုးနဲ့ လူ့အခွင့်အရေးကိုလေးစားခြင်း၊ လူတန်းစားပေါင်းစုံ မဲပေးခွင့်ရှိပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲကို သက်မှတ်ကာလအတိုင်း ကျင်းပခြင်းတို့ဟာ ဒီမိုကရေစီရဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ၎င်းတို့ကို အခြေခံ၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် နိုင်ငံများမှ မိမိတို့၏ ဒီမိုကရေစီ ကျင့်သုံးမှုခရီးစဥ်ကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်လေ့ရှိပါတယ်။
သူငယ်ချင်းတို့လဲ ဒီနေ့မှာ ဒီမိုကရေစီရဲ့တန်ဖိုးတွေကို အချင်းချင်းဆွေးနွေးတာ (သို့) မိမိဘာသာပြန်သုံးသပ်ပြီး ဖြတ်သန်းနိုင်ပါစေလို့ အိမ်အိမ်ကဆုတောင်းပေးလိုက်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar
❤8👍4
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလနေအိမ်အခြေပြုသင်ယူခြင်းပညာရေးအစီအစဉ်တွင် ပါဝင်သင်ယူနိုင်မယ့် အတန်းများကတော့
◼KG
◼Grade 1 (သင်ရိုးသစ်)
◼Grade 2 (သင်ရိုးသစ်)
◼Grade 3 (သင်ရိုးသစ်)
◼Grade 4 (သင်ရိုးသစ်)
◼Grade 6 (သင်ရိုးသစ်)
◼Grade 7 (သင်ရိုးသစ်)
◼Grade 8 (သင်ရိုးဟောင်း)
◼Grade 9 (သင်ရိုးဟောင်း)
◼Grade 10 (သင်ရိုးသစ်)
◼Grade 11 (သင်ရိုးဟောင်း) တို့ပဲ ဖြစ်ပါတယ်။

https://www.facebook.com/BE.moeNUG/posts/142875494713649
👍33❤11🔥3👎2
Media is too big
VIEW IN TELEGRAM
သူငယ်ချင်းတို့ရေ ဒီတစ်ပတ် စနေနေ့မှာတော့ ကွန်ပျူတာတစ်လုံး အလုပ်လုပ်ဆောင်ဖို့အတွက် ဘယ်စက်ပစ္စည်းကိရိယာတွေက ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ပေးနေသလဲဆိုတာကို ပြုံးပြုံးက မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီ Episode-4 မှာတော့… ◼ကွန်ပျူတာတစ်လုံးရဲ့ အတွင်းအစိတ်အပိုင်းတွေက ဘာတွေလဲ?? ◾️အတွင်းအစိတ်အပိုင်းတွေက ဘယ်လိုအလုပ်လုပ်ကြသလဲ? ဆိုတာကို အသေးစိတ်ပြောပြပေးသွားမှာ ဖြစါပါတယ်။ နောက်တစ်ပတ် စနေနေ့မှာလည်း ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပြုံးပြုံးက ထပ်ပြောပြပေးမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူဖို့မမေ့နဲ့နော် သူငယ်ချင်းတို့ရေ…
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
👍19❤2
‟ ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည် ”
❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလ နေအိမ်အခြေပြုပညာသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် အသုံးပြုသွားမယ့် Learning Channels များကို အိမ်အိမ်က မိတ်ဆက်ပြောပြသွားမှာ ဖြစ်ပါတယ်။❞
☑️ သင်ယူလေ့လာနိုင်မယ့် Learning Channels များအဖြစ် Moodle, Facebook, Telegram, Viber နှင့် YouTube ဆိုတဲ့ Channels (၅) ခုမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး မိမိတိုနှင့်အဆင်ပြေကိုက်ညီသည့် Channel ကို ရွေးချယ်၍ အတန်းအလိုက် သင်ခန်းစာများကို ရယူလေ့လာနိုင်မည် ဖြစ်ပါတယ်။
📌 Moodle Learning Platform (Textbooks and Teacher’s Guide များနှင့် နေအိမ်အခြေပြုသင်ယူခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်စာအုပ်များကို ရယူနိုင်မည်ဖြစ်ပါသည်)
→ Moodle Link - https://learning-moe.nugmyanmar.org/be/
📌 Facebook Learning Channels (သင်ခန်းစာဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးနိုင်ပါမည်)
→ Myanmar Basic Education Home Page - https://m.facebook.com/BE.moeNUG/
→ KG - https://www.facebook.com/groups/kg.moe
→ Grade 1 - https://www.facebook.com/groups/grade1.moe
→ Grade 2 - https://www.facebook.com/groups/grade2.moe
→ Grade 3 - https://www.facebook.com/groups/grade3.moe
→ Grade 4 - https://www.facebook.com/groups/grade4.moe
→ Grade 6 - https://www.facebook.com/groups/grade6.moe
→ Grade 7 - https://www.facebook.com/groups/grade7.moe
→ Grade 8 - https://www.facebook.com/groups/grade8.moe
→ Grade 9 - https://www.facebook.com/groups/grade9.moe
→ Grade 10 - https://www.facebook.com/groups/grade10.moe
→ Grade 11 - https://www.facebook.com/groups/grade11.moe
→ IT & General Knowledge - https://www.facebook.com/groups/itgk.moe
📌 Telegram Learning Channels (သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေပေးနိုင်ပါမည်)
Myanmar Basic Education Home Channel - https://t.me/BEmoeNUG
→ KG MBEH Channel - https://t.me/joinchat/Wv9mDvMa7aFkOWVl
→ Grade 1 MBEH Channel - https://t.me/joinchat/9ntMcoRSIdtmMWI1
→ Grade 2 MBEH Channel - https://t.me/joinchat/U2R4xHQtnBhiOThl
→ Grade 3 MBEH Channel - https://t.me/joinchat/C9JBzMp09Gw0YTU1
→ Grade 4 MBEH Channel - https://t.me/joinchat/3LCw19ztMcowOGI1
→ Grade 6 MBEH Channel - https://t.me/joinchat/IHxvVfJgZUxiOTQ9
→ Grade 7 MBEH Channel - https://t.me/joinchat/h8CsmPfQscNkMDQ1
→ Grade 8 MBEH Channel - https://t.me/joinchat/TxHWca5RuotjNzll
→ Grade 9 MBEH Channel - https://t.me/joinchat/h_dGU4hsGHc3MzA1
→ Grade 10 MBEH Channel - https://t.me/joinchat/0dB_0tSgLTowMjI9
→ Grade 11 MBEH Channel - https://t.me/joinchat/Z6cZ9Gf-ubxlMWQ1
→ MBEH (IT+General Knowledge) Channel - https://t.me/joinchat/eeU8nffeqag2NmNl
📌 Viber Learning Channel (သင်ခန်းစာများကို အလွယ်တကူရှာဖွေနိုင်ပါမည်)
https://invite.viber.com/?g2=AQB5lCL%2FhrtC%2Fk3hm340WJmjtc%2BAezP%2Busmn%2BUv9l7mGoNEN7EbBvZE1DuZtXP8M
📌 YouTube Learning Channel (သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါမည်)
https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
☑️ နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://fb.watch/87aOjA1697/
☑️ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028
❝အထက်ဖော်ပြပါ NUG MoE Learning Channels တွေမှာ ထုတ်လွှင့်လျက်ရှိတဲ့ သင်ကြားရေးရင်းမြစ်များကို အခကြေးငွေပေးသွင်းစရာမလိုဘဲ ရယူလေ့လာနိုင်မှာဖြစ်ပြီး အင်တာနက်မရရှိသော ဒေသများသိုလည်း ရောက်ရှိအောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများအနေနှင့်လည်း အင်တာနက်မရရှိသော ဒေသများသို NUG MoE Learning Channels မှ သင်ကြားရေးရင်းမြစ်များကို မိမိတိုလက်လှမ်းမီနိုင်သမျှ ကူညီဆက်လက်ဖြန့်ဝေပေးပါရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါတယ်။❞
👍149❤96🔥6👎4👌1
❝ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့နဲ့ သူငယ်ချင်းတို့ရေ .. အခြေခံပညာရေးဆိုင်ရာ မူဝါဒများနှင့် သတင်းအချက်အလက်များကို အပေါ်မှာ ဖော်ပြထားခဲ့တဲ့ Learning Channelsတွေနဲ့ Bluemark အမှတ်အသားပါတဲ့ Myanmar Basic Education Home Page (https://m.facebook.com/BE.moeNUG/) မှာ စဉ်ဆက်မပြတ် တင်ပေးသွားမှာ ဖြစ်တဲ့အတွက် Join, Like & Follow လေးလုပ်ထားကြပါနော် ❞
သူငယ်ချင်းတို့ရေ .. အိမ်အိမ်နဲ့အတူ နေအိမ်အတွင်းမှာ လုံခြုံပျော်ရွှင်စွာ အခုကစပြီး စာတွေ စတင် လေ့လာလိုက်ကြရအောင် …
#MOENUG #HOMEBASEDLEARNING #Myanmar
👍17❤9
ဒီနေ့တော့ စာလုပ်လို့ကောင်းတဲ့ ကိုယ်ပိုင်နေရာလေးကို ဖိုးခွားကဘယ်လိုဖန်တီးထားလဲဆို‌တာ အိမ်အိမ်ကမျှဝေပေးလိုက်ပါတယ်။ စာလေ့လာဖို့သင့်တော်တဲ့ပတ်ဝန်းကျင်ဟာ ‌အောက်ကအချက်တွေနဲ့ ပြည့်စုံပါတယ်။
👍22❤6
ဒီနေ့တော့ စာလုပ်လို့ကောင်းတဲ့ ကိုယ်ပိုင်နေရာလေးကို ဖိုးခွားကဘယ်လိုဖန်တီးထားလဲဆို‌တာ အိမ်အိမ်ကမျှဝေပေးလိုက်ပါတယ်။ စာလေ့လာဖို့သင့်တော်တဲ့ပတ်ဝန်းကျင်ဟာ ‌အောက်ကအချက်တွေနဲ့ ပြည့်စုံပါတယ်။
▪သတ်သတ်မှတ်မှတ်ထားခြင်း
ဧည့်ခန်းက စားပွဲ‌လေးကတော့ ဖိုးခွားရဲ့ပင်တိုင်စာကြည့်‌နေရာလေးပေါ့။
▪အာရုံပျံ့လွင့်စေမည့်အရာများကင်းခြင်း
တီဗ္ဗီကြည့်တာအရမ်းကြိုက်တဲ့ ဖိုးခွားကတော့ ခုဆို တီဗွီကိုမမြင်ရတဲ့နေရာမှာ စာကြည့်စားပွဲကိုထားထားပါတယ်။ (အမိုးတို့ တီဗ္ဗီကြည့်လည်း အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့။)
▪အလင်းရောင်ကောင်းစွာရရှိခြင်း
ဖိုးခွားက အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စာကြည့်စားပွဲကိုထားတယ်။ နေ့လယ်ပိုင်းတွေဆို လျှပ်စစ်စွမ်းအင် ချွေတာရာလည်းရောက်တယ်‌လေ။
▪လေ၀င်လေထွက်ကောင်းခြင်း
ဖိုးခွားကတော့ စာကြည့်စားပွဲနားက ပြတင်းပေါက်တွေကို အကုန်လိုက်ဖွင့်ထားတယ်။ လေကောင်းလေသန့် ရှူရရင် ကျန်းမာရေးလည်းကောင်းပြီး စာလုပ်ရတာ ဉာဏ်ပိုရွှင်၊ စိတ်ကြည်လင်စေတယ်လေ။
▪ဆူညံသံကင်းခြင်း
ဖိုးခွားက အိမ်ကလူတွေကို စာလုပ်နေတဲ့အချိန်မှာ တီဗ္ဗီအကျယ်ကြီးဖွင့်တာ၊ စကားကျယ်ကျယ်ပြောတာတွေမလုပ်ဖို့ ကြိုမှာထားတယ်။
▪ရှင်းလင်းသပ်ရပ်ခြင်း
ဖိုးခွားက သူ့ရဲ့စာကြည့်စားပွဲမှာ လိုအပ်တဲ့ပစ္စည်းတွေပဲထားတယ်။ စားပွဲကရှုပ်ပွနေတဲ့အခါ စိတ်ပါရှုပ်တတ်တယ်လေ။ ဒါပေမယ့် ကိုယ့်စိတ်ကိုအေးချမ်းစေမယ့် အရာလေးတွေထားတာတော့ အကျိုးဖြစ်ပါတယ်။ ဖိုးခွားကအပင်စိုက်ရတာဝါသနာပါတဲ့အလျောက် သူ့စားပွဲမှာ ပန်းပင်လေးတင်ထားတယ်။
▪Bonus tips
အခုခေတ်မှာ ဖိုးခွားတို့ ဖိုးမူတို့ အရွယ်‌တွေလဲ စမတ်ဖုန်းကိုယ်စီနဲ့ဆိုတော့ စာလုပ်တဲ့အချိန်အာရုံမပျံ့လွင့်အောင် ကိုယ့်ရဲ့ဖုန်းကို အင်တာနက် ပိတ်ထားတာဖြစ်ဖြစ်၊ Airplane mode on ထားတာဖြစ်ဖြစ် အာရုံမပျံ့လွင့်အောင်ကာကွယ်နိုင်ပါတယ်။
▪ကျန်းမာရေးအတွက် တစ်နေ့တာမှာ ရေများများသောက်ဖို့လိုပါတယ်။
စာထဲ စိတ်အရမ်းရောက်သွားရင် ရေသောက်ဖို့မေ့သွားတတ်တယ်။ ဖိုးခွားကတော့ အနားမှာ ရေတစ်ဘူးအမြဲထားထားတယ်။
နောက်ပြီး တတ်နိုင်ရင် အနားမှာနာရီတစ်လုံးထားပြီး ၄၅မိနစ်တစ်ခါလောက် အနားယူ အညောင်းညာဖြေတာ မျက်စိအနားပေးတာလည်း လုပ်သင့်ပါတယ်။
သူငယ်ချင်းတို့အားလုံးလည်း စမတ် ကျကျ၊ ဇိမ်ရှိရှိနဲ့စာလုပ်နိုင်ကြပါစေ။
#MOENUG #HomeBasedLearning #Myanmar
👍25❤18
ဒီနေ့‌တော့ အိမ်အိမ်က သူငယ်ချင်းတို့ကို နေအိမ်အခြေပြုပညာသင်ယူခြင်း (Home-Based Learning: HBL) မှာလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ Internet မရတဲ့ဒေသတွေအတွက် ဘယ်လိုထောက်ပံ့မှုတွေလုပ်ဆောင်ပေးမလဲဆိုတာ ရှင်းပြပေးပါမယ်နော်။
❤12