သူငယ်ချင်းတို့ရေ ဒီနေ့ ဇန်နဝါရီလ ၁၅ရက်နေ့က အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ နာဂလူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
▪ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားမျိုးနွယ်စုပေါင်း (၅၀)ကျော်ရှိပြီး မျိုးနွယ်စုအလိုက် ရိုးရာဓလေ့တွေ ကွဲပြားတာကြောင့် ကျင်းပတဲ့ရက်လည်း ကွဲပြားပါတယ်။
▪ နှစ်သစ်ကူးကောက်သစ်စားပွဲကတော့ အကြီးဆုံးပွဲတော်ပါပဲ။ နှစ်သစ်ကူးပွဲတော်ကို ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီး နောက်နှစ်အတွက်တောင်ယာနဲ့ လယ်ယာလုပ်ငန်းတွေ ပြန်မစခင်မှာ ကျင်းပလေ့ရှိပါတယ်။

❤2👍1
▪နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အရင်က ရွာအလိုက်ကျင်းပခဲ့ကြပြီး ၁၉၅၇ မှာ မြို့နယ်အဆင့်နဲ့ ၁၉၉၀ ပြည့်နှစ်မှာ နာဂမျိုးနွယ်စုအကြီးအကဲတွေရဲ့ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နယ်၊ လေရှီးမြို့နယ် နဲ့ နန်းယွန်းမြို့နယ်တွေမှာ အလှည့်ကျ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ပွဲတော်အတွင်းမှာလည်း “အာဟေး၊ အာဟေး” ဆိုတဲ့ မြန်မာဘာသာအရ “ကောင်းချီးမင်္ဂလာရှိပါစေ” ဆိုတဲ့ စကားနဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ပျော်ရွှင်နေတဲ့ နာဂလူမျိုးတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ် သူငယ်ချင်းတို့ရေ…
#MOENUG #HomeBasedLearning #Myanmar
#MOENUG #HomeBasedLearning #Myanmar
👍9❤3👎1
" ကယားပြည်နယ်နေ့ " မှာ ကယားပြည်နယ်က သူငယ်ချင်းတိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပျော်ရွှင်၊ ကျန်းမာငြိမ်းချမ်းကြပါစေ.....။
▪ ဒီနေ့ ဇန်နဝါရီလ(၁၅)ရက်နေ့ဟာ အိမ်အိမ်ရဲ့ ကယားပြည်နယ်က သူငယ်ချင်းတိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အမြတ်တနိုးတန်ဖိုးထားရာ " ကယားပြည်နယ်နေ့ " ဖြစ်ပါတယ်။ " ကယားပြည်နယ်နေ့ " ကိုကျင်းပလာတာ ဒီနှစ်မှာဆို (၇၀)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

👍17❤4
▪ နှစ်စဥ်နှစ်တိုင်း ဇန်နဝါရီလ (၁၀)ရက်ကနေ (၁၉)ရက်အထိ ဆယ်ရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲ၊ စျေးရောင်းပွဲတွေနဲ့အတူကျင်းပလေ့ရှိပါတယ်။ ဇန်နဝါရီလ(၁၅)ရက်နေ့ဟာ အဓိကပွဲတော်နေ့ဖြစ်ပြီး ထေးသမရပ်ကွက်၊ ကယားပြည်နယ်နေ့ပွဲတော်ကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။
▪ ကယားပြည်နယ်ဟာ ကယားတိုင်းရင်းသားမျိုးနွယ်စု (၉)မျိုးနဲ့ ရှမ်း၊ ကရင်၊ ဗမာ၊ ပအို့ဝ်၊ အင်းသားစတဲ့ တိုင်းရင်းသားများ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးမှီတင်းနေထိုင်ကြတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရိုးရာဓလေ့အစဥ်အလာတွေ၊ တောတောင်ရေမြေသဘာဝအလှတွေများစွာပိုင်ဆိုင်ထားတဲ့ ကယားပြည်နယ်ဟာ မီးခိုးမထွက်တဲ့စက်ရုံလို့ တင်စားခေါ်ဝေါ် ကြတဲ့ ခရီးသွားလုပ်ငန်းရဲ့ အားအင်တစ်ခုလည်းဖြစ်ပါတယ်။
အိမ်အိမ်က ဒီနေ့မှာကျရောက်တဲ့ "ကယားပြည်နယ်နေ့" ကို ဂုဏ်ပြုရင်း အိမ်အိမ်တို့နဲ့အတူ တရားမဝင်စစ်ကောင်စီရဲ့ ဆိုးယုတ်တဲ့စနစ်ဆိုးကို လက်တွဲတော်လှန်နေကြတဲ့ ကယားပြည်နယ်က သူငယ်ချင်းတိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။
ဘေးကင်းကျန်းမာ ပျော်ရွှင်စွာ အားလုံးနဲ့ပြန်ဆုံကြမယ်နော်။
တာ့တာ.........🤗

❤8👍6🔥3
▪ ဒီနေ့ ပြာသိုလပြည့်နေ့ဟာ အိမ်အိမ်တို့နိုင်ငံရဲ့ "အမေများနေ့" ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမေများနေ့ကို သတ်မှတ်ထားတဲ့နေရက်တွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူညီကြပါဘူး။ အမေရိကန်ပြည်ထောင်စုမှာတော့ မေလရဲ့ဒုတိယအပတ် တနင်္ဂနွေနေ့ဖြစ်တဲ့ မေလ(၁၂)ရက်ကို "အမေများနေ့" အဖြစ်သတ်မှတ်ထားပြီး နိုင်ငံအများစုဟာ မတ်လနဲ့မေလထဲမှာ ကျင်းပလေ့ရှိကြပါတယ်။
▪ အိမ်အိမ်တို့ရဲ့နိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို "အမေများနေ့" အဖြစ်သတ်မှတ်ထားပြီး "အမေများနေ့"အဖြစ် ဖြစ်ပေါ်လာအောင်စတင်ဦးဆောင်သူက ဆရာကြီးဦးသုခပဲဖြစ်ပါတယ်။ ဆရာကြီးဟာ ကျိုက်လတ်မြို့တွင်ထားခဲ့ရသော မိခင်ဖြစ်သူ၏ သားဖြစ်သူအပေါ်လွမ်းနေရသောခံစားချက်များကြောင့်လည်းကောင်း၊ မန္တလေးမှ အမေချစ်မြတ်နိုးသူများ၏ ပူဆာတိုက်တွန်းမှုကြောင့်လည်းကောင်း ၁၉၉၅ခုနှစ်တွင် ဆရာကြီးကိုယ်တိုင် ပြာသိုလပြည့်နေ့ကို "အမေများနေ့" အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။
▪ ဆရာကြီးနဲ့အတူ စာပေလောက၊ အနုပညာလောက၊ ကျန်းမာရေးလောကမှ တတ်သိပညာရှင်မိတ်ဆွေများလည်း "အမေများနေ့" ဖြစ်မြောက်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြပါတယ်။ ၁၉၉၇ခုနှစ်တွင် ပြာသိုလပြည့်နေ့ကို "အမေများနေ့" အဖြစ် တရားဝင်သတ်မှတ်ခဲ့ကြပါတယ်။
▪ သတ်မှတ်ထားသော ရက်စွဲတွေ ကွဲပြားသော်ငြားလည်း အထိမ်းအမှတ်နေ့ရဲ့ တူညီတဲ့ရည်ရွယ်ချက်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်များအားလုံးရဲ့ဂုဏ်ကျေးဇူးကို အောက်မေ့ဖို့နဲ့ ဂုဏ်ပြုလိုခြင်းကြောင့် ဖြစ်ပါတယ်။
▪ အိမ်အိမ်ရဲ့ သူငယ်ချင်းတွေလည်း မိမိတို့ရဲ့မိခင်တွေကို အမေများနေ့သာမက နေ့ရက်တိုင်းမှာ ဂုဏ်ပြုကျေးဇူးပြုဖို့ မမေ့ကြနဲ့နော်။
တာ့တာ နောက်ပို့စ်တွေမှာ ပြန်တွေ့ကြမယ်နော်.........။

❤43👍17
ရည်မှန်းချက်ဆိုတာကတော့ မိမိဆန္ဒဖြင့်ကိုယ်တိုင်ပြီးမြောက်အောင် ဆောင်ရွက်လိုတဲ့အရာတွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ရည်မှန်းချက်ချတဲ့နေရာမှာ အိမ်အိမ်တို့က ရေတိုရည်မှန်းချက်နဲ့ ရေရှည်ရည်မှန်းချက်ဆိုပြီး နှစ်မျိုးခွဲခြားထားလို့ရပါတယ်။ ရေတိုဆိုတာကတော့ အချိန်ခဏလေးအတွင်း ဖြစ်လာနိုင်တဲ့အရာဖြစ်ပြီး ရေရှည်ကတော့ နှစ်တွေအကြာကြီးစောင့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် တစ်ဆင့်ချင်းမှန်မှန် ကြိုးစားသွားဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတို့ရော ဘဝမှာ ဘာတွေဖြစ်ချင်လဲဆိုတာနဲ့ ပတ်သက်လို့ ရည်မှန်းချက်တွေချပြီးကြပြီလား? ဒီနှစ်တစ်နှစ်တာရော ဘာဖြစ်ချင်လဲဆိုတာ ရည်မှန်းချက်ချပြီးကြပြီလား? မချရသေးရင်တော့ အောက်က Video လေးကိုကြည့်ပြီး အိမ်အိမ်နဲ့အတူ ရည်မှန်းချက် ချကြရအောင်နော်။🏆
ရည်မှန်းချက်ချကြစို့
https://youtu.be/W_KCo387sng
ဆဌမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=12
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade-6 Facebook Group Link - https://www.facebook.com/groups/grade6.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade-6 MBEH Telegram Channel - https://t.me/joinchat/IHxvVfJgZUxiOTQ9
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade-6 MBEH Viber Channel - https://invite.viber.com/?g2=AQApCsc8Xlvms037UQMxcqzzvQ3PMd4wK1507yIKsgpIP0qroVZlGiLQls1efVON
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော် ဖေဖေ၊မေမေတို့ရေ။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

👍35❤2🔥1
ယနေ့ကမ္ဘာမှာ ကလေး လူငယ် ၂၅၈ သန်းဟာ ကျောင်းမနေနိုင်ကြပဲ ၆၁၇ သန်းသော ကလေးနဲ့ဆယ်ကျော်သက် အရွယ်များဟာ အခြေခံစာဖတ်နိုင်စွမ်းနဲ့ တွက်ချက်နိုင်စွမ်းမရှိကြပါဘူး။
▪ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အချက်အချာကျတဲ့ ပညာရေးကဏ္ဌ ကို အသိအမှတ်ပြုပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ယခုနှစ်ဟာ လေးကြိမ်မြောက်ဖြစ်ပြီး နှစ်အလိုက် theme အမျိုးမျိုးနဲ့ ကျင်းပခဲ့ပါတယ်။
▪ဒီနှစ်မှာတော့ "Changing Course, Transforming Education” theme နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ထို theme ဟာပညာရေးရပိုင်ခွင့် အခွင့်အရေးကို အသိအမှတ်ပြုရန်နဲ့ ရည်ရှေတည်တံ့အကျိုးဖြစ်စေတဲ့ အားလုံးပါ၀င်သော ငြိမ်းချမ်းတဲ့ အနာဂတ်ကိုဖော်ဆောင်ရာမှာ အရေးကြီးဆုံးဖြစ်သော ပြောင်းလဲမှု (နည်းပညာ၊ ယဉ်ကျေးမှု၊ ရာသီဥတု၊ ပတ်၀န်းကျင် စသဖြင့်) များကို ထပ်ဟပ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးကို လူထုရဲ့ပိုင်ဆိုင်ခွင့်၊ ကြိုးပမ်းအားထုတ်မှုအရ ဘယ်လိုမြှင့်တင်နိုင်မလဲ၊ digital နည်းပညာပြောင်းလဲမှုကို ဘယ်လိုထိန်းညှိမလဲ စတာတွေအပြင် ဆရာ / ဆရာမတွေကို ပံ့ပိုးမှု၊ ကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းပုံ၊ လူတစ်ယောက်ချင်းစီရဲ့ အလားအလာကို မြှင့်တင်ပြီး အားလုံးအကျုံး၀င်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးအဖြေရှာသွားမှာဖြစ်ပါတယ်။
▪ပညာရေးလို့ဆိုရာမှာ အရည်အသွေးမှီ ပညာရေးဖြစ်ဖို့ရန်လည်း လိုအပ်ပါတယ်။ စစ်မှန်သော ပညာရေးသည် လူသားတစ်ဦးခြင်းအလိုက် ဖွံ့ဖြိုးရေးတွင် အရေးပါသည့်အလျောက် နိုင်ငံတည် ဆောက်ရေးတွင်လည်း ထောက်တ်ိုငတစ်ရပ်ဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း အနာဂတ်နိုင်ငံ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်တက်တစ်အားပါ၀င်နိုင်ဖို့ အိမ်အိမ်နဲ့အတူ ပညာရေးနဲ့အဆက်အသွယ်မပြတ်နေသွားရအောင်နော်။

👍27❤19🔥1
▪ Unit(2) "Getting rid of bad habits" အကြောင်းကို အတူလေ့လာကြမယ်နော်။ ဒီ Unit လေးထဲမှာ မကောင်းတဲ့အကျင့်တွေဟာ ဘာတွေလဲ၊ ဘယ်လိုအမူအရာမျိုးကို မကောင်းတဲ့အမူအကျင့်လို့ သတ်မှတ်လဲဆိုတာကို ပထမဦးဆုံးရှင်းပြထားပါတယ်။ ရှင်းပြရာမှာ စာပိုဒ်ချည်းသက်သက်မဟုတ်ပဲ ပုံတွေ၊ diagramတွေနဲ့ ရှင်းပြထားတာဖြစ်လို့ အိမ်အိမ်တို့ကို ပိုပြီးမှတ်မိစေပြီး ကိုယ်တိုင်ခွဲခြားသိစေပါတယ်။
▪ ဒါ့အပြင် ထိုမကောင်းတဲ့အမူအကျင့်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ စွန့်လွှတ်ရမလဲဆိုတာကို ဆရာမကရှင်းပြထားတာဖြစ်လို့ အကယ်၍ သူငယ်ချင်းတို့ဆီမှာ မကောင်းတဲ့အမူအကျင့်တွေရှိရင် စွန့်လွှတ်ဖို့ ကြိုးစားကြမယ်နော်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလည်း သင်ခန်းစာကို နားလည်သဘောပေါက်ပြီး ပြန့်လေ့လာနိုင်စေဖို့ Exercises တွေ ပါသေးတယ်နော်။
▪ ဘယ်အကျင့်က မကောင်းတဲ့အကျင့်လဲဆိုတာ သိစေနိုင်ဖို့၊ vocabulary ကြွယ်ဝဖို့၊ ဘယ်အကျင့်က ဘယ်လိုအမူအရာတွေ ရှိတတ်လဲဆိုတာသိရှိဖို့ exeercisesတွေ ပါရှိပါတယ်။ လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကိုပြန်လည်သုံးသပ်နိုင်ဖို့၊ မိမိကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။
▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/i8FGbVQPyx4
ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ သတ္တမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။
သတ္တမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade-7 Facebook Group Link - https://www.facebook.com/groups/grade7.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade-7 MBEH Telegram Channel - https://t.me/joinchat/h8CsmPfQscNkMDQ1
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade-7 MBEH Viber Channel - https://invite.viber.com/?g2=AQABKfNXev9k6k37USoyhnppTAE8kygQH726s29Y3SmUQG0VeW0%2Bbqf%2F6F5RsPW9
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
☑️ နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/
☑️ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028
နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

YouTube
Grade 7 English, Unit 2 : Lesson 2 (Getting rid of bad habits) Page (18)
👍34❤25🔥1
▪ ပထမဆုံးအနေနဲ့ အိမ်မှာဆို မေမေ၊ဖေဖေတို့အပြင် ဖိုးဖိုး၊ဖွားဖွား၊ တီတီ၊ဦးဦး၊ ကိုကို၊ မမတို့အားလုံးက ကလေးတွေရဲ့ပညာသင်ကြားလေ့လာရေးမှာ အထောက်အပံ့ကောင်းတွေ ဖြစ်နိုင်ပါတယ် ကလေး နားမလည်တဲ့စာတွေကို အိမ်ကလူကြီးတွေက ကူရှင်းပြပေးရင် အိမ်စာတွေအကုန်ပြီးတဲ့အပြင် သူတို့ပြောပြတဲ့ ပြင်ပဗဟုသုတတွေလည်း ရတယ်ဟုတ်? ဒါပြင် မိဘတွေက ကလေးငယ်တွေရဲ့ ရှေ့ရေး ပညာရေးလမ်းကြောင်းရွေးချယ်စရာတွေကိုလည်း ရှင်းပြပြောပြနိုင်တယ်လေ။
▪ ဒါကြောင့် သူငယ်ချင်းတို့ရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေ အကုန်ပြီးမြောက်အောင်မြင်ဖို့ မိဘတွေရဲ့ပါဝင်ထောက်ပံ့နိုင်မှုက အရေးကြီးတယ်နော်။
▪ ကျောင်းသူ၊ကျောင်းသားဘဝမှာ ဘယ်ဘာသာရပ်ကိုလေ့လာမယ်၊ ဘယ်တက္ကသိုလ်တက်မယ် စတာတွေက နောက်ပိုင်း အလုပ်အကိုင်ရွေးချယ်တဲ့အထိ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အဲ့ဒီလိုဆုံးဖြတ်ချက်တွေမှာ မိဘတွေက လွှမ်းမိုးသွာရင် ကလေးတွေဟာ ရှေ့လျှောက် ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်၊အလုပ်အကိုင်တွေကို လုပ်ကိုင်ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ပညာရေးလမ်းကြောင်း ရွေးချယ်တဲ့အချိန်မှာ မိဘများအနေနဲ့ မိမိနှစ်သက်ရာကို ရွေးချယ်ဖို့တွန်းအားမပေးဘဲ ကလေးစိတ်ဝင်စားတဲ့ဘာသာရပ်ကို ကောင်းကောင်းမွန်မွန် သင်ယူနိုင်ဖို့ကူညီပေးသင့်တယ်လို့ အိမ်အိမ်က အကြံပြုလိုပါတယ်နော်။
✅ ဒါဆို မိဘတွေက ဘယ်လိုကူညီပေးနိုင်သလဲ။
▪ ကလေးငယ်တွေစိတ်ဝင်စားတဲ့အရာတွေကိုရွေးချယ်ကြတဲ့အချိန်မှာ မိဘတွေအနေနဲ့ ရွေးချယ်စရာပညာရေးလမ်းကြောင်းများကိုချပြပေးခြင်း၊ လမ်းညွှန်ပေးခြင်းများဖြင့်ကူညီပေးပါ၊ ဟန့်တားတာမျိုးနဲ့ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပါနဲ့။
▪ ကလေးရွေးချယ်တဲ့ဆုံးဖြတ်ချက်ကိုလည်း ကျိုးကြောင်းညီညွတ်ပါက လက်ခံပေးပြီး သူဖြစ်ချင်တာလေးကို ကူညီပေးပါ။
▪ ကလေးငယ်တွေ မိမိကြိုက်နှစ်သက်တဲ့ဘာသာရပ်၊ စိတ်ဝင်စားတဲ့အရာတွေကို လွတ်လွတ်လပ်လပ်လေ့လာနိုင်ဖို့ အချိန်ပေးပါ။
▪ မိဘတွေရဲ့ ချီးကျူးမှုက ကလေးငယ်တွေအတွက် အများကြီးသက်ရောက်မှုရှိတာကြောင့် သူတို့ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ် အကောင်းဘက်က ဝေဖန်ပေးဖို့လည်းအရေးကြီးပါတယ်။
ကလေးငယ်တွေ အောင်မြင်တဲ့ ပညာရေးလမ်းကြောင်းရွေးချယ်နိုင်မှုက သူတို့လေးတွေရဲ့ တစ်ဘဝလုံးကိုသက်ရောက်မှုရှိမယ့် ကိုယ်တိုင်ရှာဖွေမှု(self-discovery)ခရီးစဉ်တစ်ခုဖြစ်တာကြောင့် မေမေ၊ဖေဖေတို့က ဘေးကနေအကူအညီသေချာပေးဖို့ အရမ်းအရေးကြီးတယ်နော်။

❤26👍21👎1
▪ ၁၉၇၂ ခုနှစ်မှာ ကျိုင်းတုံလားဟူယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အရ မြန်မာလ တပို့တွဲလဆန်း(၁)ရက်နေ့ဟာ ရှေးလားဟူတိုင်းရင်းသားတို့ရဲ့ ရက်၊ လ ရေတွက်ချက်နဲ့အညီ "လားဟူနှစ်သစ်ကူးနေ့"ဖြစ်ကြောင်း သတ်မှတ်ကာ မြန်မာပြည်မှာ ကျင်းပခဲ့ကြပါတယ်။ ထင်းရှူးအဖူးသစ်ထွက်ချိန်၊ မက်မွန်၊ မက်မန်းပွင့်တို့ ပွင့်ချိန်ဟာ လားဟူနှစ်သစ်ဖြစ်တယ်လို့ ရှေးအစဉ်အဆက် မှတ်သားခဲ့ကြပါတယ်။
▪ လားဟူနှစ်သစ်ကူးပွဲရက်ကို အများစုက (၇)ရက် (၇)ည သတ်မှတ်ကြပြီး၊ အချို့က တစ်လတိတိ ကျင်းပလေ့ရှိကြပါတယ်။ နှစ်သစ်ကူးအကြိုတစ်ရက်နေ့မှာ အိမ်တွင်း၊ အိမ်ပြင် စုံလင်အောင်အသေးစိတ် သန့်ရှင်းရေးလုပ်ကြလေ့ရှိပြီး ချောင်းအနီးအနား၊ ရေအနီးအနား ရှိရာသို့သွားကာ အိပ်ယာခင်းများ၊ စောင်များ လျှော်ဖွပ်ကြပါတယ်။ ဒါ့အပြင် နှစ်သစ်ကူးရဲ့ ပထမနေ့မှာ နံနက်စောစော ကြက်တွန်သံကြားတာနဲ့ အိမ်တိုင်းမှာရှိတဲ့ တူမီးသေနတ် ပစ်ဖေါက်ကြပါတယ်။ ပွဲတော်ရက်များမှာ အိမ်တိုင်းက ကောက်ညင်းထောင်းပြီး မုန့်ဝိုင်းလုပ်ကြပါတယ်။ ပွဲတော်ရက်များတွင် အသားမျှဝေရန် တစ်အိမ်လျှင် ဝက်တစ်ကောင် အသုံးပြုလေ့ရှိပြီး ချို့တဲ့သူများက ဝက်တစ်ကောင်အသားကို နှစ်အိမ်၊ သုံးအိမ်ပေါင်းကာ စုပေါင်းကျခံ မျှဝေလေ့ရှိပါတယ်။
▪ လူငယ်တွေအနေနဲ့လည်း ချောင်းထဲမှ ရေသန့်ဦးကို သူ့ထက်ငါဦးအောင်ခပ်ကာ၊ ရလာတဲ့ ရေသန့်ဦးကို လက်ဆေးကန်တော့ခြင်းရိုးရာအဖြစ် မိမိတို့ရဲ့ သက်ဆိုင်ရာ မိဘလူကြီးတွေထံ ကန်တော့ကြပါတယ်။ ပြီးတဲ့အခါမှာတော့ ကျေးရွာလူကြီးအိမ်တွေကို ကောက်ညင်းမုန့်ပြားတစ်စုံ၊ ဝက်သားတစ်တွဲကို အိမ်တိုင်းသို့ လက်ဆောင်ပေးပြီး လက်ဆေးကန်တော့ခြင်း ကုသိုလ်ယူကြပါတယ်။ နှစ်ဟောင်းက မကျေနပ်သောအချက်များရှိခဲ့ပါက အချင်းချင်းခွင့်လွှတ်ပြီး နှစ်သစ်မှာ မေတ္တာတရားနဲ့ အေးအေးချမ်းချမ်း နေသွားကြရန် ရည်ရွယ်ပြီး လက်ရေဆေးကြတာဖြစ်ပါတယ်။
ကျန်ရက်တွေမှာတော့ ကျေးရွာသားတွေရဲ့ ဆန္ဒအရ ပွဲကရက်၊ ဂျင်ပေါက်ရက် အသီးသီးသတ်မှတ်ပြီး ကျင်းပကြပါတယ်။ ဘူးသစ်နဲ့ လုပ်ထားတဲ့ နှဲမှုတ်ပြီး အိုးစည်၊ မောင်းသီးခတ်ကာ ပျော်ပျော်ပါးပါး တစ်နေကုန် ကခုန်ကြပြီး အုပ်စုဖွဲ့ဂျင်ပေါက်ပွဲ၊ ပျိုရွယ်သူတွေကတော့ ပိတ်စဘောလုံးကို စုံတွဲ ပစ်ကစားရင်း နှစ်သစ်ကူးပွဲမှာ ချစ်သူရှာတတ်ကြပါတယ်။
လားဟူသွေးချင်းတို့ရဲ့ ချစ်စရာရိုးရာဓလေ့လေး တွေပါပဲနော် ….
"လားဟူနှစ်သစ်ကူးနေ့" မှာ အိမ်အိမ်တို့ရဲ့ လားဟူသွေးချင်းတို့ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။
ပြန်ဆုံကြမယ်နော် … တာ့ တာ။

❤34👍15
▪ ကချင်တော်လှန်ရေးဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေထဲမှာ အစောဆုံးထဲကတစ်ခုဖြစ်ပါတယ်။ ကချင်အမျိုးသားတစ်ရပ်လုံးအပေါ် အခွင့်အရေးဖိနိုပ်မှုတွေ၊ ပင်လုံကတိက၀တ် ဖောက်ဖျက်ပျက်ကွက်မှုတွေကြောင့် စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခု၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပေါ့။
▪ အဲ့ဒီလို စတင်တည်ထောင်ခဲ့တဲ့နေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်းမှာ မြန်မာနိုင်ငံအတွင်းရှိ ကချင်လူမျိုးများသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကချင်အမျိုးသားများကလည်း အခမ်းအနားများဖြင့် အလေးအနက်ကျင်းပကြပါတယ်။
▪ ခေတ်အဆက်ဆက် ပုံဖျက်ခံရမှုတွေကြားကနေ စစ်အာဏာရှင်စနစ်ကို ရွံရွံချွံချွံ တော်လှန်ခဲ့၊ တော်လှန်နေဆဲဖြစ်တဲ့ ကချင်တော်လှန်ရေးက(၆၁) နှစ်ပြည့်ခဲ့ပြီဖြစ်သလို ကချင်တော်လှန်ရေးနေ့ဟာလည်း (၆၁) ကြိမ်မြောက်ကိုရောက်ရှိခဲ့ပါပြီ။
ကချင်သွေးချင်းတို့ရဲ့ တော်လှန်ရေးနေ့ကနေ အားအင်သစ်လောင်းရင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို အရောက်လှမ်းနိုင်စေကြောင်း အိမ်အိမ်က ဆုတောင်းကြိုဆိုလိုက်ပါတယ်။
#MOENUG #HomeBasedLearning #Myanmar #Kachin

❤42👍9🔥4
▪ ရှမ်းအမျိုးသားနေ့ (ဝါ) ရှမ်းပြည်နယ်နေ့ဟာ နောင်မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ပြည်ထောင်စုနေ့လို့ ပေါက်ဖွားသန္ဓေတည်ပေးခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ သမိုင်းဝင် ပင်လုံ ညီလာခံ အတွင်းပေါ်ပေါက်ခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ ပင်လုံညီလာခံဟာ ဗမာတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေကြား ပထမဆုံးသော နိုင်ငံရေးယုံကြည်မှုကို တည်ဆောက်ပေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၏အင်္ဂလိပ်အစိုးရလက်အောက်မှ လွတ်လပ်ရေးအတွက် လမ်းစဖြစ်ခဲ့ပါတယ်။
▪ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီ(၆)ရက်ကနေ(၁၂)ရက် အတွင်း ကျင်းပတဲ့ ပင်လုံညီလာခံမှာ ရှမ်းအမျိုးသားသီချင်းနဲ့ ဝါ စိမ်း နီ ရှမ်း အမျိုးသား အလံတော်ကို အသိအမှတ် ပြုခဲ့ပြီး ဖေဖော်ဝါရီ(၇)ရက်နေ့ကို ရှမ်းအမျိုးသားနေ့ ၊ ဖေဖော်ဝါရီ (၁၂)ရက်ကို ပြည်ထောင်စုနေ့အဖြစ် ပြဌာန်းသတ်မှတ်ခဲ့ပါတယ် ။
▪ ၁၉၆၂ ခုနှစ်တွင် အစိုးရက "ရှမ်းပြည်နယ်နေ့"ဟု ပြောင်းလဲခဲ့သော်လည်း ရှမ်းပြည်နယ်မှ တိုင်းရင်းသားသွေးချင်းများမှာ "ရှမ်းအမျိုးသားနေ့" အဖြစ်ကျင်းပခြင်းကပိုမိုသင့်တော်တယ်လို့ ဆိုကြပါတယ်။
▪ ရှမ်းပြည်နယ်ဟာ ရှမ်းလူမျိုးတွေအပြင် ကချင်၊ ကရင်၊ ကယား၊ ပအိုဝ်း၊ လားဟူ၊ အခါ၊ ပလောင်၊ ဓနု၊ အင်းသား အစရှိတဲ့ အခြားလူမျိုးစုတိုင်းရင်းသားများ အတူတကွ ပူးပေါင်းယှဥ်တွဲနေထိုင်ြကတဲ့ ဝိသေသလက္ခဏာ ထူးခြားတဲ့ ပြည်နယ် တစ်ခုဖြစ်ပါတယ်။
▪ အိမ်အိမ်တို့နိုင်ငံအတွင်း နေထိုင်သူတိုင်းရင်းသားများ အားလုံး ချစ်ခင်စည်းလုံးဖို့ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားရန်၊ အချင်းချင်း ပိုမိုသိနားလည်ရန်၊ တန်းတူအခွင့်အရေးများရရှိရန် ဆိုတဲ့အခြေခံလွတ်လပ်ခွင့်တွေအပေါ် မူတည်ပါတယ်။
▪ ဒါကြောင့် ရှမ်းအမျိုးသားနေ့ အဖြစ်စတင်သတ်မှတ်ကတည်းက ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ မျှော်မှန်း ချမှတ်ခဲ့သော အခြေခံလွတ်လပ်ခွင့်သဘောတရားများကို အိမ်အိမ်တို့တခြားသောသွေးချင်းမောင်နှမများလည်း တန်ဖိုးထားပြီးလေးစားလိုက်နာဖို့ရန်လိုအပ်လှပါတယ်......။
နောက်ပို့စ်တွေမှာ အိမ်အိမ်နဲ့ပြန်ဆုံကြမယ်နော်.......

❤42👍13👎1