▪️ကိုလိုနီနယ်ချဲ့လက်အောက်မှာ အင်္ဂလိပ်မြေရှင်တွေရဲ့ မတရားဂုတ်သွေးစုပ် ချယ်လှယ်မှုတွေကြောင့်တောင်သူလယ်သမားတွေရဲ့ဘဝဟာ တဖြည်းဖြည်းအကြွေးနွံနစ်ခါ လယ်ယာတွေဟာချစ်တီးနဲ့ အရင်းရှင်ကြီးတွေ လက်ထဲကိုရောက်ခဲ့ရပြီး လုံးပါးပါးခဲ့ရပါတယ်။ (1930)ကမ္ဘာ့စီးပွားပျက်ကပ်စိုက်တဲ့ကာလမှာ
လယ်သမားအများစုဟာ လယ်လုပ်ရန်အတွက် လယ်ယာမြေမရှိကြတော့သည်အထိ ဂုတ်သွေးစုပ်ခြင်းကိုခံခဲ့ရပါတယ်။
▪️ဒါကြောင့် ဆူပူအုံကြွမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရဟာ တောင်သူလယ်သမားတွေကို တပ်မဟာတွေ ဖြန့်ကျက်ကာ ရက်ရက်စက်စက် နှိမ်နှင်းခဲ့ကြပါတယ်။ သာယာဝတီခရိုင်မှာ ဆရာစံဦးဆောင်တဲ့တောင်သူလယ်သမား အခြေပြုဂဠုန်တပ်မကြီးဟာ ရရာလက်နက်စွဲကိုင်ပြီး အင်္ဂလိပ်အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ တောင်သူလယ်သမားများနဲ့ ကျေးလက်နေပြည်သူများကိုအောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး၊အရေးတော်ပုံကြီးပြုလုပ်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။
▪️ အရှိန်အဟုန်ပြင်းလားတဲ့တောင်သူလယ်သမားတို့ရန်ကို စိုးရိမ်လာတဲ့ အင်္ဂလိပ်အစိုးရဟာသာယာဝတီဘက်ကို တပ်အင်အားဖြန့်ကျက်ကိုင်တွယ်ဖို့ ဗျူဟာတွေချမှတ်ခဲ့ပါတယ်။ (1930)ပြည့်နှစ်၊ ဒီဇင်ဘာလ(22) ရက်နေ့မှာ တစ်တိုင်းပြည်လုံးက တောင်သူလယ်သမားတစ်ရပ်လုံး ပါဝင်ခဲ့တဲ့ တော်သူလယ်သမားအရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။
▪️ဆရာစံဟာ မိမိကိုယ်တိုင်က“သုပဏ္ဏက ဂဠုန်ရာဇာ“ဘွဲ့ကို ခံယူခဲ့ပြီး ဂဋုန်တပ်မကို နှစ်နှစ်ကျော်ကြာတဲ့အထိ အရေးတော်ပုံဦးမကျိုးစေဘဲ ဦးဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရဟာ တောင်သူလယ်သမားတို့တောင်းဆိုချက်ကို မျက်ကွက်ပြုကာ အင်အားသုံး
နှိမ်နင်းပြီး၊ ခေါင်းဆောင်တွေကို မိရာနေရာမှာ ရက်ရက်စက်စက်ဖမ်းဆီးသတ်ပစ်ခဲ့ပါတယ်။ ဆရာစံကိုယ်တိုင်လည်း ဖမ်းဆီးကွက်မျက်ခံခဲ့ရပါတယ်။
▪️တောင်သူလယ်သမားအရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေးရဲ့ပထမဦးဆုံးတော်လှန်မှုကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နှစ်စဉ် ဇန်နဝါရီလ (၁) ရက်နေ့ကို`တောင်သူလယ်သမားနေ့´ အဖြစ် (၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထက်အထိ သတ်မှတ်ခဲ့ကြပါတယ်။
▪️( ၃၀-၁၂-၆၂ မှ ၁- ၁-၆၃) ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ ပထမဆုံးအကြိမ်အဖြစ် တောင်သူလယ်သမားများနှင့်ပတ်သက်ပြီး မြေရှင်စနစ် ဖျက်သိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပါတယ်။ (၃၀-၁-၆၃)နေ့မှ (၁-၂-၆၃)ရက်နေ့အထိ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာမှာ ဒုတိယအကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကိုကျင်းပခဲ့ကြပါတယ်။(၂-၃-၆၄) နေ့မှ (၆-၃-၆၄)ရက်နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့်နှစ်မှစတင်ပြီး မတ်လ (၂) ရက်နေ့ကို "တောင်သူလယ်သမားနေ့"အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။
▪️တောင်သူလယ်သမားဦးကြီးတွေဟာ နိုင်ငံရဲ့စီးပွားရေးအတွက်လွန်စွာ အားထားရတဲ့ဦးကြီးတွေဖြစ်ပါတယ်။ ဒါ့အပြင် အခုလို တောင်သူလယ်သမားအရေးတော်ပုံကို အခြေပြုပြီး နှောင်းခေတ်လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ်နဲ့ဇာတိသွေးဇာတိမာန်တွေမွေးဖွားပေးနိုင်ခဲ့ကြတဲ့ တောင်သူလယ်သမားဦးကြီးများကို အိမ်အိမ်က ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်နော်....။
နောက်ပို့စ်တွေမှာ ပြန်တွေ့ကြမယ်နော်။
#MOENUG #HomeBasedLearning #Myanmar

👍43❤25👎2
▪ဒသမတန်း မြန်မာစာဘာသာရပ်ထဲက အပိုင်း(၂) အဖတ်အရွတ်သင်ခန်းစာတစ်ခုဖြစ်တဲ့စကားပြေတစ်ပုဒ်ကို အိမ်အိမ်က ရွေးချယ်ပေးလိုက်ပါတယ်။ "အိုးစည်သံ" ရသစာတမ်းကို အိမ်အိမ်တို့အတူတူ လေ့လာကြမယ်နော်။ ဒီသင်ခန်းစာထဲမှာ "အိုးစည်သံ" ရဲ့အဓိပ္ပာယ်လေးနက်မှုအကြောင်း၊ မြန်မာနိုင်ငံရဲ့ဆယ့်နှစ်လရာသီပွဲတော်တွေနဲ့ အိုးစည်သံက ဘယ်လိုဆက်စပ်နေသလဲ၊ "အိုးစည်သံ" စကားပြေကိုရေးတဲ့စာရေးသူအကြောင်းတွေသာမက ဒီစကားပြေမှာ ဘယ်လိုထူးခြားမှုတွေရှိသလဲ၊ ဘယ်လိုဗဟုသုတတွေရနိုင်မလဲ စတာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဆရာမက စိတ်၀င်စားဖွယ်ကောင်းအောင် ဆွေးနွေးပြထားတာဖြစ်လို့ အိမ်အိမ်တို့အတွက် ပျော်ရွှင်စရာစာလေ့လာချိန်လေးဖြစ်မယ်လို့ထင်ပါတယ်။
▪ နောက်ပြီးတော့ "အိုးစည်သံ" စကားပြေကနေတစ်ဆင့် စာရေးသူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆန်းသစ်တဲ့အတွေးအမြင်တွေနဲ့အတူ ခံစားမှုတစ်ခုခုကို ရနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ရှင်းလင်းမြင်သာတဲ့ခေါင်းစဉ်ခွဲလေးတွေနဲ့ စကားပြေကိုလေ့လာရမဲ့နည်းလမ်းတွေကိုပါ ဆရာမက ဆွေးနွေးပေးထားတာဖြစ်လို့ သူငယ်ချင်းတို့အနေနဲ့လည်း ဒီစကားပြေကနေ သင်ယူရရှိတာတွေကို ဝေမျှကြစေချင်ပါတယ်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလည်း သင်ခန်းစာကို ပိုမိုနားလည်သဘောပေါက်ဖို့ရည်ရွယ်ပြီး လေ့ကျင့်ခန်းလေးတွေ ထည့်ပေးထားပါသေးတယ်။ သေချာစဉ်းစားပြီးဖြေကြည့်ကြပါဦးနော်။
▪ ဒီ "အိုးစည်သံ" စကားပြေကနေ စာရေးသူနဲ့ပတ်သက်တဲ့ဗဟုသုတရဖွယ်အကြောင်းအရာတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ၊ လှပတဲ့အတွေးအမြင်တွေကို ဆရာမရဲ့ဆွေးနွေးချက်နဲ့အတူ မီးမောင်းထိုးပြထားတာမို့ အိမ်အိမ်တိို့အနေနဲ့ စိတ်၀င်စားမယ်လို့မျှော်လင့်ပါတယ်။ ဗီဒီယိုမှာပါတဲ့လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကို ပိုမိုနားလည်စေဖို့၊ ပြန်လည်သုံးသပ်နိုင်ဖို့အပြင် အိမ်အိမ်တို့ကိုယ်တိုင်ချဲ့ထွင်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။
▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/m6xZW6kZV-o
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ ဒသမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။
ဒသမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 10 - https://www.facebook.com/groups/grade10.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 10 MBEH Channel - https://t.me/joinchat/0dB_0tSgLTowMjI9
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 10 MBEH Channel - https://invite.viber.com/?g2=AQA1Vj1h9HuS1E37Uk78OtCWLM9qw%2FEAMpn3c32qZhkNe1LOCr9oFVDveS0%2BmJEP
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
▪ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/
နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028
နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာမို့လို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

YouTube
Grade 10 မြန်မာစာ၊ အဖတ်အရွတ်သင်ခန်းစာ၊ အိုးစည်သံ, စာမျက်နှာ (၇၈)
👍46❤33🔥6
▪ ခေတ်အဆက်ဆက် အမျိုးသမီးများရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ လူမှူ စီးပွားရေး ကဏ္ဌအသီးသီးမှာ ထွန်းပေါက် အောင်မြင်ခဲ့မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဉ် မတ်လ ၈ရက်နေ့မှာ အားလပ်ရက်အနေနဲ့သတ်မှတ်ပြီး ကမ္ဘာအနှံ့မှာ ကျင်းပလေ့ရှိပါတယ်။
▪ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်လှုပ်ရှားမှုတွေအတွက် အချက်အခြာကျပြီး ကျားမ တန်းတူညီမျှမှု၊ မျိုးဆက်ပွား အခွင့်အရေး၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု စတဲ့ပြဿနာတွေကို ပေါ်လွင်စေပါတယ်။
▪ နိုင်ငံတကာ အမျိုးသမီးများနေ့ ဟာ ၂၀ ရာစု အစောပိုင်းကာလမှာ နယူးဇီလန်နိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးတိုင်း ဆန္ဒမဲပေးပိုင်ခွင့် လှုပ်ရှားမှုကို အခြေတည်ပြီး မြောက်အမေရိကနဲ့ ဥရောပ မှာပေါ်ပေါက်ခဲ့တဲ့ အလုပ်သမား လှုပ်ရှားမှုများကတစ်ဆင့် ပေါ်ထွက်ခဲ့တာလဲဖြစ်ပါတယ်။
▪ ဆိုဗီယက် ရုရှားမှာ အမျိုးသမီးတွေရဲ့တက်ကြွစွာလှုပ်ရှားမှုတွေကတစ်ဆင့် အမျိုးသမီးအားလုံးဆန္ဒမဲပေးခွင့်ရတဲ့ ၁၉၁၇ ခုနှစ်မှစပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ကို မတ်လ ၈ ရက်နေ့တိုင်းအများပြည်သူအားလပ်ရက်အဖြစ် နိုင်ငံတွင်းတရား၀င်သတ်မှတ်ခဲ့ပါတယ်။
▪ နောက်ပိုင်းမှာ ကုလသမ္ပဂ ကနေ တရား၀င် အသိအမှတ်ပြုတဲ့ ၁၉၇၇ ခုနှစ်ကစပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ ကို ကမ္ဘာ့နိုင်ငံအများစုမှာ ဆင်နွှဲလာကြပါတယ်။
▪ နိုင်ငံတကာ အမျိုးသမီးများနေ့ ကို နှစ်စဉ် theme အမျိုးမျိုးနဲ့ကျင်းပပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု တွေကိုရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ကမ္ဘာအနှံ့ကအမျိုးသမီးတွေရဲ့ ဒေသအလိုက် ပါ၀င်ကူညီပေးမှုတွေကို ပေါ်လွင်စေတဲ့အနေနဲ့ "Gender equality today for a sustainable tomorrow" (ယနေ့ကျားမတန်းတူညီမျှမှု မှ ရေရှည်တည်တံ့တဲ့မနက်ဖြန်ဆီသို့) ခေါင်းစဉ်ဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။
သူငယ်ချင်းတို့လဲ လူ့အဖွဲ့အစည်းမှာ နိုင်ငံရေးအရ လူမှုရေးအရ စီးပွားရေးအရ ဘက်ပေါင်းစုံမှာ မရှိမဖြစ်အရေးပါတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဌကို လေးစားအောက်မေ့ရင်း ဒီနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အိမ်အိမ်နဲ့အတူ ဖြတ်သန်းရအောင်နော်။
#IWD #International #Women #Day #MBEH #Myanmar #MOE #NUG

❤48👍27
▪️၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်မှာ စက်မှုတက္ကသိုလ်ကျောင်သား ကိုဖုန်းမော်ဟာ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေ ရက်စက်စွာပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
▪️ကိုဖုန်းမော်သေဆုံးပြီး ရက်အနည်းငယ်အကြာမှာ ဒဏ်ရာတွေနဲ့ကွယ်လွန်သွားတဲ့အခြားကျောင်းသားတစ်ဦးဖြစ်သူ ကိုစိုးနိုင်ရဲ့နာရေးသတင်းနဲ့အတူ ရှစ်လေးလုံးအရေးအခင်းလို့ လူသိများတဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့ပါတယ်။
▪️ဒီလိုကျောင်းသားအရေးအခင်းကနေ လူထုတိုက်ပွဲတွေအထိ ပေါ်ပေါက်လာစေတဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရတဲ့နေ့ကို "မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့"အဖြစ် တက်ကြွလှုပ်ရှားသူတွေက သတ်မှတ်ခဲ့ကြပါတယ်။
▪️နှစ်စဉ် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ မှာ ကိုဖုန်းမော် ကိုစိုးနိုင်တို့နဲ့ အတူ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုတွေမှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထုအပေါင်းကို အောက်မေ့သတိရခြင်းအထိမ်းအမှတ်ကျင်းပကြပါတယ်။
▪️ကျောင်းသားခေါင်းဆောင်များကလည်း အာဇာနည်ဗိမ္မာန်ရှေ့မှာ အလံတိုင်တစ်ဝက်လွှင့်ထူခြင်း စက်ဘီးစီးလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကျင်းပကြပါတယ်။
▪️အိမ်အိမ်တို့ မြန်မာနိုင်ငံမှာလဲ လက်ရှိမှာ လွတ်လပ်မှု တရားမျှတမှု လူ့အခွင့်အရေးတွေကို ပြန်လည်ရယူနိုင်ဖို့ စွမ်းစွမ်းတမံအားထုတ်နေကြတဲ့အချိန်လဲဖြစ်ပါတယ်။
▪️ဒါကြောင့် နိုင်ငံရေးမှာ စစ်တပ်ပါဝင်ပတ်သက်မှု အဆုံးသတ်ရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ကျောင်းသား သမဂ္ဂများနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများ အစိုးရရဲ့ စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်ရေးတို့ကို ဆထက်တပိုးကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
ဒီကနေ့ မြန်မာ့လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုရင်း အမှောင်ခေတ်ကနေ အလင်းခေတ်ဆီကိုရောက်ဖို့ အတူတူကြိုးစားသွားကြပါစို့။
#MOE #MBEH #Myanmar

❤36👍17
ဒီနေ့ မတ်လ (၁၃) ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းနီ(တိုင်းလိုင်)လူမျိုးတို့ရဲ့ အထွဋ်အမြတ်နေ့ဖြစ်တဲ့ ရှမ်းနီအမျိုးသားနေ့ကို အိမ်အိမ်နဲ့အတူ ကြိုဆိုလိုက်ကြရအောင်။
▪ ရှမ်းနီအမျိုးသားတို့ရဲ့ မြို့ပြတည်ထောင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ် ၊မြန်မာ သက္ကရာဇ် (၈၈၈) ခုနှစ် ၊ ခရစ်နှစ် (၁၅၂၇) ခုနှစ် မတ်လ (၁၃) ရက်ကို အစွဲပြုပြီး ရှမ်းနီအမျိုးသားနေ့လို့ သတ်မှတ်ကျင်းပကြတာပါ။
ဒီနေ့ကို
▪ ရှမ်းနီအမျိုးသားဘိုးဘေးတို့တည်ထောင်ခဲ့တဲ့ မြို့ပြပြည်ထောင်တွေနဲ့ ရေမြေတောင်တောင်တို့ကိုတန်ဖိုးထားဖို့၊
▪ အစဉ်အလာကြီးမားတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ်ဖို့၊
▪ ရှမ်းနီအမျိုးသားတို့ရဲ့ ခိုင်မာစည်းလုံးတဲ့ သဘောဆန္ဒတွေကို ပေါင်းစည်းတည်ဆောက်ဖို့
စတဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ်ဆင်နွှဲကြတာပါ။
ဒီနှစ်မှာဆိုရင်တော့ ရှမ်းနီအမျိုးသားနေ့ဟာ (၄၉၅) ကြိမ်မြောက်ကိုရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ဟာ ရှမ်းနီအမျိုးသားတို့အတွက် အလေးအမြတ်ထားရတဲ့ နေ့တစ်နေ့ဖြစ်တာကြောင့် အိမ်အိမ်တို့ကလည်း ရှမ်းနီလူမျိုးသူငယ်ချင်းတွေနဲ့အတူ ရှမ်းနီအမျိုးသားနေ့ကို နွေးနွေးထွေးထွေး ဂုဏ်ပြုကြိုဆိုလိုက်ရအောင်

❤36👍17🔥2
▪ ပအိုဝ်းတိုင်းရင်းသားတို့ဟာ မိမိတို့ရဲ့ထူးခြားလှတဲ့ သမိုင်းအစဉ်အလာကို အကြောင်းပြု၍ “ဒဲဉ်သီးလာဗွေ”(တပေါင်းလပြည့်)နေ့ ရောက်တိုင်း “ပအိုဝ်းအမျိုးသားနေ့”ကို နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လာခဲ့ကြတာ (၇၃)ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။ ပအိုဝ်းတိုင်းရင်းသားတို့ဟာ ကျေးဇူးတရားသိရှိမှု၊ ကျေးဇူးတရားကို နားလည်သဘောပေါက်မှုစတဲ့ ဗုဒ္ဓရဲ့အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်းကြသူများ ဖြစ်သည့်အလျောက် အမျိုးသားနေ့တွင် မိမိတို့လူမျိုး၊ဘိုးဘွားမျိုးနွယ်ဆက်များ၏ကျေးဇူးတရားကို အောက်မေ့သတိရပြီး အမျိုးသားနေ့ကိုသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပအိုဝ်းအမျိုးသားနေ့ဟာ ကျေးဇူးတရားသိမှုမှ စတင်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။
▪ လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်၊ မဟာသက္ကရာဇ် (၃)နှစ် တပေါင်းလပြည့်နေ့၊ စနေနေ့၊ လဝင် နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သောအချိန်တွင် မင်းတပါးဖွားမြင်ခဲ့ပါတယ်။ ထိုမင်းဟာ လဝင်နေထွက်ချိန်တွင် မွေးဖွားခဲ့သောကြောင့် သူရိယစန္ဒာ ဟုခေါ်ဆိုခဲ့ပြာတယ်။ သူရိယစန္ဒာမင်းဟာ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသော ခေတ်ကာလကို ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး သထုံမြို့ရှိလေးဆူဓါတ်ပုံ ရွှေစာရံစေတီတော်ကို တည်ခဲ့သည့့် သာသနာ့ဒါယိကာမင်းမြတ်တစ်ပါး ဖြစ်ပါတယ်။
▪ ဤကျေးဇူးတရားကို အောက်မေ့သောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့ဟာ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို “ပအိုဝ်းအမျိုးသားနေ့” (ဒဲဉ်သီႏလာဗွေ)အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။ ထို့ပြင် လယ်ယာခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့ဟာ လုပ်ငန်းခွင်ပြီးစီးသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲ ကျင်းပေလ့ရှိြကပါတယ်။
▪ ကောက်ဦးတင်ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့်တကွ ဆွေတော်မျိုးတော်၊ မိအိုဖအိုအကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးကျွေးမွေးပွဲများ ကျင်းပပြုလုပ်ကြပါတယ်။ ကောက်ဦးတင်ပူဇော်ပွဲမှာ တောင်ပေါ်မြေပြန့် ရပ်နီးရပ်ဝေးဆွေမျိုးများ တစ်နှစ်တစ်ကြိမ် တွေ့ဆုံလေ့ရှိကြပါတယ်။ ထိုကြောင့် တပေါင်းလပြည့်(ဒဲဉ်သီႏလာဗွေ)နေ့ ရောက်တိုင်း ရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကိုကောက်ဦးပူဇော်ပွဲ၊ ေဆွမျိုးတွေ့ဆုံပွဲပြုလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာတယ်လို့လည်း ဆိုကြပါတယ်။
▪ ပအိုဝ်းအမျိုးသားနေ့ဟာ ဇာတိသွေး၊ ဇာတိမာန် စိတ်ဓါတ်များ၊ အမျိုးသားရေးစိတ်ဓါတ်များ ထက်မြက်ရှင်သန်လာစေရန် လှုံ့ဆော်ပေးသည့်နေ့တစ်နေ့လည်းဖြစ်ပါတယ် ။
ပအိုဝ်းတိုင်းရင်းသားသွေးချင်းများအပါအဝင် အိမ်အိမ်ရဲ့ သွေးချင်းမောင်နှမများအားလုံး စစ်အာဏာရှင်စနစ်ကို အတူတကွတော်လှန်ရင်း ရှေ့ဆက်ကြမယ်နော်။
တာ့တာ.......။

❤30👍29
▪️၁၉၇၄ခုနှစ်ကတည်းကစတင် ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ဟာဆိုရင် ဒီကနေ့မှာ (၄၈)ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဘာသာရေးနဲ့ ယဉ်ကျေးမှုသမိုင်းအစဉ်အလာ ကြီးမာတဲ့ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ထုံးစံတွေမှာ ဘာသာရေနဲ့ဆိုင်တဲ့ ထုံးတမ်းအစဉ်အလာဓလေ့တွေ၊ ပွဲတော်တွေ ရှိကြပါတယ်။ ဒါကြောင့် မတ်လ(၁၉)ရက်နေ့မှာကျရောက်တဲ့မွန်အမျိုးသားနေ့ကို ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူမျိုး တွေဟာ ဒေသအလိုက် ကျင်းပလေ့ ရှိကြပါတယ် ။
▪️မွန်အမျိုးသားနေ့ကို ကျင်းပတဲ့ဒေသအလိုက် ဓလေ့ထုံးစံပုံစံမျိုးစုံနဲ့ကျင်းပကြပါတယ်။ အဓိကအားဖြင့် မွန်အမျိုးသားအလံတော်ကိုအလေးပြုခြင်း၊ စာပေ ဟောပြောပွဲများ၊ မွန်လူမျိုး မွန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပြိုင်ပွဲများကိုလည်း ကျင်းပကြပါတယ်။ တချို့ဒေသတွေမှာဆိုရင်တော့ အားကစား ပြိုင်ပွဲတွေအပြင် ပျော်ပွဲရွှင်ပွဲများ၊ အလှူအတန်းများကိုလည်းပြုလုပ်ကြပါတယ်။ ဒီလိုပွဲနေ့မှာ စုပေါင်းအတူတကွ မုန့်လုပ်စားကြပါသေးတယ်။
ဒါကြောင့်အိမ်အိမ်က မွန်တိုင်းရင်းသားညီကိုမောင်နှမတွေနဲ့အတူ မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုလိုက်ပါတယ်။

❤29👍17👎3
▪ ချင်းတော်လှန်ရေးနေ့အကြောင်းကို ပြောပြရမယ်ဆိုရင် ချင်းအမျိုးသားတပ်ဦး (CNF) ကနေ စပြောရမှာပါ။ ၁၉၈၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးရရှိရန်နဲ့ မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော်ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ အဲ့ဒီလို ဖွဲ့စည်းခဲ့တဲ့အချိန်ကနေစလို့ အာဏာရှင်အဆက်ဆက်ကို လက်နက်စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်တိုက်ပွဲ၀င်ခဲ့ကြတာ ယနေ့ နွေဦးတော်လှန်ရေးအထိပဲပါပဲ။
▪ ဒီကနေ့မှာဆိုရင်တော့် ချင်းညီအကိုမောင်နှမတွေရဲ့ အမျိုးသားတပ်ဦးနဲ့ တော်လှန်ရေးနေ့ဟာ (၃၄)နှစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီ (၃၄) နှစ်အတွင်း စစ်အာဏာရှင်စနစ်ဆိုးကို စွမ်းစွမ်းတမံ တွန်းလှန်ခဲ့၊ တိုက်ထုတ်နေဆဲဖြစ်တဲ့ ချင်းလူမျိုးအာဇာနည်စစ်သည်တွေကို အိမ်အိမ်က အလေးထားဂုဏ်ပြုရင်း "ချင်းတော်လှန်ရေးနေ့" ကို ကြိုဆိုလိုက်ပါတယ်။
တောင်ဇလပ်နဲ့အောက်ချင်းတို့ရဲ့မြေက သွေးချင်းတို့ရဲ့ တော်လှန်ရေးအိမ်မက်တွေလည်း အမြန်ဆုံးအကောင်အထည်ပေါ်လာအောင် အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်။

❤32👍22
▪ Down Syndrome (သို့မဟုတ် Trisomy 21) ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ လူမျိုးမရွေး၊ ကျားမ မရွေး မွေးဖွားလာတဲ့ကလေးအယောက် ၈၀၀မှာ တစ်ယောက်နှုန်းဖြစ်ပွားလေ့ရှိပါတယ်။ ဒါဟာ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ခရိုမိုဆိုမ်တစ်ခုလည်းဖြစ်ပါတယ်။
▪ Down Syndrome က အများအားဖြင့် ဥာဏ်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုနှင့် ဆက်စပ်သော ဆေးဘက်ဆိုင်ရာ ပြဿနာများကိုအမျိုးမျိုးဖြစ်စေတတ်ပါတယ်။ သူတို့လေးတွေဟာ မျိုးရိုးဗီဇချို့ယွင်းမှု့ကြောင့် သိမြင်မှု နှောင့်နှေးပေမဲ့ အိမ်အိမ်တို့လိုပဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်ကြတယ်။ ဒါကြောင့် Down Syndrome ရှိသူတွေကို ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ၊ အလုပ်အင်အားစုတွေနဲ့ လူမှုရေး၊အပန်းဖြေမှုဆိုင်ရာ လှုပ်ရှားမှုတွေ လူ့အဖွဲ့အစည်းနဲ့ ရပ်ရွာအဖွဲ့အစည်းတွေထဲမှာ ပိုမိုပါဝင်လာဖို့ ကူညီကြရမှာဖြစ်ပါတယ်။
▪ လူတွေအားလုံးပါဝင်မှုကိုမြှင့်တင်နိုင်ဖို့လှုံ့ဆော်အားပေးနိုင်ဖို့နဲ့ Down Syndrome ဖြင့်နေထိုင်သူတွေကို ပံ့ပိုးကူညီနိုင်ဖို့ ဒီနေ့မှာInternational Down Syndrome Dayကိုကျင်းပကြတာပဲဖြစ်ပါတယ်။
#MOENUG #HomeBasedLearning #Myanmar #International #downsyndrome

👍35❤29🔥3
တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော
=====
မတ်လ (၂၇) ရက်နေ့။
ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။
▪ ဒီနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ပြီး ပွဲတွေ ကျင်းပနေကြပါတယ်။ စာရေးသူကိုယ်တိုင်လဲ မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ ထင်ခဲ့ဖူးပါတယ်။ သို့ပေမယ့် ကျောင်းသုံးစာအုပ်တွေနဲ့ သတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိသမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသန စာအုပ်တွေကို ဖတ်မိလာ ချိန်မှာတော့ မတ်လ (၂၇) ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ပဲ၊ ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေ အပေါ်မှာ အခြေခံထားခြင်းမရှိပဲ၊ သမိုင်းဖြစ်ရပ်မှန် အချက်အလက်များအပေါ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာဆန်းစစ်ပြီးမှ၊ သဘာဝကျကျ ရှုမြင်သုံးသပ်ထားချက်သာ ဖြစ်ပါတယ်။
✅ (၁) မတ်လ (၂၇) ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲဖို့ သတ်မှတ်ချက်ကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။
(၁၉၄၅) ခုနှစ်၊ မတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ ဖက်ဆစ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးတွေ့ဆုံဆွေးနွေးဆုံးဖြတ်ပွဲကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စစ်တိုင်းကြီး (၇) တိုင်း၊ ဒေသသုံးခု ခွဲဝေပြီး၊ သက်ဆိုင်ရာ တိုင်းအလိုက် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ တာဝန်ချထားခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များကတော့ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်တို့ဖြစ်ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့တွေက ဗမာ့တပ်မတော်က ဖြစ်ပါတယ်။ တပြည်လုံးရဲ့ နိုင်ငံရေးခေါင်းဆောင်က သခင်စိုး၊ စစ်ရေး ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ တပြည်လုံးရဲ့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံက သခင်သန်းထွန်း ဖြစ်ပါတယ်။
ဒီသမိုင်းကြောင်းအချက်အလက်တွေက ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးကို တပ်မတော် တခုတည်းနဲ့ဆိုင်တဲ့ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ နီးစပ်မှု မရှိကြောင်းကို မီးမောင်းထိုးပြနေပါတယ်။
✅ (၂) ဖက်ဆစ်တော်လှန်ရေးကြီးကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ဆင်နွှဲခဲ့ခြင်း မဟုတ်ပါ။ ဖတပလ အဖွဲ့ချုပ်ကြီးက အမျိုးသားတပ်ပေါင်းစု အဖွဲ့ချုပ်ကြီးအဖြစ် အခိုင်အမာ တည်ဆောက်ပြီး၊ ဦးဆောင်ဆင်နွှဲခဲ့ခြင်းသာ ဖြစ်ပါတယ်။
▪ (၁၉၄၄) ခုနှစ်၊ ဩဂုတ်လမှာ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး (ဖတပလ) အဖွဲ့ကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ဆိုတဲ့ အဓိကအင်အားစု (၃) စု အပေါ်မှာ အခြေခံ ဖွဲ့စည်းခဲ့ပါတယ်။ ဖတပလရဲ့ ဗဟိုဦးစီး အဖွဲ့ဝင် ကိုးဦးကတော့ ဗမာ့တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျ်ာ၊ ဗိုလ်နေဝင်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ သခင်ချစ်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်စိုးတို့က တာဝန်ယူခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးတာဝန်ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်သန်းထွန်းက တာဝန်ယူခဲ့ပါတယ်။
(၁၉၄၄) ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ သခင်ချစ်၊ ရန်ကုန်ဘဆွေ၊ သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံပြီး၊ ဖွဲ့စည်းခဲ့တဲ့ “တော်လှန်ရေးတပ်ဦး” ကလဲ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော်တို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းထားခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဒီသမိုင်းကြောင်းအထောက်အထားတွေအရ တဖွဲ့တပါတီတည်းကပဲ ပြုလုပ်ထားခဲ့ခြင်း မဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေး သမိုင်းဝင်နေ့ကို၊ တပ်မတော်တခုတည်းနဲ့သာ ဆိုင်သည့်သဖွယ်၊ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ ဝေးကွာနေကြောင်း တွေ့ရှိရပါတယ်။
✅ (၃) ဖက်ဆစ်တော်လှန်ရေး လက်တွေ့စစ်မြေပြင်မှာ တော်လှန်ရေးအင်အားစုများစွာ ပါဝင်ခဲ့ပါတယ်။
▪ (၁၉၄၂) ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှာ ဂျပန်စစ်အုပ်ချုပ်ရေး လက်အောက်ခံ ဗမာအစိုးရအဖွဲ့ကို ဂျပန်က ဖွဲ့စည်းပေးခဲ့ပြီး၊ စစ်အုပ်ချုပ်ရေး ထူထောင်ထားစဉ်ကာလမှကတည်းက သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး၊ ဂျပန်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ သခင်သန်းထွန်းကလဲ အစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ရုပ်ပြလုပ်ဆောင်ရင်း၊ တော်လှန်ရေး အင်အားစုတွေကို နိုင်ငံအနှံ့၊ နယ်အနှံ့မှာ စုစည်းနေခဲ့ပါတယ်။
ဖတပလ ဖွဲ့ပြီးချိန်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ ညှိနှိုင်းပြီး၊ ဗမာ့တပ်မတော်ထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးကေဒါတွေ လျှို့ဝှက်သွင်းခဲ့ပါတယ်။ တပ်ကို နိုင်ငံရေးနဲ့ တော်လှန်ရေး ပညာတွေ ပေးဖို့ ဖြစ်ပါတယ်။

👍36❤9🔥4👎1
ဂျပန်တွေ မြန်မာပြည်စဝင်စဉ်ကတည်းက ကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်တဲ့ သခင်သိန်းဖေကို အိန္ဒိယသွားပြီး၊ မဟာမိတ်များနဲက အဆက်အသွယ် ရယူရေးကြိုးပမ်းမို့ သခင်သန်းထွန်းက တိုက်တွန်းထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်မှာတော့ အိန္ဒိယရောက် သခင်သိန်းဖေနဲ့ သခင်သန်းထွန်းတို့ ပြန်လည်ဆက်စပ်မိလာပါတယ်။ ဖတပလ ဖွဲ့စည်းပြီးချိန်မှာတော့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံဖြစ်လာတဲ့ သခင်သန်းထွန်းက ငခင်သိန်းဖေမှတဆင့် အင်္ဂလိပ်စစ်တပ် Force 136 ကို အဆက်အသွယ် ရယူနိုင်လာခဲ့ပါတယ်။
ရခိုင်ဘက်မှာလဲ (၁၉၄၂) ခုနှစ်ကတည်းက သခင်စိုးတို့သွားပြီး၊ စည်းရုံးပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်၊ ဒီဇင်ဘာလမှာ ရခိုင်တိုင်း ဂျပန်တော်လှန်ရေး တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်မှာ ဦးဆောင်ခဲ့တဲ့ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေဟာ ဖဆပလနဲ့ အဆက်အသွယ် ရှိထားပြီးသား ဖြစ်ပါတယ်။
စစ်ကိုင်းနယ်မှာလဲ ရဲဘော်လှိုင်၊ ရဲဘော်မြင့်ဆွေ၊ ဗိုလ်သိမ်းဦး၊ ဗိုလက်ကျင်မောင်တို့ ဦးဆောင်တဲ့ ပါတီတပ်ကို ပြောက်ကျားတပ်အဖြစ် ဖွဲ့စည်းထားခဲ့ပါတယ်။ အိန္ဒိယကို သခင်သန်းထွန်း စီစဉ်စေလွှတ် ထားခဲ့တဲ့ လေထီးရဲဘော်များကလဲ တော်လှန်ရေးကာလမှာ မဟာမိတ်တပ်တွေနဲ့ အတူ တိုက်ပ ဝင်ခဲ့ကြပါတယ်။ ဖြူး၊ တောင်ငူ၊ ရိုးမတကြောက ရဲခေါင်ပြောက်ကျားများကိုလဲ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းတို့ ဦးစီးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။
မြေအောက်လျှို့ဝှက် ဖွဲ့စည်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့များကလဲ အနယ်နယ် အရပ်ရပ်မှာ တိုက်ပွဲဝင်ခဲ့ကြရုံမက အချို့တော်လှန်ရေးဒေသတွေမှာ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးသူငယ် များကပါ ဆက်သားတာဝန်ယူခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေး စိတ်ဓာတ်တွေ ရှင်သန်နေတဲ့ ပြည်သူလူထုကလဲ ဘက်ပေါင်းစုံကနေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီသမိုင်းအချက်အလက်များက ဖက်ဆစ်တော်လှန်ရေးရဲ့ လက်တွေ့စစ်မြေပြင်မှာ ဗမာ့တပ်မတော် တရပ်တည်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့တာ မဟုတ်ကြောင်း ညွှန်ပြနေပါတယ်။ တော်လှန်ရေး မတိုင်မီ နှစ်ကာလများစွာကတည်းက လူထုစည်းရုံးရေး၊ ပြင်ဆင် တည်ဆောက်ရေး၊ ပြောက်ကျားတပ်များ ဖွဲ့စည်းရေး၊ မဟာမိတ်အဆက်အသွယ် ရယူရေး၊ တော်လှန်ရေးအခြေခံဒေသ ဖော်ဆောင်ရေးများကို လုပ်ဆောင်ထားခဲ့ပြီး၊ လက်တွေ့စစ်မြေပြင်မှာလဲ တပ်မတော်တခုတည်း မဟုတ်ပဲ တော်လှန်ရေးအင်အားစုများစွာ ပေါင်းစပ်ပါဝင်ခဲ့ကြောင်း သိသာထင်ရှားလှပါတယ်။
သမိုင်း၀င်ဖက်ဆစ်တော်လှန်ရေးကြီးမှာ မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး ကချင်ရိန်းဂျား၊ ကရင်နှင့် ချင်းတပ်များမှ ပူးပေါင်းပါ၀င်ခဲ့ကြပါတယ်။ ဝမ်းအိုဝမ်း ဟုခေါ်တဲ့ အမေရိကန်နည်းဗျူဟာတပ်ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည့် ရိန်းဂျားတပ်ဖွဲ့မှာ ကချင်တိုင်းရင်းသားနှစ်သောင်းကျော် ပါဝင်ခဲ့သည်။ ချင်း၊ နာဂတိုင်းရင်းသားများလည်း ပါ၀င်ခဲ့ပါတယ်။ ၁၉၄၃ မှစပြီး Chindit တပ်၊ ကချင်ရိန်းဂျား၊ ဗြိတိသျှ-ကချင် လဲဗီးတပ်ရင်းများကလည်း ဖက်ဆစ်တပ်များကို တိုက်ပွဲဝင်ခဲ့ပါတယ်။ Force 136 မြစ်၀ကျွန်းပေါ်ဒေသမှာ တော်လှန်ရေးအခင်းအကျင်းစတင်ပြင်ဆင်ချိန်မှာ ကရင်တိုင်းရင်းသားများစွာ ပါ၀င်ခဲ့ပါတယ်။ ဒီတပ်တွေဟာ လွတ်လပ်ရေးရချိန် နိုင်ငံ့စစ်တပ်မှာ တပ်ပေါင်းစည်းရေး (Military Integration) ကို လုပ်ဆောင်ခဲ့ကြပါတယ်။
နိဂုံး
===
▪ မတ်လ (၂၇) ရက်နေ့ဟာ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေး အောင်လံတော်အောက်မှာ သွေးစည်းညီညွတ်ခဲ့ကြတဲ့ ဂုဏ်ရောင်ပြောင်သော တော်လှန်ရေး နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ မူလက တော်လှန်ရေး နေ့ဟုသတ်မှတ်ခဲ့ပြီး ဖြစ်ပါလျက် ၁၉၅၅ ခုနှစ် မတ်လဆန်းမှာ ပြုလုပ်တဲ့ ဝန်ကြီး အဖွဲ့အစည်း အဝေးမှာ ” မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း ၊ ထိုနေ့ကို သတ်မှတ် ရာတွင် ဖက်ဆစ်ဂျပန်တို့အား အသက်ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတိုက်ခိုက်ခဲ့သည့် ဗမာ့ တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ်သတ်မှတ်ထားသင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး၊ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ကျင်းပနေကြခြင်းသာဖြစ်ပါတယ်။ သို့ပေမယ့်လဲ သမိုင်းကြောင်း အထောက်အထား များနဲ့ သမိုင်းနောက်ခံ ကားချပ်များကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုတဲ့ သမိုင်းမှန်ကိုသာ ညွှန်းဆိုပြသနေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၇၊ ၃၊ ၂၀၁၃)

❤44👍41🔥7
▪️ကရင်နီလူမျိုးတွေဟာ ကရင်လူမျိုးအနွယ်ဝင်တစ်နွယ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀) ကျော်၊ ခရစ်တော် မပေါ်မီ ဘီစီ(၇၃၉) ကစတင်ပြီး မိုဂိုးလီးယားနိုင်ငံ၊ ဂိုဘီသဲကန္တာရဒေသမှ တခြားကရင်အနွယ်ဝင်များနဲ့အတူ ထွက်လာပြီး တောင်ဘက်သို့ ရေကြည်ရာမြက်နုရာကိုရှာဖွေရင်း တဖြည်းဖြည်းဆင်းလာခဲ့ရာ ဒီမောဆိုနယ်မြေဒေသကို ရောက်ရှိလာပြီး ကရင်နီပြည်နယ်ကို ထူထောင်ခဲ့ပါတယ်။ ကရင်နီလူမျိုး၏ ခုနှစ် သတ်မှတ်ရာတွင် ဂိုဘီသဲကန္တာရမှ စတင်ထွက်ခွာသည့် ခုနှစ်၊ ဘီစီ ၇၃၉ ကို ယူပြီး သတ်မှတ်တာဖြစ်ပြီး ထိုနေ့ရက်မှစ၍ ယနေ့အထိဆို နှစ်ပေါင်း ၂၇၆၁ နှစ်ရှိပြီဖြစ်ပါသည်။
▪️ကရင်နီတစ်မျိုးသားလုံးရဲ့ နှစ်သစ်ကူးနေ့ရက်ကို ကရင်နီလ လဲဟျာ (၁)ရက်နေ့တွင် ၁၉၅၂ ခုနှစ်၌ သတ်မှတ်ခဲ့ကြပါတယ်။ ကရင်နီလူမျိုးတွေရဲ့ နှစ်၊ လ၊ ရက်များ တွက်ချက်ရာမှာ လက ကမ္ဘာကို ပတ်သည့်စနစ် (Lunar System) ကိုအခြေခံထားတဲ့အတွက် ခရစ်နှစ် လ၊ ရက်နှင့် ပုံသေ မဖြစ်တာကြောင့် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ဟာ တစ်နှစ်နဲ့တစ်နှစ် ရက်ပြောင်းလဲကျရောက်နေရတာဖြစ်ပါတယ်။
▪️ကရင်နီလ ၁၂ လရဲ့ အမည်တွေကို (၁) လဲဟျာ (၂) လဲရူး (၃) လဲကျေး (၄) လဲဘျား (၅) လဲခု (၆) လဲရှေးမိုး (၇) လဲရှေးကျယ် (၈) လဲနဲ (၉) လဲရှေးပု (၁၀) လဲထျေ (၁၁) လဲသျ (၁၂) လဲသီး ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာ၊ စင်္ကြာဝဠာ လူသားကို ဖန်ဆင်းအုပ်စိုးသောဘုရား (ကရင်နီအခေါ်- ဘျာစယ်ဒူဖီးသူးလုမိုး)၏ တစ်နှစ်ပတ်လုံး ကူညီ မစသော ကျေးဇူးတရားတော်ကို သတိရအောက်မေ့သောအားဖြင့် စုပေါင်းကာ ထောပနာပြုပြီး၊ လာမည့်နှစ်တွင် လည်း ဆက်လက် ကူညီ မ,စပါရန် တောင်းဆိုတဲ့အနေနဲ့ ကရင်နီနှစ်သစ်ကူးပွဲတော်ကို ကျင်းပကြပါတယ်။ ပွဲတော်ရက်အတွင်းမှာ ဆွေမျိုးမိတ်ဆွေများ၊ ဧည့်သည်တော်များ၊ အနီး အနားကျေးရွာများကို ဖိတ်ကြား၍ အခမ်းအနား ကျင်းပပြုလုပ်ပြီး ကရင်နီရိုးရာ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ရိုးရာယဉ်ကျေးမှု အဆို၊ အက ပဒေသာဖြင့် ဖလှယ်ဆိုကခြင်း၊ ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပကစားခြင်း၊ ဖယောင်းတိုင်မီးထွန်းပြီး ဝတ်ပြုဆုတောင်းခြင်းစတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။
▪️ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့နဲ့ ပတ်သက်တဲ့အေကြောင်းအရာတော်တော်များများကို သိသွားလောက်ပြီလို့မျှော်လင့်ပါတယ်။ အိမ်အိမ်တို့နောက်ရက်တွေမှာပြန်တွေ့ကြမယ်နော်။ ✨

❤54👍31