Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
ကဲ ..........!
ဒီနေ့မှာတော့ Grade-8 မှာတက်ရောက်သင်ယူလေ့လာနေကြတဲ့သူငယ်ချင်းတွေ အိမ်အိမ်နဲ့အတူ သင်္ချာဘာသာရပ်ကို လေ့လာကြရအောင်။
👍13❤9
▪ သင်္ချာအတွဲ (၁)၊ အခန်း (၃)ရဲ့ "နှစ်ထပ်ကိန်းနှင့် နှစ်ထပ်ကိန်းရင်းများ" မှာပါတဲ့ အပိုင်း(၁) "နှစ်ထပ်ကိန်း" အကြောင်းကိုလေ့လာကြရအောင်။ Grade-8 သင်္ချာအတွဲ (၁) ဖတ်စာရဲ့စာမျက်နှာ ၄၃ ကနေ ၅၈ အတွင်းမှာရှိပါတယ်။ ဒီသင်ခန်းစာလေးထဲမှာ နှစ်ထပ်ကိန်းဆိုတာဘာလဲ၊ အဲဒီနှစ်ထပ်ကိန်းတွေကို ဘယ်လိုတွက်ကြမလဲ၊ နှစ်ထပ်ကိန်းဇယားတွေကို ဘယ်လိုအသုံးပြုကြသလဲ၊ ကိန်းပြည့်တွေနဲ့ဒသမကိန်းတွေရဲ့ နှစ်ထပ်ကိန်းကိုသိဖို့ ဘယ်လိုတွက်ရမလဲဆိုတာ‌တွေကို ဒီသင်ခန်းစာဗီဒီယိုမှာ သေချာရှင်းပြထားတာ​​ဖြစ်လို့ အိမ်အိမ်တို့ ပိုပြီးမှတ်မိကြမယ်လို့ ထင်ပါတယ်။

▪ ဒါ့အပြင် သင်ခန်းစာသင်‌နေတုန်းမှာ ပုံစံတူပုစ္ဆာလေးတွေတွက်ရင်း အဖြေလဲတိုက်လို့ရတာမို့ အိမ်အိမ်တို့ပိုပြီးနားလည်သဘောပေါက်ဖို့ မျှော်လင့်ပါတယ်နော်။ ဒါဆိုရင် အိမ်အိမ်တို့‌ နှစ်ထပ်ကိန်းအ‌ကြောင်းကို လေ့လာဖို့အသင့်ဖြစ်နေပြီလား။

▪ ဒီဗီဒီယို‌လေးကနေ နှစ်ထပ်ကိန်း‌ဆိုတာ ဘယ်လိုကိန်းတွေကိုခေါ်တာလဲဆိုတာရယ်၊ နှစ်ထပ်ကိန်းရဖို့ဘယ်လိုတွက်ရမလဲဆိုတာတွေကို သိရှိနိုင်စေမှာဖြစ်ပါတယ်။ နှစ်ထပ်ကိန်းရဖို့အပြည့်ကိန်းနဲ့ဒသမကိန်းရဲ့မတူညီတဲ့တွက်ပုံတွေ၊ နှစ်ထပ်ကိန်းဇယားအသုံးပြုပုံတွေကိုပါ လေ့လာနိုင်မှာမို့ အိမ်အိမ်တို့‌ကြိုးစားလေ့လာကြည့်ကြနော်။ လေ့ကျင့်ခန်းတွေကို အိမ်အိမ်တို့ကိုယ်တိုင်တွက်ရင်း အဖြေတိုက်ရင်းနဲ့ ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်ဖို့ ဆန္ဒပြုပါတယ်။

▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/h_3IWjiezu0
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ သတ္တမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။

သတ္တမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ https://www.facebook.com/groups/grade8.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 8 MBEH Channel - https://t.me/joinchat/TxHWca5RuotjNzll

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 8 MBEH Channel - https://invite.viber.com/?g2=AQBfxHUwA53IPE37UUFiGgcXJyp8FlmlUX5qWDjr7g89RRuQNYVoUZbz7WsFgraG

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/

နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028

နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍36❤29🔥3👎1
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ။
ဒီနေ့က အိမ်အိမ်တို့ရဲ့ ကရင်လူမျိုးတိုင်းရင်းသားသွေးချင်းတွေအတွက် အရေးပါတဲ့နေ့တစ်နေ့ဆိုတာ သိပြီးကြပြီလား။ ဟုတ်ပါတယ် ဒီနေ့ ဖေ‌ဖော်ဝါရီ (၁၁) ရက်နေ့က ( ၇၄ ) ကြိမ်မြောက် ကရင်အမျိုးသားနေ့ပဲ ဖြစ်ပါတယ်။
❤34👍12
▪ ဒုတိယကမ္ဘာစစ်အပြီးကနေ‌စပြီး ကရင်အမျိုးသားတွေက ပြည်နယ်အဆင့်တောင်မရရှိသေးတဲ့ ကရင်ပြည်အတွက် တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီ အမျိုးသားလှုပ်ရှားမှုက မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီးမှာတော့ ပိုပြီးအားကောင်းလာပါတယ်။

▪ ၁၉၄၈ ခု၊ ဖေဖော်ဝါရီ (၃) ရက်မှာတော့ ကေအဲန်ယူ (KNU) က ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရကို ကရင်ပြည်ပေးဖို့ စာရေးတောင်းဆိုပါတယ်။ အဲ့ဒီတောင်းဆိုစာရဲ့ လေးနက်မှု‌ကိုပြဖို့အတွက် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာတော့ မြန်မာပြည်အနှံ့မှာရှိတဲ့ ကရင်အမျိုးသားညီအစ်ကိုမောင်နှမတွေက ကရင်လူထုဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အထက်ပိုင်းပါမကျန် ကရင်အမျိုးသား၊ အမျိုးသမီး (၄) သိန်းကျော်ဟာ
လွတ်လပ်တဲ့ ကရင်ပြည် ချက်ချင်းပေး၊ ကရင်တကျပ် ဗမာ တကျပ် ( တန်းတူရေးနဲ့ ဒီမိုကရေစီ )
လူမျိုးရေး အဓိကရုဏ်း အလိုမရှိ ပြည်တွင်းစစ် အလိုမရှိ စတဲ့ ကြွေးကြော်သံတွေ တစ်ပြည်လုံးညံ့သွားအောင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။

▪ အဲ့ဒီလို ကရင်တစ်မျိုးသားလုံး ဇာတိသွေး၊ဇာတိမာန်တောက်ပြောင်စွာ ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖော်ဖော်ဝါရီ (၁၁) ရက်နေ့ကို ၁၉၅၃ ခု၊ နို၀င်ဘာလ ၂၃-၂၅ ရက်နေ့ ဖာပွန်မြို့မှာ ကျင်းပတဲ့ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ကရင်အမျိုးသားနေ့ လို့ တညီတညွတ်တည်း အတည်ပြုသတ်မှတ်လိုက်ပါတယ်။

ဒီလို ကရင်တိုင်းရင်းသားညီအစ်ကိုတို့ရဲ့ တစ်သွေးတည်း စည်လုံးမှုကိုထင်ဟပ်ပေါ်လွှင်‌နေတဲ့ ကရင်အမျိုးသားနေ့ကို အိမ်အိမ်ကလည်း အလေးအနက် ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်နော်။

#MOENUG #HomeBasedLearning #Myanmar
❤29👍19👎2
အိမ်အိမ့် သူငယ်ချင်းလေးတို့ရေ ...

ဒီနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ''ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့်‌နေ့'' ဖြစ်တဲ့အတွက် အိမ်အိမ်နဲ့အတူ ကြိုဆိုလိုက်ရအောင်။
❤20🔥1
▪ တတိယ အင်္ဂလိပ်-မြန်မာစစ်ကြီးအပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှတို့လက်အောက်သို့ရောက်ရှိခဲ့ရာ နိုင်ငံအနှံ့အပြားမှ တိုင်းရင်းသားပေါင်းစုံတို့သည် လွတ်လပ်ရေးရရန် စွမ်းစွမ်းတမံကြိုးစားခဲ့ကြပါတယ်။ သို့သော် တောင်တန်း-ပြည်မအတူပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့သလို ဗြိတိသျှတို့ကလည်း တိုင်းရင်းသားများကို ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။

▪ (၁၉၄၇)ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်နိုင်ငံသို့သွားရောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုခဲ့ပါတယ်။ ထိုမှတစ်ဆင့် တောင်တန်း-ပြည်မ ပူးပေါင်းညီညွတ်ကြမှသာ လွတ်လပ်ရေးပေးနိုင်မည်ဆိုသော အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

▪ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ပင်လုံညီလာခံကျင်းပ၍ တောင်တန်း-ပြည်မပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် မြန်မာတိုင်းရင်းသားပေါင်းစုံညီညွတ်မှုကို ရရှိခဲ့ပြီး (၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ် (၂၁) ဦးတို့သည် တောင်တန်း-ပြည်မပူးပေါင်းရေး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဤသို့ဖြင့် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကို ပြသခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ပြီး ကျင်းပခဲ့ကြပါတယ်။

▪ နှစ်စဉ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ပျော်ပွဲရွှင်ပွဲများ အထိမ်းအမှတ်ပွဲများ ကျင်းပကြပါတယ်။

▪ ယနေ့ဆိုလျှင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည်မှာ (၇၅)နှစ်ပင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း မြန်မာ့လွတ်လပ်ရေးမှာ အရေးပါအရာရောက်ခဲ့ပြီး တိုင်းရင်းသားများ သွေးစည်းညီညွတ်ခဲ့သည့် သက်သေဖြစ်တဲ့ ''ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့်‌နေ့'' ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကို မြတ်နိုးလေးစားစွာ အတူကြိုဆိုပြီး လက်တွဲညီညာစွာဆက်လက်ထိန်းသိမ်းပြီး ပြည်သူ့အောင်ပွဲနေ့ရက်တွေဆီ အတူအရောက်သွားကြပါစို့" လို့ အိမ်အိမ်က တိုက်တွန်းလိုက်ပါတယ်။

သွေးချင်းညီအစ်ကိုမောင်နှမအားလုံး ဘေးရန်ကင်း ကျန်းမာကြပါစေ။

ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပါစေ။

''ပြည်ထောင်စုသွေးချင်းညီအစ်ကိုမောင်နှမများအားလုံး စစ်မှန်ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို အမြန်ဆုံး ရရှိပိုင်ဆိုင် ပြုံးပျော်နိုင်ကြပါစေ'' လို့
အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ် ...

#MOENUG #FEB12 #Myanmar #Learning
❤46👍18👎1
သူငယ်ချင်းတို့ရေ ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံကလေးများနေ့ဖြစ်ပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။ ကလေးများနေ့ကို မြန်မာနိုင်ငံအနှံအပြားတွင် ကျင်းပလေ့ရှိပြီး ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်လေ့ရှိကြပါတယ်။
❤57👍13
မြန်မာနိုင်ငံကလေးများနေ့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ဗိုလ်ချုပ်ရဲ့ သူ့ဇနီး ဒေါ်ခင်ကြည်ကို မှာတဲ့ 'ကြည်၊ ပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ် ဆိုတဲ့ စကားလေးကို အစွဲပြုပြီး နေရာ ဒေသ အသီးသီးမှာ မနက်စာအဖြစ် ပဲပြုတ်နံပြား စတုဒီသာအဖြစ် ပြန်လှုကြတဲ့ အစဉ်အလာလေးပါ။

သူငယ်ချင်းတို့လဲ မြန်မာနိုင်ငံကလေးများနေ့မှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရှာဖွေ ဖတ်ရှု လေ့လာ ဆန်းစစ်ပြီး ပျော်ရွှင်စွာ တစ်နေ့တာကို ဖြတ်သန်းနိုင်ပါစေလို့ အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်။
#NUGMOE #MBEH
❤51👍15
ဒီနေ့ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ဟာ မွန်လူမျိုးတိုင်းရင်းသားညီအစ်ကိုတို့ရဲ့ "မွန်အမျိုးသားနေ့"ဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်အိမ်က "မွန်အမျိုးသားနေ့"ရဲ့ သမိုင်းကြောင်းကို ဒီနေ့ဝေမျှသွားမယ်နော်။
❤45👍10
▪ မွန်အမျိုးသားနေ့ဟာ မွန်လူမျိုးတို့ အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ် ။ သာသနာသက္ကရာဇ် (၁၁၁၆)ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁)ရက်၊ တနင်္လာနေ့မှာ သမလကုမ္မာနဲ့ ဝိမလကုမ္မာ မွန်မင်းသားညီနောင်နှစ်ပါးတို့ ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့တဲ့နေ့ကို အစွဲပြုပြီး "မွန်အမျိုးသားနေ့" သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ် ။

▪ (၁၉၄၆)ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်၊ မြန်မာသက္ကရာဇ် (၁၃၀၈)ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့မှာ မွန်မျိုးချစ်ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များနဲ့ မွန်ပညာရှင်တွေ စုပေါင်းပြီး မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ ပငကျေးရွာမှာ ညီလာခံကျင်းပပြုလုပ်ကာ ဟံသာဝတီမွန်နေပြည်တော်ကို စတင်တည်ထောင်တဲ့နေ့ဖြစ်တဲ့ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို "မွန်အမျိုးသားနေ့" အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပြီး၊ (၁၉၄၇)ခုနှစ်က စတင်ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ဟာ အခုနှစ်ဆိုရင် (၇၅) ကြိမ်မြောက် ဖြစ်ပါတယ် ။

▪ သမိုင်းကြောင်းအရ "မွန်အမျိုးသားနေ့" ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရရှိခင်အချိန်ကာလကတည်းက ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့တိုင်းမှာ ပြည်တွင်း၊ပြည်ပမှာရှိတဲ့ မွန်လူမျိုးတွေဟာ ဒေသအလိုက် မွန်အမျိုးသားနေ့ကို ကျင်းပလေ့ရှိကြပါတယ် ။

▪ ကျင်းပတဲ့နေရာအလိုက် အမျိုးသားနေ့အခမ်းအနားကျင်းပပုံဟာ ကွဲပြားကြပါတယ်။ မွန်အမျိုးသား အလံတော်ကို အလေးပြုခြင်း၊ ဟောပြောပွဲ ကျင်းပခြင်း၊ စာပေယဉ်ကျေးမှုပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစား ပြိုင်ပွဲများ ကျင်းပခြင်း၊ ထမနဲထိုးပွဲများ ကျင်းပခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း ၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းတွေ ပြုလုပ်လေ့ရှိကြပါတယ်။

▪ တစ်ချိန်က ယဉ်ကျေးမှုအစဉ်အလာ ကြီးမားခဲ့ပြီး ကိုယ်ထီးကိုယ်နန်းကိုယ်ကြငှန်းနဲ့ ဝင့်ထည်စွာနေလာခဲ့တဲ့ လူမျိုးဖြစ်ခဲ့တဲ့ မွန်လူမျိုးတွေဟာ မွန်အမျိုးသားနေ့မှာ တစ်ချိန်က မွန်လူမျိုးတို့ရဲ့ သမိုင်းကြောင်းရာဇဝင်ကို ပြန်လည်အောက်မေ့တမ်းတကြပါတယ်။ မွန်လူမျိုးတို့ရဲ့အမျိုးသားဆိုင်ရာ ရပိုင်ခွင့်အတွက်လည်း နည်းအမျိုးမျိုးနဲ့ ယနေ့တိုင် ရုန်းကန်လှုပ်ရှားနေ​ကျဆဲ ဖြစ်ပါတယ်။

နောက်ပို့စ်တွေမှာ ပျော်ရွှင်ကျန်းမာစွာပြန်တွေ့ကြမယ်နော်...... ။

#MOENUG #HomeBasedLearning #Myanmar
❤46👍16🔥1
သူငယ်ချင်းတို့ရေ….ဒီနေ့က ဘာနေ့လဲသိလား။

ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တောင်ဇလပ်နဲ့ချယ်ရီတွေရဲ့ဌာနေ ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ပဲဖြစ်ပါတယ်။
❤41👍14👎1🔥1
▪️ချင်းအမျိုးသားနေ့က နယ်ချဲ့ဗြိတိသျှတို့ရဲ့ ဖိနှပ်ချုပ်ချယ်မှု‌အောက်မှာ ခေါင်းငုံ့မခံဘဲ ချင်းတိုင်းရင်းသားတွေအနေနဲ့ ရရာလက်နက်စွဲကိုင်ပြီး ရဲရဲတောက်တော်လှန်ရာကနေ သန္ဓေတည်လာတာပါ။၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ‌ ချင်းအမျိုးသားညီလာခံကို ၁၉၄၈ခု၊ ဖေဖော်ဝါရီ ၁၉ရက်ကနေ ၂၂ ရက်နေ့ထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီညီလာခံမှာ‌တော့ ချင်းဝိသေသတိုင်းမှာ ကျန်ရှိနေသေးတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ပယ်ဖျက်ပြီး ဒီမိုကရေစီအုပ်ချုပ်‌ရေးစနစ်ကို ရှေ့ဆောင်ချမှတ်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲ့ဒီလို သမိုင်းအစဉ်အလာကြီးတဲ့ ၁၉၄၈၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို အစွဲပြုပြီး ချင်းအမျိုးသားနေ့ရယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်သတ်မှတ်ခဲ့ကြတာပါ။ ၁၉၈၈ နောက်ပိုင်း န.၀.တ နဲ့ န.အ.ဖ ခေတ်မှာတော့ "ချင်းအမျိုးသားနေ့" ကို "ချင်းပြည်နယ်နေ့" အမည်နဲ့ပဲ တရား၀င်ကျင်းပခိုင်းပါတယ်။ ဒါပေမယ့် အဲ့ဒီလို ပိတ်ပင်မှုတွေကို အံတုပြီး ချင်းလူမျိုးတွေက ချင်းအမျိုးသားနေ့ကို နှစ်စဉ်မပြတ် ကျင်းပခဲ့ကြပါတယ်။

▪️ဖေဖော်ဝါရီ ၂၀ ရက်နေ့ရောက်တိုင်း မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ ချင်းလူမျိုးတွေအပြင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ချင်းလူမျိုးတွေကလည်း ချင်းရိုးရာ၀တ်စုံတွေ ၀တ်ဆင်၊ ချင်းရိုးရာ အကအလှများနဲ့ ဈေးရောင်းပွဲတွေကျင်းပပြီး ကိုယ်ရောက်ရှိနေတဲ့ နေရာအသီးသီးကနေ စည်စည်ကားကားဆင်နွှဲကြပါတယ်။

အိမ်အိမ် အနေနဲ့လည်း ယခု ၂၀၂၂ ခုနှစ်မှာ ၇၄ ကြိမ်မြောက်ကိုရောက်ရှိလာပြီဖြစ်တဲ့ ချင်းလူမျိုးတွေရဲ့ နေ့ထူးနေ့မြတ် ချင်းအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်။
#MOE #Chin #MBEH
❤36👍17👎2
၂၀၂၂ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း
ပြည်သူသို့ အသိပေးတင်ပြခြင်း
၁။ အခြေခံပညာအဆင့်ပြီးမြောက်၍ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပေးသော တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် နောက်ဆုံးအကြိမ်ကျင်းပနိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ Covid-19 ကပ်ရောဂါနှင့် စစ်တပ်၏ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကြောင့် စာမေးပွဲများ ကျင်းပနိုင်ခဲ့ခြင်းမရှိပါ။
၂။ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာဆက်လက်သင်ယူခွင့်များ မဆုံးရှုံးစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သက်ဆိုင်သော ကျောင်းသားသမဂ္ဂများ၊ မိဘများ၊ ဆရာသမဂ္ဂများနှင့် တက္ကသိုလ်ကောင်စီများ၊ မြို့နယ်အခြေခံပညာရေးဘုတ်အဖွဲ့များ၊ အရပ်ဖက်နှင့် တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ စစ်ဆေးအကဲဖြတ်မှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး အကြုံပြုချက်များ ရယူဆောင်ရွက်လျက် ရှိပါသည်။ သို့မှသာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးသဘောတရားများ၊ ပြောင်းလဲတိုးတက်လာမည့် နိုင်ငံအခြေအနေနှင့် ကိုက်ညီမျှတမည့် စစ်ဆေးအကဲဖြတ်ခြင်း (ယခင်အခေါ် တက္ကသိုလ်ဝင် စာမေးပွဲ)နှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
၃။ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရာတွင် မေးခွန်းပုံစံ၊ စစ်ဆေးမည့် ဘာသာရပ်များ၊ စစ်ဆေးမည့် အချိန်ကာလနှင့်ကြာချိန်၊ ထည့်သွင်းမည့် မေးခွန်းအမျိုးအစားများ၊ စစ်ဆေးရာတွင် အသုံးပြုမည့် ဘာသာစကားများကို ရွေးချယ်သတ်မှတ်ရန် လိုအပ်ပါသည်။ ထိုသတ်မှတ်ချက်များကို စဉ်းစားဆုံးဖြတ်ရာတွင် မသန်စွမ်းသူများ၊ စစ်ဘေးရှောင်ဒေသတွင် နေထိုင်သူများ၊ လွတ်မြောက်နယ်မြေတွင် နေထိုင်သူများ၊ ရွှေ့ပြောင်းနေထိုင်သူများစသည်ဖြင့် အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော ကျောင်းသား၊ ကျောင်းသူများအားလုံး ဝင်ရောက်ဖြေဆို နိုင်မည့် ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းတစ်ရပ် ဖြစ်စေရေးကို ဦးတည်ဆောင်ရွက်မည်။
၄။ စစ်ဆေးအကဲဖြတ်မှုကိုဆောင်ရွက်မည့်အချိန်စာရင်း၊ မေးခွန်းလွှာပုံစံ၊ ဖြေဆိုရမည့်ပုံစံ၊ လေ့ကျင့်ရန် မေးခွန်းနမူနာများစသည့် စစ်ဆေးအကဲဖြတ်မှုလုပ်ငန်းများနှင့် သက်ဆိုင်သော သတင်းအချက် အလက်များကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအားလုံးထံသို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။
၅။ တော်လှန်ရေးတွင် တိုက်ရိုက်ပါဝင်လှုပ်ရှား၍သော်လည်းကောင်း၊ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားမှု များကြောင့် မတရားဖမ်းဆီး အကျဥ်းချခံရခြင်း၊ တော်လှန်ရေးလှုပ်ရှားမှုများ သို့မဟုတ် မတရားဖမ်းဆီး နှိပ်စက်စစ်ဆေးမှုများကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးရသူများ၊ ကျန်းမာရေး ယိုယွင်းထိခိုက် ရသူများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ရသူများအတွက် ပညာရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများ မရှိစေရန် လိုအပ်သော အစီအစဥ်များကို ဦးစားပေး စီစဉ်ဆောင်ရွက်မည်။
၆။ ၂၀၂၂ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းတွင် ပါဝင်ရန် လက်လှမ်းမမီသောကြောင့်ဖြစ်စေ၊ ဆက်သွယ်မှုခက်ခဲနေသောကြောင့်ဖြစ်စေ အခြား အခက်အခဲအမျိုးမျိုးကြောင့် ဖြစ်စေ စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိသော ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း ပညာရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် လိုအပ်သော အစီအစဥ်များကို စီစဥ်ဆောင်ရွက်မည် ဖြစ်ပါသည်။
❤51👍37👎2
❤50👍29👎5
ကဲ ..........!
ဒီနေ့မှာတော့ Grade-9 မှာတက်ရောက်သင်ယူလေ့လာနေကြတဲ့သူငယ်ချင်းတွေ အိမ်အိမ်နဲ့အတူ မြန်မာစာဘာသာရပ်ကို လေ့လာကြရအောင်။
❤19👍7
▪အဋ္ဌမတန်း မြန်မာစာ (ကဗျာ) ထဲက "စိတ်နေမြင့်သူ" အကြောင်းကို အတူလေ့လာကြမယ်နော်။ ဒီသင်ခန်းစာထဲမှာ "စိတ်‌နေမြင့်သူ" ဆိုတာ ဘယ်သူ့ကိုပြောတာလဲ၊ အဲဒီကဗျာလေးရဲ့စိတ်၀င်စားဖို့ကောင်းတဲ့အချက်တွေကဘာလဲ၊ ဘယ်လိုထူးခြားမှုတွေရှိသလဲ၊ ဒီကဗျာကနေ ဘယ်လိုဗဟုသုတတွေရနိုင်တာလဲ စတာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ စိတ်၀င်စားဖွယ်ကောင်းအောင် ဆွေးနွေးပြထားတာ​​ဖြစ်လို့ အိမ်အိမ်တို့အတွက် ပျော်ရွှင်စရာစာလေ့လာချိန်လေးဖြစ်မယ်လို့ထင်ပါတယ်။

▪ နောက်ပြီးတော့ "စိတ်နေမြင့်သူ" ကဗျာလေးကနေတစ်ဆင့် ဘ၀အသိအမြင်တစ်ခု ဒါမှမဟုတ် ခံစားမှုတစ်ခုခုကို ရနိုင်မှာဖြစ်သလို ကဗျာနဲ့ပတ်သက်ပြီး တခြားဆက်စပ်တဲ့အကြောင်းအရာတွေကို ဆရာမက‌ ဆွေးနွေးပေးထားတာဖြစ်လို့ သူငယ်ချင်းတို့အနေနဲ့လည်း ဒီကဗျာလေးကနေ သင်ယူရရှိတာတွေကို ဝေမျှကြစေချင်ပါတယ်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလည်း သင်ခန်းစာကို ပိုမိုနားလည်သဘောပေါက်ဖို့ရည်ရွယ်ပြီး လေ့ကျင့်ခန်းလေးတွေပေးထားပါသေးတယ်။ သေချာစဉ်းစားပြီးဖြေကြည့်ကြပါဦးနော်။

▪ ဒီကဗျာလေးကနေ ကဗျာရဲ့အသံချိုသာမှုတွေ၊ ဆရာမရဲ့ဆွေးနွေးချက်တွေနဲ့အတူ လှပတဲ့အတွေးအမြင်သစ်တစ်ခုကို အိမ်အိမ်တိို့ရရှိမယ်လို့မျှော်လင့်ပါတယ်။ ဗီဒီယိုမှာပါတဲ့လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကို ပိုမိုနားလည်စေဖို့၊ ပြန်လည်သုံးသပ်နိုင်ဖို့အပြင် အိမ်အိမ်တို့ကိုယ်တိုင်ချဲ့ထွင်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/ij77IoKUAyc
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ အဋ္ဌမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။

အဋ္ဌမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 9 - https://www.facebook.com/groups/grade9.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 9 MBEH Channel - https://t.me/joinchat/h_dGU4hsGHc3MzA1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 9 MBEH Channel - https://invite.viber.com/?g2=AQAICKjAk0ageE37UXJDs6CXCsa%2B8nXu9IfhPw9ElczKeWT9Sw2lEHqDqT9VNpW5

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
==
▪ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/

▪ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/

▪ ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028

▪ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာမို့လို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍44❤40👎3🔥3
သူငယ်ချင်းတို့ရေ
ဒီနေ့မှာတော့ အိမ်အိမ်က ၂၁ ရာစု မှာ မရှိမဖြစ်လိုအပ်လာတဲ့ Digital literacy အကြောင်းကိုအနည်းငယ်ရှင်းပြ‌ပေးပါမယ်။
❤22👍6
▪ ယခုလို နည်းပညာ ခေတ်ကြီးမှာ ပုံမှန် စာရေး စာဖတ်တတ်ရုံနဲ့မလုံလောက်တော့ပါဘူး။ Digital literacy လို့ခေါ်တဲ့ ဒီဂျစ်တယ်စာတတ်မြောက်မှုကလဲ လိုအပ်လာပြီ ဖြစ်ပါတယ်။

အဲ့တော့ Digital literacy ဆိုတာဘာလဲ ❓

▪ American Library Association ရဲ့ အဆိုအရ Digital Literacy ဆိုတာ သတင်းအချက်အလက်တွေကို ရှာဖွေ၊ သုံးသပ်၊ ဆက်သွယ်မျှဝေဖို့အတွက် အသိပညာ နဲ့ နည်းပညာကျွမ်းကျင်မှု နှစ်ခုလုံးကို ပေါင်းစပ်ကာ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာတွေကို အသုံးချနိုင်တဲ့ စွမ်းရည် တစ်မျိုးပဲဖြစ်ပါတယ်။

▪ ဒီဂျစ်တယ် စာတတ်မြောက်မှုကိုတိုင်းတာရာမှာ ကိုယ့်အနေနဲ့ Digital tools (ဒီဂျစ်တယ် application, program) တွေကိုဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်လဲဆိုတာနဲ့ တင်မလုံလောက်ပါဘူး။ မိမိရဲ့ digital tool တွေကိုအသုံးချပြီး သတင်းအမှားအမှန် စီစစ်နိုင်မှု၊ မိမိရဲ့ အွန်လိုင်းပေါ်က လုပ်ဆောင်မှုတွေက တစ်ပါးသူကိုနစ်နာစေမှုရှိမရှိ၊ အွန်လိုင်းပေါ်မှာမိမိကိုယ်ကို လုံခြုံအောင်ထားနိုင်မှု (ဥပမာ social media account တွေကိုလုံခြုံအောင်ထားတာ) စသဖြင့်အချက်တွေနဲ့လဲ တိုင်းတာရပါမယ်။

▪ ဒါကတော့ Digital literacy ရဲ့ အကျဉ်းချူံး ဖွင့်ဆိုချက်ပါ။ သူငယ်ချင်းတို့အနေနဲ့ Digital literacy အကြောင်း ပိုပြီးနှံ့နှံ့စပ်စပ် သိချင်ပြီး၊ Digital literacy ဟာနိုင်ငံသားကောင်းဖြစ်မှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစတာတွေနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာတွေ လေ့လာချင်ရင်တော့ Digtech ASEAN မှထုတ်ထားတဲ့ Digital toolkit လေးတွေကို ဒီ link ကနေ အခမဲ့ download ရယူပြီးဖတ်ရှုနိုင်ပါတယ်။
https://drive.google.com/file/d/1N_AIRRdWEdsls9kFGHAKIw0wuW5lx5z4/view

▪ ဒီဂျစ်တယ် စာတတ်မြောက်မှု ဆက်စပ်ပညာပေး ဆောင်းပါး တွေကို လဲ Digtech ASEAN page မှာလေ့လာနိုင်ပါတယ်။
https://www.facebook.com/digtech.asean

သူငယ်ချင်းတို့လဲ Digital Literacy Skill အပြည့်အဝရှိတဲ့ နိုင်ငံသားကောင်းများဖြစ်နိုင်ကြပါစေ။

#MOE #MBEH #MyanmarBasicEducationHome #DigitalLiteracy #Myanmar
❤37👍20
"တောင်သူလယ်သမားနေ့"မှာ အိမ်အိမ်တို့ရဲ့ တောင်သူလယ်သမားဦးကြီးတွေကို ဂုဏ်ပြုကြိုဆိုရင်း တပို့တွဲလပြည့်ကျော်(၄)ရက် ယနေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ရဲ့သမိုင်းကြောင်းကို အိမ်အိမ်က
မျှဝေပေးလိုက်ပါတယ်။
👍31👎2❤1🔥1