Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
▪ တတိယ အင်္ဂလိပ်-မြန်မာစစ်ကြီးအပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှတို့လက်အောက်သို့ရောက်ရှိခဲ့ရာ နိုင်ငံအနှံ့အပြားမှ တိုင်းရင်းသားပေါင်းစုံတို့သည် လွတ်လပ်ရေးရရန် စွမ်းစွမ်းတမံကြိုးစားခဲ့ကြပါတယ်။ သို့သော် တောင်တန်း-ပြည်မအတူပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့သလို ဗြိတိသျှတို့ကလည်း တိုင်းရင်းသားများကို ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။

▪ (၁၉၄၇)ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်နိုင်ငံသို့သွားရောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုခဲ့ပါတယ်။ ထိုမှတစ်ဆင့် တောင်တန်း-ပြည်မ ပူးပေါင်းညီညွတ်ကြမှသာ လွတ်လပ်ရေးပေးနိုင်မည်ဆိုသော အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

▪ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ပင်လုံညီလာခံကျင်းပ၍ တောင်တန်း-ပြည်မပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် မြန်မာတိုင်းရင်းသားပေါင်းစုံညီညွတ်မှုကို ရရှိခဲ့ပြီး (၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ် (၂၁) ဦးတို့သည် တောင်တန်း-ပြည်မပူးပေါင်းရေး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဤသို့ဖြင့် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကို ပြသခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ပြီး ကျင်းပခဲ့ကြပါတယ်။

▪ နှစ်စဉ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ပျော်ပွဲရွှင်ပွဲများ အထိမ်းအမှတ်ပွဲများ ကျင်းပကြပါတယ်။

▪ ယနေ့ဆိုလျှင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည်မှာ (၇၅)နှစ်ပင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း မြန်မာ့လွတ်လပ်ရေးမှာ အရေးပါအရာရောက်ခဲ့ပြီး တိုင်းရင်းသားများ သွေးစည်းညီညွတ်ခဲ့သည့် သက်သေဖြစ်တဲ့ ''ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့်‌နေ့'' ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကို မြတ်နိုးလေးစားစွာ အတူကြိုဆိုပြီး လက်တွဲညီညာစွာဆက်လက်ထိန်းသိမ်းပြီး ပြည်သူ့အောင်ပွဲနေ့ရက်တွေဆီ အတူအရောက်သွားကြပါစို့" လို့ အိမ်အိမ်က တိုက်တွန်းလိုက်ပါတယ်။

သွေးချင်းညီအစ်ကိုမောင်နှမအားလုံး ဘေးရန်ကင်း ကျန်းမာကြပါစေ။

ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပါစေ။

''ပြည်ထောင်စုသွေးချင်းညီအစ်ကိုမောင်နှမများအားလုံး စစ်မှန်ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို အမြန်ဆုံး ရရှိပိုင်ဆိုင် ပြုံးပျော်နိုင်ကြပါစေ'' လို့
အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ် ...

#MOENUG #FEB12 #Myanmar #Learning
❤46👍18👎1