Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
ဆယ်ကျော်သက်ကလေးများအတွက် မိဘများအတွက် အခန်းကဏ္ဍ
===
ဒီနေ့အိမ်အိမ်က ဆယ်ကျော်သက် သူငယ်ချင်းတို့အတွက် ဖေဖေမေမေတို့ရဲ့အခန်းကဏ္ဍကိုပြောပြပေးချင်ပါတယ်။
❤61👍34🔥2
ဖေဖေ မေမေတို့က ကလေးတွေရဲ့ အခြေခံကျင့်ဝတ်တွေ၊ ဘာသာရေးဓလေ့ထုံးစံတွေ၊ ပညာရေးဆိုင်ရာရွေးချယ်မှုတွေစတဲ့ သူတို့လေးတွေရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ကြပါတယ်။ ဆယ်ကျော်သက် ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှုဆိုင်ရာ တိုးတက်မှုများအတွက် မိဘများရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

ဘယ်လို အခန်းကဏ္ဍတွေလဲဆိုတာ အိမ်အိမ်နဲ့ အတူတူ လေ့လာကြည့်ရအောင်

၁. မိဘများဟာ ကလေးတွေရဲ့ အလေ့အကျင့်ကောင်းများအတွက် စံပြပုဂ္ဂိုလ် တွေဖြစ်ကြပါတယ်။

▪ ဆယ်ကျော်သက်အရွယ်တွေမှာ မိဘများရဲ့အပြုအမူတွေကို အသိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ကလေးငယ်တွေက လိုက်လံတုပနိုင်ပါတယ်။ ဒါကြောင့် မိဘတွေဟာ ကလေးငယ်တွေရဲ့ စံပြ ပုဂ္ဂိုလ်တွေဖြစ်လာကြပါတယ်။ ဒီချိန်မှာ မိဘတွေအနေနဲ့ စံပြကောင်းတွေ ဖြစ်နေဖို့အရေးကြီး ပါတယ်။ ဒါမှပဲ သူတို့လေးတွေရဲ့ ရှေ့လျှောက်အနာဂတ်ကို အလေ့အကျင့်ကောင်းတွေနဲ့ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

၂. ကျန်းမာသောလူနေမှုပုံစံတစ်ခုကိုလမ်းညွှန်ပေးရပါမယ်။

▪ မိဘတွေဟာ ကလေးတွေရဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးနိုင်ဖို့ လမ်းညွှန်ရန်အတွက်လည်း နောက်ထပ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဖို့ လိုအပ်ပါတယ်။ ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာကို စားသောက်ပြီး မှန်ကန်တဲ့ လေ့ကျင့်ခန်း ပမာဏကို လုပ်ဆောင်ဖို့၊ အိပ်ချိန်မှန်ပြီး ပြင်ပနေရောင်ခြည်နဲ့ လေ၀င်လေထွက် မှန်ကန်သော ပမာဏကို ရရှိဖို့ ထိန်းကျောင်းပေးသင့်ပါတယ်။ ကလေးက ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာရင် သူ့အတွက် အကျိုးရှိမှာပေါ့။ ဒါကြောင့်လည်း ကျန်းမာသန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတစ်ဦးအဖြစ် ကြီးပြင်းလာပါလိမ့်မယ်။

၃. မိဘများဟာ ဆယ်ကျော်သက်ကလေးတွေအတွက် အကြီးမားဆုံး ပံ့ပိုးကူညီမှုမှာ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုလည်းဖြစ်ပါတယ်။

▪ စိတ်ပိုင်းဆိုင်ရာ အားနည်းနေချိန်မှာ ကလေးကို ကူညီမယ်ဆိုရင် ကလေးတစ်ယောက်အနေနဲ့ မိဘများရဲ့ ပံ့ပိုးကူညီမှုရရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ မိဘတွေဆီက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုရရှိတဲ့ ကလေးက စိတ်ပိုင်းဆိုင်ရာ အားကောင်းလာတတ်ပါသေးတယ်။ ဆယ်ကျော်သက်လို နုနယ်တဲ့အရွယ်မှာ ကလေးဟာ စိတ်ပိုင်းဆိုင်ရာ ပိုပြီးအားနည်းလာတတ်တာကြောင့် မိဘတွေရဲ့ ပံ့ပိုးကူညီမှုက ကလေးကို ပိုသန်မာစေပါတယ်။

ဒါတွေကတော့မိဘတွေအနေနဲ့ ဆယ်ကျော်သက်ကလေးတွေကြီးပြင်လာတဲ့အခါမှာကောင်းမွန်စွာ လမ်းပြထိန်းကျောင်းပေးနိုင်မဲ့ အချက်တချို့ ဖြစ်ပါတယ်။
ဒီထက်ပိုပြီးများများသိချင်ရင်တော့ https://www.growkido.com/role-of-parents-in-adolescence-period/ မှာဝင်ဖတ်ကြည့်ဖို့ အိမ်အိမ်က အကြံပေးချင်ပါတယ်။
ဒါဆိုနောက်မှ ပြန်တွေ့ကြမယ်နော်။

#MOE #NUG #MBEH #Parents #Role #Myanmar #Education
❤97👍92🔥5👎4
ဒီနေ့မှာ သူငယ်ချင်းတို့ရဲ့ ဘဝမှာ အရမ်းအရေးပါတဲ့ ကျွန်ု၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) အကြောင်း လေ့လာကြည့်ကြမယ်။
❤65👍39👎2🔥2
▪ ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card)ဆိုတာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက် ပြီး

(၁) သတိပြုမိခြင်း၊
(၂) စဉ်းစားခြင်း၊
(၃) နားလည်ခြင်း၊ နဲ့
(၄) လက်တွေ့လုပ်ဆောင်ခြင်းဆိုတဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ရဲ့ အခြေခံသဘောတရားတွေပါတဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ရေးသားထားတဲ့ မှတ်တမ်းလေးပေါ့။

▪ ဒီလိုကဒ်လေးတွေ ရေးသားရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတော့

✅နေ့စဉ်တွေ့ကြုံနေရ တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စဉ်းစားတတ်မယ်၊
✅သူငယ်ချင်းတို့ရဲ့ ရည်မှန်းချက်တွေကိုလည်း မှတ်တမ်းတင် အကောင်အထည်ဖော်တတ်မယ်၊ ✅ပြဿနာတွေကိုလည်း ကိုယ်တိုင်နည်းလမ်းရှာပြီး ဖြေရှင်းတတ်လာတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာနိုင်ပါတယ်။

ကိုယ်ပိုင် အတွေးအခေါ်တွေ ပိုင်ဆိုင်ပြီးတော့ လက်တွေ့ဘဝမှာဆက်စပ် အသုံးချ လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

▪ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) ကို အစီအစဉ်တကျ ရေးသားပုံကတော့

၁. သင်ခန်းစာမသင်ခင်မှာ ဘာတွေသိထားလဲ?
၂. သင်ခန်းစာ သင်ပြီးတဲ့အချိန်မှာ ဘာတွေသိသွားလဲ?
၃. ဒီနေ့ကနေစပြီး နောင်မှာ ဘယ်လိုဆက်လက်လုပ်ဆောင်သွားရမလဲ?

(စာသင်ခန်းထဲမှာ သင်ခဲ့တဲ့ အရာတွေကို လက်တွေ့ဘဝမှာ အသုံးချဖို့အတွက်ဖြစ်တယ်)

သူငယ်ချင်းတို့ရော သင်ခန်းစာနဲ့ ပတ်သက်ပြီး ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) ကို ရေးပြီးကြပြီလား? ရေးပြီးရင် တခြားသူငယ်ချင်းများ သိရအောင် Commentမှာ မျှဝေပေးပါဦး။

ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) နဲ့ပတ်သက်ပြီး အုပ်ထိန်းသူတွေ၊ ဆရာ/ဆရာမတွေ အနေနဲ့ ဘယ်လို စစ်ဆေးအကဲဖြတ်ပေးနိုင်မလဲဆိုတာ စတုတ္ထတန်း၊ ဆရာ့လမ်းညွှန်စာအုပ်မှာ ဆက်ပြီးလေ့လာကြည့်လို့ရပါတယ်.

နောက်ရက်တွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာအကြောင်းတွေကို မျှဝေပေးဦးမှာမို့ MBEH Channel ကို ကြည့်ရှုဖို့ မမေ့ကြနဲ့နော်။

#MOE #NUG #MBEH #Channel #Myanmar #ReflectionCard #Children
👍97❤63👎7🔥4
သူငယ်ချင်းတို့ရေ ...

ဒီနေ့ မေလ(၁)ရက်နေ့က ကမ္ဘာ့အလုပ်သမားနေ့ ဆိုတာ သူငယ်ချင်းတို့ သိကြမယ်ထင်ပါတယ်။
အလုပ်သမားနေ့ကို မေဒေးလို့ ခေါ်ကြပြီး အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားတွေ သွေးစည်းလိုက်သည့်နေ့လို့လည်း ဆိုလို့ရပါတယ်။
❤113👍61👎5
▪️မေဒေးဖြစ်ပေါ်လာအောင် ဖန်တီးလိုက်တဲ့ အလုပ်ရှင်နှင့် အလုပ်သမားတို့ရဲ့ ပဋိပက္ခမှုဟာ ၁၉ ရာစုဆန်းစ အမေရိကန်ပြည်ထောင်စုမှာ စတင်ခဲ့တာပါ။ အဲ့ဒီခေတ် အလုပ်သမားတွေက နေထွက်ချိန် မှ နေဝင်ချိန် တစ်နေ့လျှင်(၁၆)နာရီမှ နာရီ(၂၀) အထိ အလုပ်ရုံ၊ စက်ရုံတွေမှာ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်ဆင်းခဲ့ကြရပေမယ့် သူတို့ရဲ့ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေးတွေမှာ အဆင့်အတန်း နိမ့်ကျခဲ့ရတယ်တဲ့၊
အလုပ်သမားတွေရဲ့ ဘ၀ကို မြင်တွေ့နေခဲ့ကြတဲ့ အလုပ်သမား ခေါင်းဆောင်တွေက အလုပ်သမားများ သက်သာစေဖို့ အလုပ်ရှင်တွေထံ တောင်းဆိုခဲ့ကြတယ်။

▪️၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်တွေက တစ်နေ့လျှင် အလုပ်ချိန် (၁၀) နာရီသာထားရန် တောင်းဆိုခဲ့ကြသော်လည်း အလုပ်ရှင်တွေကတော့ အလွယ်တကူ မလိုက်လျောခဲ့ဘူး၊ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်တဲ့ အလုပ်သမားတွေ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံခဲ့ရတယ်၊ ဒါပေမယ့်လည်း အလုပ်သမား အင်အားစုတွေက အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းခဲ့ကြပြီး အလုပ်သမားတွေရဲ့ တိုက်ပွဲက အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ ကူးစက်သွားတယ်။

▪️၁၈၈၄ ခုနှစ် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံမှာ ၁၈၈၆ ခု မေလ(၁)ရက်နေ့မှစပြီး တစ်နေ့လျှင် (၈) နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်တယ်။
အလုပ်သမားပေါင်း များစွာတို့ကလည်း ထိုဆုံးဖြတ်ချက် အောင်မြင်သည်အထိ ဆောင်ရွက်ကြရာ ဖိနှိပ်ချုပ်ချယ်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံခဲ့ရသလို အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း ရှိခဲ့တယ်တဲ့၊ နောက်ဆုံးမှာတော့ အလုပ်သမားတွေရဲ့ တိုက်ပွဲက အောင်မြင်ခဲ့ပါတယ်။

▪️၁၈၈၉ ခုနှစ် ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် ဒုတိယညီလာခံက မေလ(၁)ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

▪️နှစ်စဉ် မေလ(၁)ရက်တိုင်းမှာ ကမ္ဘာတစ်ဝှမ်းတွင် အလုပ်သမားနေ့အထိမ်းအမှတ်ပွဲများ ကျင်းပကြပြီး အလုပ်သမားတွေက လုပ်ခအပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။

▪️မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်ကစပြီး အလုပ်သမားနေ့ကို စတင်ကျင်းပခဲ့တယ်လို့ သိရပြီး
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာမှာ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

▪️အလုပ်သမားနေ့က အလုပ်သမားတွေရဲ့ အသက်၊သွေး၊ချွေးတွေကို ရင်းနှီးပြီးမှရရှိခဲ့တာကြောင့် ကမ္ဘာ့အလုပ်သမား လူတန်းစားတွေအတွက်တော့ အရေးပါတဲ့ နေ့တစ်နေ့ဖြစ်တာမို့ အိမ်အိမ်တို့သူငယ်ချင်းတွေအတူတူ အလုပ်သမားနေ့ကို ဂုဏ်ပြုလိုက်ကြရအောင်နော်။

#MOENUG #HomeBasedLearning #Myanmar
❤141👍107👎5🔥5
▪️"ရာသီမသိ ပန်းနှင့်ညှိ"ဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း အခါရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေကိုကြည့်ပြီး မည့်သည့်လ၊ မည့်သည့်ရာသီရောက်ပြီဆိုတာကို ခန့်မှန်းတွက်ဆနိုင်တယ်တဲ့၊
ဒါကြောင့်မို့ အိမ်အိမ်က ဆယ့်နှစ်လရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေအကြောင်း သူငယ်ချင်းတို့ကို ပြောပြပေးမယ်နော်။

☘️(၁) မြန်မာနှစ်ဦးတန်ခူးလရဲ့ ရာသီပန်းက ကံ့ကော်ပန်းဖြစ်ပြီး ပိတောက်ပန်းကလည်း ဝေဝေဆာဆာဖြင့် နှစ်သစ်ကိုကြိုဆိုကာ ဖူးပွင့်ကြပါတယ်
☘️(၂) ကဆုန်လရဲ့ ရာသီပန်းမှာ ရွှေဝါရောင်အဆင်းရှိတဲ့ စံကားဝါပန်း
☘️(၃) နွေအကုန် မိုးအစ ကာလမှာတော့ နယုန်လရဲ့ ရာသီပန်းဖြစ်တဲ့ စံပယ်ပန်းတွေ လှိုင်လှိုင်ပွင့်ပြီး
☘️(၄) ဝါဆိုလမှာ မြတ်လေးပန်းနဲ့ ပုန်းညက်ပန်းတို့ ပွင့်ကာ၊ ဝါဆိုလရဲ့ ရာသီပန်းကတော့ မြတ်လေးပန်း ဖြစ်ပါတယ်။
☘️(၅) ဝါခေါင်လရဲ့ ရာသီပန်းက ခတ္တာပန်းဖြစ်သလို
☘️(၆) တော်သလင်းလရဲ့ ရာသီပန်းကိုတော့ ရင်းမာပန်းလို့ သတ်မှတ်ထားကာ
☘️(၇) ဝါလကင်းလွတ် သီတင်းကျွတ်လရဲ့ ရာသီပန်းကတော့ ကြာပန်း ဖြစ်ပါတယ်။
☘️(၈) နွယ်ပင်ကပွင့်တဲ့ပန်းဖြစ်တဲ့ ခဝဲပန်းကတော့ တန်ဆောင်မုန်းလရဲ့ ရာသီပန်းဖြစ်ကာ
☘️(၉) ဆောင်းလရာသီဖြစ်တဲ့ နတ်တော်လမှာတော့ သဇင်ပန်းကို ရာသီပန်းအဖြစ် သတ်မှတ်ထားပြီး
☘️(၁၀) ပြာသိုလရဲ့ ရာသီပန်းမှာ ခွာညိုပန်းဖြစ်ပါတယ်
☘️(၁၁) တပို့တွဲလမှာတော့ ပေါက်ပန်းနဲ့ လဲပန်းကို ရာသီပန်းအဖြစ် သတ်မှတ်ထားသလို "လဲဆိုတာ လက်ပံပင်ကို ဆိုလိုတာပါ"
☘️(၁၂) ဆောင်းအကုန်နွေအကူးကာလဖြစ်တဲ့ အပူရှိန်ပြင်းတဲ့ တပေါင်းလမှာတော့ ရာသီပန်းက သရဖီပန်း ဖြစ်ပါတယ်။

▪️ရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေက ပွင့်တဲ့ အချိန်ရာသီအလိုက် ပုံသဏ္ဌာန်၊ အရောင်အဆင်း၊ အနံ့ အမျိုးမျိုးကွဲပြားခြားနားတတ်ပါတယ်တဲ့ သူငယ်ချင်းတို့ရေ၊
ဆယ့်နှစ်လရာသီပတ်လုံးမပြတ်အောင် အရောင်အသွေးစုံလင်စွာ ဖူးပွင့်ကာအလှဆင်နေကြတဲ့ ပန်းလေးတွေရဲ့ ထူးခြားတဲ့ ပုံသဏ္ဌာန်၊ အရောင်အဆင်းတွေနဲ့အတူ ကင်းဝန်မင်းကြီးဖွဲ့သီခဲ့တဲ့ ဆယ့်နှစ်လရာသီပန်းများအကြောင်းကို အခုအောက်မှာ ဖော်ပြပေးထားတဲ့ လင့်ခ်တွေထဲမှာ ထပ်မံလေ့လာနိုင်ပါတယ်။

▪️စတုတ္တတန်း(သင်ရိုးသစ်)/မြန်မာစာ/ကျောင်းသုံးစာအုပ် - https://learning-moe.nugmyanmar.org/be/course/view.php?id=41

YouTube - https://youtu.be/RjoZvdY0pcg

▪️ဖေဖေ၊မေမေတို့ကလည်း ရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေအကြောင်းကို သားသား၊မီးမီးတို့ကို ပြောပြပေးပါဦးနော်။

နောက်ရက်တွေမှာ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေနဲ့အတူ အိမ်အိမ်ပြန်လာခဲ့ပါမယ် ...
ခုတော့ တာ့တာပါ။

#MOENUG #HomeBased
👍190❤83🔥10👎9
သူငယ်ချင်းတို့က အရောင်အသွေးစုံလင်စွာ ဖူးပွင့်ကြတဲ့ ပန်းလေးတွေကို မြတ်နိုးတတ်သူတွေလား?
❤319👍131🔥12👎6
သူငယ်ချင်းတို့ရေ ယနေ့ ကဆုန်လပြည့်‌ကျော် ၁ ရက်နေ့မှာကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ကို အိမ်အိမ်နဲ့အတူ ကြိုဆိုလိုက်ရအောင်
====

▪ ရခိုင်အမျိုးသားနေ့အစပြုပုံကတော့ ၂၀၁၄ ခုနှစ်မှာ ရခိုင်အမျိုးသားညီလာခံမှ ကဆုန်လပြည့်ကျော် ၁ ရက်နေ့အား ရခိုင်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။
❤224👍109👎12🔥10
▪ မဟာသက္ကရာဇ် (၁၂၃) ခု၊ ဘီစီ (၅၅၄) ခုနှစ် မှာ စန္ဒသူရိယမင်းကြီး ဟာ ဗုဒ္ဓဘုရားရှင်ကို ရခိုင်သို့ပင့်တော်မူခဲ့ တဲ့အတွက် မြတ်စွာဘုရားရှင်ဟာ ရခိုင်သို့ ရဟန်း (၅၀၀) နဲ့တကွ ကြွရောက်ကာ တရားဟောကြားတော်မူခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင် အိန္ဒိယသို့ပြန်မကြွမီ စန္ဒသူရိယမင်းကြီး က ဘုရားရှင်ကိုယ်စား ဆင်းတုတော် တစ်ဆူတည်ထားနိုင်ရန် ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ ထို့နောက် ဗုဒ္ဓ၏ ခွင့်ပြုချက်အရ မဟာမြတ်မုနိဆင်းတုတော်မြတ်ကို သွန်းလုပ်ခဲ့ပြီး ကဆုန်လပြည့်ကျော် (၁) ရက်‌‌နေ့တွင် သွန်းလုပ်ခြင်းပြီးစီးခဲ့ပါတယ်။ ထိုဆင်းတုတော်သည် ရခိုင်ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်အဖြစ် ပေါ်ထွက်လာသည့်အလျောက် သွန်းလုပ်ပြီးစီးတဲ့ ကဆုန်လပြည့်ကျော် (၁) ရက်‌နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။

အခုဆိုရင် သူငယ်ချင်းတို့လဲ ရခိုင်အမျိုးသားနေ့အကြောင်း အကျဉ်းချုံးသိပြီလို့ ယူဆလိုက်ပါတယ်။
ရခိုင်သူငယ်ချင်းများအတွက်လဲ ယနေ့ အမျိုးသားနေ့မှအစပြုကာ ရခိုင်ပြည်နယ်ရဲ့ယဉ်ကျေးမှုရေရှည်တည်တံ့ ဖွံ့ဖြိုးစေရန် အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar
❤270👍185👎14🔥12
ဇွန်လ(၅)ရက်နေ့ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့"ကတော့ ကမ္ဘာအရပ်ရပ်က လူများစုပေါင်းပြီး ကမ္ဘာမြေကို ကာကွယ်ရန် ကျင်းပကြတဲ့ပွဲနေ့ပဲဖြစ်ပါတယ် သူငယ်ချင်းတို့ရေ...
❤256👍110👎4
▪ ကမ္ဘာတစ်ဝှမ်းရှိ လူအများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)ကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြပါတယ်။
(ဥပမာ-သစ်ပင်စိုက်ပျိုးခြင်း၊ ဒေသခံကမ်းခြေများကို သန့်ရှင်းရေးလုပ်ခြင်း၊ အွန်လိုင်းဆန္ဒထုတ်ဖော်မှုများတွင်ပါဝင်ဆင်နွှဲခြင်းများ)

▪ နှစ်စဉ်နှစ်တိုင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme) ဟာ သစ်တော၊ တောရိုင်းတိရစ္ဆာန်စတဲ့ ကိစ္စရပ်တစ်ခုခုကို ရွေးချယ်ပြီး အချက်အချာကျတဲ့ မြို့တစ်မြို့ကို အိမ်ရှင်အဖြစ်သတ်မှတ်ကာ ပွဲတော်ကိုကျင်းပပါတယ်။

▪ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ စတင်ဖြစ်ပေါ်လာပုံကတော့ - ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ ပြဿနာများစွာကို အာရုံစိုက်ရန်အတွက် ၁၉၇၂ ခုနှစ် စတော့ဟုမ်းမှာ ပြုလုပ်တဲ့ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံတွင် ကုလသမဂ္ဂမှ ဇွန်လ ၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

▪ ၁၉၇၄ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကျူးဘားမှ ကိုရီးယား၊ ဘယ်လ်ဂျီယံမှ ဘရာဇီးလ်အထိ မြို့ပေါင်း ၃၄မြို့၊ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါနဲ့ တရုတ်နိုင်ငံတို့ အပါအဝင် အချို့နိုင်ငံများမှာ အခမ်းအနားများကို နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍ ကျင်းပကြပါတယ်။ သို့ပေမယ့် ရွေးချယ်ခံရတဲ့ အိမ်ရှင်နိုင်ငံတစ်ခုတည်းမှသာ အခမ်းအနား အားလုံးကို ကျင်းပတာ မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း ကမ္ဘာနေရာအနှံ့မှာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာကိုအာရုံစိုက်ရန် နည်းမျိုးစုံနဲ့ပါဝင်ဆင်နွှဲကြပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဆွီဒင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး “သဘာဝတရားနှင့် သဟဇာတဖြစ်အောင် စဉ်ဆက်မပြတ် ရှင်သန်နေထိုင်ခြင်း” အတွက် "Only One Earth" ဆိုတဲ့ ဆောင်ပုဒ်နှင့်ကျင်းပသွားမှာဖြစ်ပါတယ်။

#MOENUG #HomeBasedlLearning #WorldEnvironmentDay
👍622❤438👎44🔥42
"လေကြောင်းတိုက်ခိုက်မှုဘေးရန်မကြုံခင် ကြိုတင်ကာကွယ်ရန် အချက်များ"
၁။ ကျောင်းတိုင်းမှာ အရေးပေါ်အခြေအနေဖြစ်ရင် ပုန်းခိုဖို့ လုံခြုံတဲ့နေရာတွေကို ပြင်ဆင်သတ်မှတ်ထားပေးပါ ။
၂။ ကျောင်းတွင်းမှာ အရေးပေါ်အချိန်မှာ လိုအပ်မယ့်ပစ္စည်းတွေကို သက်ဆိုင်ရာ ဒေသခံဆေးကုသမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကြိုတင်စီစဉ်ထားပေးပါ ။
၃။ ကျောင်းမှာစာသင်နေချိန် လေယာဉ်ဦးတည်လာကြောင်းသတိပေးချက်ရတာ၊ ရဟတ်ယာဉ်တွေဦးတည်လာတာမြင်တာ ကြားတာနဲ့ စာသင်ကြားနေတာကို ချက်ချင်းရပ်ပြီး ပုန်းခိုဖို့ သတ်မှတ်ထားတဲ့ ထိုးဖောက်မမြင်ရတဲ့ လုံခြုံတဲ့နေရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးပါ ။
၄။ လုံခြုံတဲ့နေရာမှာ အပြင်ကပစ်ခတ်သံလုံးဝမကြားရတော့တဲ့အချိန်ထိ အထဲမှာပဲနေပါ ။ သက်ဆိုင်ရာတာဝန်ရှိသူတွေလာမခေါ်မချင်း ပုန်းနေတဲ့လုံခြုံတဲ့နေရာတွေကနေ ထွက်မလာသင့်ပါ ။

💥 ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်ထုတ်ပြန်ချက်များကို အောက်ပါ Link များမှာ ရယူဝေမျှနိုင်ပါတယ်။

📣📣 ပုံတစ်ပုံချင်းကို ဝန်ကြီးဌာနရဲ့ ဝက်ဆိုက်ဒ်စာမျက်နှာ
https://mohadm.nugmyanmar.org/my/awareness-posters-my/
မှာလည်း အချိန်မရွေး ရယူဖတ်ရှုနိုင်သလို အောက်ပါ Facebook post တွေကလည်း ရယူနိုင်ပါတယ်။

အပိုင်း (၁) ➡️ https://www.facebook.com/mohadmNUG/posts/160623262874089
အပိုင်း (၂) ➡️ https://www.facebook.com/mohadmNUG/posts/160626366207112
အပိုင်း (၃) ➡️ https://www.facebook.com/mohadmNUG/posts/161999992736416
အပိုင်း (၄) ➡️ https://www.facebook.com/mohadmNUG/posts/162721162664299
အပိုင်း (၅) ➡️ https://www.facebook.com/mohadmNUG/posts/163716175898131

ပြည်သူများ ဘေးကင်းလုံခြုံကြပါစေ။

#NUG #NUGMOHADM #NUGMOE #MBEH
❤145👍113🔥10👎5
Media is too big
VIEW IN TELEGRAM
"ကြိုတင်ပြင်ဆင်ခြင်းနဲ့ ကြုံလာမယ့်ဘေးကနေ ကလေးတွေကို ကာကွယ်ကြမယ်"

အိမ်အိမ်ရဲ့ ပြည်သူမိဘများနဲ့ သူငယ်ချင်းတို့ရေ ..
"မထိခိုက်အောင်နေပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ ဆွဲနှုတ်မျိုးဖြုတ်ကြမယ်နော်" "လက်တွေတွဲအားတင်ထား အဆုံးထိအောင်မြင်အောင် အတူတူသွားကြမယ်"

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို မကြာခဏ ခံနေရသည့် ဒေသများရှိ ကျောင်းများအတွက် လေကြောင်းရန် ကြိုတင်ရှောင်ရှားကာကွယ်ရေးအသိပညာများဖြန့်ဝေပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ရေးပညာပေးအစီအစဥ်များ ဆောင်ရွက်ပေးကြရအောင်နော် ....
❤315👍162👎11🔥5
Statement_of_Basic_Education_Competency_Standards_for_Interim_Period.pdf
2.8 MB
"ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ" အကြံပြုထုတ်ပြန်ကြေညာခြင်း
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့)

----------------------

ကြားကာလတွင် ပညာရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရာတွင် ရှိရင်းစွဲသင်ရိုးညွှန်းတမ်းများမှ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် မဆန့်ကျင်သည့်သင်ရိုးများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ရေးဆွဲထားသည့် သင်ရိုးများနှင့် ဒီမိုကရေစီနိုင်ငံများမှ သင်ရိုးများကို သင့်တော်သလို လွတ်လပ်စွာ မှီငြမ်းအသုံးပြုနိုင်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်မဆန့်ကျင်သည့်သင်ရိုးများကို ကိုးကား၍ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်ကို မြှင့်တင်နိုင်ရေးအတွက်ဆောင်ရွက်ကြရာတွင် အခြေခံပညာအဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အသက်အရွယ်အလိုက် ရှိသင့်သည့် တတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များကို မှီငြမ်းအသုံးပြုနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အကြံပြုထုတ်ပြန်ပေးအပ်ပါသည်။
❤477👍341👎32🔥7
"အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ပထမအကြိမ်ဖြေဆိုခွင့်ကာလ အသိပေးနှိုးဆော်ခြင်း"

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စတင်ဖွင့်လှစ်‌ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)'' ပထမအကြိမ် ဖြေဆိုခွင့်သည် လာမည့် "၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့" တွင် သုံးလတာ‌ဖြေဆိုခွင့် သတ်မှတ်ကာလပြည့်ပြီဖြစ်သောကြောင့် ပထမအကြိမ် ဖြေဆိုနိုင်ခွင့် ခေတ္တရပ်ဆိုင်းတော့မည် ဖြစ်ပါ၍ "အချိန်ကာလ (၅) ရက်" သာ ကျန်ရှိတော့ပါကြောင်း

BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ထပ်မံကြိုတင်အသိပေးနှိုးဆော်အပ်ပါသည် ။

#NUG #MOENUG #MBEH
#HomeBasedLearning #Myanmar
❤279👍146👎14
https://m.facebook.com/story.php?story_fbid=pfbid06d9iDVS22tvEgx6U1LKvRQQBBJBF5LEvRsD1agc4ERi2ykjfG7wxsxF6HgrEoY7gl&id=100068877497564&mibextid=Nif5oz

"၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍
ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများသို့ အသိပေးတိုက်တွန်း နှိုးဆော်ချက်"

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ (၂၈) ရက်နေ့

(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ နေအိမ်အခြေပြုသင်ယူနိုင်ရန်
Myanmar Basic Education Home (MBEH Bluemark Official Page) Link >>
https://www.facebook.com/BE.moeNUG/

(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ်ရရှိထား သော ပြည်သူ့အခြေပြုအခြေခံပညာရေးကျောင်းများ
https://moe.nugmyanmar.org/be/onlineschools

“ပညာဖြင့်တော်လှန် ‌နွေဦးရဲ့အောင်လံ”
“အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရမည်”
“အရေးတော်ပုံ အောင်ရမည်”


ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #MBEH
❤218👍138👎9🔥2
https://www.facebook.com/100072111864889/posts/274149924998734/?mibextid=Nif5oz

"မေးခွန်းများ ဖိတ်ခေါ်ခြင်း"
🤝🤝🤝🤝🤝🤝🤝

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကဏ္ဍ (NUG MoE BE) အနေဖြင့် ပြည်သူနှင့်အတူရပ်တည်သည့် ကျောင်းသားများ၊ CDM ဆရာများနှင့် ပြည်သူမိဘများ၏အသံကို အထူးအလေးထားနားထောင်၍ တတ်စွမ်းနိုင်သမျှ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးလျက် ရှိပါသည် ။

အကြမ်းဖက်စစ်အာဏာရှင်အောက် ဒူးမထောက်သော ပြည်သူ့ဘက်တော်သား ကျောင်းသားဆရာပြည်သူမိဘများအနေဖြင့်

"ကြားကာလအခြေခံပညာရေးဆိုင်ရာ"

သိလိုသော၊ မေးမြန်းလိုသော မေးခွန်းများကို 2023, June 8 ရက်နေ့မတိုင်မီ Email ပေးပို့၍ မေးမြန်းနိုင်ပါသည် ။

မေးခွန်းပေးပို့ရန် Email :

media@be.moeedu.org

မေးမြန်းလာသော "ကြားကာလအ‌ခြေခံပညာရေးဆိုင်ရာမေးခွန်း" များကို ပြည်သူများထံသို့ စုစည်းဖြေကြားတင်ပြပေးသွားမည် ဖြစ်ပါသည် ။

#NUG #NUGMOE #MBEH
❤301👍293👎25🔥22